ချောင်းဦးနယ် တိုက်ပွဲမှာ ထိခိုက်သေဆုံးသူများပြား

ဖေဖော်၀ါရီ ၁၆

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြိုနယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကင်မွန်းတော်ကျေးရွာမှာ မနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ချောင်းဦးမြိုခံတွေဆီက သိရပါတယ်။

" ကင်မွန်းတော်မှာ မနက်ပိုင်းကစလို့ ထိတွေမှုတွေဖြစ်တယ် ၊ ကျေးရွာ လုံခြုံရေး ပြည်သူ့စစ် အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား ပစ်ခတ်တာတွေဖြစ်တယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ သုံးထောင်၀န်းကျင်လောက်နဲ့ ကျေးရွာ ပြည်သူ့စစ် အဖွဲ့တွေ ဖြစ်ကြတာ ၊ တိုက်ပွဲဖြစ်ပြီး မကြာခင် တပ်ဘက်က စစ်ကူတွေ ရောက်လာတယ် ၊ မနေ့က ညပိုင်းအထိ ဖြစ်ကြတယ် ဒေသတွင်းအဖွဲ့တွေ ထိခိုက်သေဆုံးတာ များတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး" လို့ ချောင်းဦးမြိုခံတယောက်က ပြောပါတယ် ။

ချောင်းဦးမြိုနယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က " ကင်မွန်းတော်မှာ ထိတွေ့မှုဖြစ်တယ် ၊ ပြည်သူ့စစ်ရွာကို သာလွန်အင်အားသုံးပြီး လာတိုက်တာဖြစ်တယ် ၊ လုံခြုံအဖွဲ့ဘက်က တဦး သေဆုံးပြီး လေးယောက် ဒဏ်ရာရတယ် ၊ဒီမနက် သိရတာကတော့ အနီးနား ပတ်၀န်းကျင် သတင်းတွေအရ တဖက်အဖွဲ့ေတွထိခိုက် သေဆုံးသူ အများအပြားရှိတယ် ၊ သေဆုံးသူ အရေအတွက်တော့ အခုထိ မသိရသေးဘူး " လို့ပြောပါတယ် ။

ကင်မွန်းတော်ရွာခံ တယောက်က
" ဒီမနက် သိရတာကတော့ ဒေသတွင်း လက်နက်ကိုင်တွေဘက်က သေဆုံးသူ ၇၀ အထက်မှာရှိတယ် ၊အများအပြား သေဆုံးတယ် ၊ သွေးအိုင် သွေးကွက်တွေအရ သေဆုံးတာ များတယ် ၊ သူတို့က လူအင်အား သုံးထောင်ကျော်လောက်ရှိမယ် ၊ နောက်ပြီး ကင်မွန်းတော် ပြည်သူ့စစ်ရွာကို အဆိုင်းခွဲပြီးတော့ စစ်မျက်နှာ သုံး ဘက်ကနေ တိုက်ခိုက်တယ် ၊ ရှမ်းထူး ၊ တပယ်အင်း ၊ ကုလားကြီး ၊ တောင်ဖီလာ၊ ကြွယ်တက်ကုန်း ၊ စည်ပုဂံ စတဲ့ ရွာတွေဘက်နေ တိုက်တယ် ၊နောက်ပြီး မုံရွာ - မန္တလေး လမ်းပိုင်းက သစ်ပင်ကြီး တချို့ကိုလည်း ချိန်းဆောနဲ့ ခုတ်လှဲထားတယ် ၊ အချိန်မီ စစ်ကူတွေ မလာနိုင်အောင် လုပ်ထားတယ် ၊ မနေ့ ညကတော့ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ကူတဲ့အပြင် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တယ် " လို့ ပြောပါတယ်။

အဲ့ဒီနောက် စက်တပ်လေးထီးအဖွဲ့က လိုက်လံရင်းလင်းတဲ့အခါ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေရဲ့ ရုပ်အလောင်းတချို့ တွေ့ရတယ်လို့ သိရပါတယ်။

ချောင်းဦးဒေသမှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေအားကောင်းပြီး မြောင်၊ မုံရွာ နဲ့ ချင်းတွင်းတဖက်ကမ်းက ဒေသတွင်းအင်အားစုတွေ ပြန့်ကျဲနေတဲ့ နေရာဖြစ်ပြီး ချောင်းဦးမုံရွာ လမ်းပိုင်းမှာ မကြာခဏ မိုင်းကွဲတာ တိုက်ပွဲဖြစ်တာတွေကြာင့် သတိထားသွားလာေနကြရပါတယ်။

#centralnewsnaypyitaw

image

သူများဇာတ်လမ်းမှာတော့ ဆရာ့ဆရာကြီးပဲ 🤨

#funny

image
Khine Su Zin shared a post  
1 y

1 y

Zodiac sign lucky color 🍀🤍

Taurus ♉️
green,pink,white

Gemini ♊️
Yellow,light blue,green

Cancer ♋️
Silver,White,blue

Virgo ♍️
Dark green,Beige,Brown

Scorpio ♏️
red , dark ,purple

Aries ♈️
red, pink ,yellow

တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰

#lunatarot

1 y - Translate

Zodiac sign lucky color 🍀🤍

Taurus ♉️
green,pink,white

Gemini ♊️
Yellow,light blue,green

Cancer ♋️
Silver,White,blue

Virgo ♍️
Dark green,Beige,Brown

Scorpio ♏️
red , dark ,purple

Aries ♈️
red, pink ,yellow

တချို့လူတွေကတော့ သူတို့ရဲ့ Favorite color က luck color ဖြစ်နေတတ်ပါတယ်တဲ့🥰

#lunatarot

Valentine's Day အပြီး နောက်တစ်ရက်မှာ
Single တွေအတွက် Single Awareness Day ရှိပါတယ်။

Valentine's Day ဟာ မိမိချစ်ရသူ ဘယ်သူနဲ့မဆို
ဖြတ်သန်းရတဲ့နေ့ဖြစ်ပေမယ့်
ချစ်သူရည်းစားရှိတဲ့သူ အတော်များများကတော့
"ချစ်သူများနေ့" လို့ ခေါင်းစဉ်တပ်ပြီး
ချစ်ခြင်းတရားတွေ ပြသကြပါတယ်။
Ro ကြပါတယ်။

ပန်းစည်းတွေ၊ ချောကလက်တွေ၊
ကိတ်မုန့်တွေ၊ လက်ဆောင်တွေဟာ
Valentine's Day ရဲ့ သင်္ကေတတွေဖြစ်ပြီး
ချစ်သူတွေ အပြန်အလှန်ပေးတတ်ကြပါတယ်။
ဒီလိုအချိန်တွေမှာ ချစ်သူမရှိတဲ့သူတွေကတော့
ငုတ်တုတ် ဖြစ်နေမှာပါပဲ။

ဒါပေမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကို
Single Awareness Day ဆိုပြီး
၂၀၀၁ ခုနှစ်မှာ single တစ်ဦးက သတ်မှတ်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ လူသိများလာပြီး
Single Awareness Day ကို
ကမ္ဘာတစ်ဝှမ်း ဆင်နွှဲလာကြပါတယ်။

အဲ့ဒီနေ့မှာ ဘာတွေလုပ်ကြလဲဆိုတော့

1. ကိုယ်ဟာ single တစ်ယောက်ဖြစ်ကြောင်း Social Media ပေါ်မှာ အသိပေးကြတယ်။

2. ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတယ်။ ကိုယ်လိုချင်တာတွေ ဝယ်တယ်။

3. အလှပြင်တယ်။ ဆံပင်ပုံစံပြောင်းတယ်။ Spa သွားတယ်။ အလှအပအတွက် ငွေသုံးတယ်။

4. Single သူငယ်ချင်းတွေစုပြီး အပြင်သွားတယ်။ မုန့်စားတယ်။ ရုပ်ရှင်ကြည့်တယ်။

အဓိကကတော့ Single ဘဝမှာရှိနေတဲ့ ကိုယ်ဟာ သူများထင်သလို စိတ်ဓာတ်ကျ၊ ဝမ်းနည်း၊ အားငယ်နေရတာမျိုး မဟုတ်ဘဲ
💜 Single ဖြစ်နေတဲ့အပေါ် ကျေနပ်တယ်
💜 Single ဘဝမှာ အဆင်ပြေတယ်
💜 ကိုယ့်ကိုယ်ကို ချစ်တယ်၊ ဂရုစိုက်တယ်
💜 နေ့တိုင်း ပျော်ရွှင်နေရတယ်ဆိုတာကို
Single Awareness Day မှာ သက်သေထူရတာ ဖြစ်ပါတယ်။

Single များအားလုံး Congratulations ပါ။
မနက်ဖြန် ကိုယ့်ကိုယ်ကို လက်ဆောင်ပေးဖို့ မမေ့နဲ့နော်။
Miley ရဲ့ သီချင်းလေးထဲကလိုပဲ
"I can buy myself flowers" လုပ်ကြတာပေါ့။

⚠️ စာစုများကို ကူးယူဖော်ပြခြင်း ခွင့်မပြုပါ ⚠️
လွတ်လပ်စွာ ဝေမျှနိုင်ပါသည်။
ကျွန်တော့်ရဲ့ ထုတ်ဝေပြီးစာအုပ် ၅ အုပ်လုံးကို
chat box မှာ order မှာယူနိုင်ပါတယ်။

AD
February 14, 2022 (repost)

your secret friend
your smart guy

#adsecretdiary #singleawarenessday
#crd

image
1 y - Translate

Dark 🤎✨

image
1 y - Translate

ဖေ​ဖော်ဝါရီလ၁၅ရက်နိုင်ငံတကာသတင်းတိုများ

၁။ယူကရိန်းသမ္မတဇလင်စကီးကသူသည်ရုရှားကိုယ်စားလှယ်များဖြင့်​ဆွေး​နွေးမည်မဟုတ်ပဲရုရှားသမ္မတပူတင်နှင့်သာစစ်ရပ်စဲ​ရေး​ဆွေး​နွေးမည်ဟုရုပ်သံအင်တာဗျူးတွင်​ပြောခဲ့သည်။

၂။ဂျာမနီနိုင်ငံခြား​ရေးဝန်ကြီးကစက်မှုထိပ်သီးG-7အဖွဲသိုရုရှားကိုပြန်လည်ထည့်သွင်းရန်အ​မေရိကန်သမ္မတ၏အဆိုပြုချက်ကိုပယ်ချလိုက်သည်။

၃။လစ်သူ​ရေးနီးယားဝန်ကြီးချုပ်ကအ​မေရိကန်သမ္မတထရမ့်နှင့်ရုရှားသမ္မတပူတင်တို၏​တွေ့ဆုံ​ဆွေး​နွေးပွဲသည်ဥ​ရောပကိုဒုက္ခ​ရောက်​စေမည်ဟု​ကြောက်လန့်တကြား​ပြောကြားလိုက်သည်။

၄။အ​မေရိကန်သမ္မတထရမ့်ကကာကွယ်​ရေးအသုံးစရိတ်များတဝက်နီးပါးဖြတ်​တောက်မည်ဟု​ပြောကြားပြီး​နောက်အ​မေရိကန်လက်နက်ကုမ္ပဏီကြီးများ၏စ​တော့ရှယ်ယာများတန်ဘိုးကျဆင်းသွားသည်။

၅။ဆွစ်ဇာလန်လွှတ်​တော်သည်ပြည်ပစစ်ပွဲများတွင်ပါဝင်ခဲ့သည်ဆွစ်ဇာလန်နိုင်ငံသားများကိုလွတ်ငြိမ်းချမ်းသာခွင့်​ပေး​ရေးကိုပယ်ချလိုက်သည်။ဆွစ်ဇာလန်ဥပ​ဒေအရပြည်ပစစ်ပွဲများတွင်ဆွစ်လူမျိုးများပါဝင်ခွင့်ကိုပိတ်ပင်ထားသည်။

NOM

မူဆယ် ကနေ တရုတ်ဘက် ၇ ရက်ကတ်နဲ့ တိုကင်ယူစရာမလိုပဲ ဖြတ်သန်းခွင့်ပြု

ဖေဖော်ဝါရီ ၁၆

မူဆယ် ကနေ တရုတ်ဘက်ကို လတ်တလော ကြိုတင် တုံကင် ယူစရာ မလိုပဲ ၇ ရက် သက်တမ်း ရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် နဲ့ ဘယ်မျဉ်းစောင်း မဆို ဝင်ထွက် ဖြတ်သန်းခွင့်ပြုကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။

"၇ ရက်သက်တမ်း ကတ်နဲ့ မှတ်ပုံတင်ဘယ် မျဉ်းစောင်း မဆို ဝင်ခွင့် ပြုတာတော့ ဟုတ်တယ်။ ဒါပေမယ့် ကျယ်ဂေါင်ထိပဲ ရတယ်။ ရွှေလီတောင်သွားလို့မရဘူး။ ကန့်သတ်ချက်တွေ ရှိတယ်" လို့ မူဆယ် ဒေသခံ တယောက်က ပြောပါတယ်။

စစ်မှုထမ်း ကန့်သတ် အသက် ကျော်လွန်ပြီးသူတွေနဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့်ရသူတွေပဲ ဝင်ခွင့်ရတယ်လို့ သိရတယ်လို့ ဆိုပါတယ်။

"မြန်မာ လူကြီးတွေတော့ လုပ်ပေးတယ်၊ မြန်မာ လဝက ဘက်က တံဆိပ်တုံး ထုပေးလိုက်တယ်။ တရုတ်ဘက် ရောက်တော့ သူဌေးခေါ်စာ မပါရင် ပေးမဝင်ဘူ ဖြစ်သွားတယ်။" လို့ အမျိုးသမီး တယောက်က ‌ေပြာပါတယ်။

၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တခုကို မြန်မာငွေ ကျပ် ၁၂၀၀၀ ပေးရပြီး ဝင်လို့ မရရင်လည်း ကျပ် ၁၀၀၀ ပေးပြီး မြန်မာဘက် လဝက မှာ ပြန်အပ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

အလုပ်ခေါ်စာနဲ့ ဝင်မယ့် သူတွေကိုပါ အသက် ကန့်သတ်လိုက်တဲ့ သဘော ဖြစ်နေတယ်လို့ ဆိုပါတယ်။

"တချို့ လည်လည် ပတ်ပတ် လူတွေကလည်း ဝင်ရတယ်။ တချို့ကလည်း မဝင်ရဘူး။ ပြဿနာက အခု ဆင်ဖြူပေါက်မှာရော နန်းတော် ပေါက်မှာရော ဖြစ်နေတယ်။ မြန်မာဘက်က ၇ ရက်ကတ်ကို အကုန် ပေးလုပ်တယ်။ မှတ်ပုံတင်ပါတယ်၊ စမတ်ကတ် ပါတယ် ဆိုရင် အကုန် ပေးလုပ်တယ်။ ဒါပေမယ့် ဘာဖြစ်သလဲ ဆိုရင် တရုတ်ဘက်က အဝင်မခံဘူး။" လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

စစ်မှုထမ်း ဥပဒေ အရ အသက် ကိုက်ညီနေသူ‌ေတွက ကိုယ့်ရပ်ရွာကနေ စစ်မှုထမ်း ကင်းလွတ်ကြောင်း စာရွက်စာတမ်းတွေ ပါရမှာ ဖြစ်ပြီး တရုတ်ပြည်ကို လာပြီး ရောက်ခဲ့ပြီ ဆိုရင်လည်း အရေးကြီးလိုအပ်လို့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ‌ရောက်ခဲ့ရင် ဆင့်ခေါ်စာနဲ့ မြန်မာပြည်ကို ပြန်ရမယ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

မြန်မာဘက်က တိုကင်တွေ၊ ‌သူဌေးတွေ မလိုအပ်တော့ပဲ မည်သူ့ကို မဆို၊ ဘယ်မျဉ်းစောင်းကို မဆို ၇ ရက် ကတ်လုပ်ပေး ပေမယ့် တရုတ်ဘက်က ဝင်ခွင့် မပေးသေးဘူး ဆိုတဲ့ ပုံစံမျိုးက မူဆယ် နယ်စပ်ဂိတ်မှာ ဖြစ်လေ့ ဖြစ်ထ ရှိပြီး စာအုပ် အနီ စပြီး ဝင်ခွင့် ပေးတဲ့ အချိန်တုန်းကလည်း ဒီလိုပဲ မြန်မာဘက်က တံခါးဖွင့်ထားပြီး တရုတ်ဘက်က ပေးမဝင်တာ ဒါမှမဟုတ် တရုတ်ဘက်က တံခါးဖွင့်ထားပြီး မြန်မာဘက်က ပေးမဝင်တာမျိုး ဖြစ်တဲ့ အတွက် အချိန် အတိုင်းအတာ တခု စောင့်ရမယ်လို့ သူက ပြောပြပါတယ်။

"အခုက ဘယ်မျဉ်းစောင်း မဆို ၇ ရက် သက်တမ်းကတ်နဲ့ ပေးဝင် ပေမယ့် လူ အရမ်းများတယ်။ မတိုးနိုင်ဘူး" လို့ ကိုးဗစ် မတိုင်ခင် ကျယ်ဂေါင်မှာ ဆိုင်ဖွင့်ခဲ့တဲ့ လားရှိုး ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

၇ ရက် သက်တမ်းကတ်နဲ့ တရားဝင် အလုပ်လုပ်ဖို့ အဆင်မပြေနိုင်တာကြောင့် ပတ်စပို့၊ ဗီဇာနဲ့ သွားဖို့ပဲ ကြိုးစား ပြင်ဆင်နေရတယ်လို့ သူက ပြောပါတယ်။

မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူ တယောက်ကတော့ ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ် တရုတ်ဘက် သွားရောက်ခြင်း မပြုတာ အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ် အဝင်၊အထွက် ဂိတ်ဖြစ်တဲ့မူဆယ် နန်းတော် - ကျယ်‌ေဂါင်ဂိတ် ရဲ့ တရုတ်ဘက်ခြမ်းမှာတော့ မြန်မာဘက်ခြမ်းက ဝင်လာတဲ့ မြန်မာမိန်းကလေးတွေဆီက ဖုန်းနံပါတ်နဲ့ WeChat အကောင့်တွေ လိုက်လံတောင်းယူနေတဲ့ မယား ရှာသူတရုတ်တွေကိုလည်း ရံဖန်ရံခါ တွေ့နေရပါတယ်။

အခု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ခန့် အထိ မုဆယ်ခရိုင် အိမ်ထောင်စု ရှိသူတွေကလွဲပြီး တခြားဒေသခံ တွေက မူဆယ်နယ်စပ် ကနေ တရုတ်ဘက် ဝင်ရောက်မယ်ဆိုရင် ၇ ရက် သက်တမ်းရှိ ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို တုံကင်ယူ ရက်ချိန်းစောင့်ရပြီး တရုတ်ဘက်က အလုပ်ရှင်ရဲ့ ခေါ်စာ ရှိမှသာ ဝင်ရောက်ခွင့်ပြုတာ ဖြစ်ပါတယ်။

တရုတ် - မြန်မာ နှစ်နိုင်ငံ ဥပဒေ အရ နယ်စပ်ဖြတ်ကျော်ခွင် စာအုပ် အနီ ကိုင်ဆောင်သူတွေသာ တရုတ် နယ်စပ်မှ အလုပ်လုပ်ကိုင်ခွင် ရှိပြီးယာယီ နယ်စပ် ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက် လည်ပတ်ခွင့်သာရှိကာ တရုတ်နယ်စပ်ထဲ တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိတာ ဖြစ်ပါတယ်။

Photo: ဒေသခံ

#centralnewsnaypyitaw

image

ကျန်းမာသုခဆေးခန်း ပိတ်သိမ်းရမယ်ဆိုတာမဟုတ်ဘဲ ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဆေးရုံဘက်ကရှင်းလင်း

ဖေဖော်ဝါရီ ၁၆

ရန်ကုန်မြို့က ပိတ်သိမ်းဖို့သတင်းထွက်ပေါ်ခဲ့တဲ့ဆေးရုံတွေထဲမှာ ကျန်းမာသုခ အထူးကုဆေးခန်းပါဝင်တယ်ဆိုတာ မဟုတ်ကြောင်း လုပ်ငန်းပုံမှန်လည်ပတ်နေတယ်လို့ ဆေးရုံဘက်က ပြန်လည်ရှင်းလင်း ပြောဆိုလာပါတယ်။

ကျန်းမာသုခအထူးကုဆေးခန်းက ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းခွဲတွေထဲကမှ ဆေးခန်းခွဲတခုကိုသာ ပိတ်ထားပြီး ကျန်တဲ့ဆေးခန်းခွဲတွေကို ဖွင့်လှစ်ထားကာလုပ်ငန်းလည်ပတ်နေတယ်လို့ ဆေးရုံပိုင်ရှင်ကဆိုပါတယ်။

" လတ်တလောမှာ လုပ်ငန်းခွဲဆေးခန်းခွဲတခုကိုသာပိတ်လိုက်တယ်။ပိတ်လိုက်တယ်ဆိုတာ အခြားအကြောင်း တခုကြောင့်ပိတ်လိုက်တာပါ။ကျန်တဲ့လုပ်ငန်းတွေကပုံမှန်အတိုင်းလည်ပတ်နေပါတယ်။" လို့ ဆေးရုံပိုင်ရှင်က ပြောပါတယ်။

လူမှုကွန်ယက်မှာ ​ထွက်ပေါ်ခဲ့တဲ့ ဆေးရုံပိတ်သိမ်းခံရတဲ့ သတင်းတွေထဲမှာတော့ ကျန်းမာသုခ ဆေးရုံက အပြီးပိတ်သိမ်းခံရတယ်ဆိုပြီး ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ သတင်းက မဟုတ်မှန်ကြောင်း ဆေးရုံဘက်က ပြန်လည် ရှင်းလင်းပြောဆိုလာတာဖြစ်ပါတယ်။

ဆေးရုံ အချို့ကို ပြစ်ဒဏ်တွေချမှတ်တဲ့စာရင်းမှာပါတဲ့ ဂရန်းဟံသာ နဲ့ဆာကူရာဆေးရုံတွေကလည်း ဆေးရုံပိတ်ရမယ်ဆိုတာသတင်းအမှားသာဖြစ်ကြောင်းနဲ့ ၂၄ နာရီဆေးရုံဖွင့်လှစ်ဝန်ဆောင်မှုပေးနေတယ်လို့ အသိပေးထားပါတယ်။

Photo - ကျမ္မာသုခဆေးခန်း

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက် ခိုးဝင်သည့် မြန်မာနိုင်ငံသားများ လှည့်ကင်းနှင့် တည့်တည့်တိုး၍ ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁၆

သောင်ရင်းမြစ်ကိုဖြတ်ကူး၍ မဲဆောက်ဘက်ကို ခိုးဝင်သည့် မြန်မာနိုင်ငံသားများကို ကင်းလှည့်နေသည့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီကျော်အချိန်က ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ်(၂)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ ထိုင်း-မြန်မာ အမှတ် (၁)တံတားအနီးတွင် ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိ၍ စစ်ဆေးရာမှ ခိုးဝင်လာသူများ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၁၀ ဦး တို့ ပါဝင်သော အဆိုပါ လူ ၂၃ ဦးကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မဲဆောက်ရဲစခန်းက စစ်ဆေးရာ ၎င်းတို့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့က သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း ဝန်ခံ ထွက်ဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လုံခြုံရေးတင်းကြပ်၍ စစ်ဆေးရေး ဂိတ်များဖြင့် ပိုက်စိပ်တိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

#centralnewsnaypyitaw

image
image
image