Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗဟိုဘဏ်မှ တရုတ်ယွမ်တစ်သန်းကျော်နှင့် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်း
ဇန််နဝါရီ ၁၉
ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၇ ရက်(ယမန်နေ့)တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်း၊ ဒေါ်လာတစ်သိန်းခွဲနှင့် ဇန်နဝါရီ ၁၆ ရက်တွင် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၇ ဒသမ ၀၃၂ သန်းနှင့် တရုတ်ယွမ် ၄ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးသည်။
ထို့အတူ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။
Credit - MT News Agency
#centralnewsnaypyitaw

Morning Vibe အဖြစ်နဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေ ချပြလာတဲ့ သင်ဇာဝင့်ကျော်
ဇန်နဝါရီ ၁၉
ပရိသတ်ချစ်ခင်မှုများစွာကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဇန်နဝါရီ ၁၈ နံနက်ခင်းမှာ Morning vibe အနေနဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေချပြလာပါတယ်။
Morning Vibe . Account လေးပြန်ရတဲ့အတွက် တင်မယ်နော်။ အားလုံးကိုလည်း အရမ်းလွမ်းနေလို့ပါ” လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အခုရက်ပိုင်းထဲမှာ ပရိသတ်ကို အသိပေးလာတာပါ။
သူမက ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်မြောက်လာပြီးနောက်မှာ အဓိဌာန်တရားစခန်းတွေလည်း ဝင်ခဲ့ပါတယ်။
သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ Facebook Acc လေးပြန်လည် အသက်ဝင်လာသလိုTiktok account အသစ်ဖွင့်ထားကာ ကျန်းမာရေး ယောဂလေ့ကျင့်ခန်းတွေလုပ်ပြီး Video တွေ တင်ပေးလာပါသေးတယ်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး




ဝုလ်ဗ်စ်နဲ့ပွဲကို ကိုးပါလ်မာ လွဲချော်ဖွယ်ရှိ
ဇန်နဝါရီ ၁၉
ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာ အပါအဝင် ကစားသမား ၄ ဦးဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုးလ်ပါလ်မာ၊ ကိုဝဲလ်၊ လာဗီးယားနဲ့ အန်ဇိုတို့ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် ဝုလ်ဗ်စ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ သူတို့တွေဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ကိုးလ်ပါလ်မာဟာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ကန်ခြင်းကို ခံခဲ့ရတာပါ။ နောက်နေ့ တွေမှာ သူ လေ့ကျင့်ခန်း ဆင်းနိုင်မလားဆိုတာ ကျနော်မသိပါဘူး။ အန်ဇို၊ လာဗီးယားနဲ့ ကိုဝဲလ်တို့လည်း အလားအတူ အခြေအနေပါပဲ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မိုကမ်ဘီအသင်းနဲ့ FA ဖလားပွဲစဉ်မှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲပြန်လည် ရယူနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အဓိက ကစားသမား ၄ ဦးဒဏ်ရာ ရရှိနေတာကို ကြုံတွေ့နေရတာပါ။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ် ထားပေမယ့် နည်းပြ မာရက်စ်ကာက သူမပါဝင်နိုင်လည်း အသင်းဟာ နိုင်ပွဲရယူနိုင်ဖို့ အဖြေရှာရမယ်လို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းဒဏ်ရာ အခက်အခဲကြောင့် ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချခဲ့တဲ့ နောက်ခံလူ ချာလိုဘာကို ပြန်ပြီးခေါ်ယူခဲ့တာပါ။
ချာလိုဘာဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ချာလိုဘာကို ပြန်ခေါ်ခဲ့တာဟာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပြီး သူဒီမှာရှိနေရတာကို အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးခဲ့လို့ အဆင့် ၄ အပြင်ဘက်ကို ရောက်ရှိသွားခဲ့တဲ့အတွက် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူပြီး ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: Metro
#ဘောလုံးသတင်းစုံ
ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်နိုင်ငံသားမော်ဒယ် ပြန်လည် တွေ့ရှိ
ဇန်နဝါရီ ၁၉
ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က အတည်ပြုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ တရုတ်သရုပ်ဆောင် Xingxing ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၇ ရက်ကြမှ မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့အနီးက ရွှေကုက္ကိုလ်က ကျားဖြန့်ဂိုဏ်းတစ်ခုဆီက ပြန်လည်တွေ့ရှိခဲ့ရတဲ့ဖြစ်စဥ်အပြီး Xingxing လိုပဲ အခြားတရုတ်မော်ဒယ်တစ်ဦးဖြစ်သူ Yang Zeqi ဟာ ပျောက်ဆုံးနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဆက်လက် ဖော်ပြခဲ့တာပါ။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ပီတာနီလာဘတ်က ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ် Yang Zeqi ဟာ Xingxing ထက်အရင် ပျောက်ဆုံးနေတာဖြစ်ပြီး မိသားစုဘက်က ဇန်နဝါရီ ၈ ရက်ကြမှ တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း တိုင်ကြားမှု လက်ခံရရှိစဥ်က ပြောခဲ့ပါတယ်။
Yang ဟာလည်း Xingxing နဲ့ ဖြစ်စဥ်တူပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ စမ်းသပ်မှုအောင်မြင်ပြီးဖြစ်ကြောင်း WeChat မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့အပြီးမှာ သူဟာ ထိုင်းနိုင်ငံဆီ လေယာဉ်အမှတ် VZ3719 နဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁ နာရီ ၅၆ မိနစ်မှာ ပေကျင်းမြို့ ဒါဇင်းလေဆိပ်က ထွက်ခွာလာခဲ့သလို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၆ မိနစ်တွင် ရောက်ရှိခဲ့တာပါ။ လေဆိပ်က ထွက်ခွာပြီးနောက် ပေကျင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၉ မိနစ်မှာ ထိုင်း-မြန်မာနယ်စပ်အနီးရောက်ရှိချိန် ထုတ်လုပ်ရေးအဖွဲ့က စီစဥ်ပေးထားတဲ့ အခြားယာဉ်တစ်စီးကို ပြောင်းရွှေ့လိုက်ပါသွားခဲ့တာပါ။
ဒီဇင်ဘာ ၂၁ ရက်မှာ Yang ဟာ သူငယ်ချင်းတစ်ဦးထံ မြန်မာနိုင်ငံဘက် ရောက်တော့မှာဖြစ်ကြောင်း ဝမ်းနည်းကြေကွဲစွာ မက်ဆေ့ချ်ပို့အပြီး အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ အဲဒီနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သူဘေးကင်းကြောင်းကို သူ့မိခင်ထံ ဗီဒီယိုကောလ် ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ရာမှာ ဗီဒီယိုထဲမှာ သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်လုံးအနီးမှာ မြင်နိုင်တဲ့ ဒဏ်ရာတွေ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ သူ့ဖုန်းက ပိတ်သွားခဲ့ပြီး အဲဒီကတည်းက အဆက်အသွယ်ထပ်မရတော့တာပါ။
Yang ထံက ဗီဒီယိုကောလ်နဲ့ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်မှာ Yang ရဲ့ မိဘဆွေမျိုးတွေက ဒီအမှုကို တရုတ်ရဲတပ်ဖွဲ့ထံ ဇန်နဝါရီ ၈ ရက်မှာ တိုင်ကြားခဲ့သလို ထိုင်းနဲ့ မြန်မာနိုင်ငံက တရုတ်သံရုံးတွေဆီ ဆက်သွယ်အကူအညီတောင်းခံခဲ့အပြီး ဒီနေ့မှာတော့ ထိုင်းအာဏာပိုင်တွေက Yang Zeqi ကို အမိနိုင်ငံဆီ ပြန်ပို့ပေးနိုင်ခဲ့ပြီလို့ အတည်ပြုလာတာပါ။
Yang Zeqi ကို ကယ်တင်နိုင်ခဲ့ပြီး အမိနိုင်ငံဆီ ပြန်ပို့လိုက်နိုင်ပြီဆိုတာကို ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း အတည်ပြုပေးပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်မှု မရှိသေးပါဘူး။
#centralnewsnaypyitaw