ဇလွန် - ရန်ကုန် ခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံးကာ ခရီးသည်သုံးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၁၇

ဇလွန်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီးက ဓနုဖြူမြို့၊ ပျဉ်ထောင်စုကျေးရွာအနီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၉နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်စုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါခရီးသည်တင်ယာဉ်မှာ ဆန့်ကျင်ဘက်လားရာဘက်ခြမ်းက သစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်တာလို့ သိရပါတယ်။

ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူက "ကားပေါ်မှာ လူက ဆယ်ဦးလောက်ပဲ ပါပါတယ်။ ယာဉ်မောင်းကတော့ တိုက်မိထဲက ကားထဲညပ်ပြီး နေရာတင်ဆုံးတယ်။ ခက်ခက်ခဲခဲ ဆွဲထုတ်ရတယ်။ ကားပေါ်ပါတဲ့ အမျိုးသား ၃ ဦးလည်း ဒဏ်ရာရတယ်။ မစိုးရိမ်ရဒဏ်ရာတွေပါ" လို့ ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို ဓနုဖြူမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်‌တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူ ယာဉ်မောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ(၃)ဦးကို ဓနုဖြူဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

ကိုbadang မထိုးပြနဲ့တော့နော် 😑
(Advance Server မှာ nerf တာဖြစ်ပါတယ်)

image
1 y - Translate

Land of Dawn ရဲ့အလှဆုံးကျွန်းစုဖြစ်တဲ့ Vonetis Island ရဲ့ Display Background 💥
Badang, Kadita, Lapu Lapu တို့ဟာ ဒီ Vonetis ကျွန်းမှာနေကြတာဖြစ်လို့ Hero Background ကိုဒီကျွန်းပုံ ပြင်ပေးဖို့ရှိပါတယ် 😍

image

USAID ပိတ်ခြင်းကြောင့် တရုတ်၏ အာဏာအပျော့ မြင့်တက်လာဖွယ်ရှိ

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့က ပြည်ပအကူအညီပေးရေး အေဂျင်စီဖြစ် သည့် USAID ကို ရုတ်တရက် ပိတ်ချလိုက်ခြင်းသည် ကမ္ဘာ့တောင်ခြမ်းတွင် တရုတ်၏ အာဏာအပျော့ ပိုမိုခိုင်မာ အားကောင်းလာစေရန် အခွင့်အလမ်းများ ပေါ်ပေါက်စေခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားနေကြသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် အချို့ကလည်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လိုအပ်သည်ထက်ပိုပြီး မခန့်မှန်းသင့်ကြောင်းလည်း သတိ ပေးနေကြသည်။

ထရမ့်သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အဓိကအေဂျင်စီဖြစ်သည့် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို လုပ်ငန်းလည်ပတ်မှုများ ရပ်နားကြောင်း ယခုလ အစောပိုင်းက ကြေညာခဲ့သည်။

ဘီလျံနာ တစ်ဦးဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ၏ အစိုးရအသုံးစရိတ် လျှော့ချရေးအစီအစဉ်ကြောင့် USAID အေဂျင်စီသည် ပိတ်သွားခဲ့ကာ ရာနှင့်ချီသည့် ဝါရင့်ဝန်ထမ်းများကိုလည်း လစာနှင့် ခွင့်ပေးခဲ့သည်။

USAID အား ပိတ်ဆို့မှုကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက ယာယီဆိုင်းငံ့ခဲ့သော်လည်း ရေရှည်တွင် မရေရာသည့် အခြေအနေများကို ပေါ်ပေါက်စေခဲ့သည်။

တရုတ်အစိုးရကမူ USAID နှင့်ပတ်သက်ပြီး မှတ်ချက် မပေးခဲ့သော်လည်း တရုတ်၏ ပြည်ပထောက်ပံ့ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးများနှင့်ဆက်နွှယ်သည့် ဗဟိုအစိုးရအေဂျင်စီများထဲမှ အရာရှိအချို့ကမူ ထိုအခြေအနေ သည် တရုတ်အစိုးရအတွက် ပြည်ပတွင် ဩဇာလွှမ်းမိုးမှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“USAID ဆိုင်းငံ့သွားတာဟာ တရုတ်အစိုးရအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တရုတ်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ တရုတ်ရဲ့ ခြေကုပ် ရယူနိုင်မယ့်နေရာကို ထူထောင်ဖို့အတွက် အကျိုးရှိစေခဲ့ပါတယ်”ဟု အမည်မဖော်လိုသည့် တရုတ် စီးပွားရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်၏ အကူအညီပေးရေး အရာရှိတစ်ဦးကလည်း USAID မရှိတော့ပါက တရုတ်အစိုးရသည် ၎င်း၏ ဩဇာ လွှမ်းမိုးမှုကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်လာစေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

Source: South China Morning Post

#centralnewsnaypyitaw

image
1 y - Translate

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 y - Translate

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 y - Translate

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
1 y - Translate

ဆိတ်ဖလူးပန်းလေးတွေ ကောက်ခဲ့စဉ်ကပုံလေးတွေ 😘😘😘

#flowers

image
image
image
1 y - Translate

Miss Grand အပြင် Miss Universe ကိုပါကျင်းပခွင့်ရတော့မယ့် နဝပ်ကို ဂုဏ်ပြုလိုက်တဲ့ နီနီလင်းအိမ်
သူမက ဆရာဖြစ်သူ Nawat ကို Congratulations လုပ်လိုက်တာပါ။ Miss Grand International ပွဲကို ဦးဆောင်ကျင်းပခွင့်ရခဲ့တဲ့ နဝပ်ဟာ Miss Universe Thailand 2025 ကိုပါ ကျင်းပခွင့်ရရှိတော့မှာပါ။ မနှစ်က နဝပ်ကျင်းပတဲ့ MGI ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်းက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Runner Up သာရရှိခဲ့တာကြောင့် Crown ပြန်အပ်ခဲ့တဲ့ ဂယက်ကလည်း ရှိခဲ့ပါသေးတယ်။ အဆိုပါပွဲအပြီးမှာတော့ နီနီလင်းအိမ်က သူမရဲ့ ဆရာဖြစ်သူ နဝပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နဝပ်ဘက်က ရပ်တည်စကားဆိုခဲ့တာတွေကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။

#celenews

image

- As a family ဆိုတာနဲ့
Fantastic Four မှာ ပါလာတော့မယ့်
ဗင်ဒီဇယ်ကတုံး

#internationalmovienews

image