1 y - Translate

DeepSeek ကို ဒေါင်းလုပ်လုပ်ရင် ထောင်ဒဏ် နှစ် ၂၀ နဲ့ ငွေဒဏ် ဒေါ်လာ သန်း ၁၀၀ အထိ ပြစ်ဒဏ်ချနိုင်မယ့် ဥပဒေကို အမေရိကန် လွှတ်တော် အမတ် အဆိုပြု
=============================================================
DeepSeek ဟာ TikTok လို ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ အမေရိကန် လွှတ်တော် အမတ် Josh Hawley က တရုတ် AI တွေ၊ အထူးသဖြင့် DeepSeek ကို ပိတ်ပင်နိုင်မယ့် ဥပဒေ တစ်ခုကို အဆိုပြုတင်သွင်းလိုက်ပါတယ်။
အဲဒီ ဥပဒေဟာ AI ဥပဒေတွေထဲမှာ အကြမ်းဆုံး ဖြစ်လာပါတယ်။ Hawley က အမေရိကန် နိုင်ငံသားနဲ့ ကုမ္ပဏီတွေကို တရုတ် AI အသုံးပြုခွင့် ပိတ်ပင်ပြီး ဥပဒေ ချိုးဖောက်ရင် ထောင်ဒဏ် ၂၀ နှစ်နဲ့ လူတစ်ယောက်အတွက် ဒဏ်ငွေ ဒေါ်လာ ၁ သန်း၊ ကုမ္ပဏီအတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၁၀၀ ပြစ်ဒဏ်ချမှတ်ဖို့ လွှတ်တော်မှာ အဆိုပြုလိုက်ပါတယ်။
DeepSeek ကြောင့် တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ အမေရိကန် စတော့ ဈေးကွက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒေါ်လာ ၁ ထရီလီယမ် ဆုံးရှုံးသွားပါတယ်။ အဲဒီအတွက် အမေရိကန် အစိုးရက DeepSeek ကို ပိတ်ပင်နိုင်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။
Ref : Tech Explorers

image
1 y - Translate

iPhone SE 4 မှာ ဘာတွေ ထူးခြားသွားမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် Apple ရဲ့ ယခင်ထုတ်ကုန်တွေနဲ့ ဈေးကွက်လိုအပ်ချက်တွေအပေါ် မူတည်ပြီး ခန့်မှန်းချက်တွေ ရှိပါတယ်။ အောက်ပါအချက်တွေကို မျှော်လင့်နိုင်ပါတယ်။

### ၁။ **Design**
- **Modern Design**: iPhone 14 နဲ့ ဆင်တူတဲ့ design ကို မျှော်လင့်နိုင်ပါတယ်။
- **Notch Display**: Face ID ပါဝင်မယ့် notch display ကို သုံးနိုင်ပါတယ်။

### ၂။ **Display**
- **Larger Screen**: 5.7-inch ကနေ 6.1-inch OLED display ကို မျှော်လင့်နိုင်ပါတယ်။
- **Higher Resolution**: Retina display ထက် ပိုမိုကောင်းမွန်တဲ့ resolution ကို သုံးနိုင်ပါတယ်။

### ၃။ **Performance**
- **A16 Bionic Chip**: iPhone 14 မှာ သုံးထားတဲ့ A16 Bionic chip ကို သုံးနိုင်ပါတယ်။
- **5G Support**: 5G connectivity ကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးနိုင်ပါတယ်။

### ၄။ **Camera**
- **Improved Camera**: 12MP ကင်မရာကို ပိုမိုကောင်းမွန်အောင် upgrade လုပ်နိုင်ပါတယ်။
- **Night Mode**: Night mode နဲ့ Deep Fusion စတဲ့ features တွေ ပါဝင်နိုင်ပါတယ်။

### ၅။ **Battery Life**
- **Longer Battery Life**: ပိုမိုကြီးမားတဲ့ battery capacity နဲ့ ပိုမိုကောင်းမွန်တဲ့ battery life ကို မျှော်လင့်နိုင်ပါတယ်။
- **Fast Charging**: Fast charging နဲ့ wireless charging ကို ပံ့ပိုးနိုင်ပါတယ်။

### ၆။ **Software**
- **iOS 17**: နောက်ဆုံးထွက် iOS version နဲ့ အတူလာနိုင်ပါတယ်။
- **Security Features**: Face ID နဲ့ ပိုမိုကောင်းမွန်တဲ့ security features တွေ ပါဝင်နိုင်ပါတယ်။

### ၇။ **Storage**
- **Base Storage**: 128GB ကနေ စတင်နိုင်ပါတယ်။
- **Higher Options**: 256GB နဲ့ 512GB options တွေ ပါဝင်နိုင်ပါတယ်။

### ၈။ **Price**
- **Affordable Price**: iPhone SE series ရဲ့ ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းကို မျှော်လင့်နိုင်ပါတယ်။

### ၉။ **Other Features**
- **Water Resistance**: IP67 သို့မဟုတ် IP68 water resistance rating ပါဝင်နိုင်ပါတယ်။
- **Dual SIM**: Dual SIM support (nano-SIM နဲ့ eSIM) ပါဝင်နိုင်ပါတယ်။

ဒီအချက်တွေကို မျှော်လင့်နိုင်ပြီး၊ Apple ရဲ့ ရုံးပိတ်ရက်မှာ အတည်ပြုကြေညာချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၈၆၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၈၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၆၅ ကျပ်
ဝယ်ဈေး - ၄၅၄၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၂ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၉ ကျပ်
ဝယ်ဈေး - ၆၀၃ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၃ ကျပ်
ဝယ်ဈေး - ၂၉.၀၅ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၅၁ ကျပ်
ဝယ်ဈေး - ၅၀.၁၇ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၀ ကျပ်
ဝယ်ဈေး - ၃.၀၂ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၀၅ ကျပ်
ဝယ်ဈေး - ၅၄၆၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၇၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၉ ကျပ်
ဝယ်ဈေး - ၁၁၉၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Computer သုံးနေရင်း Restart ကျကျသွားရင်❗
++++++++++++++++++++++++++++++++

Computer သုံးနေရင်း Restart ကျကျသွားရင် ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး
Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ
မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀)
ချက်ရှိတယ်။

1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc )
နှိပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို
End Process လိုက်လုပ်ပါ။
2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။
ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက်
စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။
3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့
History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။
software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။
အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။
Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့
clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။
4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင်
ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option
ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။
6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ
အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။
7. နောက်တစ်ခုကတော့ files တွေကို
ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။
မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို
ပြန်စီလိုက်ပါ။
8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။
ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ
မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။
ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့
computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။
10. နောက်တစ်ခုကတော့
မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို
disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျိုးမလုပ်မိပါစေနဲ့။

image
1 y - Translate - Facebook

Microsoft Windows နဲ့ Office ကို Activate လုပ်နည်း
Activate ဘာကြောင့်လုပ်ဖို့လိုလဲ?
Microsoft Windows နဲ့ Office က အမှန်တကယ် License နဲ့ ဝယ်ရတဲ့ Operating System နဲ့ Software တွေဖြစ်ပါတယ်။ Windows 10 Pro ရဲ့ License ဈေးက ၁၉၉.၉၉ ဒေါ်လာဖြစ်ပြီးတော့ Office 2016 Pro Plus က ၃၉၉.၉၉ ဒေါ်လာဆိုပြီးဈေးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် လူတော်တော်များများ Windows နဲ့ Office ကို Function တွေအပြည့်အစုံသုံးလို့ရအောင် Activator နဲ့ Activate လုပ်ပြီးသုံးကြပါတယ်။ Activate မလုပ်ရင်တော့ တစ်ချို့ Function တွေအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ပြီးတော့ Windows 7 မှာဆို Screen အနက်ရောင်နဲ့ This Copy of Windows Is Not Genuine စသဖြင့်ပေါ်လာပြီး Wallpaper အနက်ဖြစ်သွားတာ၊ Windows 8.1 နဲ့ 10 မှာဆို Activate Windows now, Windows will be expired soon စသဖြင့်ပေါ်လာတာ၊ Office မှာဆို Product Activation Fail စသဖြင့်အနီရောင် ဘောင်ဖြစ်နေတာ၊ Office 2013, 2016 တွေမှာဆို စာပဲဖတ်လို့ရပြီး စာရိုက်မရ၊ စာပြင်မရ ဖြစ်နေပြီဆိုရင်တော့ Windows ဒါမှမဟုတ် Office ကို Activate လုပ်ကိုလုပ်သင့်ပါပြီ။
Windows နဲ့ Office ကို Activate ဘယ်လိုလုပ်မလဲ?
၁။ အောက်ကပေးထားတဲ့ Link ကနေ Microsoft Windows and Office Activator ဆိုတာကို Download ဆွဲပေးပါ။
Download Link: Microsoft Windows and Office Activator ကို Download ဆွဲပါ။
Link - https://1drv.ms/u/s!AvYioJ4tdx....3FoHsgflhCv8QH4Ftx?e
၂။ Antivirus နဲ့ Internet ကို ပိတ်ထားပေးပါ။ (Antivirus ပိတ်နည်းမသိရင် Link ထဲက Post မှာဖတ်လို့ရပါတယ်။ https://www.facebook.com/itwor....kshop.../posts/14627
၃။ Download ဆွဲထားတဲ့ File ကို Right Click နှိပ်ပြီး Extract ဖြည်ပေးပါ။ Password တောင်းရင် itworkshop လို့ရိုက်ပေးပါ။ Extract ဖြည်ပြီးထွက်လာတဲ့ Folder ထဲက Re-LoaderByR@1n ဆိုတာကို Double Click နှိပ်ပြီး Run ပေးပါ။ *အဝါရောင်ခေါင်းစည်းနဲ့ Box တက်လာခဲ့ရင် Yes နှိပ်ပေးပါ။*
(WinRAR File ကို Extract ဖြည်နည်းမသိရင် Link ထဲက Post မှာဖတ်လို့ရပါတယ်။ Link - https://www.facebook.com/itwor....kshop.../posts/14314
၃။ Box ကျလာရင် Accept ကိုနှိပ်ပါ။ ပြီးရင် ကိုယ် Activate လုပ်ချင်တဲ့ Product (Windows, Office 10,13,16 စသဖြင့်) ကို အမှန်ခြစ် ရွေးပါ။ (License Windows ဆိုရင်တော့ Windows က Activate တောင်းမှာမဟုတ်တဲ့အတွက် Windows (Win) နေရာမှာ အမှန်ခြစ် မရွေးပါနဲ့)
၄။ Active ကိုနှိပ်ပြီးရင် (၃) မိနစ်လောက်ခဏစောင့်ပါ။ ကိုယ် Activate လုပ်ချင်တဲ့ Product တွေနေရာမှာ အစိမ်းရောင်အမှန်ခြစ်လေးပေါ်လာရင် အဆင်ပြေပါပြီ။ တစ်ခါတစ်လေ Windows ကို Activate လုပ်တဲ့ခါ အဝါရောင်ပေါ်ရင်တော့ စက်ကို Restart ချပေးရပါမယ်။
Activate လုပ်လို့ရတဲ့ Microsoft Product များ
Win - Windows
O16 - Office 2016
O15 - Office 2013
O14 - Office 2010
အားလုံးအဆင်ပြေကြပါစေ။

1 y - Translate

သိလား ခရုတွေက ၃နှစ်ကြာအိပ်နိုင်တယ်ဆိုတာ??🐌
🐌ဟုတ်ပါတယ်။ ခရုတွေဟာ အခြေအနေအရ ကြာရှည်စွာ အိပ်စက်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့ ရာသီဥတု (သို့) အစာရေစာ ရှားပါးတဲ့ အခြေအနေမျိုးမှာ ခရုတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့နဲ့ စွမ်းအင်ကို ထိန်းသိမ်းဖို့အတွက် ကြာရှည်စွာ အိပ်စက်နိုင်ပါတယ်။ ဒီအခြေအနေကို "estivation" (ခြောက်သွေ့ရာသီ အိပ်စက်ခြင်း) လို့ ခေါ်ပါတယ်။
🐌ခရုတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အခွံထဲမှာ ပိတ်ပြီး ရေဓာတ်ကို ထိန်းသိမ်းကာ လိုအပ်တဲ့ အခြေအနေတွေ ပြန်လည်ကောင်းမွန်လာတဲ့အထိ စောင့်နိုင်ပါတယ်။ အချို့ခရုမျိုးစိတ်တွေဟာ ၃ နှစ်အထိ အိပ်စက်နိုင်တယ်လို့ သိရပါတယ်။
🐌ဒါပေမယ့် ခရုတွေရဲ့ အိပ်စက်ခြင်းက သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်ပါတယ်။ စိုထိုင်းဆနဲ့ အစာရေစာ ပြန်လည်ရရှိလာရင် သူတို့ဟာ ပြန်လည်နိုးထလာပါတယ်။ ဒါကြောင့် ခရုတွေဟာ ၃ နှစ်အထိ အိပ်နိုင်တယ်ဆိုတာ မှန်ပေမယ့် ဒါက သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေပေါ် မူတည်တယ်ဆိုတာ သတိပြုရပါမယ်။

image
1 y - Translate

ဖင်လန်နိုင်ငံ Wärtsilä ကုမ္ပဏီက ထုတ်လုပ်ခဲ့ဖူးတဲ့ "Wärtsilä-Sulzer RTA96-C" ဟာ သမိုင်းတစ်လျှောက်မှာ အကြီးဆုံးနဲ့ powerful အဖြစ်ဆုံး ဒီဇယ်အင်ဂျင်တစ်ခုအဖြစ် ထင်ရှားပါတယ်။ ကွန်တိန်နာပေါင်း သောင်းနဲ့ချီသယ်ဆောင်နိုင်တဲ့ "Emma Mærsk" တို့လို့ သင်္ဘောကြီးတွေမှာ ဒီအင်ဂျင်ကိုအသုံးပြုခဲ့သလို သူ့ရဲ့ Total output ကလည်း ကြောက်လန့်ဖွယ်ကောင်းလောက်အောင် 107,390 hp နှင့် 5,608,310 lb-ft of Torque အထိကို ထွက်ပါတယ်။
"Wärtsilä-Sulzer RTA96-C" ရဲ့ အရွယ်အစားက အမြင့် (၄၄) ပေ နဲ့ (၈၇) ပေ ရှည်လျားပြီး ဆလင်ဒါ bore (၃၈) လက်မနဲ့ stroke ကလည်း (၉၈) လက်မ အထိကိုရှိတာပါ။ မြင်သာအောင်ပြောရရင် VW Golf ရဲ့ ဆလင်ဒါ bore က (၃.၂) လက်မ နဲ့ stroke က (၃.၆) လက်မသာ ရှိပါတယ်။ ဆလင်ဒါတစ်လုံးတည်းရဲ့ displacement တင် 1,828.7L ရှိပြီး ဆလင်ဒါ (၁၄) လုံးရှိတဲ့အတွက် "Wärtsilä-Sulzer RTA96-C" ရဲ့ total displacement က 25,592L အထိကို ရှိတယ်ဗျ။ ဒါ့ကြောင့်လည်း ဒီအင်ဂျင်ကြီးလည်ပတ်ဖို့ တစ်ရက်ကို ဓာတ်ဆီတန်ချိန် (၂၅၀) သုံးစွဲရပြီး ဒါဟာ တစ်နာရီကို ဆီ (၁၀,၄၁၇) လီတာ စားပါတယ်။
မြင်သာအောင်ထပ်ပြောရရင် VW Golf ရဲ့ 2.0L အင်ဂျင်က ကီလို (၁၀၀) မောင်းမှ (၆.၅) လီတာ ဝန်းကျင်သာ စားတဲ့အတွက် "Wärtsilä-Sulzer RTA96-C" တစ်နာရီလည်ပတ်ဖို့ လိုအပ်တဲ့ဓာတ်ဆီပမာဏဟာ VW Golf နဲ့ဆို ကီလို (၂,၀၀၀) ကျော်၊ မိုင်အားဖြင့် (၁,၂၄၄) မိုင် တိတိ မောင်းနှင်နိုင်မှာပဲ ဖြစ်တယ်ဗျ။

image

၄နာရီအတွင်း ကျိုင်းတုံ (Kengtung) ဒေသမှာ မိုးနှင်းမိုးတွေရွာနိုင်ပါတယ်
ISSUED TIME
08/02/2025 9:34am(MMT)

image
1 y - Translate

စိတ်ချရတဲ့ SSD ကိုရွေးနည်း
=================
SSD ရွေးတော့မယ်ဆို speed ကိုပဲကြည့်ကြပြီး အခြား Spec တွေသိပ်အာရုံမစိုက်ကြတာများပါတယ်။
SSD မှာ Read/write speed အပြင်ကိုမှ အခြား spec တွေရှိသေးတဲ့အပြင် SSD ကိုတည်ဆောက်ထားတဲ့
Component တွေရဲ့ Quality လဲရှိပါသေးတယ်။ အဲ့ထဲကမှ Speed တူတူပဲဆိုပြီး ဈေးထက်ဝက်လောက် သက်သာနေမဲ့ တရုတ်အပေါစား SSD တွေဝယ်လိုက်တဲ့အခါ ဘာဖြစ်နိုင်သလဲ ??? ကိုယ်က ကိုယ့်ပိုက်ဆံကို ထုတ်ပေးပြီး ဝယ်ထားရတဲ့အတွက် နောက်ပိုင်းမနစ်နာအောင် ဘာတွေကြည့်ရမလဲ။ အခု့ကျွန်တော်မျှဝေပေးသွားမဲ့ ခေါင်းစဉ်တွေက
👉 Read/write speed
👉 4K performance
👉 Preparing + Wrapping up (entire process)
👉 SSD တစ်ခု့ရဲ့သက်တမ်း။
.
Read/write Speed
--------------------
File တစ်ခု့ကို တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းတာပဲဖြစ်ဖြစ် အသစ်ဖန်တီးတာပဲဖြစ်ဖြစ် လက်ခံတာပဲဖြစ်ဖြစ် Read/write speed များလေ မြန်မြန်ပြီးလေဖြစ်ပါတယ်။ ဒါမဲ့ read/write speed တူတိုင်းလဲ လုပ်ငန်းပြီးတဲ့နေရာမှာ မြန်မြန်မပြီးပါဖူး။ ဘာလို့လဲဆိုတာ အောက်မှာဆက်ပြီးပြောပြသွားပါ့မယ်။
.
4K performance
-------------------
4K performance ဆိုတာ resolution ကိုပြောတာမျိုးမဟုတ်ပဲနဲ့ kb လောက်ပဲရှိတဲ့ size အရမ်းသေးတဲ့ file လေးတွေကို စီစစ် ကူးပြောင်းတဲ့နေရာမှာ Performance ဘယ်လောက်ရှိလဲဆိုတာကိုတိုင်းတာပါ။
File ကူးတာပဲဖြစ်ဖြစ် ဖတ်ရတာပဲဖြစ်ဖြစ် run ရတာပဲဖြစ်ဖြစ် အသစ်ဖန်တီးတာပဲဖြစ်ဖြစ် သေးသေးလေးတွေများလာရင် 4K performance ကစကားပြောပါတယ်။
ဥပမာ web brower သုံးတာက 4K performance ပိုကောင်းရင် ပိုမြန်ပါတယ်။ Chrome ဆို တော်တော်စားတဲ့အတွက် သိသာပါလိမ့်မယ်။
.
Preparing + Wrapping up
-------------------
Folder တစ်ခု့ထဲမှာ file သေးသေးလေးတွေလဲရှိမယ် အကြီးတွေလဲရှိမယ်။ အဲ့ကောင်ကို တစ်နေရာကနေ တစ်နေရာကို Copy ကူးတယ်ထားပါတော့။ သူ့ Process က
ခိုင်းတယ်>ပြင်ဆင်တယ် > လုပ်ဆောင်တယ် > အပြီးသတ်တယ်။
ကိုယ်က ခိုင်းလိုက်တာနဲ့ Paste နှိပ်လိုက်တာနဲ့ ပြင်ဆင်တဲ့လုပ်ငန်းကိုစပါပြီ။ အဲ့ဒါက သူ့ရဲ့ Speed သက်သက်ရှိပါသေးတယ်။ ဒါကြောင့် အပေါစား Speed တူ SSD တွေက တကယ့် Brand အကောင်းစားတွေနဲ့မလိုက်နိုင်တာပါ။
ပြင်ဆင်တဲ့ speed က သက်သက်ပါ။ လုပ်ဆောင်တဲ့ speed က Read/write speed ဖြစ်ပြီးတော့
အပြီးသတ်တာက ပြင်ဆင်တဲ့ speed နဲ့တူတူပါပဲ။ အဲ့တော့အများကြီးကူးတဲ့အခါ read/write speed တူရင်တောင် နောက်ကောက်ကျကျန်ခဲ့မှာဖြစ်ပြီးတော့ file သေးသေးလေးတွေအလှည့်လာရင် 4K performance မရှိလို့ COPYING လို့ပေါ်နေတဲ့ Graph မှာ speed က တစ်ဟုန်ထိုးကျသွားမှာဖြစ်ပါတယ်။
.
SSD တစ်ခု့ရဲ့ သက်တမ်း
-----------------------
SSD ရဲ့ သက်တမ်း (TBW) ဆိုတာ Terabytes Written ပါ။ SSD တစ်ခု့မှာဘယ်လောက် Data တွေ write လို့ရလဲဆိုတာကို ပြောပြပါတယ်။
ဥပမာ Samsung SSD ထဲက
- 250GB ဆို - 150 TBW
- 500GB ဆို - 300 TBW
- 1TB ဆို - 600 TBW
- 150 TBW ဆိုရင် 150 terrabytes(150,000 G Write ပြီးတာနဲ့ သက်တမ်းကုန်ပြီဆိုတဲ့သဘောပါ။
ပြီးတော့ ဒီ specification က Estimate ပါ။ လုံးဝတိတိကျကျမဟုတ်ပါဖူး။ ဒီ Product ဒီ Brand ပဲတောင် အလုံးကွဲရင် နည်းနည်းလေးကွဲပါလိမ့်မယ်။ Full Format က ဒီသက်တမ်းကို တိုစေတာပါ။

image
1 y - Translate

Wolf Man (2025)(#ဇာတ်ကားသစ်)
ဒါကတော့ Substance လိုပဲ ဘော်ဒီဟော်ရာကိုမှ သမန်း
ဝံပုလွေဟော်ရာစတိုင်ရိုက်ထားတာပါ။ ဝံပုလွေလူသားကို
ကြောက်စရာပုံမျိုးနဲ့ ဖန်တီးထားပြီး အထူးပြုလုပ်ချက်မသုံးဘဲ
ရှေးစတိုင် မိတ်ကပ်နဲ့ပဲ ဖန်တီးထားတာပါ။
ဇာတ်လမ်းကောင်းကောင်းနဲ့ ကြောက်ဖို့ကောင်းတာကြိုက်ရင်
ကြည့်လိုက်ပါဦး။
ဇာတ်လမ်းအကျဉ်း
*****
အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေ
ကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။
တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။
ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ
ကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာ
ဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီး
ပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိ
လိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။
အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်
တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေ
အဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်.
#movie

image