Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘဝကို အရှုံးမပေးနဲ့...
============
ဖြစ်ချင်တာမဖြစ် ၊မဖြစ်ချင်တာ ဖြစ်နေပေမယ့်လည်း စိတ်ဓာတ်မကျပါနဲ့...
နေတတ်ရင် ကျေနပ်စရာကြီးပါ...။
ငိုတခါရီတလှည့် ဘာမှမမြဲ့တဲ့ ဘဝ အခိုက်အတန့်မှာ ပျော်ပျော်သာနေလိုက်ပါ....
ငါ့ဘဝက အဖြစ်ဆိုးလိုက်တာလို့လည်း ငြီးတွားမနေပါနဲ့...
ကမ္ဘာကြီးရဲ့ အခြားတစ်နေရာမှာ ကိုယ့်ထက် အဖြစ်ဆိုးနေသူတွေ ဒုနဲ့ဒေးပါ...။
အထီးကျန်လိုက်တာလို့လည်း အားမငယ်လိုက်ပါနဲ့...
ကိုယ့်အနားဘယ်သူမှ မရှိလည်း ချစ်ခြင်းမေတ္တာတရားကို အဖော်ပြုနေထိုင်ပါ...
အဆင်မပြေတာ တွေများလွန်းလို့လည်း ငိုင်တွေမနေပါနဲ့...
ဘဝဆိုတာ ကိုယ်ဖြစ်ချင်ခိုင်းအတိုင်း ဖြစ်လို့မှ မရတာ...။
ဘဝကို ဘယ်တော့မှအရှုံးမပေးနဲ့...
ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ....။
ဤပိုစ့်လေးကိုဖတ်ပြီး စိတ်ခွန်အားတစုံတရာရရှိနိုင်ကြပါစေ...။
နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။
Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။
ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။
သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို အဆင်ပြေသွားကြပါမလား။
အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။