အရမ်း ချစ်ကြတဲ့ တိုင်းရင်းသူ သူငယ်ချင်းနှစ်ယောက် သရုပ်ဆောင် သက်မွန်မြင့် နဲ့ ခင်လေးနွယ် 🥰
#celenews
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အရမ်း ချစ်ကြတဲ့ တိုင်းရင်းသူ သူငယ်ချင်းနှစ်ယောက် သရုပ်ဆောင် သက်မွန်မြင့် နဲ့ ခင်လေးနွယ် 🥰
#celenews
ငပိရည် ကြိုက်လား ရှယ်သွားနော် (ဒမလိုက်) ကရင်ငပိရေကျို ပါဝင်ပစ္စည်းများ
ငပိရည် ငါးခူ
ငရုတ်သီးစိမ်း ကြက်သွန်နီ ကြက်သွန်ဖြူ
အချိုမှုန့် နနွင်းမုန့်
စပါးလင် ခရမ်းချဉ်သီး
ပြင်ဆင်ပြုလုပ်နည်း
ငပိရည်ကို ကျို၊
ကျက်ရင် အရိုးစစ်ပြီး နောက်တစ်ကြိမ် ကြိုက်နှစ်သက် ရာ ငါးကိုပါ ရောချက်တာပါ ။
ငါးခူနဲ့ ချက်တာ များပါတယ်ငပိရည် ကျိုပြီး ငါးကျက်ရင် ငါးရဲ့ အသားလေးကို နွှာ ပြီး အရေ သက်သက် ၊ အသား သက်သက် ၊ ဖယ်ထား လိုက်ပါ ။
ငရုတ်သီးစိမ်း၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို လှော်ပြီး ရင် ထောင်း ၊ညက်အောင်ထောင်ပြီးရင် နွှာထားတဲ့ ငါး အသားလေးပါ ရောထောင်းပါဖယ်ထားတဲ့ ငပိရည်ကို ဆူအောင် နောက်တစ်ခါ ပြန်ကျို ဆူရင် ထာင်းထားတာလေးတွေထည့် ၊ ခဏ လေး မွှေလိုက်ရုံနဲ့ မွေးကြိုင်တဲ့ ငပိရည်ကျို (ဒမလိုက်) လို့ခေါ်တဲ့ကရင်ငပိရည်ကျိုလေးကို ရပါပြီ ။ ငပိရည် ကျိုတဲ့ အခါ နနွင်းမှန့်နဲ့ စပါးလင်လေးပါ ထုပြီးထည့်ပါ ။
ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကြို ပုတ်ပြီး ထောင်းထည့် လို့လည်း ရပါတယ် ။ လှော်ပြီး ထောင်းထည့်ရင်တော့ ပို မွေးပါတယ် ။
ကြိုက်နှစ်သက်တဲ့ တို့စရာများ နဲ့ စားသုံးရင် ထမင်း အရမ်းမြိန်မှာပါ
Crd
ဒီနေ့တော့ ကွန်ပျူတာတစ်လုံးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ system ပုံးအကြောင်းလေးပြောပြပေးသွားပါမယ်။
System ပုံး (System Unit) က ကွန်ပျူတာတစ်လုံးရဲ့အဓိက Processor, Memory, Storage, Power Supply တို့ပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပြီးတော့ CPU (Central Processing Unit) Tower လို့လည်း ခေါ်ကြပါတယ်။ System ပုံးထဲမှာ အရေးကြီးတဲ့ ပါဝင်တဲ့ အစိတ်အပိုင်းတွေအကြောင်းကို အောက်မှာဆက်ကြည့်လိုက်ကြရအောင် —
________________________________________
1. System ပုံးတွင် ပါဝင်တဲ့ အစိတ်အပိုင်းများ
System ပုံးတွေက Hardware Components တွေကို ထည့်သွင်းထားတဲ့အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။
• Motherboard – ကွန်ပျူတာရဲ့ အဓိက Printed Circuit Board (PC ဖြစ်ပြီးတော့ Processor, RAM, Storage, GPU တို့ကိုချိတ်ဆက်ထားတဲ့အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
• CPU (Processor) – Data တွေကို ချက်ခြင်းလည်ပတ်စေတဲ့ စက်ရဲ့ ဦးနှောက်လို့ပြောလို့ရပါတယ်။ (Intel, AMD စသည့် Processor များ)
• RAM (Memory) – Temporary Memory ဖြစ်ပြီးတော့ Programတွေကို အမြန်လုပ်ဆောင်စေတယ်။
• Storage (HDD/SSD) – Operating System, Software, User Files တွေသိမ်းဆည်း တဲ့နေရာမှာ အသုံးပြုတယ်။
• Power Supply Unit (PSU) – အားလျှပ်စစ်ကို Motherboard နဲ့ တခြား Components တွေကို ဖြန့်ဝေပေးတယ်။
• Cooling System (Fan, Heat Sink, Liquid Cooling) – CPU နဲ့ GPU ကနေထွက်လာတဲ့ အပူကို သက်သာစေတယ်။
• Graphics Card (GPU) – ရုပ်ပုံ, ဗီဒီယို တွေကို ကောင်းမွန်စွာ ပြသနိုင်ဖို့အသုံးပြုပါတယ်။
• Ports & Expansion Slots – USB, HDMI, Ethernet, PCIe Slots များပါဝင်တယ်။
________________________________________
2. System ပုံး၏ အရေးပါမှု
System ပုံးကအဓိကအားဖြင့် Processing, Memory, Storage, Power, Data Flow တို့ကို စီမံခန့်ခွဲပေးသော အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တယ်။
• Computing Power – Processor နဲ့ RAM ပေါ်မူတည်ပြီးတော့ Program တွေကို မြန်မြန်လည်ပတ်နိုင်တယ်။
• Data Storage & Access – SSD / HDD တွေထဲမှာ OS, Software, Files များသိမ်းဆည်းထားနိုင်ပါတယ်။
• System Cooling & Stability – ကွန်ပျူတာ overheating ဖြစ်တာကို ထိန်းချုပ်ပေးတယ်။
• Peripheral Devices ချိတ်ဆက်မှု – Mouse, Keyboard, Monitor, Printer တို့ကိုချိတ်ဆက်နိုင်တယ်။
• Security & Upgradability – Hardware Upgrade (RAM, Storage, Graphics Card) ပြုလုပ်နိုင်ပါတယ်။
________________________________________
3. System ပုံး မရှိရင်?
System ပုံးမရှိရင် ကွန်ပျူတာက အလုပ်လုပ်နိုင်မှာမဟုတ်ပါဘူး။သူကတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတော့ အကုန်လိုအပ်ပါတယ်။
• CPU, RAM, Storage မရှိရင် Processing & Data Handling မဖြစ်နိုင်။
• Power Supply မရှိရင်လည်း System ပွင့်နိုင်မည် မဟုတ်။
• Cooling မရှိလ Hardware တွေပူပြီး ကြာကြာအသုံးပြုနိုင်မည် မဟုတ်။
________________________________________
4. System ပုံးရွေးချယ်ခြင်း
System ပုံးရွေးချယ်တဲ့အခါမှာတော့ Usage, Budget, Performance တို့အပေါ် မူတည်ပြီးရွေးချယ်နိုင်ပါတယ်။
• Basic Use – Internet Browsing, Office Work (Low Power CPU, 8GB RAM, SSD)
• Gaming / Video Editing – High-end CPU, Dedicated GPU, 16GB+ RAM, High-speed SSD
• Server / Workstation – Xeon Processors, ECC RAM, RAID Storage System
________________________________________
System ပုံးသည် ကွန်ပျူတာ၏ အဓိက Processing Unit ဖြစ်သဖြင့် မရှိမဖြစ် အရေးကြီးပါသည်။ 😊
#myspaceadmin - m
🪷 ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ် စိတ်သောကရောက်နေမဲ့အစား ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ထိန်းလိုက်ပါ။
🪷 ဘဝမှာ အရာရာ တော်တော်များများအပေါ် ထိန်းချုပ်လို့မရနိုင်ပါဘူး။ မိုးရွာတာ၊ နေပူတာကအစ ကိုယ်ကောင်းအောင် နေပါရက်နဲ့ ကိုယ့်အပေါ် အမြင်မကြည်တာ၊ ကိုယ့်ကို သူပြန်ချစ်တာ၊ မချစ်တာအဆုံး ကိစ္စတော်တော်များများကို ကျွန်မတို့ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကသဘာဝအရ အရာရာတိုင်းဟာ အကြောင်းအကျိုး ဆက်စပ်နေကြတာမိုလို့ပါ။
🌿 အကြောင်းရှိလို့ အကျိုးလာဖြစ်နေကြတာ။ ဘယ်အရာကမှ အကြောင်းမဲ့ ဖြစ်နေကြတာ မရှိပါဘူး။ အဆင်ပြေခြင်းမှာလည်း သူ့အကြောင်းတရားနဲ့သူ၊ အဆင်မပြေခြင်းမှာလည်း သူ့အကြောင်းတရားနဲ့သူ ဖြစ်ပါတယ်။ ဒါကို လက်သင့်ခံတတ်မှ ဘဝမှာ အေးချမ်းနိုင်မှာ ဖြစ်ပါတယ်။
လူတစ်ချို့က ကောင်းတာတွေ ဖြစ်နေရင်တော့ သိပ်သတိမထားမိကြပေမဲ့ အဆိုးတွေနဲ့ ကြုံတဲ့အခါ ကံကို၊ လောကကြီးကို၊ မိမိကိုယ်ကိုယ် အပြစ်တင်လို့ မဆုံးပါဘူး။ "ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ဘာကြောင့်လဲ၊ ငါကြိုးစားရက်နဲ့ ကြိုးစားသလို ဖြစ်မလာရတာလဲ" ဆိုပြီး ယူကျုံးမရ ဖြစ်တတ်ကြပါတယ်။ ကိုယ်ထိန်းချုပ်လို့ မရတဲ့အရာတွေအပေါ် အတင်းကာရော ပြန်ပြီး ပြုပြင်ချင်ကြတယ်။ ဖြေမဆည်နိုင်အောင် ဖြစ်ကြပါတယ်။
🌿 လက်ခံလိုက်ပါ။ ဘဝမှာ ကျွန်မတို့ ထိန်းချုပ်လို့ ရနိုင်တဲ့ အပိုင်း၊ မရနိုင်တဲ့အပိုင်းဆိုတာ ရှိပြီးသားပါ။ ကိုယ့်ရဲ့ အတွေးတွေ၊ အပြုအမူတွေ၊ စကားလုံးတွေ လုပ်ရပ်တွေကိုသာလျှင် ထိန်းချုပ်နိုင်ပြီးတော့ သူတစ်ပါးရဲ့ ကိုယ့်အပေါ် ထားတဲ့ အမြင်တွေ၊ အတွေးတွေ၊ အပြုအမူတွေကို ကျွန်မတို့ ဘာမှသွားပြီး ဒီလိုပြောလေ၊ ဒီလိုလုပ်လေဆိုပြီး မထိန်းချုပ်နိုင်ပါဘူး။
🪷 ဒါကို လက်သင့်ခံနိုင်အောင် ကြိုးစားပါ။ ဘဝမှာ နေတတ်ထိုင်တတ်မှ အေးချမ်းမှုဆိုတာ ရရှိတာပါ။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း ပြင်ပက အရာတွေကို အတင်းကြိုးစား မပြုပြင်ခြင်းအားဖြင့် မိမိရဲ့ energyကို ခြွေတာပါ။
#control #outofcontrol #acceptance
#everythinghappensforareason
#mindfulness #yoga #avyoga #aprilvirtue
February လတွင်လဲ ဖုန်တတ်ဆဲ ဖြစ်နေတဲ့ zodiac signs တွေ🥲
Taurus ♉️, Libra ♎️, Sagittarius ♐️, Gemini ♊️, Pisces ♓️, Capricorn ♑️, Virgo ♍️
ဒီနှစ်အတွက် အချစ်ရေးကံကောင်းပေမဲ့ နှစ်အစပိုင်းလတွေမှာ Single တွေမစွန်သေးပါ😁
#lunatarot
"ရှိုက်သံမကျယ်ဲ့ ညတွေ" နဲ့
"အိပ်ရေးပျက် ညတွေ" ကို
အတော်လေး "စိတ်ပျက်မိတယ်"
#poem(siren)
အေစီမီလန်ထံ ရာသီအကုန်ထိ ဂျာအိုဖီးလစ် အငှားနဲ့ပြောင်းရွှေ့
ဖေဖော်ဝါရီ ၅
ချယ်လ်ဆီးအသင်း ကွင်းလယ်တိုက်စစ် ကစားသမား ဂျာအိုဖီးလစ်ဟာ ဒီရာသီအကုန်ထိ စီးရီးအေကလပ် အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဂျာအိုဖီးလစ်အတွက် ချယ်လ်ဆီးအသင်းကို အငှားခေါ်ယူကြေး ပေါင် ၅ သန်းပေးခဲ့ရပြီး သူ့ရဲ့လုပ်ခလစာကိုလည်း အပြည့်အဝ ပေးချေရမှာပါ။
ဒါပေမယ့် အေစီမီလန်အသင်းဟာ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်မရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ၇ နှစ် စာချုပ်ချုပ်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ လန်ဒန်ကလပ်မှာ ပွဲကစားခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။
ဂျာအိုဖီးလစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ရပြီး ဖလားပြိုင်ပွဲတွေမှာသာ အဓိက ကစားနေရတဲ့အတွက် ပွဲကစားချိန် ပိုပြီးလိုချင်ခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ်ကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားဟာ အေစီမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုး သွင်းယူထားပါတယ်။
အေစီမီလန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ် အပါအဝင် ကစားသမား ၅ ဦးအထိ ခေါ်ယူထားပြီး ပေါ်တူဂီကစားသမားဟာ မန်စီးတီးအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဝေါ်လ်ကာနဲ့ တစ်သင်းတည်း အတူတွဲကစားရတော့မှာပါ။
ဘင်ဖီကာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ၂၀၁၉ ခုနှစ်က အသလက်တီကိုအသင်းထံ ပေါင် ၁၁၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းတွေထံ အငှားနဲ့ကစားခဲ့ရတာ ဖြစ်ပါတယ်။
အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာကြောင့် ဂျာအိုဖီးလစ်အနေနဲ့ အသင်းကို အမှတ်ပေးဇယား အထက်ပိုင်းတက်နိုင်အောင် ကူညီပေးရတော့မှာပါ။
အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပလေးအော့ဖ်အဖြစ် ဖီယင်နုအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
Source: BBC
ပုံ - ဂျာအိုဖီးလစ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တရုတ်သမ္မတနဲ့ မတွေ့မီမှာ မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတွေရှိရာဆီ လျှပ်စစ်မီးပေးနေမှု ချက်ချင်းရပ်ဆိုင်းဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေး
ဖေဖော်ဝါရီ ၅
ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေဟာ သူတို့နိုင်ငံသားတွေ အပါအဝင် လူထောင်ပေါင်းများစွာ လူကုန်ကူးခံနေရသလို ကမ္ဘာတဝှမ်းကို ပစ်မှတ်ထား သားကောင်ရှာဖွေပြီး အွန်လိုင်း လိမ်လည်လှည့်ဖြားမှု ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ နာမည်ကျော်တဲ့ မြဝတီဘက်ခြမ်းက ရွှေကုက္ကိုလ်ကို လျှပ်စစ်မီး ဖြတ်တောက်ဖို့ ထိုင်းအစိုးရက စီရင်စု လျှပ်စစ်အာဏာပိုင်ကို ဒီအင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
ထိုင်း ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာဟာ တရုတ်နိုင်ငံကို ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက်အထိ လေးရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒီ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ လာမယ့် ကြာသပတေးနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ မြန်မာဘက်က ကျားဖြန့်တွေဆီ လျှပ်စစ်မီးရောင်းချနေတာကို ချက်ချင်းဖြတ်တောက်ဖို့ အမိန့် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး Liu Zhongyi ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး ထိုင်း-မြန်မာ နယ်နိမိတ်တစ်လျှောက်က ရွှေကုက္ကိုလ်နဲ့ KK Park တို့က ကျားဖြန့်တွေဆီပေးနေတဲ့ လျှပ်စစ်နဲ့တယ်လီကွန်းဝန်ဆောင်မှုတွေကို ဖြတ်တောက်ဖို့ ထိုင်းနိုင်ငံကို တောင်းဆိုခဲ့တာကလည်း အကြောင်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကျားဖြန့် လိမ်လည်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံဘက်က လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အားကို သုံးစွဲနေတယ်လို့ ရှင်းရှင်းလင်းလင်းအထောက်အထားတွေ့ရင် ချက်ချင်းဖြတ်တောက်ဖို့ ပေတုံတန်က ညွှန်ကြားခဲ့သလို “ကျွန်မတို့ ပြည်သူတွေကို ဂရုစိုက်ရမယ်” လို့လည်း ပြောကြားခဲ့ပါသေးတယ်။
ကျားဖြန့်လိမ်လည်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေဟာ ထိုင်းပြည်သူတွေနဲ့ ထိုင်းနိုင်ငံရဲ့ ပုံရိပ်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပါတယ်။
“ဒါဟာ ပြင်းထန်တဲ့ အတိုင်းအတာတွေ လိုအပ်ပါတယ်။ ချက်ချင်း ချမှတ်နိုင်တဲ့၊ ဒါက လေးနက်တဲ့ ကိစ္စပါ။ နိုင်ငံတိုင်းအတွက် တကယ်ကို စိုးရိမ်ပါတယ်”လို့ ပေတုံတန်က ထပ်မံ ပြောကြားခဲ့သလိုထောက်ပံ့မှုကို ဘယ်အချိန်မှာ ဖြတ်သင့်လဲလို့ မေးရာမှာလည်း “ဒီနေ့ ပြီးသွားပါပြီ။ ဆွေးနွေးမှုတွေ ရှင်းရှင်းလင်းလင်း ကောက်ချက်ချနိုင်ရင် ဒီနေ့ ဖြတ်လို့ရပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး Phutham Wechayachai ကလည်း ဒီလို လျှပ်စစ်မီးပေးနေမှုဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မယ်ဆို နယ်စပ်ဖြတ်ကျော် ဓာတ်အားပေးနေမှုကို ပြည်နယ်လျှပ်စစ်အာဏာပိုင်တွေက ချက်ချင်းဖြတ်တောက်နိုင်တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ ထိုင်းပြည်သူ ၅၀၀,၀၀၀ ကျော်ဟာလိမ်လည်ဂိုဏ်းများရဲ့ သားကောင်ဖြစ်ခဲ့ပြီး ဘတ်ဘီလျံ ၆၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။ “လို့လည်း Mr Phumtham က ဆက်လက်ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံဘက်ခြမ်းက ဘုရားသုံးဆူ၊ တာချီလိတ်နဲ့ ကျားဖြန့်ဂိုဏ်းတွေတည်ရှိရာလို့ နာမည်ကျော် မြဝတီက နေရာငါးခုကို လျှပ်စစ်မီးပေးနေတာဖြစ်ပြီး ဒီလို မီးပေးနေမှုမှာလည်း တခြားနိုင်ငံတွေကို ရောင်းချတဲ့နှုန်းထက် အမြတ်တင်ထားတာကြောင့် လစဥ်ဘတ်သန်းရာချီ ဝင်ငွေရနေတာပါ။ လတ်တလောမှာတော့ မြဝတီဘက်က ရွှေကုက္ကိုလ်နဲ့ KNU ဥက္ကဋ္ဌ ကွယ်ထူးဝင်း လက်မှတ်ရေးထိုးလုပ်ဆောင်ခဲ့တဲ့ KK Park ကို ထိုင်းဘက်က ပေးနေတဲ့ လျှပ်စစ်မီးက ထိုင်းနိုင်ငံကို ထိခိုက်စေရင် ချက်ချင်းဖြတ်တောက်နိုင်တယ်လို့ အမိန့်ပေးတဲ့အသွင်သာ ထိုင်းသတင်းတွေမှာ ရေးသားတာဖြစ်ပြီး နေရာငါးခုစလုံးကို ချက်ချင်းဖြတ်တောက်မယ်ဆိုတဲ့ ညွှန်ကြားမှုတော့ မတွေ့ရသေးပါဘူး။
Ref , Nikkei Asia & Bangkok Post
#centralnewsnaypyitaw