Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စောင်၊ မွေ့ယာသိုလှောင်ထားရာမှ အောင်းပူဖြစ်၍ ဂိုဒေါင်နှင့် နေအိမ်မီးလောင်
ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊အမှတ်(၆) ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်က စောင်နှင့်မွေ့ယာ သိုလှောင်ထားရာမှ အောင်းပူဖြစ်၍ ဂိုဒေါင်နှင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
၁၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အလျားပေ ၂၀ ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ဝါးကာ ဂိုဒေါင် ၁ လုံးနှင့် အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ထရံကာ မြေစိုက်လူနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဂိုဒေါင်နှင့် နေအိမ်မီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် တောင်သာမြို့မရဲစခန်းက အမှုဖွင့်ထားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်ကလည်း ပျော်ဘွယ်မြို့နယ်၊ ဝါးရုံကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလျား ၂၄ ပေ၊ အနံ ၁၆ ပေရှိ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းနေအိမ်နှင့် မီးဖိုဆောင် မီးလောင်ဆုံးရှုံးခဲ့သည်။
"အဘိုးအိုက မီးဖိုဆောင်မှာ ရေနွေးတည်သောက်ရင်း မီးဖိုမီးကြွင်းမီးကျန်ကို သေချာမငြှိမ်းခဲ့တော့ အဲ့ဒီမီးကနေတစ်ဆင့် မီးဖိုဆောင်နဲ့ အိမ်ကို မီးလောင်သွားတာ"ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် အသက် ၇၂ နှစ်အရွယ် အဘိုးအိုကို ပျော်ဘွယ်မြို့နယ် ယင်းတော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး

လူတွေ ကားတွေနဲ့ တိုးကြိတ်နေတဲ့ နယူးယောက်မြို့ထဲမှာ မတော်တဆ ခလုတ်ဝင်တိုက်မိတဲ့ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်အကြောင်း ၆ မိနစ်ခွဲစာပဲရိုက်ပြထားတာဆိုပေမယ့် Paperman ဆိုတဲ့ အန်နမေးရှင်းရုပ်ရှင်ကားတိုလေးဟာ သိပ်ဆန်းကြယ်လှတယ်။
ဒီရုပ်ရှင်ကို ပထမအကြိမ်ကြည့်တဲ့အချိန်မှာ သာမန်ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းလို့ထင်ကောင်းထင်လိမ့်မယ်။ ဒုတိယအကြိမ်မှာတော့ Paperman ဇာတ်ဝင်ခန်းတွေမှာ မြှုပ်ထားတဲ့ အထီးကျန်ဆန်မှုတွေကို စမြင်လာရတယ်။ ဒီရုပ်ရှင်ဟာ အဖြူအမည်းကိုအသုံးပြုပြီး လူတစ်ယောက်ချင်းစီရဲ့ ဘဝတွင်းက အထီးကျန်ဆန်မှုတွေကို ပြသတယ်။ ကမ္ဘာပေါ်မှာ လူသူအထူထပ်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ နယူးယောက်မြို့ကြီးမှာ လူတွေစုပြုံတိုးကြိတ်နေပေမယ့် သူတို့တွေမှာ ရင်းနှီးလွယ်တဲ့မျက်နှာမရှိကြဘူး။ အထီးကျန်မှုတွေကိုယ်စီပိုက်ပြီး နိစ္စဓူဝကိစ္စတွေကို လုပ်ကိုင်နေကြရတယ်။ ယောကျ်ားလေးဇာတ်ကောင်ဟာလည်း ဖောင်ဖြည့်စာရွက်ကြီးတွေ တစ်လှေကြီးနဲ့ ပျင်းရိငေးငိုင်နေတယ်။ ဒီအလုပ်အပေါ် စိတ်ပြင်းပြဟန်လည်းမပေါ်။ သူ့ရှေ့မှာ စက်ရုပ်တွေလို အလုပ်လုပ်နေတဲ့ အခြားလူတွကိုလည်း စိတ်ကုန်နေဟန်ပေါ်တယ်။ ဒီလို အဖြူအမည်းတွေ ပြည့်နှက်နေတဲ့ ဖန်သားပြင်ကို လှုပ်ခါသွားတာကတော့ အနီရောင်နှုတ်ခမ်းပိုင်ရှင် မိန်းကလေးနဲ့ သူ့နှုတ်ခမ်းနီရာထင်သွားတဲ့ ဖောင်ဖြည့်စက္ကူတစ်ရွက်။
ဒီမိန်းကလေးဇာတ်ကောင်ကို ဖန်သားပြင်ပေါ်စမြင်ရချိန်မှာတော့ အများနဲ့မတူပဲ သူ့နှုတ်ခမ်းနီရာလေးက အနီရောင်ကလေးထင်းနေပါရော။ ဒီအနီရောင်ဟာ အရောင်ကင်းမဲ့ပြီး ပျင်းရိခြောက်သွေ့ဖွယ်ကောင်းတဲ့ ဇာတ်ကောင်တွေရဲ့စိတ်တွင်းက လွမ်းဆွတ်မှုနဲ့ ချစ်စိတ်ကို ဖော်ကြူးပြနေတယ်။ သူ့ရဲ့နှုတ်ခမ်းနီအရောင်လေးဟာ ယောကျ်ားလေးဇာတ်ကောင်အတွက် အထီးကျန်ပြီး အရောင်မဲ့တဲ့ စက်ရုပ်ဆန်ဆန်နေ့ရက်တွေကြားမှာ ထွက်ပေါ်လာတဲ့ နေရောင်ခြည်လိုပဲ။ သံပတ်လိုလည်နေရတဲ့ဘဝမှာ ယောကျ်ားလေးဇာတ်ကောင်အဖို့ ဒီမိန်းကလေးဟာ အစီအစဥ်တကျမဟုတ်တဲ့ လှုပ်ခါမှုတစ်ခုဖြစ်လာခဲ့တယ်။ ဒီလှုပ်ခါမှုဆီရောက်အောင်ပို့ပေးတဲ့ အောင်သွယ်တော်ကတော့ ဖောင်ဖြည့်စာရွက်ကနေ အသွင်ပြောင်းသွားတဲ့ စက္ကူလေယာဥ်ပျံကလေးတွေ။ စက္ကူလေယာဥ်လေးတွေက ချီတုံချတုံဖြစ်နေတဲ့ ယောကျ်ားလေးကို နာရီသံပတ်လို လည်ပတ်နေရတဲ့ လုပ်ငန်းခွင်ကနေ ဆွဲထုတ်လာပြီး မိန်းကလေးရှိရာဆီ ခေါ်ဆောင်လာခဲ့တယ်။ မိန်းကလေးကိုလည်း ထိုနည်းလည်းကောင်းပဲ။ အဆုံးမှာတော့ ယောကျ်ားလေးဟာ မိန်းကလေးကို ငေးကြည့်ရင်း၊ မိန်းကလေးက သူ့လက်ထဲမှာ မတော်တဆ အရာထင်သွားတဲ့ နှုတ်ခမ်းနီရာလေးနဲ့ စက္ကူလေယာဥ်ကိုကိုင်ထားရင်း။
Paperman ရုပ်ရှင်ကားတိုလေးဟာ အချစ်ဇာတ်လမ်းတစ်ခုမကပါဘူး။ လူမှန်ရင် အထီးကျန်စိတ်ဆိုတာရှိစမြဲဖြစ်သလို ဒီအထီးကျန်စိတ်ကို ကျော်လွှားနိုင်ဖို့လည်း ကြိုးစားရုန်းကန်ရစမြဲပါ။ Paperman ဟာ ကြည့်ရှုသူပရိသတ်တွေအနေနဲ့ ကိုယ့်ရဲ့အထီးကျန်အရောင်မဲ့ဘဝထဲမှာ နှုတ်ခမ်းနီရာခပ်ရဲရဲကလေးကို ရှာဖွေတွေ့ရှိနိုင်ဖို့ အားပေးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အရောင်မဲ့နေတဲ့ဘဝကို လင်းလက်စေမယ့် နှုတ်ခမ်းနီရာဟာ သက်ရှိလူသားတစ်ယောက်ဖြစ်ချင်ဖြစ်မယ်၊ တိရစ္ဆာန်လေးတစ်ကောင်ဖြစ်ချင်ဖြစ်မယ်၊ ရှုခင်းတစ်ခုဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ဘဝကို လင်းလက်စေမယ့်နှုတ်ခမ်းနီရာကို ရှာတွေ့ပြီလို့ခံစားရတဲ့အခါ ဘာဆက်လုပ်ကြမလဲ။ စက္ကူလေယာဥ်ခေါက်ပြီး ကြိုးစားဆက်သွယ်ကြည့်မလား၊ ဒီတိုင်းလက်ပိုက်ကြည့်နေပြီး အရောင်မဲ့တဲ့ဘဝထဲ ပြန်တိုးဝင်ကြမလား။
အန္တရာယ်ဆိုတာ သင်မမြင်ရတဲ့ အရာပါ
ကျွန်တော်တို့ဟာ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေကလွဲပြီး �အနာဂတ်မှာ ဖြစ်တတ်တဲ့ အရာမှန်သမျှကို ခန့်မှန်းတာ အရမ်းတော်ပါတယ်။
လူတွေဟာ အနာဂတ်ကို ခန့်မှန်းတာ မတော်ကြဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒါက အရေးကြီးတဲ့ ကွဲလွဲချက် တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာတွေကလွဲပြီး အနာဂတ်မှာ ဖြစ်တတ်တဲ့ အရာမှန်သမျှကို ခန့်မှန်းတာ အရမ်းတော်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာကို မသိမြင်နိုင်ခြင်းဟာ အကြီးမားဆုံး အန္တရာယ်ပါ။ ဖြစ်လာမယ့်အရာကို ဘယ်သူကမှ မသိမြင်ဘူးဆိုရင် ၊ အဲဒီအတွက် မည်သူကမှ ပြင်ဆင်ထားမှာမဟုတ်ပါဘူး။ ထိုအရာရောက်ရှိတဲ့အခါမှာတော့ ပျက်စီးဆုံရှုံးမှုများ ပိုမိုများပြားလာဖို့သာ ရှိပါတယ်။ အဲဒါကို ခက်ခက်ခဲခဲ လေ့လာသင်ယူခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကို ပြောပြပါ့မယ်။
__________
NASA အာကာသယာဉ်မှုးများဟာ အာကာသထဲသို့ ဒုံးပျံဖြင့် မသွားရောက်ခင်မှာ ကောင်းကင်သို့ အမြင့်ပျံလေပူဖောင်းများဖြင့် ပျံတက်ကာ လေ့ကျင့်စမ်းသပ်ကြပါတယ်။ အမေရိကန်လူမျိုး Victor Prather နှင့်အတူ နောက်ထပ် ပိုင်းလော့ တစ်ယောက်တို့ဟာ ၁၉၆၁ ခုနှစ် မေလ ၄ ရက်နေ့မှာ အာကာသထဲသို့ ရောက်ခါနီးပြီဖြစ်တဲ့ အမြင့်ပေ ၁ သိန်းကျော်အထိ အမြင့်ပျံလေပူဖောင်းဖြင့် ပျံတက်ခဲ့ပါတယ်။ ရယ်ရွယ်ချက်ကတော့ NASA ဟာ ၎င်းတို့ရဲ့ အာကာသဝတ်စုံကို စမ်းသပ်ဖို့ ဖြစ်ပါတယ်။ ပျံသန်းမှုအောင်မြင်ခဲ့ပါတယ်။ အာကာသဝတ်စုံလည်း ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။
Prather ဟာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်ခဲ့ပါတယ်။ ဆင်းသက်နေစဉ်အတွင်း လေ ကောင်းကောင်းရှူလို့ရတဲ့ အမြင့်ပေအရောက်မှာ ခေါင်းဆောင်းမှမျက်နှာကာမှန်ဖုံး ကိုဖွင့်ပြီး အသက်ရူပါတယ်။ သူဟာ ရဟတ်ယာဉ်လာကြိုမယ့် သမုဒ္ဒရာထဲသို့ စီစဉ်ထားတဲ့အတိုင်း ဆင်းသက်ခဲ့တယ် ဆိုပေမယ့် အနည်းငယ် ကံခေ ခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှ ချပေးလိုက်တဲ့ ကယ်ဆယ်ရေးကြိုးနဲ့ ချိတ်ဆက်နေစဉ်မှာပဲ Prather ဟာ သမုဒ္ဒရာထဲသို့ ခြေချော်ကျသွားခဲ့ပါတယ်။ ထိုအရာက ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ရဟတ်ယာဉ်ပေါ်မှ ကယ်ဆယ်ရေးသမားများလည်း ထိတ်လန့်တုန်လှုပ်သွားစရာ အကြောင်းမရှိပါဘူး။ အာကာသဝတ်စုံကို ရေထဲမနစ်သွားပဲ ပေါလောပေါ်အောင် ဖန်တီးထားလို့ပါ။ ဒါပေမယ့် Prather က ခေါင်းဆောင်း မှ မျက်နှာကာမှန်ဖုံး ကို ဖွင့်ထားမိတာကြောင့် ဝတ်စုံထဲသို့ ရေတွေ ဒလဟော ဝင်လာပြီး သူ ရေနစ်သွားခဲ့ပါတယ်။
လူတစ်ယောက်ကို အာကာသထဲ ပို့ဆောင်နိုင်ဖို့ များပြားလှတဲ့ အစီအမံတွေကို စဉ်းစားထားဖို့လိုပါတယ်။ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုပေါင်းများစွာ ၊ ဖြစ်နိုင်ခြေ များစွာတို့ကို ထည့်သွင်းစီမံကြရတာပါ။ ဘာဖြစ်ရင် ဘာလုပ်မယ် ၊ ဘာပြီးရင် ဘာလုပ်မယ် စသဖြင့် အများကြီးပါ။ ကျွမ်းကျင်ပညာရှင်ပေါင်းထောင်နဲ့ချီပြီး ပြည့်စုံအောင် အသေးစိတ် စီစဉ်ကြရတာပါ။ NASA ဆိုတာ အကောင်းဆုံးသော စီမံမှုကိုဗဟိုပြုတဲ့ အဖွဲ့အစည်းတစ်ခုလို့ ပြောလို့ရပါတယ်။ လကမ္ဘာပေါ်ရောက်ဖို့ဆိုတာ တော်ရုံတန်ရုံလွယ်ကူလှတဲ့ ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်သမျှ အန္တရာယ်များကို စိတ်ကူးပုံဖော်ပြီး တစ်ခုအလုပ်မဖြစ်ရင် နောက်တစ်ခုအလုပ်ဖြစ်အောင် ပထမ အစီအစဉ် ၊ ဒုတိယ အစီအစဉ် ၊ တတိယ အစီအစဉ် ရယ်လို့ စီမံထားကြရတာပါ။ အဲဒီလောက် အသေးစိတ် စီမံထားတာတောင် ဘယ်သူမှ မစဉ်းစားမိခဲ့တဲ့ အလွန်သေးငယ်သော အရာက ပျက်စီးခြင်းသို့ ဦးတည်သွားစေပါတယ်။
ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံပေး Carl Richards က အခုလို ပြောဖူးပါတယ်။
" ဖြစ်လာမယ်ဆိုပြီး သင်တွေးထင်ထားတဲ့အရာတိုင်းကို ဖြတ်ကျော်ပြီးမှ အန္တရာယ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ "
အဲဒါကမှ အန္တရာယ်ရဲ့ တကယ့်အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ အန္တရာယ်ဆိုတာ သင် စိတ်ကူးပြီး ရင်ဆိုင်ဖို့ပြင်ဆင်ထားတဲ့အရာတိုင်းကို ဖြတ်ကျော်ပြီးမှ ဖြစ်ပေါ်လာတာပါ။ အန္တရာယ်ဆိုတာ သင်မမြင်ရတဲ့ အရာပါ။
နိယာမ စာအုပ်မှ
"Deskto ရဲ့ Graphic Card တွေက Laptop ရဲ့ Graphic Card ထက် ဘာလို့ performance ပိုကောင်းနေရတာလဲ? ဘာကွာလို့လဲ"
အရင်ဆုံးသမရိုးကျ စဉ်းစားကြည့်လိုက်ကြရအောင်။Desktop မှာ Monitor,UPS,Keyboard,Mouse,System ပုံး,powersupply,Graphic card,Motherboard,Ram, ပြောရင်မကုန်သေးပေမယ့် ဒါတွေအကုန်လုံးပါတဲ့ desktop နဲ့ Laptop ထဲက ချုံပြီးထည့်ထားရတဲ့ဟာတွေက performance ပိုကောင်းမလား No ပါအဖြေက
ပိုကောင်းရင်လည်းကောင်းမှာပါ Gaming Laptop တစ်ချို့ဆိုဒီထက်တောင်ပိုကောင်းနိုင်ပါတယ်။
စလိုက်ကြရအောင်..
Graphic Card ထဲမှာနောက်ဆုံးထွက် RTX 4050 သုံးထားတဲ့ desk top နဲ့ Laptop တို့ရဲ့ graphic card နှစ်ခုက မတူညီပဲနဲ့ ဘာကြောင့် Laptop မှာထက် Desktop မှာ Performance ပိုထွက်နေရတာလဲ။
အဖြေရှာကြည့်ရအောင်။
ပါဝါသုံးစွဲမှု
(Power Differences)
Thermal Management (အပူထိန်းချုပ်မှု)
• Desktop Graphic Card:
Desktop graphic card တွေမှာ အကြီးစား heatsink, fan,တွေ water cooling system တွေသုံးပြီးတော့ ထွက်လာတဲ့အပူကိုထိန်းချုပ်ထားလို့၊ performance drop မဖြစ်စေပါဘူး။
• Laptop Graphic Card:
Laptop တွေမှာ space ကန့်သတ်မှုတွေကြောင့် cooling system ကနေရာသိပ်မရပဲနဲ့တခြားဟာတွေကို ဖဲ့ပေးထားရတာကြောင့် သုံးတာြကာပြီးတော့ အပူများလာတာနဲ့ ရင် performance ကျတာတွေ(thermal throttling) ဖြစ်နိုင်ပါတယ်။
ပါဝါစီမံခန့်ခွဲမှု (Power Management):
မြင်ဖူးကြမှာပါ။Laptop တွေမှာ Power Saving Mode နဲ့ Perfomance Mode ဆိုပြီးပါတတ်ကြတာကို။Laptop တွေမှာ ပါတဲ့ဘက်ထရီသက်တမ်းနဲ့ ကြာကြာသုံးတာနဲ့တက်လာတဲ့ Heat ကို ထိန်းချုပ်ဖို့အတွက် Power Management System ကို အသုံးပြုထားပါတယ်။အဲ့ဒါကြောင့် ဂရပ်ဖစ်ကတ်ကို ပါဝါအပြည့် မပေးနိုင်ဘဲ စွမ်းဆောင်ရည်ကို လျှော့ချထားရပါတယ်။
Desktop တွေမှာတော့ဒီလိုပြသနာတွေသိပ်မရှိတဲ့အတွက် ကိုယ်ထည့်ထားတဲ့ Graphic Card စွမ်းဆောင်ရည်ကို အပြည့်အဝခံစားလို့ရမယ်။ မီးတော့မှန်ရမှာပေါ့။
ဒီဇိုင်းနဲ့ အစိတ်အပိုင်းများ (Design and Components)
• Laptop Graphic Card
o Laptop များတွင် အရွယ်အစားသေးငယ်ပြီး ပါဝါသုံးစွဲမှု နည်းပါးသော GPU တွေကို အသုံးပြုပါတယ်။
o ဒီဇိုင်းက ပါဝါချွေတာပြီး အပူထိန်းချုပ်မှုကို ဦးစားပေးထားပါတယ်။
• Desktop Graphic Card
o Desktop GPU တွေက အရွယ်အစားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။
o ပါဝါသုံးစွဲမှုများပြီး အပူထုတ်လွှတ်မှုလည်း များပါတယ်။
CPU နှင့် Memory (CPU and Memory)
Desktop Graphic Card
Desktop GPU တွေက စွမ်းဆောင်ရည်ပိုမြင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ Power Consumption ပိုများပြီး၊ Cooling System ပိုကောင်းတာကြောင့် ပိုပြီးတော့ High Performance ရပါတယ်။ Gaming, Video Editing, 3D Rendering လိုမျိုး Heavy Tasks တွေအတွက် Desktop GPU တွေက ပိုအဆင်ပြေပါတယ်။
Laptop Graphic Card
Laptop GPU တွေက Power Consumption နည်းပြီး၊ အရွယ်အစားသေးငယ်အောင် ဒီဇိုင်းလုပ်ထားတာကြောင့် စွမ်းဆောင်ရည်က Desktop GPU တွေလောက် မမြင့်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း Laptop GPU တွေက တော်တော်လေးကောင်းလာပြီး၊ Mid-Range Gaming နဲ့ Light Creative Work တွေအတွက် လုံလောက်ပါတယ်။
Memory Speed: Desktop တွေမှာ RAM speed ပိုမြန်တာကြောင့် ဂိမ်း performance ကို အထောက်အကူပြုပါတယ်။
ဥပမာ: RTX 4090 ဂရပ်ဖစ်ကတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် desktop ဗားရှင်းက laptop ဗားရှင်းထက် CUDA cores အရေအတွက် ပိုများပြီး clock speed, memory bandwidth တွေလည်း ပိုမြင့်ပါတယ်။ ဒါကြောင့် performance သိသိသာသာ ကွာခြားပါတယ်။
အချုပ်ပြောရရင် desktop ဂရပ်ဖစ်ကတ်တွေမှာ ပါဝါပိုများများ သုံးနိုင်ခြင်း၊ အအေးပေးစနစ် ပိုကောင်းခြင်း၊ အရွယ်အစားနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အားသာချက်တွေကြောင့် laptop ဂရပ်ဖစ်ကတ်တွေထက် performance ပိုကောင်းတာ ဖြစ်ပါတယ်။
သင်ကောင်းတာ ဘယ်လောက်ပဲလုပ်လုပ်
ကောင်းအောင်ဘယ်လိုပဲနေနေ
ပြောဆိုဝေဖန်နေကြမယ့်
သင့်ရဲ့ပရိသတ်တွေကတော့
ရှိနေပြီးသားပါပဲ။
သူတစ်ပါးရဲ့အထင်အမြင်တွေကို
သိပ်အလေးမထားပါနဲ့။
တစ်ခါတလေ တစ်ချို့အရာတွေအတွက်
မျက်စိမှိတ် နားပိတ်
ပါးစပ်ကို စေ့ထားနိုင်ပါမှ
အေးချမ်းမှုကို ရတာ
အဆင်ပြေတာ
အမှိုက်တွေ ဦးနှောက်ထဲမဝင်တာ။
သူများကိုယ့်ကို မကောင်းဘူးလို့ပြောတိုင်း
ကိုယ်က မကောင်းတဲ့သူဖြစ်သွားတာ
မဟုတ်သလို....
သူများကောင်းတယ်လို့
ပြောတိုင်းလည်း
ကိုယ်က လူကောင်းဖြစ်မသွားပါဘူး။
အရေးကြီးတာက
ကိုယ်ကောင်းနေဖို့ပဲ လိုတာပါ။
သာမန်ပုထုဇဥ် အလွှာပေါင်းစုံ
အရောင်မျိုးစုံအောက်မှာ
သင်ဘာပဲလုပ်လုပ်
ကဲ့ရဲ့ ပြစ်တင် ဝေဖန်ခံရခြင်းတွေကတော့
ရှိနေအုံးမှာပဲ။
အဲ့ဒိတော့
ကိုယ့်လုပ်ရပ် မှန်ကန်နေရင်
ဘယ်သူမကောင်းပြောပြော
ခေါင်းလေးတောင်
စောင်းငဲ့မကြည့်လိုက်ပါနဲ့
ဘယ်သူက ဘာဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။
#crd_