1 နှစ် - ဘာသာပြန်ပါ။

Land of Dawn ရဲ့အလှဆုံးကျွန်းစုဖြစ်တဲ့ Vonetis Island ရဲ့ Display Background 💥
Badang, Kadita, Lapu Lapu တို့ဟာ ဒီ Vonetis ကျွန်းမှာနေကြတာဖြစ်လို့ Hero Background ကိုဒီကျွန်းပုံ ပြင်ပေးဖို့ရှိပါတယ် 😍

image
1 နှစ် - ဘာသာပြန်ပါ။

USAID ပိတ်ခြင်းကြောင့် တရုတ်၏ အာဏာအပျော့ မြင့်တက်လာဖွယ်ရှိ

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့က ပြည်ပအကူအညီပေးရေး အေဂျင်စီဖြစ် သည့် USAID ကို ရုတ်တရက် ပိတ်ချလိုက်ခြင်းသည် ကမ္ဘာ့တောင်ခြမ်းတွင် တရုတ်၏ အာဏာအပျော့ ပိုမိုခိုင်မာ အားကောင်းလာစေရန် အခွင့်အလမ်းများ ပေါ်ပေါက်စေခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားနေကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် အချို့ကလည်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လိုအပ်သည်ထက်ပိုပြီး မခန့်မှန်းသင့်ကြောင်းလည်း သတိ ပေးနေကြသည်။

ထရမ့်သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အဓိကအေဂျင်စီဖြစ်သည့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို လုပ်ငန်းလည်ပတ်မှုများ ရပ်နားကြောင်း ယခုလ အစောပိုင်းက ကြေညာခဲ့သည်။

ဘီလျံနာ တစ်ဦးဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ၏ အစိုးရအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကြောင့် USAID အေဂျင်စီသည် ပိတ်သွားခဲ့ကာ ရာနှင့်ချီသည့် ဝါရင့်ဝန်ထမ်းများကိုလည်း လစာနှင့် ခွင့်ပေးခဲ့သည်။

USAID အား ပိတ်ဆို့မှုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက ယာယီဆိုင်းငံ့ခဲ့သော်လည်း ရေရှည်တွင် မရေရာသည့် အခြေအနေများကို ပေါ်ပေါက်စေခဲ့သည်။

တရုတ်အစိုးရကမူ USAID နှင့်ပတ်သက်ပြီး မှတ်ချက် မပေးခဲ့သော်လည်း တရုတ်၏ ပြည်ပထောက်ပံ့ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးများနှင့်ဆက်နွှယ်သည့် ဗဟိုအစိုးရအေဂျင်စီများထဲမှ အရာရှိအချို့ကမူ ထိုအခြေအနေ သည် တရုတ်အစိုးရအတွက် ပြည်ပတွင် ဩဇာလွှမ်းမိုးမှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“USAID ဆိုင်းငံ့သွားတာဟာ တရုတ်အစိုးရအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တရုတ်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ တရုတ်ရဲ့ ခြေကုပ် ရယူနိုင်မယ့်နေရာကို ထူထောင်ဖို့အတွက် အကျိုးရှိစေခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် တရုတ် စီးပွားရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်၏ အကူအညီပေးရေး အရာရှိတစ်ဦးကလည်း USAID မရှိတော့ပါက တရုတ်အစိုးရသည် ၎င်း၏ ဩဇာ လွှမ်းမိုးမှုကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

Source: South China Morning Post

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 နှစ် - ဘာသာပြန်ပါ။

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
image
image
1 နှစ် - ဘာသာပြန်ပါ။

Miss Grand အပြင် Miss Universe ကိုပါကျင်းပခွင့်ရတော့မယ့် နဝပ်ကို ဂုဏ်ပြုလိုက်တဲ့ နီနီလင်းအိမ်
သူမက ဆရာဖြစ်သူ Nawat ကို Congratulations လုပ်လိုက်တာပါ။ Miss Grand International ပွဲကို ဦးဆောင်ကျင်းပခွင့်ရခဲ့တဲ့ နဝပ်ဟာ Miss Universe Thailand 2025 ကိုပါ ကျင်းပခွင့်ရရှိတော့မှာပါ။ မနှစ်က နဝပ်ကျင်းပတဲ့ MGI ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Runner Up သာရရှိခဲ့တာကြောင့် Crown ပြန်အပ်ခဲ့တဲ့ ဂယက်ကလည်း ရှိခဲ့ပါသေးတယ်။ အဆိုပါပွဲအပြီးမှာတော့ နီနီလင်းအိမ်က သူမရဲ့ ဆရာဖြစ်သူ နဝပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နဝပ်ဘက်က ရပ်တည်စကားဆိုခဲ့တာတွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

#celenews

image
1 နှစ် - ဘာသာပြန်ပါ။

- As a family ဆိုတာနဲ့
Fantastic Four မှာ ပါလာတော့မယ့်
ဗင်ဒီဇယ်ကတုံး

#internationalmovienews

image
1 နှစ် - ဘာသာပြန်ပါ။

အိပ်ရေးဝအောင် အိပ်စက်နိုင်ဖို့ အထောက်အကူပြု Apps များ

အိပ်ရေးဝဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ခေတ်ကာလရဲ့ စိတ်ဖိစီးမှုတွေ၊ ဖုန်းကြည့်တာတွေကြောင့် အိပ်ပျော်ဖို့က လူတိုင်းအတွက် ခက်ခဲတဲ့ကိစ္စတစ်ရပ်ဖြစ်လာပါတယ်။(ကျွန်တော်အပါအဝင်) ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ နည်းပညာအကူအညီနဲ့ အိပ်ရေးဝအောင် အိပ်စက်နိုင်ဖို့ အထောက်အကူပြု Mobile Apps တွေ ပေါ်ထွက်လာပါပြီ။ အဲဒီထဲက အသုံးဝင်တဲ့ App ငါးခုအကြောင်း မျှဝေပေးချင်ပါတယ်။ သတိမူရမှာက App အများစုက ပိုက်ဆံပေးပြီးဝယ်ရတာ ဒါမှမဟုတ် Subscription တွေဖြစ်နေပါတယ်။

၁။ Calm
Calm ဆိုတာ စိတ်ငြိမ်အောင် တရားထိုင်တာကနေစပြီး အိပ်ယာဝင်ချိန်အထိ လိုအပ်တဲ့ အကူအညီတွေပေးတဲ့ App တစ်ခုဖြစ်ပါတယ်။ သဘာဝအသံတွေ၊ meditation သီချင်းတွေ၊ အိပ်ရာဝင်ပုံပြင်တွေနဲ့ အတူ အိပ်စက်ဖို့ အထောက်အကူပြုပေးပါတယ်။ အထူးသဖြင့် သူ့ရဲ့ Sleep Stories တွေက အရမ်းထင်ရှားပြီး၊ နာမည်ကြီး အနုပညာရှင်တွေက ဖတ်ပြထားတာမို့ နားထောင်ရတာ အရသာရှိပါတယ်။

၂။ Headspace
Headspace က meditation နဲ့ mindfulness ကို အဓိကထားတဲ့ App ဖြစ်ပေမယ့် အိပ်စက်ခြင်းအတွက် သီးသန့်ပရိုဂရမ်တွေ ပါဝင်ပါတယ်။ Sleep music တွေ၊ sleepcasts တွေနဲ့ wind-down exercises တွေကို ထည့်သွင်းထားပါတယ်။ သူ့ရဲ့ထူးခြားချက်က အိပ်မပျော်မီ စိတ်ကိုဖြေလျှော့ဖို့ လေ့ကျင့်ခန်းတွေ ပါဝင်တာပါ။ တစ်ခါတစ်လေမှာ Free Lifetime ပေးတတ်တဲ့ App တစ်ခုမို့ စောင့်ကြည့်ထားသင့်ပါတယ်။

၃။ White Noise Lite
White Noise Lite က ရိုးရှင်းပေမယ့် ထိရောက်တဲ့ App တစ်ခုပါ။ မိုးသံ၊ လှိုင်းသံ၊ လေတိုက်သံစတဲ့ သဘာဝအသံတွေကို နားထောင်ပြီး အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ကိုယ်ကြိုက်တဲ့အသံတွေကို ရွေးချယ်နိုင်သလို၊ အသံတွေကို ရောစပ်ပြီးလည်း နားထောင်နိုင်ပါတယ်။ အိပ်ယာထဲမှာ လျှောက်တွေးနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ တစ်ကယ်လို့ ကိုယ်နားထောင်ချင်တဲ့အသံတွေကို YouTube မှာလည်း အခမဲ့ရှာပြီး နားထောင်လိုက်ပါ။

၄။ Sleep Cycle
Sleep Cycle က နည်းပညာအသုံးပြုပြီး အိပ်စက်မှုကို လေ့လာတဲ့ App ပါ။ သင့်ရဲ့အိပ်စက်မှုပုံစံတွေကို စောင့်ကြည့်ပြီး၊ အကောင်းဆုံးနိုးချိန်ကို တွက်ချက်ပေးပါတယ်။ နိုးစက်သံကိုလည်း အိပ်စက်မှုပုံစံပေါ်မူတည်ပြီး ချိန်ညှိပေးတာမို့ မနက်မှာ ကြွက်သားတွေ တင်းမနေပဲ နိုးထလာနိုင်မှာပါ။ သင့်ရဲ့အိပ်စက်မှုပုံစံတွေကို ဂရပ်နဲ့ပြပေးတာမို့ အိပ်စက်မှုအလေ့အထတွေကို ပိုကောင်းအောင် ပြုပြင်နိုင်ပါတယ်။

၅။ Pzizz
Pzizz က သိပ္ပံနည်းကျ အသံပေါင်းစပ်မှုတွေကို အသုံးပြုထားတဲ့ App တစ်ခုပါ။ ဦးနှောက်လှိုင်းတွေကို ထိန်းညှိပေးနိုင်တဲ့ အသံတွေကို ဖန်တီးထားပါတယ်။ သူ့မှာထူးခြားတာက တစ်ညနဲ့တစ်ည မတူညီတဲ့အသံတွေကို ထုတ်ပေးနိုင်တာပါ။ ဒါ့အပြင် power nap အတွက် သီးသန့်ပရိုဂရမ်တွေလည်း ပါဝင်ပါတယ်။

ဒီ Apps တွေက အိပ်စက်မှုကို ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်ပေမယ့် အဓိကအချက်ကတော့ အိပ်ရာဝင်ချိန် ပုံမှန်ရှိဖို့နဲ့ အိပ်ရာမဝင်ခင် screen time ကို လျှော့ချဖို့ပါ။ နေ့စဉ်အလုပ်တွေကိုလည်း စနစ်တကျထားရှိပြီး၊ ညဘက်မှာ စိတ်အေးလက်အေး အနားယူနိုင်မယ်ဆိုရင် ဒီ Apps တွေရဲ့အကူအညီနဲ့ ပိုပြီးထိရောက်တဲ့ အိပ်စက်မှုကို ရရှိမှာ ဖြစ်ပါတယ်။

image

Part-4
*သောကြာပိုင်းအစ ဒို့ကျောင်းသားက

ရွှေ့ဖြစ်တဲ့အကြောင်းက အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာမိုးနဲ့ ကျွန်တော်တို့က တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာ လုပ်နေကြတာရယ်။ နေတော့ လည်း ပုဂံခြံဝင်းမှာပဲ အတူနေကြတယ်ဆိုတော့ သောကြာနေ့ ရုံးဆင်းချိန် လူစု လိုက်ရင် အားလုံးအဆင်ပြေတယ်။
တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနက ဘီအိုစီ ကောလိပ် နောက်ဘက်တစ်ခြမ်းမှာပါ။ ရှေ့ဘက်တစ်ခြမ်းက ဆေး(၁)က သင်ကြားရေးအတန်း တွေရှိတယ်။ အဲဒီအချိန်မှာ တက္ကသိုလ်ဘာသာပြန်ဌာနမှူး (ပါမောက္ခ)က ဆရာ ဦးတင်ဇ(ရှမ်းပြည်) ဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်က ပင်စင်ယူသွားပြီဖြစ်လို့ ကျွန်တော်တို့ မမီလိုက်တော့ပါ။ နောင်မှ ဆရာနိုး၊ ဆရာမိုးတို့အကြောင်း ပြုပြီး ရင်းနှီးခွင့်ရခဲ့ပါတယ်။
ဘီအိုစီကန်တင်းက ရုံးဘေး သထုံလမ်း ခရေပင်တန်းလမ်းဘေးက အဆောင် နှစ်ဆောင်ဖြစ်ပါတယ်။ အဆောင်တစ်ခုမှာ ဈေးသည်နှစ်ဦးကျစီ ကန်ထရိုက်ချထား ပါတယ်။ ရှေ့ကအဆောင်မှာ “ဦးနီ+ဒေါ်ကြည်” လက်ဖက်ရည်ဆိုင်နဲ့ “ဦးချစ်စိန်+ ဒေါ်သောင်းကြည်” ဆီချက်ခေါက်ဆွဲဆိုင်။ မျက်နှာချင်းဆိုင်အဆောင်မှာတော့ အအေးစုံရောင်းတဲ့ “ဦးအောင်မြင့်” အအေးဆိုင်။
ကျွန်တော်တို့ “သောကြာဝိုင်း” စခန်းချကြတာကတော့ “ဦးနီ+ဒေါ်ကြည် လက်ဖက်ရည်ဆိုင်”မှာပါ။ ဦးနီ+ဒေါ်ကြည်တို့ကလည်း အဖွဲ့သားတွေအတွက် ရေနွေး ကြမ်း အလုံအလောက် တည်ပေးထည့်ပေးတယ်။
ဆရာမိုးနဲ့ ကျွန်တော်က သွားအတူ လာအတူ နေအတူ ( ပုဂံခြံဝင်းမှာ)၊ လုပ်အတူ (ဘာသာပြန်ဌာနမှာ)၊ စားအတူ (ရုံးမှာပဲ ထမင်းချိုင့်ယူလာပြီး ဝိုင်းဖွဲ့ စားကြတယ်)၊ ညနေ ရုံးဆင်းတော့မှ သောကြာနေ့မှာ အိမ်မပြန်ကြတော့ဘဲ ထမင်းချိုင့်လေးတွေကိုယ်စီဆွဲပြီး “ဦးနီ+ဒေါ်ကြည်”တို့ဆိုင်ကို ချီတက်ခဲ့ကြပါတော့တယ်။