ဖေဖော်ဝါရီ ၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewznaypyitaw

image

ဖေဖော်ဝါရီ ၇ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

120 က မင်းနဲ့ တွေ့တဲ့ ရင်ခုန်သံလောက်တော့ ဘယ်မြန်မလဲ 😵‍💫



#myonainglin

image
Thaw Zin Soe changed his profile picture
1 y

image
1 y - Translate

‌မြောင့်ပိုင်နက်ကိုကျူးကျော်မှုအတွက် ခြောက်ချက်ကုပ်မယ်

image

ကျားဖြန့်ကို အရှိန်မြှင့်တိုက်ဖျက်လာနေပြီး ရွှေကုက္ကိုလ်ကိုပါ မီးဖြတ်လိုက်ချိန် BGF က လူကုန်ကူးခံရသူ ၂၀၀၀ ကျော်ကို ပြန်ပို့ပေးထားကြောင်းနှင့် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု ကြေညာလာ

ဖေဖော်ဝါရီ ၆

မြန်မာအစိုးရအပြင် မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့က မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုကျားဖြန့်လုပ်ငန်းများကို အရှိန်မြှင့်တိုက်ဖျက်လာနေပြီး ရာဇဝတ်မှုများဖြင့်နာမည်ပျက်နေသော ရွှေကုက္ကိုလ်အပါအဝင် မြန်မာဘက်ခြမ်းငါးနေရာသို့ ထိုင်းနိုင်ငံကပေးနေသော လျှပ်စစ်မီးကို ဖေဖော်ဝါရီ ၅ ရက်တွင် ဖြတ်တောက်လိုက်ချိန်မှ BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က လူကုန်ကူးခံရသူ ၂၀၀၀ ကျော်ကို ပြန်ပို့ပေးထားကြောင်းနှင့် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခဲ့သည်။

#centralnewsnaypyitaw

image

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပျမ်းမျှတစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ ဟုဆို

ဖေဖော်ဝါရီ ၆

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပျမ်းမျှတစ်နှစ်လျှင် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။

အဆိုပါကာလနောက်ပိုင်း ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုအချို့ ထွက်ခွာသွားသလို ရင်းနှီးမြှုပ်နှံမှုသည်လည်း အနည်းငယ်သာဝင်ရောက်မှုရှိကြောင်း သိရသည်။

"ရင်းနှီးမြှုပ်နှံမှုက ၂၀၂၁ နောက်ပိုင်း လုံးဝကိုမရှိသလောက်ဖြစ်သွားတာ။ လာတော့လည်း အသေးအဖွဲတွေလောက်ပဲ။ ပြည်ပထက် ပြည်တွင်းရင်းနှီးမြုပ်နှံမှုက ပိုများလာတယ်။ သူတို့ကလည်း ပြည်တွင်းအခြေအနေကို ကြည့်တာဆိုတော့ အပြစ်ပြောလို့တော့မရဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုက ၇၀ ရာခိုင်နှုန်းလောက်လျော့သွားတာပေါ့။" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လအတွင်း မြန် မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူူရေးနှင့် ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ် ငန်း စသည့်ကဏ္ဍ ၇ ခုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၅၆ ဒသမ ၁၅၁ သန်းသာဝင်ရောက်ထားကြောင်း သိရသည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိခြင်းကြောင့် လူသားအရင်းအမြစ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဝင်ရောက်မှုသည် ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏသည် အမေရိကန်ဒေါ်လာ ၄၈၈၀ သန်းကျော်ရှိသည့်အတွက် လက်ရှိရရှိနေသည့် ရင်းနှီးမြှုပ်နှံမှုသည် ကျဆင်းသည့်အနေအထားဖြစ်နေကြောင်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image

OFFICIAL

Manchester United အသင်းအနေဖြင့် ပြီးခဲ့သော တနင်္ဂနွေနေ့ Crystal Palace ပွဲစဉ်၌ ကစားသမား Lizandro Martinez ရရှိခဲ့သော ဒဏ်ရာမှာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာဖြစ်ကြောင်း အတည်ပြုပါသည်။ လိုအပ်သော ကုသမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေပါသည်။ အသင်းရှိအားလုံးက Lizandro Martinez ပြန်လည်သက်သာလာရေး ဆုတောင်းပေးနေပြီး လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လိုအပ်သော အားပေးမှုများ ဆောင်ရွက်သွားပါမည်။

#ဘောလုံးသတင်းစုံ

image
1 y - Translate

"မိမိဘဝဖြစ်တည်မှုကို
သူများဘဝ ဖြစ်တည်မှုတွေနဲ့
ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။
သူတို့ဘဝ သူတို့ဖြစ်တည်မှုပုံစံ
ဘဝခရီးလမ်းကိုသင်မှ မသိနိုင်တာ"တဲ့။
အမ်း....ပြောလို့၊ ဖြည့်တွေးလို့သာလွယ်တာ။ တကယ်ဆိုစာပုဒ်လေးဟာ ခဏတာစိတ်ပင်ပန်းမှု
တွေကိုသက်သာစေရုံမျှသာပေါ့။လက်တွေ့ဘဝတွေမှာတော့လွယ်ကူမနေဘူးလေ။
ပြည့်ပြည့်စုံစုံမွေးလာပြီးရွေးချယ်စရာတွေပြည့်များနေတဲ့
ကလေးတစ်ယောက်အတွက်ဘာကိုမျှ မလိုချင်လှပေမဲ့၊ လိုအပ်ချက်တွေနဲ့မပြည့်စုံနိုင်တဲ့
ကလေးတစ်ယောက်အတွက်တော့ အားကျမှုအပြည့်နဲ့ သိမ်ငယ်နေရတာတော့အမှန်ပါပဲ။
သူတို့ဘဝ၊ သူတို့ဖြစ်တည်မှု၊ သူတို့လမ်းခရီး တစ်ချိန်မှာဘာဖြစ်မယ်ဆိုတာငါတို့မသိနိုင်ဘူး
ဆိုပေမဲ့ တကယ်တမ်းလက်တွေ့မှာ ပြည့်စုံနေတဲ့သူတွေကသာ အရာရာချောမွေ့အဆင်ပြေနေတယ်ဆိုတာ
ငြင်းလို့မရနိုင်တာအမှန်ပါ။ကြိုးစားနေသူအတွက် အရှုံးမရှိဘူးဆိုတာလက်ခံနိုင်ပေမဲ့ တစ်ချို့ဘဝတွေမှာ ကြိုးစားစရာမလိုပဲအလွယ်တကူရနေပေမဲ့၊ တစ်ချို့ဘဝတွေမှာတော့ သူများအလွယ်တကူ
ရနေတဲ့အရာတွေကိုမှ ခက်ခက်ခဲခဲကြိုးစားနေကြရရှာတယ်။ ငါ့ဘဝတွက် ငါလုပ်နိုင်တယ်ဆိုတဲ့ "ဇွဲ" တွေကြောင့်သာ
လူငယ်တိုင်း ကြိုးစားရုံးကန်နေရတယ်ဆိုတာငြင်းမရတာအမှန်ပါ။
#as

image

အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအနေနဲ့ ဒီနွေရာသီကာလစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာတော့ ဖလာမင်ဂိုအသင်းဆီ အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသက် ၃၃ နှစ်အရွယ် အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုဟာ မီခေးလ်အာတီတာလက်အောက်မှာ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂန်းနားအသင်းအနေနဲ့အဆိုပါကစားသမားကိုစာချုပ်သက်တမ်းဆက်မတိုးချင်တော့ဘဲ သူ့အနေဲ့ ဒီဇွန်လ ၃၀ ရက်နေ့အထိသာညစာချုပ်သက်တမ်းကျန်ရှိတော့တာ ဖြစ်ပါတယ်။

အီတလီသတင်းထောက် ဂျန်လူကာဒီမာစီယိုရဲ့သတင်းတွေအရတော့ ဂျော်ဂျင်ဟိုဟာ ဖလာမင်ဂိုအသင်းနဲ့စာချုပ်လက်မှတ်ရေးထိုးဖို့အတွက်ဆွေးနွေးမှုစတင်နေပြီး အဆိုပါကစားသမားအနေနဲ့ ဘရာဇီးလ်မှာ ကစားချင်နေကြောင်း ပြသနေတာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာလည်း ဘရာဇီးလ်ကလပ်အသင်းအနေနဲ့ သူ့ကို ဆောင်းရာသီကာလစျေးကွက်မှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အာဆင်နယ်အသင်းအနေနဲ့ မြန်မြန်ဆန်ဆန်ပဲ သူတို့အသင်းကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားအသင်းကိုယ်တိုင်အနေနဲ့လည်း အဆိုပါကွင်းလယ်ကစားသမားကို ဆက်ထိန်းထားချင်တာကြောင့်ဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ဟာ ၂၀၂၅ ခုနှစ်မှာအဆိုပါကလပ်အသင်းနဲ့ပါဝင်မကစားမီကြိုတင်လက်မှတ်ရေးထိုးထားမှာဖြစ်ပြီး ဖလာမင်ဂိုအသင်းကိုယ်တိုင်ကလည်း အဆိုပါအီတလီကွင်းလယ်ကစားသမားကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image