ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
DeepSeek ကြောင့် ရှယ်ယာဈေးတက်သွားတဲ့ Tencent
တရုတ်မှာတော့ လျှပ်စစ်ကားကုမ္ပဏီကနေ စာပို့ app အထိ DeepSeek ကို လက်သွက်သွက်နဲ့ သုံးနေပါတယ်။
တရုတ်ရဲ့ အကြီးဆုံးနည်းပညာလုပ်ငန်းစုတစ်ခု ဖြစ်တဲ့ Tencent ကလည်း သူ့ရဲ့ Weixin app မှာ DeepSeek AI မော်ဒယ်ကနေ ရှာဖွေမှုလုပ်နိုင်အောင် စမ်းပြီး သုံးနေပါပြီ။ beta testing အနေနဲ့ Weixin အသုံးပြုသူတချို့ကို DeepSeek နဲ့ search လုပ်နိုင်အောင် စမ်းသပ်လွှင့်တင်လိုက်တာပါ။
DeepSeek ကို Weixin app မှာ စပြီး သုံးနေပြီဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာတော့ Tencent အစုရှယ်ယာတွေလည်း ၆.၆% တက်လာပါတယ်။ Weixin က ပြည်တွင်းသုံး messaging app ဖြစ်ပြီး သူနဲ့ sister app ဖြစ်တဲ့ WeChat က ပြည်ပ users တွေကိုပါ ပစ်မှတ်ထားတဲ့ ဘက်စုံသုံး app ပါ။ ဒီနှစ်ခုပေါင်း အသုံးပြုသူဦးရေက သန်း ၁၃၈၀ ကျော် ရှိပါတယ်။
Waixin မှာက AI search စနစ်ကို Tencent ရဲ့ Hunyuan LLM မော်ဒယ် သုံးထားတာပါ။ Weixin မှာ DeepSeek ကို ထည့်သုံးလာတာက ရှေ့ပြေးအဆင့်လို့ ပြောရမှာပါ။ Tencent က DeepSeek ကို သူ့ရဲ့ Cloud AI Code Assistant နဲ့ Tencent Yuanbao တို့လို တခြား products တွေမှာလည်း ပေါင်းထည့်ဖို့ စဉ်းစားနေပါတယ်။
Tencent အတိုင်း Baidu ကလည်း သူ့ search engine မှာ ကုမ္ပဏီပိုင် Ernie LLM နဲ့အတူ DeepSeek ပါ ပေါင်းစည်းထားပြီလို့ ဆိုပါတယ်။ နာမည်ကျော် BYD လျှပ်စစ်ကားကုမ္ပဏီကလည်း DeepSeek နဲ့ ပေါင်းပြီး တည်ဆောက်ထားတဲ့ God's eye အလိုအလျောက်မောင်းနှင်စနစ်ကို နောက်ပိုင်းထွက်ကားတွေမှာ တပ်ဆင်သွားမယ်လို့ ကြေညာထားပါတယ်။
တစ်ဖက်မှာလည်း DeepSeek နဲ့ ပေါင်းလိုက်တဲ့ကိစ္စကြောင့် အချက်အလက်ပေါက်ကြားနိုင်တဲ့ စိုးရိမ်ချက်တွေက BYD ကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ရှိပါတယ်။
Note Taking အတွက် အကောင်းဆုံး App ၅ ခု
--------------------------------------
ဒီနေ့ခေတ်မှာ Note Taking လုပ်ဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ကျောင်းသူ/သားပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို နေ့စဥ်နဲ့အမျှ မှတ်စရာတွေများလာတဲ့အခါ Note မှတ်လေ့ရှိပါတယ်။ အရင်တုန်းကတော့ စာအုပ်ကြီးတွေနဲ့ Note ရေးလေ့ရှိပေမယ့် ဒစ်ဂျစ်တယ်ခေတ်မှာတော့ Note ရေးတာကို Digital Device တွေနဲ့ပဲပြောင်းလဲအသုံးပြုလာပါပြီ။ စာမှတ်တာ၊ အိုင်ဒီယာတွေ မှတ်သားတာ၊ Meeting Notes တွေ ရေးမှတ်တာတွေအတွက် Note Taking App တွေက အရမ်းအသုံးဝင်ပါတယ်။ ဒီနေရာမှာ အကောင်းဆုံး Note Taking App ၅ ခုကို မိတ်ဆက်ပေးချင်ပါတယ်။
၁။ Evernote
Evernote ဟာ Note Taking App တွေထဲမှာ အမြဲရှေ့ဆုံးကပါလာတတ်တဲ့ App တစ်ခုပါ။ သူ့ရဲ့ အားသာချက်တွေကတော့ - စာသားတွေကို ရိုက်ထည့်ရုံသာမက ဓာတ်ပုံတွေ၊ PDF ဖိုင်တွေ၊ Web Clipping တွေကိုပါ သိမ်းဆည်းနိုင်ပါတယ်။ Note တွေကို Folder တွေခွဲပြီး စနစ်တကျ စီမံခန့်ခွဲနိုင်သလို Tag တွေလည်း ထည့်သွင်းပြီး အလွယ်တကူပြန်ရှာလို့လည်းရပါတယ်။ Cross-Platform ဖြစ်တဲ့အတွက် ဖုန်း၊ Tablet၊ ကွန်ပျူတာ စတဲ့ Device တွေအားလုံးကနေ အသုံးပြုနိုင်ပါတယ်။
၂။ Microsoft OneNote
Microsoft ရဲ့ Note Taking ပရိုဂရမ်ဖြစ်တဲ့ OneNote ဟာ အထူးသဖြင့် ကျောင်းသားတွေနဲ့ ပညာရေးနယ်ပယ်မှာ အသုံးများပါတယ်။ Microsoft Email တစ်ခုရှိရုံနဲ့ အခမဲ့သုံးနိုင်တဲ့အတွက်လည်း ဖြစ်ပါလိမ့်မယ်။
Digital Notebook ပုံစံမျိုးနဲ့ Note တွေကို စနစ်တကျ စီစဉ်ထားနိုင်ပါတယ်။ Microsoft Office နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် Word, Excel တို့နဲ့ အလွယ်တကူ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Stylus နဲ့ လက်ရေးဖြင့် မှတ်သားခြင်း၊ ပုံဆွဲခြင်းတွေလည်း Support ပေးတဲ့ Platform တစ်ခုပါ။
၃။ Notion
နောက်ပိုင်းအတော်လေး နာမည်ကြီးလာတဲ့ Notion ဟာ Note Taking သာမက Project Management, Knowledge Base တွေအတွက်ပါ အသုံးပြုနိုင်တဲ့ All-in-one workspace တစ်ခုပါ။သူရဲ့ Database ပုံစံနဲ့ Note တွေကို စီမံနိုင်တာ၊ အခမဲ့ရတဲ့ Template တွေနဲ့ Customization လုပ်နိုင်တဲ့ Features တွေကြောင့်လည်း လူသုံးများလာပါတယ်။ Team Collaboration အတွက် အထူးကောင်းမွန်ပြီး၊ Real-time ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ အချက်အလက်တွေကို Table, Board, Timeline စတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြသနိုင်ပါတယ်။
၄။ Google Keep
Google Keep ဟာ ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူတဲ့ Note Taking App တစ်ခုပါ။ Gmail တစ်ခုရှိရုံနဲ့သုံးနိုင်သလို အမြန်မှတ်သားဖို့အတွက် အသင့်တော်ဆုံးဖြစ်ပြီး၊ Sticky Note ပုံစံမျိုးနဲ့ အလွယ်တကူ မှတ်သားနိုင်တဲ့အတွက် Desktop Version မှာသုံးရတာကို ပိုပြီးကြိုက်မိပါတယ်။ Mobile မှာတော့ Voice Note အသုံးပြုနိုင်ခြင်း၊ Reminder ထည့်သွင်းနိုင်ခြင်းတို့က အားသာချက်တွေ ဖြစ်ပါတယ်။ Google ရဲ့ အခြား Service တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
၅။ Apple Notes
Apple Ecosystem သုံးစွဲသူတွေအတွက် Apple Notes ကအကောင်းဆုံး ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။
iCloud နဲ့ Sync လုပ်နိုင်တဲ့အတွက် Apple Device အားလုံးကနေ လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Stylus Pen ထဲမှာအကောင်းဆုံးဖြစ်တဲ့ Apple Pencil နဲ့လက်နဲ့ Note ရေးလို့ရတာ၊ Document Scanner ပါဝင်ခြင်းတို့က ထူးခြားချက်တွေ ဖြစ်ပါတယ်။ Password protection နဲ့ လုံခြုံရေးကိုလည်း ကောင်းစွာ ထောက်ပံ့ထားပါတယ်။ iOS 18 နောက်ပိုင်း Update တွေကြောင့် Apple Note ထဲမှာ AI ပါဝင်လာလို့ အရင်ကထက်ပိုပြီးသုံးလို့ကောင်းလာပါတယ်။
Note Taking App တစ်ခုချင်းစီမှာ သူ့အားသာချက် သူ့အားနည်းချက်နဲ့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်၊ အသုံးပြုမယ့် ပုံစံပေါ်မူတည်ပြီး သင့်တော်တဲ့ App ကို ရွေးချယ်သင့်ပါတယ်။ ရိုးရှင်းတဲ့ Note လေးတွေပဲ လိုတယ်ဆိုရင် Google Keep လိုမျိုး App တွေက သင့်တော်ပြီး၊ ပိုပြီး Complex ဖြစ်တဲ့ Note Management တွေလိုအပ်ရင်တော့ Notion လို App မျိုးက ပိုပြီး သင့်တော်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ Note တွေကတော့ ကိုယ်သုံးမယ့် Phoneနဲ့ Budget ပေါ်မူတည်ပြီး အခမဲ့ Version သုံးလို့ရသလို၊ ဝယ်သုံးမယ်ဆိုလည်း ရပါတယ်။
ဟန်စီဖလစ် 🗣️ " လာမိန်းယာမယ်ရဲ့ ခြေစွမ်းက အသက်11နှစ်လောက်မှာကတည်းက အခြားသူတွေနဲ့မတူပဲ၊ တမူထူးခြားနေခဲ့တာပါ။ ကျတော်သူရဲ့ လူငယ်လိဂ်ပြိုင်ပွဲတွေတုန်းက ပွဲစဉ်တချို့ကိုပြန်ကြည့်ခဲ့တဲ့အချိန်မှာတော့၊ ဒီလိုအလိမ်အခေါက်၊ ခြေအနှုတ်အသိမ်းတွေက ထိပ်တန်းကစားမျိူးဖြစ်လာမယ့်သူတွေမှာပဲတွေ့ရတဲ့ခြေစွမ်းမျိုး ဖြစ်ပါတယ်။
ဒါတွေအားလုံးရဲ့အဓိကမြစ်ဖျားခံရာကတော့ လာမာစီယာလို့ပဲပြောရမှာပါ။ သူတို့က လူငယ်ကစားသမားတွေကိုဘယ်လိုထိန်းကျောင်းကာ ပြုစုပျိုးထောင်ရမလဲဆိုတာ အခြားအကယ်ဒမီတွေထက် ကောင်းကောင်းကြီးပိုနားလည်ကြပါတယ်။
လူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကိုကြံ့ခိုင်မှုပြည့်လာ အောင်လေ့ကျင့်ပေးတဲ့ စိတ်ပညာဆိုင်ရာတွေအပြင်၊ တစ်ဦးချင်းရဲ့အားသာချက်တွေကိုအကဲဖြတ်တဲ့ လေ့ကျင့်ရေးဆရာတွေကလည်း တကယ်တော်ကြတာပါ။ ကျတော်တို့ဂျာမာန်အကယ်ဒမီတွေအနေနဲ့ လာမာစီယာကိုအတုယူသင့်ပါတယ်။"
အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံး မပြုဖို့ ဇနီးဖြစ်သူ တရားဝင် အသိပေး
ဖေဖော်ဝါရီ ၁၈
ကွယ်လွန်သူ Rock အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံပိုင် သတင်းစာကတစ်ဆင့် တရားဝင်အသိပေး ကြေညာလာပါတယ်။
မာရဇ္ဇက အသက် ၅၈ နှစ်အရွယ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ကျောက်ကပ်ရောဂါနဲ့ လှိုင်မြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။
တေးသံရှင် မာရဇ္ဇမကွယ်လွန်မီ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ စာသားတွေ၊ သံစဉ်တွေကို ခွင့်ပြုချက်မရှိဘဲ ဘယ်နေရာမှာမှ သုံးစွဲခြင်းမပြုလုပ်ဖို့ တေးသံရှင် မာရဇ္ဇရဲ့ ဇနီး ဒေါ်စန်းစန်းဝင်းက ကြေညာထားပါတယ်။
ဒါ့အပြင် အဆိုတော် မာရဇ္ဇရဲ့ ရုပ်ပုံလွှာကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုဖို့လည်း ဇနီးဖြစ်သူက အသိပေးထားပြီးတော့ လိုက်နာခြင်းမရှိ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်မယ်လိုကြေညာထားပါတယ်။
အနုပညာ ဂီတသက်တမ်း ၃၀ ကျော်ရှိခဲ့တဲ့ Rock အဆိုတော် မာရဇ္ဇက မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သားကောင် အစရှိတဲ့ တေးစီးရီးတွေများစွာကို ထွက်ရှိခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ရွှေရောင်ကောင်းကင်၊ အလွမ်းမိတ်ဆွေ စတဲ့ တေးသီချင်းတွေက လူငယ်တွေအကြား ရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။
#centralnewsnaypyitaw

ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွား
ဖေဖော်ဝါရီ ၁၈
ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းက ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
"ဒီနေ့ရဲ့ဒုတိယမြောက် ကူညီမှုလမ်းကြောင်းက နာရေးလမ်းကြောင်းပါ။ မြောက်ဒဂုံ (၄၃)ရပ်ကွက်မှ ကြိုးဆွဲချ သေဆုံးသူရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တာပါ။သေဆုံးသူက ပြည်ပအလုပ် အကိုင်ရှာဖွေပေးသူဖြစ်ပြီး သူရဲ့ နေအိမ်မှာ ပါတ်စပို့စာအုပ် (၇၀)ခန့်တွေ့ရှိရပါတယ်"လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက တာဝန်ရှိသူတယောက်က ပြောပါတယ်။
ယခုသေဆုံးသွားသူဟာ မြောက်ဒဂုံမြို့နယ်၊(၄၃)ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပြီး သူဟာ အလုပ် အကိုင်အဆင်မပြေမှုတွေကြောင့် အခုလိုမိမိကိုယ်ကို စီရင်သွားသူဖြစ်နိုင်တယ်လို့ ခန့်မှန်းရတယ်လို့ နယ်ခံလူမှုကူညီရေးသမားတွေက ဆိုပါတယ်။လက်ရှိမှာလည်း သေဆုံးရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။
"အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်သွားသူဖြစ်ပါတယ်။သူရဲ့မိသားစုဝင်တွေနဲ့လည်းအဆက် အသွယ်ရပါပြီ"လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါ့အပြင် ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အဆင်မပြေမှုနဲ့ စားဝတ်နေရေးကြပ်တည်းလာမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တွေဟာလည်းများစွာရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့မှတ်တမ်းတွေနဲ့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုတွေအရ သိရပါတယ်။
Photo – CJ
ပုံစာ - မြောက်ဒဂုံမြို့နယ်က ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားသူကို တွေ့ရစဉ်။
#သတင်းဟင်းလေးအိုးကြီး
ဖိဆောင်ဆီ တောင်းထားတဲ့ ဆုတွေ ပြည့်လို့ နောက်တစ်ကြိမ်သွားရောက် ပူဇော်ခဲ့တဲ့ နေဆန်း
သူကတော့ သူ့ရဲ့ အသားဖြူဆပ်ပြာတွေ ရောင်းရဖို့ ဖိဆောင်ဆီရောက်တိုင်းဆုတောင်းတာပါ။ သူဆုတောင်းခဲ့သလိုပဲ အမြဲပြည့်နေတာမို့ ဒီတစ်ကြိမ်မှာလည်း ဖိဆောင်ဆီ ထပ်မံသွားရောက်ပူဇော်ခဲ့ပြန်ပါတယ်။ ဖိဆောင်ကို ထိုင်းနိုင်ငံတွင်းသာမက မြန်မာနိုင်ငံကပါ ယုံကြည်ကိုးကွယ်ပူဇော်နေကြတာကိုလည်း တွေ့ရပါတယ်။
#celenews