52 w - Translate

အမေ့ရင်ခွင်က ကျဉ်းပေမဲ့
အမေ့ရင်တွင်းမှာ မင်းတို့တွေအတွက်
နေရာတွေအကျယ်ကြီးပါ
#စာတို
#as

အဖွားကပြောဖူးတယ်...
တစ်ယောက်ယောက်အတွက် ရည်ရွယ်ထားရင်
အခြားတစ်ယောက်ကို မပေးပစ်ရဘူးတဲ့။

ချစ်ခြင်းမေတ္တာဘဲဖြစ်ဖြစ်
ပစ္စည်းဥစ္စာဖြစ်ဖြစ်တဲ့...
#စာရယ်ကဗျာရယ်

အိန္ဒိယနိုင်ငံအတွင်း မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများဖမ်းမိ

ဖေဖော်ဝါရီ ၃

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်နှင့် လောင်တလိုင်ခရိုင်တို့တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွဆေးများဖမ်းမိခဲ့ကြောင်း ဒေသတွင်း Bengvarna သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်က မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်ပူးပေါင်းတပ်များက ညနေ ကင်းလှည့် လုံခြုံရေး ဆောင်ရွက်စဉ် ကျန်ဖိုင်ခရိုင်၊ နှလှန်ကျေးရွာနှင့် တီအိုချောင်းကြားတွင် အဆိုပါ မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် ဒေသခံနှစ်ဦးတို့ထံမှ အထက်ပါ အတိုင်း ဖမ်းမိခဲ့ကြောင်း ယင်းသတင်းက ဖော်ပြထားသည်။

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ဒါရ်ခိုင်ကျေးရွာ ဒေသခံများဖြစ်ကြသော အသက် ၃၄ နှစ်အရွယ် ထန်းခန်မုန်းနှင့် အသက် ၃၅ နှစ်အရွယ် မာန်းလှော့လှောန်တို့ ဖြစ်ပြီး ကျန်ဖိုင်ခရိုင်၊ မွှန်မှဲလ်းထားကျေးရွာ ဒေသခံ အသက် ၃၆ နှစ်အရွယ် လာလ်ရိုဇွာလ်လာ တို့ကို စိတ်ကြွဆေးပြား ၃ ဒသမ ၃၃၃ ကီကိုဂရမ် ( ၃၀၃၀၀ ပြား) ကိုလည်းကောင်း၊ လောင်တလိုင်ခရိုင်၊ ထင်းက ကျေးရွာတွင် အသက် ၄၃ နှစ်အရွယ် ထန်းဇမ်မီးထံမှ ဘိန်းဖြူ ၁၁၆ ဒသမ ၈၁၀ ဂရမ်ကိုလည်းကောင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများဖြင့် ဖမ်းမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများဆိုင်ရာ ဥပဒေ ဖြင့် တရားစွဲဆိုဖမ်းဆီးထားကြောင်း သိရသည်။

#centralnewsnaypyitaw

image
52 w - Translate

image

စက်ဘီးကို တိုက်ပြေးလာတဲ့ အုတ်သယ်ယာဉ်က ကုန်တင်ယာဉ်နဲ့ မျက်နှာချင်းဆိုင် ထပ်မံတိုက်မိလို့ ငါးဦးဒဏ်ရာရပြီး တစ်ဦးဒဏ်ရာပြင်းထန်

ဖေဖော်ဝါရီ ၃

စက်ဘီးစီးနင်းသူကို တိုက်ပြီးပြေးလာတဲ့ အုတ်သယ်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ မျက်နှာချင်းဆိုင် ထပ်မံ တိုက်မိတာကြောင့် လူငါးဦးဒဏ်ရာရရှိပြီး တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အင်းစိန် Volunteer Team မှ တာဝန်ရှိသူက ပြောပါတယ်။

ဖြစ်စဉ်က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ဆယ်နာရီ မိနစ် နှစ်ဆယ်ခန့် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ဈေးရှေ့မှာ ဖြစ်ပွားခဲ့ပြီး အုတ်သယ်ယာဉ်က ‌‌မောင်းပြေးစဉ် တစ်ဖက်ယာဉ်ကြောကိုရောက်ရှိပြီး လမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ ကုန်တင်ယာဉ်နဲ့ တိုက်မိတာကြောင့် အုတ်သယ်ယာဉ်ဦးခေါင်းပိုင်း ဆိုးဆိုးရွားရွားပျက်စီးကာ ရှေ့ခန်းက လိုက်ပါစီးနင်းလာသူ အမျိုးသမီး ကားအတွင်းညပ်နေပြီး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

“စက်ဘီးစီးနင်းလာသူကို နယ်မြေခံ အသင်းကပဲ လူနာယာဉ်နဲ့ သယ်သွားပါတယ်။ အုတ်သယ်တဲ့ ကားပေါ်က ရှေ့ခန်းက အမျိုးသမီးက ဒဏ်ရာပြင်းတယ်။ ခါးအောက်ပိုင်းတစ်ခုလုံးထိတာ။ ညာခြေထောက်သွင်သွင်ကျိုးပြီးကားထဲ ညပ်နေတာမို့ မီးသတ်တပ်ဖွဲ့က ခဲရာခဲဆစ် ထုတ်ယူပေးခဲ့ရပါတယ်။ အုတ်သယ်ယာဉ်ကပဲ ကားနောက်ပိုင်း အုတ်ပုံပေါ်က ထိုင်လိုက်လာတဲ့ အမျိုးသမီး သုံးဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်”လို့ အင်းစိန် Volunteer Team မှ တာဝန်ရှိသူက ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း နှစ်ဖက်ယာဉ်မောင်းတွေ အန္တရာယ်ကင်းခဲ့ပြီး တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းဖို့အတွက် ထိန်းသိမ်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကို နယ်မြေခံအသင်းက သူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
52 w - Translate

ဇရာကို ဘယ်လိုမှလွန်ဆန်လို့မရဘူးဆိုတာ ဒီပုံကသက်သေပါ...
အရင်က ရွှေထီးဘယ်လောက်ပဲဆောင်းခဲ့ ဆောင်းခဲ့ အချိန်တန်လာရင် ထီးနန်းလွှဲပေးရတာပဲ...

srael Adesanya က စွမ်းဆောင်ရည်ကျ၊ မကျမသေချာပေမယ့် (၃) ပွဲဆက်ရှုံးထားတာ အမှန်ပဲ။ အခုပွဲမှာလည်း ထိချက်အသာစီးထိုးထားနိုင်တယ်။ စန်းကျသွားတာ သေချာတယ်။ အစောပိုင်းမှာ အောက်ခြေကန်ပြီး အကွာအဝေးထိန်းထားတယ်။ Nassourdine Imavov က တစ်ချက်တစ်လေပဲ ပြန်ထိုးနိုင်တာပါ။ ဒုတိယအချီမှာ Israel Adesanya က ချွေးရွှဲနေပြီ။ Nassourdine Imavov က ပုံမှန်အတိုင်းပဲရှိသေးတယ်။ Israel Adesanya ရဲ့ လှုပ်ရှားမှုတွေက ပထမအချီလောက် မမြန်တော့ဘူး။ သိပ်မကြာခင်မှာပဲ Nassourdine Imavov ရဲ့ Right Overhand က တည့်တည့်ထိသွားတယ်။Nassourdine Imavov ရဲ့ ဘယ်ပင့်လက်သီးဆက်ထိတယ်။ Israel Adesanya က ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေတဲ့အချိန်မှာ Nassourdine Imavov က နှစ်ချက်သုံးချက်လောက် ဆင့်ထိုးနေတယ်။ ကြိုးဝိုင်းဒိုင် Marc Goddard က ပွဲရပ်လိုက်ပါတယ်။

image
52 w - Translate

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လုမဗ္ဗနီpark မှာကျင်းပမယ့် One Championship ပွဲစဉ်တွေမှာ မြန်မာဖိုက်တာတွေနဲ့ မြန်မာပရိတ်သတ်တွေစောင့်ကြည့်သင့်တဲ့ ပွဲစဥ်ငါးပွဲလောက်ထိကို ပါလာပါတယ်...

image

အာလူးသုပ်
ပြုလုပ်နည်းလေးကလဲမခက်တဲ့အပြင်ကျန်းမာရေးအတွက် တစ်ထောင့်တနေရာကနေအကျိုးပြုနေပြီး
အပျင်းပြေရေနွေးကြမ်းလေးနဲ့ဘဲသုံးဆောင်မလား ဟင်းပွဲတပွဲအဖြစ်နဲ့ဘဲသုံးဆောင်မလား အရမ်းအရသာရှိတဲ့အာလူးသုတ်နည်းလေးကို မျှဝေပေးပါမယ်ခင်ဗျ။

အာလူးကိုနူးအောင်ပြုတ်ပါ မပျော့အောင်ပြုတ်ပါဗျ
ပဲပင်ပေါက်ကိုရေနွေးဖျောပါ
ကြက်သွန်နီ ကိုပါးပါးလှီးထားပါ
ဂေါ်ဖီ မုန်လာဉနီတို့ကိုခြစ်ထားပါ
ပြီးလျှင်ပါဝင်ပစ္စည်းတွေထည့်ပါ
အရသာမှုန့် ငံပြာရည် ပဲမှုန့် ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူနီဆီချက် မကျီးရည် အနည်းငယ် သံပုရာသီးတစိတ်ညှစ်ပြီးနယ်ပါ လိုသလိုအရသပြင်ပြီးအရသာရှိစွာသုံးဆောင်နိုင်ပါပြီဗျ။
#as
#photo crd
#မြိန်မြိန်

image

ဘဝက အပေါ်ကနှစ်ယောက်လိုပဲ...🤌🏻

#funny

image

"လောကမှာလေ အမေ့ကို
တစ်ခုခုလုပ်ပေးရတာလောက် ပျော်စရာကောင်းတာမရှိဘူး

လိုချင်တာ၊ လိုအပ်တာလေးတွေမှတ်ထား
အလုပ်ကလေးအဆင်ပြေရင် တစ်ခုချင်းဝယ်ပေးတာမျိုး
အပြင်ကပြန်လာတဲ့အခါ ကြိုက်တတ်တာလေးဝယ်လာတာမျိုး

အပေးကမ်းချင်ဆုံး အလှူခံပုဂ္ဂိုလ်ဟာမိဘပဲ
မိဘကိုရည်ရွယ်ပြီး လုပ်တဲ့အလုပ်တိုင်းဟာ
အခက်အခဲနည်းပြီး အတားအဆီးသိပ်မရှိဘဲ
အောင်မြင်တတ်တာ ကျွန်တော်ကတော့ယုံတယ်။

တန်ဖိုးနည်းနည်းများများ သားသမီးကပေးတာဆို
တစ်ခါလေးတောင် ညည်းညူခြင်းမရှိဘဲ သဘောတကျနဲ့ တစ်ခုပေးရင် ဆယ်ခုမက ပြန်လုပ်ပေးချင်တာ မိဘကလွဲရှိမယ်မထင်ဘူး

ဗုဒ္ဓဟောကြားခဲ့သလိုပါပဲ မိဘဆိုတာ
သက်ရှိထင်ရှား ဘုရားမဟုတ်လား။

#မေတ္တာဖြင့် #မိဘ #အဖေ #အမေ #ကျေးဇူး
#crd

image