ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၇

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၆၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၈၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၉၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၃၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၉၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၆၀ ကျပ်
ဝယ်ဈေး - ၃၂၇၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၆၅ ကျပ်
ဝယ်ဈေး - ၄၅၄၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၂ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၅ ကျပ်
ဝယ်ဈေး - ၂၈.၈၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၃၂ ကျပ်
ဝယ်ဈေး - ၄၉.၉၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၈၅ ကျပ်
ဝယ်ဈေး - ၅၄၄၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

ထိန်းမရတော့တဲ့ မျက်ရည်များ
ကျဆင်းချင်နေတဲ့ မျက်ဝန်းတစ်စုံ...

ဘယ်လိုမှပျော်အောင် ဖန်တီးလို့
မရတော့တဲ့ စိတ်အခြေနေ၊

လူတိုင်းဟာ ကိုယ့်သောက၊ ကိုယ့်အပူတွေနဲ့ဆိုတာတောင်
ပြိုလဲခွင့်မရတဲ့အခိုက်တန့် ဆိုတာထပ် အခြေနေတွေကြောင့်
မြိုသိပ်ထားမှုတွေနဲ့ပါလား။

#စာတို
#as

51 ပတ် - ဘာသာပြန်ပါ။

မြဝတီဘက်မှ ကျားဖြန့်လုပ်ငန်းများထံ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်း

ဖေဖော်ဝါရီ ၇

ထိုင်း-မြန်မာ နယ်စပ်၊ မြန်မာနိုင်ငံ၊ ကရင်ပြည် နယ်၊ မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား ၃၉ ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံဘက်သို့ ဖေဖော်ဝါရီလ ၇ ရက်တွင် BGF က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

၎င်းတို့ကို မြဝတီမြို့၊ ထိုင်း-မြန်မာ အမှတ် (၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံသား (၃၉) ဦး၊ အိန္ဒိယနိုင်ငံသား (၁၃) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၅) ဦး၊ အီသီယိုပီးယားနိုင်ငံသား (၁) ဦး၊ ကာဇက်စတန်နိုင်ငံသား (၁) ဦး၊ ပါကစ္စတန်နိုင်ငံသား (၁) ဦးနှင့် မလေးရှားနိုင်ငံသား (၁) ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရသူများအား မြဝတီမြို့တာဝန်ရှိသူများနှင့် BGF က ထိုင်းကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်းထံ ယနေ့ ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ယင်းနိုင်ငံခြားသားများမှာ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာအနီး၊ တရုတ်စီမံကိန်း KK Park နှင့် ရွှေကုက္ကိုလ်ဒေသအတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသူများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ တာဝန်ရှိသူများက ၎င်းတို့ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများပြီးစီးပါက သက်ဆိုင်ရာနိုင်ငံအလိုက် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image
image

လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာက ဒလမှာ လူနေအိမ် ၅ လုံးနီးပါး မီးလောင်

ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အဲမွန်ဒရာ (၉) လမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၅ ရက် ည ၇ နာရီ ၅၆ မိနစ်ခန့်အချိန်က
လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲရာမှ လူနေအိမ် ၅ လုံး နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း ၁ ထပ်နေအိမ်၌ စတင်ဖြစ်ပွားခဲ့ပြီး မိနစ်၂၀ ကျော် ကြာမြင့်သော မီးလောင်မှုကြောင့် တစ်ထပ်လူနေအိမ် ၁ လုံး၊ ၂ ထပ် လူနေအိမ် ၃ လုံးနှင့် ၂ ထပ်လူနေအိမ်တစ်ခြမ်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီး​လောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ ရေသယ်ယာဉ်၂ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၈ ဦးဖြင့် မိနစ်၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ် ၅ လုံးနီးပါး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဒလမြို့နယ်ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ဖေ​ဖော်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီကျော်က တပင်ရွှေထီးရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် ဆင်ဖြူရှင်လမ်းထောင့်ရှိ တော်ဝင်နှင်းဆီ အဆင်မြင့်တည်းခိုခန်းနှင့် မိသားစု ကာရာအိုကေဆိုင်တွင် Aircon Safeguard အပူလွန်ကဲရာမှ အောက်ရှိဆိုဖာပေါ် မီးပွားကျကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လျှပ်စစ်ဝါယာကြိုး၊ ဆိုဖာနှင့် ကာရာအိုကေစက်တို့ မီးလောင်ခဲ့သဖြင့် အသက် ၅၆ နှစ်အရွယ် ဒေါ်ဥမ္မာလင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် ဒလမြို့မရဲစခန်းက အမှုဖွင့်ထားသည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းမှာ လျှပ်စစ်မီးများ ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီ
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးများ ယခင် ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ထိ တစ်ရက်လျှပ်စစ်မီး ၄ နာရီပေး ၄ နာရီပျက်ရာမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ တစ်ရက်လျှင် မီး ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ပေးနေခြင်းဖြစ်သည်။
ယခုအခါ 230kV ရွှေလီ-မန်စံ ဓါတ်အားလိုင်းအား ပြုပြင်ပြီးစီးပြီ ဖြစ်သဖြင့် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ၄ နာရီလာ ၄ နာရီပျက် စနစ်ဖြင့် ပုံမှန်အတိုင်း လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

image
51 ပတ် - ဘာသာပြန်ပါ။

ဒီ anime ဟာ နိုင်ငံတကာမှာ အထူးထင်ရှားတဲ့ နာမည်ကြီး ဒါရိုက်တာ Hosoda Mamoru ရိုက်ကူးခဲ့တဲ့ Rating မြင့် ကာတွန်းတစ်ကားဖြစ်ပါတယ်..

Summer Wars (2009)

ဂျပန်ကာတွန်းကားတွေရဲ့ ထုံးစံအတိုင်း ရင့်ကျက်တဲ့ဇာတ်အိမ်နဲ့အတူ မိသားစုသံယောဇဉ်.. ချစ်ခြင်းမေတ္တာ.. စည်းလုံးမှု.. မလျှော့သောဇွဲနဲ့အတူ မထင်မှတ်တဲ့အပြောင်းအလဲတွေနဲ့ တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..
ဇာတ်လမ်းကတော့ OZ ဆိုတဲ့ တစ်ကမ္ဘာလုံးက ဖုန်း/ကွန်ပျူတာတွေ အင်တာနက်ကတဆင့် ချိတ်ဆက်ကစားနိုင်တဲ့ Digital World ကနေ အစပြုခဲ့ပါတယ် ကြည့်ရတာရိုးမသွားတဲ့ကားလေးမို့ကြည့်ရှု့ဖို့တိုက်တွန်းပါတယ်နော်။

image
51 ပတ် - ဘာသာပြန်ပါ။

◾️ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းတို့တွင် လေထုညစ်ညမ်းမှုအများဆုံးဖြစ်နေဟုဆို
ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းတို့တွင် လေထုညစ်ညမ်းမှုအများဆုံးဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကပြောသည်။
ဆောင်းရာသီနှင့်နွေရာသီသည် လေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်ပေါ်သည့်ကာလဖြစ်ပြီး မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှုအခြေအနေတိုင်းတာချက်များအရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)ဒေသနှင့် ဧရာဝတီတိုင်းတို့တွင် လေထုညစ်ညမ်းမှုအများဆုံးကြုံတွေ့နေရကြောင်း ဦးဝင်းနိုင်ကဆိုသည်။
“ဆောင်းရာသီနဲ့နွေရာသီကာလမှာ ဒါတွေကဖြစ်နေကြပါ။ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တို့လို ဒီဓာတ်‌ငွေ့တွေစုပြုံဖြစ်လာရင် ပါဝင်တဲ့ ပမာဏများလာရင် (Air Quality Index - AQI )လေထုအရည်အသွေးညွှန်းကိန်းမြင့်လာပြီး ၁၀၀ ကျော်ဖြစ်လာရင် အသက်ရှူလမ်းကြောင်းကိုထိခိုက်နိုင်တဲ့ အန္တရာယ်များလာတာပေါ့” ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ရန်ကုန်မြို့၏လေထုညစ်ညမ်းမှုအဆိုးဆုံးအခြေအနေမှာ ယခုလဖေဖော်ဝါရီ ၃ ရက်က ကမ္ဘာ့နိုင်ငံ ၁၂၃ နိုင်ငံအနက် ကမ္ဘာ့အဆင့်(၂) နေရာထိ ရောက်ရှိခဲ့ပြီး ညွှန်းကိန်းအဆင့် ၂၁၁ သို့ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံတကာလေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) အဆင့်အရ ညွှန်းကိန်းအဆင့် ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေးကိုထိခိုက်နိုင်သည့်အခြေအနေဖြစ်ကြောင်း သိရသည်။

image
51 ပတ် - ဘာသာပြန်ပါ။

☕️ coffee မှာတဲ့အခါ သိထားသင့်တဲ့ အသံထွက်လေးတွေ
#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

သူငယ်ချင်းတွေရှေ့ ???? နိုင်သောအခါ
သူငယ်ချင်းတွေရှေ့ 𝐆𝐚𝐦𝐞 နိုင်သောအခါ

Khine Su Zin မျှဝေသည်။ ပို့စ်  
51 ပတ်

51 ပတ်

" #ရခိုင်ခေါင်းပေါင်း_ဘယ်ဘက်ချရခြင်း၏_အဓိပ္ပါယ် "
~~~
#အင်္ကျီကို ဘယ်ရင်ဖုံးပြီး - မိန်းမထမိန်ကိုလည်း ဘယ်ဘက်ပေါင်စွန်ထားရမည်ဟု ဘုရင်စန္ဒသူရိယ၏ အမိန့်တော်ပြန်တမ်း

#ရခိုင်သား/သူတိုင်းသိထားသင့်သော မျိုးရိုးအစဉ်အလာ ၏ထုံးဓလေ့ ရခိုင်လူမျိုးတွေ ခေါင်းပေါင်းစ ဘယ်ဖက်ကိုချခြင်းသည် ဗုဒ္ဓဘုရားရှင်နှင့် နောက်တော်ပါ သံဃာတော်များ သင်္ကန်းဝတ်ရုံကို ဘယ်ဖက်ပခုံးမှာ တင်ကာ ဝတ်ထားသည့်ကို သဘောကျ ကြည်ညို လေးစားသောကြောင့် ဒယော- ခယောက်(ပုဆိုး)၊ အင်္ကျီ ခေါင်းပေါင်း၊ ထမိန်များကို ဘယ်ဖက်ကိုချ၍ ဝတ်ဆင်ကြခြင်း ဖြစ်ပါသည်၊

(တစ်နည်း) #ဗုဒ္ဓဘုရားရှင်၏ သင်္ကန်း၀တ်ဆင်ပုံကို အတုယူထားခြင်းသာ ဖြစ်ပါသည်၊ ရခိုင်လူမျိုးတို့ ခေါင်းပေါင်းစ ဘယ်ဖက်ကိုချတာဟာ အခုမှ မဟုတ်ပါ၊ တတိယဓည၀တီခေတ် စန္ဒာသူရိယဘုရင်လက်ထက် မဟာသက္ကရာဇ် (၁၂၃ )ခု (B.C 569 ) မှာ ဗုဒ္ဓဘု ရားရှင် ကြွရောက်လာသည့်အချိန်က စခဲ့တာပါ၊ ယင်းမတိုင်မီက ရခိုင်လူမျိုးတွေဟာ ခေါင်းပေါင်းကို ဘယ်ဖက်ရော၊ ညဖက်ရော ချကာ ပေါင်းကြပါသည်၊

#တသမတ်တည်း စံမရှိခဲ့ဘူး၊ ဗုဒ္ဓဘုရားရှင် ဓညဝတီကို ကြွရောက်လာသည့်အခါ ဗုဒ္ဓဘုရားရှင်နှင့် နောက်ပါရဟန်းသံဃာတော်အားလုံးဟာ သင်္ကန်းကို ရောင်တူဝတ်ဆင်ကာ၊ ဝတ်ရုံပုံစံကလည်း အားလုံးအတူတူ ဘယ်ဖက် ပခုံးတွင်တင်ပြီး ဝတ်ရုံထားကြသည်ကို အိန္ဒြေရှုမငြီးအောင် မြင်မိသောကြောင့် ကြည်ညိုသဒ္ဓါပွားကာ စန္ဒာသူရိယဘုရင်သည် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်မှာ ငါ၏တိုင်းပြည်မှာ ရှိကြသော တိုင်းသူပြည်သားတို့သည် ယနေ့မှစ၍ အင်္ကျီများကို ဘယ်ဖက်ရင်အုပ်ကို ဖုံး၀တ်ကြရမည်၊ ခေါင်းပေါင်းစကိုလည်း ဘယ်ဖက်ပခုံးဖက်သို့ ချ၍ ပေါင်းကြရမည်၊ ဆံထုံးနှင့် ဆံစကိုလည်း ဦးခေါင်း၏နောက် ဘယ်ဖက်တွင် ထုံးရမည်၊ ချကြရမည်၊ ထမိန်ကိုလည်း ဘယ်ဖက်ပေါင်စွန်ထား၍ ၀တ်ရမည်ဟု အမိန့်ပြန်တမ်းထုတ်ပြန် ထုတ်ပြန်ခဲ့သည်ဟု သက်ကြီးစကား သက်ငယ်ကြား တစ်ဆင့်တစ်ဆင့် လက်ဆင့် ကမ်းလာကြသော ဓလေ့တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်၊

#ရခိုင်တို့၏ ခေါင်းပေါင်းသည် ယုန်နားရွက်၊ မြင်းနာရွက်လို အထောင်မဟုတ်ပါကြောင်း၊ ရှေးခေတ် ရခိုင်ပြည်တွင် ခေါင်းပေါင်းကို ယုန်နားရွက်ကဲ့သို့ ထောင်နေအောင်လုပ်သည့် နည်းပညာလည်း မရှိသေးသောကြောင့် ယုန်နားရွက်ကဲ့သို့ အထောင်ခေါင်းပေါင်းကို ရခိုင်လူမျိုးတို့ မပေါင်းတတ်ကြချေ၊ ရခိုင်လူမျိုးတို့ ခေါင်းပေါင်း ပေါင်းတတ်သည်မှာ ဗုဒ္ဓဘုရားရှင် သင်္ကန်းဝတ်ဆင်ပုံကို လေးစားကြည်ညိုသောကြောင့် အတုယူကာ ဝတ်ဆင်သည့် ပညာတစ်ခုသာ ဖြစ်ပါသည်၊

(မှတ်ချက်) #ကုန်ကုန်ပြောရရင် ယနေ့တိုင် ရခိုင်လူမျိုးတို့သည် လင်မယားအိပ်ရာဝင်လျှင်လည်း ဇနီးမိန်းမသည် ယောင်္ကျား၏ ဘယ်ဖက်တွင်သာ အမြဲ တမ်းအိပ်ကြရသည်၊

#credit= မောင်ဖြူ (ကြွီတဲကျွန်း)
#rathaaung
#model - Arakan Maung Maung
#crd
#rakhineculture

image