51 ပတ် - ဘာသာပြန်ပါ။

(အသွားမတော်တစ်လှမ်း) ဇာတ်ကားသစ် အကြည်

ထောင်ဖောက်ဇာတ်ကားသစ်ကြီး

အကြည်ရပါပြီ

Sanam Teri Kasam ထာဝရထက်နှစ်ဆ
မင်းသားရာနေး၊ မင်းသမီး Divya နဲ့ မင်းသား
အနိလ်ကပူးရဲ့ ထောင်ဖောက်ကားသစ် S.A.V.I
ရုံကူးအကြည်ထွက်လာလို့ B-Town က
မြန်မာစာတန်းထိုးတင်ဆက်လိုက်ပါတယ်။

စာဝီ နဲ့ နကူးလ်တို့ ဇနီးမောင်နှံမှာ သားလေး
တစ်ယောက်ရှိပြီး ပျော်စရာကောင်းတဲ့မိသားစု
ဘဝလေးကို သာသာယာယာဖြတ်သန်းနေတာပါ။
တစ်နေ့မှာ နကူးလ်တို့ အိမ်ကို ရုတ်တရက် ရဲတွေ
ရောက်လာပြီး နကူးလ်က သူ့အလုပ်ရှင်သူဋ္ဌေးမကို
သတ်လို့ဆိုပြီး ဖမ်းသွားပါတယ်။ နကူးလ်ဟာ သူ့
သူဋ္ဌေးမနဲ့ အဆင်မပြေ ဖြစ်နေတာကြောင့်လည်း
အားလုံးက နကူးလ်ကို တရားခံလို့ ထင်တာပါ။
ဒါပေမဲ့ စာဝီဟာ သူ့ယောကျာ်းကို ယုံကြည်ချက်
အပြည့်ရှိပြီး ထောင်ထဲကနေ ထုတ်ဖို့အတွက်
ထောင်ဖောက်ပြေးသူတွေအကြောင်း စုံစမ်းပြီး
ထောင်ဖောက်ပြီး ယောကျာ်းကိုထုတ်ဖို့အတွက်
အချက်အလက်အားလုံး စုဆောင်းပြီး ထောင်
ဖောက်တာ အတွေ့အကြုံရှိသူတွေဆီကနေလည်း
အကြံပြုချက်တွေ ယူခဲ့ပါတယ်။ ဆာဝီတယောက်
ထောင်ဖောက်ပြီး ယောကျာ်းကိုကယ်ဖို့ သေချာ
ပလန်ဆွဲပြီး စအကောင်အထည်ဖော်ရာမှာတော့

#crd
#storymode

image
51 ပတ် - ဘာသာပြန်ပါ။

" လွယ်ကူမြန်ဆန်တဲ့ ကြက်ခြေထောက်အရိုးလွတ်
ပဲကြာဇံသုပ် ပြုလုပ်နည်း "

လိုအပ်သောပစ္စည်းများ ကြက်ခြေထောက်၊ ရှာလကာရည်(vinegar)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ
၊ သံပုရာရည်၊ ငါးငံပြာရည်၊ အသားမှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ် နဲ့ ငရုတ်သီးစိမ်း ဖြစ်ပါတယ်။

(၁)ကြက်ခြေထောက် ၁၅ ချောင်းကို ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းခွဲ နဲ့ ရေမြှုပ်အောင် ထည့်ပြီး အိုးအဖုံး အနည်းငယ်ဟပြီး ပြုတ်ပေးပါ။ ၁၅ မိနစ် နှင့် မိနစ် ၂၀ ကြား ပြုတ်ပြီးလျှင် အိုးပေါ်မှချပြီး ရေစစ်ပါ။ (နူးအိသွားအောင် မပြုတ်ရပါ။)

(၂) ပြုနေစဉ် ရေဇလုံတစ်ခုထဲမှာ ရေခဲတုံးများထည့်ပြီး အေးခဲအောင်ပြုလုပ်ကာ အဆင်သင့်ထားရှိပါ။
ရေခဲစိမ်ထားတဲ့ ရေဇလုံထဲ ကြက်ခြေထောက်ပြုတ်များ ထည့်ပေးပါ။ ပူနေရာမှ အအေးသွားသဖြင့် ကျုံ့ပြီးမာသွားကာ အသားခွါရလွယ်ကူသွားစေပါတယ်။

(၃) ဓါးဦးချွန်ကို သုံးပြီး ခြေခလယ်အောက်၊ ခြေဖဝါးနေရာမှစကာ အရိုးကိုထိပြီး လှီးချပေးပါ။ ပြီးလျှင် ဘေးတစ်ဖက်စီကိုခွါချပေးပြီး ပေါ်လာသည့် အလယ်ရိုးအကြီးကို ချိုးလိုက်ပါ။

(၄) အလယ်ရိုးအကြီးချိုးပြီးလျှင် ခြေချောင်းကလေးများ၏ အလယ်နေရာများကို ဓါးဖြင့်ခွဲပြီး အရိုးအသေးလေးများကို ထုတ်ပေးပါ။ ကျန်သည့် ခြေထောက်များအားလုံးကို ဤနည်းအတိုင်း အရိုးထုတ်ပေးပါ။

(၅) ကြက်ခြေထောက်များကို အရိုးထုတ်ပြီးတဲ့အခါ အသုပ်သုပ်ဖို့အတွက် ခရမ်းချဉ်သီး ၃လုံးကို ရေဆေးပြီး အစေ့ထုတ်ကာ ပါးပါးလှီးပါ။ ကြက်သွန်နီ၂လုံးကိုလည်း ပါးပါးလှီးပါ။

သံပုရာရည် ထမင်းစားဇွန်း ၂ ဇွန်းခွဲ၊ ငါးငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း၊ အသားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ၊ ငရုတ်သီးအကျက်မှုန့် အနည်းငယ် ထည့်ပြီး သုပ်နိုင်ပါပြီ။ နံနံပင်၊ ပြုတ်ထားသော ပဲကြာဇံ ကြက်သွန်မြိတ် နှင့် ငရုတ်သီးစိမ်း တို့ကို နှစ်သက်သလို ထည့်နိုင်ပါတယ်။

ချဉ်ချဉ် ငံငံ စပ်စပ် စားကောင်းလှသော ကြက်ခြေထောက်သုပ်လေး ပြီးပါပြီ။
အရည်သောက်လေးလဲရ ခံတွင်းလည်း လိုက်တော့ ထမင်းစားမြိန်တာပေါ့...

image
51 ပတ် - ဘာသာပြန်ပါ။

pov: you tested my limit

image
51 ပတ် - ဘာသာပြန်ပါ။

ချဲလ်ဆီးအသင်းဘယ်နောက်ခံကစားသမား မာ့ခ်ကူကူရယ်လာက နီကိုလပ်စ်ဂျက်ခ်ဆန်လိုအသင်းဖော်အတွက်ကာကွယ်ထုတ်ဖော်ပြောဆိုလိုက်ပြီး ဂိုးသွင်းယူနိုင်ဖို့အတွက်အသင်းကိုပိုကူညီပေးနိုင်တယ်လို့ထောက်ပြပြောဆိုလိုက်ပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက သွင်းဂိုးမသွင်းယူနိုင်သေးဘဲ ဒီရာသီကာလမှာလည်း ပြိုင်ပွဲစုံ ၂၄ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၉ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့်ကာယကံရှင်အနေနဲ့ပြီးခဲ့တဲ့ကာလမှာဝေဖန်မှုအနည်းအများကိုတော့ခံနေရတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့တိုက်စစ်မှူးတိုင်းအတွက်တော့ ဂိုးသွင်းယူဖို့ဆိုတာအရေးပါပါတယ်။ဒါပေမဲ့ နီကိုလပ်စ်အတွက်တော့ဒီဟာက ဂိုးသွင်းဖို့ပဲ့မဟုတ်ဘဲ သူ့အနေနဲ့အသင်းအတွက်အရမ်းကိုပေးဆပ်ကစားခဲ့တာဖြစ်ပါတယ်။

အသင်းဖိအားပေးကစားဖို့အတွက်သူကူညီပေးပြီး အသင်းအတွက်အကူညီဖြစ်ဖို့အတွက်အများကြီးလှုပ်ရှားတာဟာ အရမ်းကောင်းမွန်တဲ့အရာဖြစ်ပါတယ်။လူတိုင်းခက်ခဲတဲ့အချိန်ကာလကိုကြုံတွေ့ကြရမှာဖြစ်ပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့အရာကတော့ ငါတို့အနေနဲ့ သူ့ကိုဒီလိုကာလတွေမှာအားပေးထောက်ခံရမှာပါ။

သူ့အနေနဲ့ပိုကောင်းအောင်ကစားလာနိုင်ပြီး တကယ်လို့ဒီလိုမျိုးအခွင့်အရေးတွေဆက်ရရှိနေဦးမယ်ဆိုရင်တော့ သူ့အနေနဲ့သေချာပေါက်သွင်းဂိုးတွေရယူလာနိုင်ပါလိမ့်မယ်လို့ ကူကူရယ်လာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစဥ်

image
51 ပတ် - ဘာသာပြန်ပါ။

တာချီလိတ်မှာ သုံးရက်အတွင်း လိုင်စင်မဲ့ကား အစီး ၅၀ သိမ်းဆည်းခံရပြီး လူကိုးယောာက် ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၇

မြန်မာ-ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်ကနေ ၇ရက်အထိ ၃ရက်တာကာလအတွင်း လိုင်စင်မဲ့ကား အစီး (၅၀) သိမ်းဆည်းခံရပြီး လူကိုးယောက် ဖမ်းဆီးခံရတယ်လို့ ဌာနဆိုင်ရာသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တာချီလိတ်မြို့တွင်းရှိ “SKMM” ကားအရောင်း စင်တာ၊ “FORD TACHILEIK” ကား အရောင်းစင်တာ၊ “SYK” ကားရေဆေးနှင့် အလှဆင်ဆိုင်၊ “KKK”ကားရောင်းဝယ်ရေး၊ “ဟောင်” ကားအရောင်းစင်တာ၊ “IC” ကားရေဆေးခုံ နှင့် ကားဝပ်ရှော့တို့အပါအဝင် နေရာပေါင်း ၂၂ခုကို ဝင်ရောက်စစ်ဆေးပြီး ကားတွေ သိမ်းဆည်းကာ လူကိုးယောက် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျိုင်းတုံက ဒုပြည်နယ်ရဲမှူးကိုယ်တိုင် ညွှန်ကြားပြီးတော့ ဝင်စစ်ဆေးတာပါ။ ဖမ်းခံရတဲ့သူတွေကတော့ မန်နေဂျာ၊ အရောင်းစာရေးနဲ့ ကားပြင်တဲ့သူတွေ။ လာပြင်ထားတဲ့ ကားတွေကိုပါ ဝင်ဖမ်းသွားတာ။ အခုထိတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ညွှန်ကြားချက်မလာသေးဘူး။ ကားတွေကိုလည်း ပြန်ထုတ်ပေးဖို့ အစီအစဉ်မရှိဘူးထင်တယ်”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုးယောက်အနက် ခြောက်ယောက်ကို တာချီလိတ်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားသလို ကျန် သုံးယောက်ကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈မနဲ့ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၁၀ တို့နဲ့ အမှုဖွင့်ထားကြောင်း၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ကားတွေကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ သိမ်းဆည်းထားကြောင်း သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမှာ တရားမဝင် ကားဂိတ်တွေ ဖွင့်လှစ်တာ၊ တရားမဝင် ယာဥ်လိုင်းတွေ ပြေးဆွဲတာ၊ လိုင်စင်မဲ့ မော်တော်ယာဥ်တွေ၊ မော်တော်ဆိုင်ကယ်တွေ မရှိစေရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ တားဆီးစစ်ဆေးသွားဖို့ TASK FORCEအဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်က ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်တဝှမ်းလုံးမှာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် အများစု လိုင်စင်မဲ့ကားတွေကိုသာ အများဆုံးစီးနှင်အသုံးပြုကြတာဖြစ်ပေမယ့် လိုင်စင်မဲ့ကားတွေကို အခုလို အကြောင်းမဲ့ဖမ်းဆီးသိမ်းဆည်းမှုအပေါ် ဒေသခံတွေကလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ-Local

#centralnewsnaypyitaw

image

စစ်ရေးသတင်းတွေ ထွက်ပေါ်လာတာကြောင့် ကသာမြို့ခံတွေ အရေးပေါ် စစ်ဘေးရှောင်နေရ

ဖေဖော်၀ါရီ ၇

စစ်ကိုင်တိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာ တည်ရှိတဲ့ ကသာခရိုင် ၊ ကသာမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ရေးသတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် မြို့ခံပြည်သူအများစုဟာ စစ်ဘေးလွတ်ရာ နေရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကသာမြို့ခံတွေဆီက သိရပါတယ် ။

" ဒီရက်ပိုင်းအတွင်း နှစ်ဘက်စလုံးက တိုက်ပွဲသတင်းတွေ ထွက်ပေါ်လာတယ် ၊ အဲ့ဒါကြောင့်မို့ မြို့ခံပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတယ် ၊ အခုဆို မြို့ပေါ်မှာ လူအနည်းငယ်လောက်ပဲ ရှိတော့တယ်၊ အများစုကတော့ ဘေးလွတ်ရာကို ပြောင်းကုန်ကြပြီ ၊ မပြောင်းနိုင်တဲ့သူတွေလောက်ပဲ ကျန်တော့တာ " လို့ ကသာမြို့ခံတယောက်က်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ ကသာမြို့ခံအများစုဟာ ၊ မိုးညှင်း ၊ ဗန်းမောက် ၊ ရွေဘို နဲ့ မန္တလေးဘက်ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။

" ကသာနယ်မှာ စစ်ရေး အခင်းအကျင်းတွေက အခြေအနေ လုံး၀ မကောင်းဘူး ၊ နောက်ပြီး ကသာနယ်ကို ဒေသခံ လက်နက်ကိုင်တွေက ၀ိုင်းပတ်ပိတ်ဆို့ထားတယ်၊ လမ်းပန်းဆက်သွယ်ရေးတွေလည် ပိတ်ဆို့ခံထားရတယ် ၊ " လို့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ကသာမြို့ခံတွေဟာ ကုန်စည်စီးဆင်းမှုမရှိတော့ပဲ စား၀တ်နေရေး ခက်ခဲလာပြီး ၊ အလုပ်အကိုင်တွေ မရှိတော့တာကြောင့်၊ နီးစပ်ရာ မြို့ရွာတွေဆီ ပြောင်းရွေ့သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကသာခရိုင်ထဲက အင်းတော်မြို့နယ် အပါအ၀င် မြို့နယ်ခွဲတချို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားပြီး ၊ ရွေဘို - မြစ်ကြီးနားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက ​​ ကလေးမြို့ ၊ ကလေး၀ ၊ တမူးး ၊ တဆည် ၊ ပင်လယ်ဘူး ၊ ရေဦး ၊ ခင်ဦး စတဲ့ လမ်းပိုင်းတွေကို ပြီးခဲ့တဲ့ နှစ်ကတည်းက ပိတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit - VOM News Agwncy

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

နွေဦးဟာ ပြန်ရောက်လာခဲ့ပါပြီ
ဒါပေမယ့် အတိတ်တွေကတော့
ပြန်မရောက်လာတော့ပါဘူး။

-နိုရှီ

image
51 ပတ် - ဘာသာပြန်ပါ။

ထမင်းချက်နည်း လျှို့ဝှက်ချက်

၁. ရှာလကာရည်

ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၂. ဘီယာ

ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်နော်။

၃. မြေပဲဆီ

ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။

၄. ဆား

လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့် အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့ တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။

၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်

ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။

၇. ကြက်သွန်မြိတ်

ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။

၈. လက်ဖက်

ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။

၉. သံလွင်ဆီ

ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။
crd
#ရှင်ဘုရင်တိုင်းရင်းဆေး

image
51 ပတ် - ဘာသာပြန်ပါ။

သားရီးမင်းရသေးလား-အေးဆေးသားရီး
သားရီးမင်းရသေးလား-အေးဆေးသားရီး