ကလေးမြို ရဲ့တစ်နေရာ

image

ကလေးမြို ရဲ့တစ်နေရာ

imageimage
+6
23 w - Translate

ခရီးအရှည်ကြီးထွက်ဖို့ အိပ်မက်ရှိသလို
လူတစ်ယောက်ကိုလဲ နှစ်တွေအကြာကြီး
ချစ်သွားဖို့လဲ ဆန္ဒရှိပါတယ် ။ 💭

#စာတို

တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်

ဖေဖော်ဝါရီ ၁၁

တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်မှု ဒီနေ့မနက်ဖြစ်ပွားခဲ့ပြီး ဒီမီးလောင်မှုမှာ စက်သုံးဆီဆိုင်နဲ့အတူ ၁၂ ဘီးယာဥ်တစ်စီးလည်း လောင်ကျွမ်းပျက်စီးမှုဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာ မြောက်ဘက်အထွက်ရှိ ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင်မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်စဥ်မှာ ၁၂ ဘီးကားကတစ်ဆင့် မီးလောင်ကျွမ်းတာလို့လည်း ဖြစ်စဥ်ကို Live လွှင့်တဲ့ ဒေသခံတွေက ပြောဆိုတာကို တွေ့ရသလို ဒေသတွင်းသတင်းဌာနတွေကလည်း ဝါယာရှော့ခ်ကနေ မီးလောင်တာလို့ ရေးသားနေ့ကြပြီး ၁၂ ဘီးယာဥ်ပေါ်ကနေ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

တောင်နီရွာဟာ ရွှေညောင် – ရပ်စောက်သွားတဲ့လမ်းပေါ်မှာ တည်ရှိတဲ့ မိုင်းသော်(အရှေ့) ကျေးရွာအုပ်စုက လူ ၁၅၀၀၀ ခန့်နေထိုင်ရာ ရွာကြီးဖြစ်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှာတော့ ကနဦးမှာ ဆိုင်နဲ့ကားဟာ မီးတောက်တွေ၊ မီးခိုးလုံးတွေနဲ့ အဟုန်ပြင်းစွာလောင်ကျွမ်းနေတာ တွေ့ရပြီး ခဏအကြာမှာတော့ မီးသတ်ကားသုံးစီး ရောက်ရှိငြှိမ်းသတ်တာကြောင့် ပတ်ဝန်းကျင်နေအိမ်အများအပြား မီးကူးစက်မှုမရှိဘဲ ငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်မှာ လူထိမှုမရှိဘူးလို့လည်း သိရပြီး မီးလောင်ကျွမ်းမှု အသေးစိတ်ဖြစ်စဥ်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ တာဝန်ရှိသူတွေက စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image
23 w - Translate

ပါကစ္စတန်က နှစ် ၁၀၀ ကျော် သက်တမ်းရှိ မြင်းဆွဲရထားလမ်း
၁၉၀၃ ခုနှစ်က ပါကစ္စတန်နိုင်ငံ Faisalabad ဒေသမှာ ထူးခြားဆန်းပြားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
လူမှုရေးလှုပ်ရှားသူ နဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Ganga Ram က မြင်းတွေနဲ့ဆွဲတဲ့ ရထားလမ်းကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
"Ghoda Train" (မြင်းဆွဲရထား) လို့ခေါ်တဲ့ ဒီသယ်ယူပို့ဆောင်ရေးစနစ်ဟာ Buchiana နဲ့ Gangapur ရွာနှစ်ရွာကို ဆက်သွယ်ပေးခဲ့ပါတယ်။
သုံးကီလိုမီတာအရှည်ရှိတဲ့ ဒီရထားလမ်းကို စိုက်ပျိုးရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အဓိကရည်ရွယ်ပြီး တည်ဆောက်ခဲ့တာပါ။
အစပိုင်းမှာ စိုက်ပျိုးရေးကိရိယာတွေ သယ်ယူဖို့အတွက် အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ဒေသခံပြည်သူတွေရဲ့ နေ့စဉ်သွားလာရေးအတွက် အဓိကသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်လာခဲ့ပါတယ်။
၁၉၈၀ ပြည့်နှစ်များအထိ ဆက်လက်လည်ပတ်နိုင်ခဲ့ပြီး၊ ၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်ပြုပြင်မွမ်းမံပြီး ဖျော်ဖြေရေးခရီးစဉ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒီမြင်းဆွဲရထားရဲ့ ထူးခြားချက်က လေထုညစ်ညမ်းမှုနဲ့ ဆူညံသံမရှိဘဲ ခရီးသည်တွေကို အချိန်မှန်မှန် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ရန်ပုံငွေအခက်အခဲနဲ့ အစိုးရရဲ့ စိတ်ဝင်စားမှု လျော့နည်းလာတာကြောင့် လုပ်ငန်းရပ်နားသွားခဲ့ရပါတယ်။
ယနေ့အချိန်မှာ ဒီမြင်းဆွဲရထားဟာ ဒေသရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်နေပြီး၊ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှု မရှိတာကြောင့် တဖြည်းဖြည်း ပျက်စီးယိုယွင်းလို့ လာနေပါတယ်။

image
23 w - Translate

#နိုင်ငံတကာသတင်း
◾️OpenAI ကို ဝယ်ယူရန် အီလွန်မာ့စ် ကမ်းလှမ်းမှုငြင်း ပယ်ခံရ
အီလွန်မာ့စ် ဦးဆောင်သော ရင်းနှီးမြုပ်နှံသူ အဖွဲ့တစ်ဖွဲ့က OpenAIဉာဏ်ရည်တုလုပ်ငန်း နောက်ကွယ်မှ အကျိုးအမြတ်မယူသောလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄ ဘီ လီ ယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့ခြင်းနှင့်အတူ လွန်ခဲ့သော ဆယ်နှစ်တွင်၎င်း ပါဝင် တည် ထောင်ခဲ့သော လုပ်ငန်းနှင့် အငြင်းပွားမှု ပိုမိုကြီး ထွား လာခဲ့ရသည်။
မာ့စ်နှင့် ၎င်း၏ကိုယ်ပိုင် ဉာဏ်ရည်တုလုပ်ငန်း xAI နှင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ အဖွဲ့က လူကြိုက်များသည့် ChatGPT ဉာရည်တုနည်းပညာထုတ်လုပ်သူနေရာအား ထိန်း ချုပ်မှု ရယူပြီး နဂိုမူလအတိုင်း အကျိုးအမြတ်မယူသော သုတသနအဖွဲ့အစည်းအဖြစ် ပြန်လည် ထားရှိ ရန် အလိုရှိကြကြောင်း အီလွန်မာ့စ်၏ ရှေ့နေ မာ့ခ်တိုဘာရော့ဖ် က ပြော ကြားသည်။
OpenAIအမှုဆောင်အရာရှိချုပ် ဆန်အတ်မန်းကမူ ယင်းကမ်းလှမ်းမှုကို မာ့စ်ပိုင် ဆိုင် သော X လူမှုကွန်ရက်ပေါ်မှ မြန်မြန်ဆန်ဆန်ပင် ပယ်ချလိုက်သည်။
“ နိုးပါ ။ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း ခင်ဗျားဆန္ဒရှိရင် ကျွန်တော်တို့က တွစ် တာကို ဒေါ်လာ ၉ ဒသမ ၇၄ ဘီလီယံနဲ့ ဝယ်မယ်။” ဟု အတ်မန်းက ရေး သားခဲ့သည်။
မာ့စ်က တွစ်တာကို ၂၀၂၂ ခုနှစ် က ဒေါ်လာ ၄၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မာ့စ် နှင့် အတ်မန်းတို့က ၂၀၁၅ ခုနှစ်တွင် OpenAI အားကူညီတည်ထောင်ခဲ့ကြပြီး နောက်ပိုင်းတွင် မည်သူက ဦးဆောင်သင့်သည်ဆိုသည်ကို အားပြိုင်ခဲ့ကြသည်။
၂၀၁၈ ခုနှစ် တွင် အီလွန်မာ့စ် ယင်းကုမ္ပဏီမှ နုတ်ထွက်ခဲ့သော်လည်း OpenAI ၏ ဦး တည်ချက်နှင့်ပတ်သက်၍ ဆက်လက်၍ အငြင်းပွားနေခဲ့ကြသည်။
OpenAI ၏ အကျိုးအမြတ်မယူသော ဘုတ်အဖွဲ့ က ၂၀၂၃ ခုနှစ်တွင် အမှုဆောင် အရာရှိ ချုပ် အတ်မန်း အား ထုတ်ပယ်လိုက်သော်လည်း ရက်ပိုင်းအတွင်းမှာပင် အတ်မန်း က ဘုတ်အဖွဲ့အသစ်နှင့် ကုမ္ပဏီဦးဆောင်နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။

image

ကွေ့တီယို ပြုလုပ်နည်း😋😋

ကွတ်တီယို အရည်ကို ကြက်သား (သို့) ဝက်သားအဖြစ် မိမိစိတ်ကြိုက် ချက်ပြုတ်နိုင်ပါတယ်...
ပါဝင်သည့် ပစ္စည်းများ
၁။ ကြက်ရိုး (သို့) ဝက်ရိုး (၂၀) သားခန့်
၂။ ကြက်သွန်ဖြူ (၄) မွှာ
၃။ နံနံပင်အမြစ် အနည်းငယ်
၄။ ငရုတ်ကောင်းစေ့ အနည်းငယ်
၅။ သကြား စားပွဲတင်ဇွန်း (၁) ဇွန်း
၆။ ဆားအနည်းငယ်
၇။ ဂျင်းလက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)
- မုန်လာဥ ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)
- ဆန်ပြားခေါက်ဆွဲ (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )
- ကန်စွန်းရွက် အနည်းငယ်
- ပဲပင်ပေါက် အနည်းငယ်
- CP အသားလုံး (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)
ချက်ပြုတ်နည်း အဆင့်ဆင့်
- ပဲငံပြာရည် အပစ်/ အကြည်
# အရည်အိုးမတည်ခင် သကြားအား မီးအေးအေးဖြင့် လှော်ပေးပါက ပိုကောင်းပါသည်။ သကြား ပျော်ပြီးမှ နှစ်သက်ရာ အရိုးပြုတ်ပေးရပါမည်။
၁။ အမှတ်စဉ် (၁) မှ (၇) ထိကို အရိုးများ နူးအိသည်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။
ဝက်ရိုး(သို့) ကြက်ရိုးများ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥ ကို ထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။
၂။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက
ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူဖြစ် ခေတ္တပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။
၃။ အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်မပျက်ယုံလေး ရေနွေးဖျောပေးလိုက်ပါ။
၄။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲ စားမည်ဆိုလျှင် ဟင်းရည်အိုးထဲ
ထည့်၍ ချက်ထားနိုင်ပါသည်။
၅။ ကွတ်တီယိုနှင့် တွဲဖက်စားသုံးရန် အစပ်အဟတ်အဖြစ် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ဆလကာရည်နှင့် စိမ်ထားသော ငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။
ထို့နောက် မိမိစိတ်ကြိုက် ရသာကို ပြင်ဆင်စားသုံးရန်ဖြစ်သည်။
၆။ ထို့နောက် ပန်ကန်လုံးတစ်လုံးတွင် ပါဝင်ပစ္စည်းများကို အသင့်ပြင်ဆင်ထည့်နိုင်ပါပြီ။
အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသော ဆီချက်နှင့် သုပ်စားနိုင်ပါသည်။
ဘန်မီ ဟု ခေါ် သော ခေါက်ဆွဲ ဝါ များ ကိုလည်း နှစ်သက် ပါ က ဆန်ပြား အစား ထိုး ကာ သုံးဆောင် နိုင်ပါတယ်နော် 😋 credit

image
23 w - Translate

"အချစ်"တဲ့
တော်သေးတာပေါ့ စကားလေးကနှစ်လုံးတည်းမိုလို

ဒီ့ထက်သာပိုများရင် ကျွန်တော့်တို့တွေရဲ့ဘဝကြီးက
ကုန်းကောက်စရာမရှိလောက်အောင် ဖြစ်သွားနိူင်တယ်။

#စာတို

ကိုယ့်အကြောင်း မကောင်းပြောနေတာကို ပြန်ကြားလိုက်ရသော်လည်း တကယ်မှန်နေသောအခါ:🥹

image
23 w - Translate

#နိုင်ငံတကာသတင်း
◾️ဓားစာခံအားလုံး စနေနေ့လယ်ပြန်လွှတ်မလား၊ ငရဲပြန်အဖြစ်ခံမလားဟု ဟားမားစ်အား ထရန့် ရာဇသံပေး
ဂါဇာဒေသ၌ ဟားမားစ်တို့ ထိန်းသိမ်းထားသော ဓားစာခံများအားလုံးကို စ နေနေ့နေလယ်တွင် လွှတ်ပေးသင့်ကြောင်း သို့မဟုတ်ပါက အစ္စရေး-ဟားမားစ် အပစ်အခတ်ရပ်စဲမှုကို ဖျက်သိမ်းပြီး ငရဲပြည်ဖြစ်အောင်လုပ်ဆောင်ရေးအတွက် ၎င်းအနေနှင့် အကြံပြုသွားနိုင်ကြောင်း အမေရိ ကန် သမ္မတဒေါ်နယ်ထရန့်က ယမန်နေ့တွင် သတိပေးပြောကြားသည်။
ယင်းကိစ္စတွင် အစ္စရေးက ၎င်းထက်ပိုလွန်လွန်ကျုးကျုးလုပ်ဆောင်ဖွယ်ရှိကြောင်း ထရန့်က သတိ‌ပေးကာ ၎င်းအနေဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် ပြောဆိုသွားမည်ဟုလည်း ဆိုသည်။
အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဟားမားစ်အဖွဲ့ က နောက်ဆုံးလွှတ်ပေးလိုက်သော ဓားစာခံများ၏ကျန်းမာရေး အခြေအနေ နှင့် ဓားစာခံများ ထပ်မံလွှတ်ပေးခြင်းကို ဆိုင်းငံ့ထားမည်ဟု ဟားမားတို့၏ ကြေညာချက်အပေါ် စိတ်ပျက်မိကြောင်း ထရန့် က ပြောကြားသည်။
“ ကျွန်တော့်အတွက်တော့ ဓားစာခံတွေအားလုံးကို စနေနေ့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်မပေးဘူးဆိုရင် ၊ ကဲ အားလုံး ဖျက်သိမ်းလိုက်တော့ ၊ အပေးအယူအားလုံးပြီးသွားပြီ ငရဲခန်းဖြစ်ပါစေ‌တော့ လို့ ပြောသွားနိုင်ပါတယ်။ သူတို့အားလုံး စနေနေ့‌ နေ့လယ် ၁၂ နာရီ မှာ ပြန်လွတ်သင့်ပါတယ်။ သင့်တော်တဲ့ အချိန်လို့လည်း ထင်ပါတယ်။” ဟု ထရန့်က ပြောကြားသည်။
ဓားစာခံများအား တစ်ကြိမ်လျှင် နည်းနည်းချင်းလွှတ်ပေးနေခြင်းထက် အဖွဲ့လိုက်လွှတ်ပေးခြင်းမျိုးကို မြင်တွေ့လိုကြောင်း လည်း ထရန့် က ပြောကြားသည်။
ထို့ပြင် ဂါဇာဒေသမှ ပြောင်းရွှေ့နေရာချထားမည့် ပါလက်စတိုင်း ဒုက္ခသည်များအား အီဂျစ် နှင့် ဂျော်ဒန်တို့က လက်သင့်မခံခဲ့ပါက ၎င်းအနေဖြင့် ထိုနိုင်ငံများသို့ ပေးအပ်နေသော အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီသော အကူအညီများကို ဆိုင်းငံ့သွားမည်ဟု ယနေ့တွင် ဂျော်ဒန်ဘုရင် နှင့် တွေ့ဆုံမည့် ဒေါ်နယ်ထရန့်က ပြောသည်။
ဂါဇာ၌ တိုက်ခိုက်မှုများရပ်တန့်သွားချိန်တွင် ယင်းဒေသအား အမေရိကန်က လွှဲ ပြောင်းရယူသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်၏ အဆိုပြုချက်နှင့်ပတ် သက် ၍ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေစဉ် ထရန့်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂါဇာဒေသခံများအား ယာယီရွှေ့ပြောင်းမည့်သဘောမျိုး ၎င်း၏ အရာရှိများက ပြောကြားနေသော်လည်း ပါလက်စတိုင်းတို့အား အပြီးအပိုင် ရွှေ့ပြောင်းခိုင်းမည့်သဘောမျိုး ဒေါ်နယ်ထရန့်ကပြောသည်။
ဖေဖော်ဝါရီ ၄ ရက်တွင်ဝါရှင်တန်မြို့၌ အစ္စ‌ရေးဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် ဂါဇာမှ လူပေါင်း ၂ ဒသမ ၂ သန်းအား ပြန်လည်နေရာချထားပြီး ယင်းပင်လယ်ကမ်းဘေး ဒေသကို အမေရိကန်က လွှဲပြောင်းရယူကာ အရှေ့အလယ်ပိုင်း၏ အကောင်းဆုံးအပန်းဖြေနေရာ ဖြစ်အောင်လုပ်ဆောင်သွားမည်ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်ဟောင်း ထရန့်က အံအားသင့်ဖွယ်ကြေညာခဲ့သည်။
ပါလက်စတိုင်းများအား ရွှေ့ပြောင်းခိုင်းမည့် ထရန့်၏ အဆိုပြုချက်ကို ပါလက် စတိုင်းလူမျိုးများနှင့် အာရပ် နိုင်ငံများက အကြိမ်ကြိမ်ပယ်ချကြပြီး ယင်းမှာ လူမျိုးရေးရှင်းလင်းခြင်း အဆိုပြုချက် ဖြစ်ကြောင်း လူ့အခွင့်အ‌ရေးအဖွဲ့များနှင့် ကုလသမဂ္ဂက ကင်ပွန်းတပ်ထားသည်။

image
//