ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်

ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံ‌ေတွဆီက သိရပါတယ်။

"ဗန်းမော် မနေ့က မနက်ကစ အပြင်းအထန် ပြန်ချနေကြတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ကစပြီး ဗန်းမော် မြို့ထဲ Y12 နဲ့ လေယာဉ် ဗုံးကြဲနေတာ။" လို့ ဒေသခံ တ‌ေယာက်က ပြောပါတယ်။

ယမန်နေ့ ည ၇ နာရီ ၄၈ မိနစ် အထိလည်း ဗန်းမော်မြို့ထဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတာ ကြားရပြီး ဘယ်သူ့အိမ်တွေ ထိမှန်သလဲ ဆိုတာ တော့ မသိရဘူးလို့ ဆိုပါတယ်။

ဗန်းမော်မြို့ရဲ့မြစ် တဖက်ကမ်းကနေ မြို့ထဲ မီးခိုးတလူလူ မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ မနက် ၆ နာရီ ခန့်မှာလည်း တံတားဦး လေတပ်မှ Yak - 130 Fighter Jet တစီးနဲ့ ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း လေကြောင်းရန် စောင့်ကြည့်နေတဲ့ National Air Scout (NAS) ဆိုတဲ့ လူမှုကွန်ယက် မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

"စကခ ၂၁ က နစက တပ်ဖွဲ့တွေတော့ ဆုတ် မလို ဆုတ်မလို ရှိနေတယ်။ ရိက္ခာ ခက်ခဲ သွားပြီ လို့ကြားတယ်။ တက္ကသိုလ် ကျောင်းဝင်းမှာတော့ အဆင်ပြေ နေ‌ကြတယ် လို့ကြားရတယ်" လို့ KIA အသိုင်း အဝိုင်းနဲ့ နီးစပ်သူ တယောက်က ဆိုပါတယ်။

KIA ဘက်ကလည်း ထိခိုက်မှုများတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

နစက နဲ့ နီးစပ် သူတယောက် ကလည်း ဗန်းမော် စကခ - ၂၁ ထဲက အရာရှိနဲ့ ဒဏ်ရာရသူတွေကို လေကြောင်းက ခေါ်ထုတ်သွားကြောင်း ပြောပါတယ်။

ဗန်းမော်မြို့ထဲ တချို့ နေရာတွေမှာ ဒရုန်း၊ လေကြာင်းတွေနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က အကြိမ် ၄၀ ခန့် ဗုံးကြဲ တိုက်ခိုက်ခံရပြီး ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်နဲ့ မံစီမြို့တွေကို KIA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ကစ တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေရာ မံစီမြို့ရှိ နစက တပ်စခန်းတွေ အားလုံးကို ဇန်နဝါရီလ ၈ ရက် နေ့ မနက်မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Photo Crd# ဒေသခံ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
Khine Su Zin shared a post  
1 y

1 y

တေးသံရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန်
ဇန်နဝါရီလ ၂၃ ရက်နေ့ ညဦးပိုင်းတွင်ကွယ်လွန်သွားကြောင်းသိရပါတယ်။ ပရိသတ်ပါးစပ်ဖျားစွဲကျန်နေအောင် သီချင်းပေါင်းမြောက်များစွာကို သီဆိုနိုင်ခဲ့သူပါ။

#rip
#celenews

image
1 y - Translate

တေးသံရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန်
ဇန်နဝါရီလ ၂၃ ရက်နေ့ ညဦးပိုင်းတွင်ကွယ်လွန်သွားကြောင်းသိရပါတယ်။ ပရိသတ်ပါးစပ်ဖျားစွဲကျန်နေအောင် သီချင်းပေါင်းမြောက်များစွာကို သီဆိုနိုင်ခဲ့သူပါ။

#rip
#celenews

image

movie

ပုဇွန်ဆိတ်ဆီပြန်

​ငရုတ်သီးခြောက်ကြက်သွန်အနီ
နဲ့ အဖြူကို
ညက်နေအောင်
ကြိတ်ပါ

ပုစွန်ကိုဆားဆနွင်းနယ်ပါ
ကြိတ်ထားတာကိုထည့်ဆီ
သပ်ပါ ရေအနည်းငယ်ထည့်
မွှေပါ ငရုတ်သီး

ပုစွန် အချိုမှုန့်ထည့်ပါ ရေ
ခမ်းလာပြီဆိုမှသာလျှင် ပင်စိမ်းလေးအုပ်ပါ

Credit photo Win Win

image
1 y - Translate

CCleaner Free / Professional / Business / Technician Edition 6.32.11432 RePack & Portable (x86-x64) (2025)
++++++++++++++++++++++++++++++++++++++
Repack ဖြစ်လို့ Install လုပ်ပီးတာနဲ တန်းသုံးရုံပါပဲ...
CCleaner ဆိုတာ မလိုအပ်ဘဲ ကွန်ပျူတာကိုလေးစေတတ်တဲ့ File တွေ၊ Folder တွေ၊ Windows process တစ်ခုကို Run တဲ့အခါ ကျန်ခဲ့တဲ့ Temp File တွေ ၊ ကိုယ်သုံးခဲ့တဲ့ Windows ပေါ်က File တွေရဲ့နေရာကို မှတ်ထားတဲ့ Recent place တွေ၊ Recycle Bin ထဲမှာမဖျက်ရသေးဘဲကျန်နေသေးတဲ့ File တွေ၊ Internet သုံးတဲ့အခါ ကျန်ခဲ့တဲ့ Cache၊ History နဲ့ Cookies စတာတွေကို ရှင်းပေးတဲ့ Software တစ်ခုဖြစ်ပါတယ်။
Software တစ်ခုခုကိုဖွင့်လိုက်ရင်တော်ရုံတက်မလာပဲလေးနေတာမျိုး၊ Mouse သုံးရင်းနဲ့ တစ်ခါတစ်လေ ဟန်းသွားပြီးရွေ့ရတာလေးလာတာမျိုး၊ Microsoft Word, Excel နဲ့ Power Point တွေသုံးတဲ့အချိန် ကိုယ်ကစာရိုက်လိုက်ပေမဲ့ စာကချက်ချင်းမပေါ်ပဲ လေးသွားပြီး နည်းနည်းကြာမှပေါ်လာတာမျိုး၊ အဲသည်လို ပြဿနာတွေတက်နေပြီဆိုရင်တော့ CCleaner နဲ့ရှင်းပေးလိုက်ရင်အဆင်ပြေသွားမှာ ဖြစ်ပါတယ်။
Requirements:
Windows 7/8/8.1/10/11
install notes:
extract and run installer!
Download
+++++++
https://t.me/share4itmyanmar/964

image
1 y - Translate

ChatGPT မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါလာပြီ
===================================
ChatGPT ကို မေးခွန်းတွေ မေးနိုင်တဲ့ အပြင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုပါ ထည့်သွင်းပေးလိုက်ပါပြီ။ OpenAI က Tasks Feature လို့ အမည်ပေးထားပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်က Reminder, Notification နဲ့ တခြား Alerts တွေကို စီမံခန့်ခွဲပေးနိုင်ပါတယ်။
ဥပမာ အနေနဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က နံနက် ၇ နာရီတိုင်းမှာ သတင်းတွေကို ပြောပြပေးနိုင်ပါတယ်။ သင့် သူငယ်ချင်း မွေးနေ့လို အရေးကြီးတဲ့ Event တွေအကြောင်း သတိပေးနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး။ Chat မှာ သင်က ခရီးစဉ် တစ်ခုအကြောင်းပြောထားရင် ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က အဝတ်အစား၊ ပတ်စ်ပို့နဲ့ တခြား လိုအပ်တာတွေကို အကြံပြုပေးနိုင်ပါတယ်။
လက်ရှိမှာ Tasks ကို Paid Subscriber တွေမှာပဲ Web Version မှာ အသုံးပြုနိုင်ပါသေးတယ်။ Free User တွေအတွက် ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲ ဆိုတာ မသိရသေးပါဘူး။
Ref : theverge

image
1 y - Translate

စာအုပ်ဖတ်ရတာ ကြိုက်တဲ့ သူတွေအတွက် Myanmar Computer Books app
Myanmar Computer books app မှာ computer နဲ့ပတ်သက်တဲ့ စာအုပ်များ hacking နဲ့ ပတ်သက်သော စာအုပ်များအပြင် တအခြား နည်းပညာ ဗဟုသုတ စာအုပ်များ ကို အလကားဖတ်နိုင်မှာဖြစ်ပါတယ်
App ကိုသုံးဖို့ internet လိုပါတယ်
စာအုပ်ကိုဖတ်ဖို့ အရင်ဆုံး storage permission ကို allow ပေးဖို့လိုပါတယ်
ပြီးရင် read ကိုနှိပ်လိုက်ရင် စာအုပ်ကို download ဆွဲသွားမှာပါ
download ဆွဲပြီးရင် နောက်တခါ ပြန်ပြီး down စရာမလိုတော့ပါဘူး တန်းဖတ်ရုံပါဘဲ
စာအုပ်ဖတ်ဖို့ app ထဲဝင်ရင်တော့ internet လိုပါတယ် ဖတ်မယ့်စာအုပ်က down ပြီးရင်တော့ ပြန်မ down​ တော့ပါဘူး
စာအုပ်တွေကလဲအမြဲ update ဖြစ်နေမှာပါ
App ကိုဒီမှာ download လုပ်နိုင်ပါတယ်
Google play မှ download လုပ်ရန်
https://bit.ly/33sG4hp
Media fire မှ download လုပ်ရန်
https://bit.ly/33tsWIB

image
1 y - Translate

ဗင်နီကိုလိုက်နေတဲ့ဆော်ဒီကသူဌေးတွေ


ဆော်ဒီကတော့ ဒီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ ဆမ်ဘာစတားလေး ဗင်နီစီးယပ်စ်ကို အတော်လေး ဓာတ်ကျနေပုံရပါတယ်။ ယူရိုသန်း ၃၅၀ ပေးပြီးခေါ်ချင်တယ်ဆိုတဲ့ သတင်းတွေတက်လာပါတယ်။
ဗင်နီစီးယပ်စ် က အတော်လေးကို နာမည်ရတဲ့ ကစားသမားပါ။ ခြေစွမ်းလည်းကောင်းသလို ဆော်ဒီမြေ မှာ ခြေစွမ်းခြေစပြခဲ့ဖူးသူမို့ အခုလိုမျိုး သတင်းတွေထွက်လာတာလည်း မထူးဆန်းပါဘူး။
အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း ဆော်ဒီဟာ သူတို့ခေါ်လို့မရနိုင်မယ့် ကစားသမားကို အခုလိုမျိုး ကြေးကြီး ပေးပြီးတော့ ဝယ်မယ်ဆိုတဲ့ ကောလဟာလတွေကို အမြဲလွှင့်တတ်တဲ့ အသိုက်အဝန်းပါ။
ပြီးခဲ့တဲ့နှစ်မှာဆိုရင် ဆာလာနဲ့ပတ်သက်ပြီး အခုလိုမျိုး သတင်းတွေလွှင့်ဖူးသလို ဒီနှစ်တော့ ဗင်နီကို သူတို့အတော်ဓာတ်ကျနေတာပါ၊ အဓိကက ပုံရိပ်မြှင့်ဖို့အတွက် လွှင့်တဲ့ကောလဟာလ သပ်သပ်ပါပဲ။

image
1 y - Translate

Ek Anchaahi Jalan (2025) “
-----------------------------------------/
နာမည်ကြီးမဟုတ်ပေမဲ့ ညှိအားခပ်ပြင်းပြင်းနဲ့
တောင့်တင်းဖြောင့်ဝင်းနေတဲ့
မင်းသမီးချော ရီဗာချောင်ဒရီ အထူးသရုပ်ဆောင်ထားပါတယ်။
ရီတီကာဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက ဖခင်မရှိတော့ဘဲ
အမေဖြစ်သူစောင့်ရှောက်မှုအောက်ပဲ ကြီးပြင်းလာခဲ့သူ။
အချိန်တန်အရွယ်ရောက်လာတော့ မိဘသဘောတူတဲ့သူကို ရွေးချယ်လက်ထပ်ခဲ့တယ်။
မိဘသဘောတူလိုယူကြတာဆိုပေမဲ့ အိမ်ထောင်ဘက်ဖြစ်သူ
အာကာ့ရှ်က ရီတီကာ့ပေါ်မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးတဲ့သူမျိုးပေါ့။
အာကာ့ရှ်ရဲ့ ဂရုစိုက်မှု အလေးထားမှုတွေက ရီတီကာ့အတွက်တော့
စိတ်ရှုပ်စရာလိုမျိုးဖြစ်နေတတ်ပြန်ရော။ တစ်နေ့တော့
ရီတီကာ့သူငယ်ချင်း အစ်ရှာနီတစ်ယောက် ရီတီကာတိုအိမ်ကိုလာနေတဲ့အချိန်မှာတော့…။
*ချစ်ခန်းနမ်းခန်းတွေကြမ်းတာမို အသက်မပြည့်သေးသူများ လက်ရှောင်ကြပါ

#crd
#storymode

image