ခရမ်းသီးမကြိုက်တဲ့သူတွေတောင်ကြိုက်ကြတယ်နော်
ခရမ်းသီးအသားလိပ်ကြော်လေး ကြော်ကျွေးကြည့်
အရင်ဆုံးခရမ်းသီးတွေကို အပါးအရှည်လေးတွေလှီးထားပါ
ပန်းကန်ထဲ စားချင်တဲ့အသားတွေနူတ်နူတ်စင်းထည့်ပါ
ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ နဲ့ကော်မှူန့်ထည့်နယ်ပါ
ပြီးသွားရင် ပုံမှာပြထားတဲ့အတိုင်း ခရမ်းသီးအပါးလှီးထားတဲ့ပေါ်ကို ဖြန့်ပေးပြီး လိပ်လိုက်ပါ
ကြက်ဥနဲ့ကော်မှုန့်ကို ထည့်ပြီးဖျောထားပေးပါ
လိပ်ထားတဲ့ ခရမ်းသီးအသားလိပ်တွေကိုဖျောထားတဲ့ကော်မှုန့်ရည်ထဲ စိမ်ပြီး ဆီပူပူထဲထည့်ကြော်ပါ
အညိုရောင်လေးတွေဖြစ်လာရင် စားလို့ရပြီနော်

image

ခရမ်းသီးမကြိုက်တဲ့သူတွေတောင်ကြိုက်ကြတယ်နော်
ခရမ်းသီးအသားလိပ်ကြော်လေး ကြော်ကျွေးကြည့်
အရင်ဆုံးခရမ်းသီးတွေကို အပါးအရှည်လေးတွေလှီးထားပါ
ပန်းကန်ထဲ စားချင်တဲ့အသားတွေနူတ်နူတ်စင်းထည့်ပါ
ကြက်သွန်ဖြူ ၊ ကြက်သွန်မြိတ် ၊ ငရုတ်ကောင်း ၊ ပဲငံပြာရည်အကြည် ၊ ခရုဆီ နဲ့ကော်မှူန့်ထည့်နယ်ပါ
ပြီးသွားရင် ပုံမှာပြထားတဲ့အတိုင်း ခရမ်းသီးအပါးလှီးထားတဲ့ပေါ်ကို ဖြန့်ပေးပြီး လိပ်လိုက်ပါ
ကြက်ဥနဲ့ကော်မှုန့်ကို ထည့်ပြီးဖျောထားပေးပါ
လိပ်ထားတဲ့ ခရမ်းသီးအသားလိပ်တွေကိုဖျောထားတဲ့ကော်မှုန့်ရည်ထဲ စိမ်ပြီး ဆီပူပူထဲထည့်ကြော်ပါ
အညိုရောင်လေးတွေဖြစ်လာရင် စားလို့ရပြီနော်

imageimage
+4
50 w - Translate

OpenAI ကို ဝယ်ဖို့ ဈေးပေးလိုက်တဲ့ အီလွန်မတ်စ်


အီလွန်မတ်စ်က သူကြည့်မရတဲ့ OpenAI ကို ဘီလျံရာဂဏန်းနီးနီး ပေးပြီး ဝယ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။

မတ်စ်ဦးဆောင်တဲ့ အဖွဲ့က OpenAI ကို ထိန်းချုပ်ထားတဲ့ nonprofit အဖွဲ့ကို ဒေါ်လာ ၉၇.၄ ဘီလျံနဲ့ ဝယ်မယ်ဆိုပြီး ပြောလာလို့ပါ။ Twitter ကို ဝယ်တုန်းတဲ့ ပေးခဲ့တဲ့ ပမာဏရဲ့ နှစ်ဆမကတဲ့ ပမာဏပါ။ ဒါပေမယ့် OpenAI ရဲ့ တန်ဖိုးကလည်း အီလွန်မတ်စ်ပေးတာရဲ့ ၃ ဆမက ရှိပါတယ်။

ပြီးခဲ့တဲ့လကုန်အထိ CNBC က တွက်ထားတဲ့အချက်အလက်အရဆို OpenAI တန်ဖိုးက ဒေါ်လာ ၃၄၀ ဘီလျံထက်မနည်း ရှိပါတယ်။ SoftBank က ရှယ်ယာ ၁၅ ဘီလျံနဲ့ ၂၅ ဘီလျံကြား ထည့်ဝင်တာ အပါအဝင် ဒေါ်လာ ဘီလျံ ၄၀ လောက် ထပ်ရဖို့ ရှိတဲ့အပေါ် တွက်ထားတာပါ။

OpenAI က လက်ရှိ CEO ဆမ်အော့မန်နဲ့တွဲပြီး အီလွန်မတ်စ် ထောင်ခဲ့တဲ့ အဖွဲ့အစည်းပါ။ စကားစပ်လို့ ပြောရရင် ChatGPT နဲ့ ပေါက်သွားတဲ့ OpenAI မှာက အကျိုးအမြတ်မယူတဲ့ non-profit OpenAI Inc နဲ့ အီလွန်မတ်စ် ထွက်ပြီးနောက် ထောင်လိုက်တဲ့ အကျိုးအမြတ်ယူတဲ့ လုပ်ငန်းခွဲ OpenAI Global ဆိုပြီး ရှိပြီးပါတယ်။

၂၀၁၉ မှာ စတင်ခဲ့တဲ့ OpenAI Global မှာ ဒေါ်လာ ၁၃ ဘီလျံ ထည့်ထားတဲ့ Microsoft က ရှယ်ယာ ၄၉% လောက် ပိုင်ပါတယ်။ ပိုက်ဆံရှာတဲ့ OpenAI Global က OpenAI Inc ရဲ့ လက်အောက်ခံ လုပ်ငန်းပါ။

အီလွန်မတ်စ်ကတော့ သူထောင်ခဲ့တဲ့ OpenAI ကို အကျိုးအမြတ်မယူအဖွဲ့အစည်းကနေ ငွေရှာတဲ့လုပ်ငန်းပြောင်းလို့ ဆိုပြီး ရုံးတင်တရားစွဲထားတာ ရှိပါတယ်။ နောက်ပြီး OpenAI က ခေါင်းဆောင်ထားတဲ့ Oracle , SoftBank တို့နဲ့ ဘီလျံ ၅၀၀ တန် Stargate ပရောဂျက်ကို ကြေညာတော့လည်း မတ်စ်က ဝေဖန်ထားပါတယ်။

OpenAI ကို Open-Source ဖြစ်ပြီး ဘေးကင်းရေးဦးစားပေးအဖွဲ့ဖြစ်အောင် လုပ်ဖို့ အချိန်တန်ပြီ ၊ ဖြစ်အောင် လုပ်မယ်လို့လည်း မတ်စ်က ပြောဖူးပါတယ်။ ဒီလို ပြဿနာတွေကြားထဲက OpenAI ကို ဝယ်မယ်ဆိုပြီး ထပြောတာလာတာပါ။

အော့တ်မန်ကတော့ ဒီသတင်းကြားကြားချင်း X ပေါ်မှာ "ရတယ် ကျေးဇူး။ မင်းဆန္ဒရှိရင် Twitter ကို ဒေါ်လာ ၉,၇၄ ဘီလျံနဲ့ ငါတို့ ဝယ်မယ်" ဆိုပြီး ချက်ချင်း ငြင်းကလိလုပ်ထားပါတယ်။

image

မီ every morning- ခုနေ အလု-ပ်ထွ- က်လိုက်ရင် ငါချက်ချင်း င- တ်သွားနိုင်လောက်လား

image

Me and my fri :

image
50 w - Translate

🔵 MAN CITY vs REAL MADRID ⚪️
ဟာလဝါ တို့ကို စီးတီးအနေနဲ့ Humble ပေးနိုင်မှာလား

image
50 w - Translate

🔵 MAN CITY vs REAL MADRID ⚪️
ဟာလဝါ တို့ကို စီးတီးအနေနဲ့ Humble ပေးနိုင်မှာလား

image
50 w - Translate

🔵 MAN CITY vs REAL MADRID ⚪️
ဟာလဝါ တို့ကို စီးတီးအနေနဲ့ Humble ပေးနိုင်မှာလား

imageimage
50 w - Translate

The Wind Rises in Luoyang ( 2023 )

လော့ယန်မြိုမှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ်
ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ
လုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာ
ထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလိုနေတာကိုတွေ့ရှိခဲ့ပါတယ် ။
တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား ‌
မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီး
လုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။
သူ့ကိုကူညီဖို ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့
စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ?
ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်က
ဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြဖို တိုက်တွန်းလိုက်ပါရစေ

image
50 w - Translate

ရိုးတဲ့သိုးနဲ့ ဆိုးတဲ့မြေခွေးပုံပြင်
**********************
တစ်ခါကတောနက်ကြီးထဲမှာတိရစ္ဆာန်တွေဟာ သူ့အုပ်စုနဲ့သူ နေထိုင်ကြသတဲ့၊ အဲဒီလို အုပ်စုဖွဲ့ နေထိုင် ကြရာမှာ အင်မတန်ကောက်ကျတဲ့ မြေခွေးအုပ်စုလည်း ပါတာပေါ့ကွယ်။ မြေခွေးတွေဟာ အလွန်ဉာဏ်များပြီး အသားတွေကိုလည်း ကြိုက်နှစ်သက်သတဲ့။ ဒါကြောင့် တစ်နေ့တစ်နေ့ ဘယ်တိရစ္ဆာန်ရဲ့ အသားကို စားရမလဲ ဆိုတာကိုပဲ စဉ်းစားနေပြီး အမြဲတမ်း စောင့်ကြည့် ချောင်းမြောင်းနေသတဲ့ကွယ်။

အုပ်စုဖွဲ့ပြီး သွားလာနေတတ်တဲ့ တိရစ္ဆာန်တွေ ဟာလည်း တစ်ကောင်နဲ့တစ်ကောင် စောင့်ရှောက်ပြီး သွားလာနေထိုင်ကြတာကြောင့် မြေခွေးတွေဟာ ကိုက် ဖြတ် စားသောက်ဖို့ မလွယ်ဘူးပေါ့။ တိရစ္ဆာန်လေးတွေ ခမျာ အင်အားကြီးတဲ့ကျားနဲ့ ခြင်္သေ့တို့ရဲ့ရန်ကိုလည်း ကြောက်နေရသေးတယ်။ ကျားနဲ့ ခြင်္သေ့ဆိုတဲ့အကောင် တွေကလည်း ခွန်အားကြီးပြီး လျင်မြန်ဖျတ်လတ်တဲ့ သတ္တဝါတွေဖြစ်တယ်။ မြေခွေးတွေဟာတိရစ္ဆာန်လေးတွေ ကိုအနိုင်ကျင့်ကြပေမဲ့ အင်အားကြီးတဲ့ ကျားနဲ့ ခြင်္သေ့ကို တော့ဝေးဝေးကနေရှောင်ရှားပြီးသွားလာနေထိုင်ကြသတဲ့၊

တစ်ရက်မှာတော့ မြေခွေးတစ်ကောင်ဟာ အစာ ရှာ ထွက်လာခဲ့ရာ တောစပ်တစ်နေရာအရောက်မှာတော့ သိုးအုပ်စုတစ်အုပ်ကို ဘွားခနဲတွေ့လိုက်ရသတဲ့။ သိုးတွေ ဟာ ဖြူစင်လှပတဲ့သတ္တဝါဖြစ်ပြီး အမွေးတွေ ထူထူထဲထဲရှိတဲ့ အမျိုးအနွယ်ပေါ့။
လူတွေဟာသူတို့ရဲ့ အမွေးတွေကို ညှပ်ယူပြီး သိုးမွေးနဲ့ အနွေးထည်အင်္ကျီဖြစ်အောင် ချုပ် လုပ်ကြတယ်ကွဲ့။ ကလေးတို့လည်း ကြားဖူး၊ ဝတ်ဖူးကြ မှာပါ။ သိုးမွေးအင်္ကျီဟာ နွေးထွေးပြီး ချစ်စရာကောင်းပါ တယ်။

မြေခွေးဟာ သိုးတွေကို ဘယ်လိုဖမ်းရမလဲလို့ ကြံစည်နေတုန်းကျားကြီးတစ်ကောင်ဟာတောထဲကနေ ဗြုန်းခနဲထွက်လာပြီး နောက်ဆုံးမှာရှိနေတဲ့ သိုးတစ် ကောင်ကို ခုန်အုပ်လိုက်ပြီး ကုပ်ကနေ ဆွဲလိုက်တယ်။ ဆွဲပြီးတာနဲ့ တောထဲကို လျင်လျင်မြန်မြန်ဝင်ပြေးသွား တယ်။ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် သိုးတွေ ဟာ ကြောင်ပြီး ကြည့်နေရုံကလွဲပြီး ပါသွားတဲ့ သိုးလေး ကိုဘာမှအကူအညီမနိုင်ခဲ့ကြပါဘူးတဲ့။

အဖြစ်အပျက်အားလုံးကို မြင်တွေ့လိုက်တဲ့ မြေခွေးဟာ ကျားနောက်ကိုအသာလေးနောက်ယောင်ခံ လိုက်သွားခဲ့တယ်၊ ကျားကြီးလည်း သိုးရဲ့ကုပ်ကို အသေ ကိုက်ထားတဲ့အတွက် သိုးဟာ မလှုပ်နိုင်တော့ဘဲ နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ရတယ်။

လုံခြုံတဲ့နေရာတစ်ခုကို ရောက်တဲ့အခါ ကျား ကြီးဟာသိုးရဲ့အသားတွေကိုတစ်ကိုက်ချင်းကိုက်စားပါ တော့တယ်။ မြေခွေးကြီးလည်း အဲဒီမြင်ကွင်းကို ချောင်း ကြည့်ရင်း သူ့စိတ်ထဲမှာ တော်တော်အရသာရှိမှာပဲလို့တွေးနေတာပေါ့ကွယ်။

သိုးသားကို စားလို့ ဝသွားတဲ့ ကျားကြီးဟာ သူနေတဲ့နေရာကို ပြန်သွားပါတော့တယ်။ အဲဒီတော့မှ မြေခွေးကြီးလည်းကျားကြီးစားလို့မကုန်တဲ့အရိုးအရင်း တွေကို ကောက်စားပါတော့တယ်။ ပြီးတော့ သိုးရဲ့ အရေခွံကို ဘေးနားမှာ တွေ့လိုက်ရတယ်။

အကြံသမားမြေခွေးဟာ အဲဒီအရေခွံကိုကြည့် ပြီးအကြံဆိုးတစ်ခုပေါ်လာတယ်။အဲဒီအကြံဆိုးကတော့ သိုးအရေခွံကို သူ့ကိုယ်မှာ ခြုံပြီး သိုးယောင်ဆောင်ဖို့ပဲ ဖြစ်တယ်။

အဲဒီလိုနဲ့ မြေခွေးဟာ သိုးတွေကြားမှာ ရော နှောနေထိုင်ပြီး သိုးတွေကို တစ်ကောင်ပြီး တစ်ကောင် စားဖို့ အကြံထုတ်တော့တာပေါ့၊ မြေခွေးဆိုးဟာ ရိုးသား တဲ့သိုးတွေကြားမှာ သိုးရေခြုံပြီး သိုးတွေကို အလွယ် တကူနဲ့ ဖမ်းစားလာလိုက်တာခြောက်ကောင်တောင် ရှိ သွားပြီတဲ့ကွယ်။ ရိုးသားတဲ့သိုးတွေကတော့ မသိရှာ ဘူးပေါ့။

တစ်နေ့မှာတော့ ခြင်္သေ့ကြီးတစ်ကောင်ဟာ သိုးတွေကို ဖမ်းစားဖို့ အလစ်ချောင်းနေသတဲ့ကွယ်။ အဲဒီအချိန်မှာ မြေခွေးဆိုးဟာလည်း သိုးကို ဖမ်းကိုက်ပြီး အမြန်ဆုံးထွက်ပြေးနိုင်အောင် သိုးအုပ် တွေရဲ့ နောက်ဆုံးက လိုက်ပါလာခဲ့သတဲ့။ ခြင်္သေ့ကြီး ဟာလည်းနောက်ဆုံးမှာရှိတဲ့ သိုးကို ဖမ်းကုတ်ဖို့ အကြံ ထုတ်နေတာပေါ့ကွယ်။

အခြေအနေပေးတာ နဲ့ ခြင်္သေ့ကြီးဟာ နောက်ဆုံးမှာရှိနေတဲ့သိုးယောင်ဆောင်ထားတဲ့မြေခွေး ဆိုးကို သိုးထင်ပြီး ကုပ်ကို ခုန်အုပ်ကိုက်ဆွဲလိုက်ပြီး တောထဲကို ပြေးဝင်သွားပါတော့တယ်။ ကုပ်ကို ကိုက် ဆွဲခံထားရတဲ့ သိုးယောင်ဆောင်ထားတဲ့ မြေခွေးဟာ မကြာခင်မှာပဲ သေဆုံးသွားပါတော့တယ်။

ကလေးတို့ရေ... ပုံပြင်လေးကတော့ ဒါပါပဲ ကွယ်။ ကလေးတို့လည်း မကောင်းတဲ့အကြံဆိုးနဲ့ အရာရာကို မလုပ်ဆောင်မိဖို့ သင်ခန်းစာယူကြစေလို ပါတယ်ကွယ်။

image