Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နောက်ဆို အေးစက်တဲ့လေထုထဲမှာ မနေတော့ဘူး
စီးကရက်လျှော့သောက်ပြီး စောစောအိပ်ရာဝင်မယ်
လူဆိုးတွေနဲ့လည်းမပေါင်းတော့သလို
လောင်းကစားလည်းမလုပ်တော့ဘူး
အရက်လျှော့သောက်မယ်
မတည့်တာတွေလည်း မစားတော့ဘူး
တစ်လုံးခြင်းပေါ့ သ တိ ရ တယ်။
#စစ်ငြိမ်း
ချစ်တဲ့သူတွေကို
မိုးလေကင်းလွတ်စေချင်တယ်
အချစ်ရေ အနာတရကင်းကင်း
ပန်းတွေပွင့်တဲ့ဘက်မှာပဲနေပါ
ကိုယ့်ကိုလည်း ပျော်နေတယ်လို့ပဲ
မြင်စေချင်တယ် ...။
#မြကျေး
ချန်ပီယံလိဂ်ဘုရင်ရီးရဲလ်မက်ဒရစ်အသင်း အာဆင်နယ်ကို အရှုံးပေးခဲ့ရသလို ဂျာမန်ဘီလူးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကလည်း အင်တာမီလန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ရေးလမ်းကြောင်း မှေးမှိန်သွားခဲ့ပါတယ်။
တိုက်စစ်မှာမွှေနှောက်ကစားပြီး ဂိုးအခွင့်အလမ်းတွေ ဖန်တီးတတ်တဲ့ မူဆီယာလာမပါတာ၊ နောက်တန်းမှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အူပါမီကာနိုတို့ဒဏ်ရာရနေတာကြောင့် ခံစစ်အထိုင်ပျက်သွားခံ့တာတွေက ဘိုင်ယန်မြူးနစ် ရှုံးရတဲ့အဓိကအကြောင်းအရင်းလို့ဆိုရမှာဖြစ်သလို အင်တာဂိုးသမားဆွန်းမား လက်စွမ်းပြခဲ့တာကလည်း ဘိုင်ယန်မြူးနစ်အတွက် ရသင့်တဲ့ဂိုးတွေ ဆုံးရှုံံးစေဖို့ ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ အင်တာမီလန်တိုက်စစ်မှူးလော်တာရိုမာတီနက်ဇ်က အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန်(၃၈)မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးနဲ့ အင်တာက ပွဲပြီးခါနီးအထိ ဦးဆောင်ခဲ့ပြီး ပွဲချိန်(၈၅)မိနစ်မှ မူလာက ချေပဂိုးသွင်းခဲ့တာပါ။ ဒီဂိုးက (၃)မိနစ်သာခံခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှာ အင်တာမီလန်အသင်းအတွက် လူစားဝင်ကွင်းလယ်လူ ဖရက်တီစီက အနိုင်ဂိုးသွင်းသွားခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ လွန်ခဲ့တဲ့(၄)နှစ်တိတိက PSG ကို အိမ်ကွင်းမှာ ရှုံးပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ (၂၂)ပွဲဆက်တိုက် အရှုံးမရှိ(၁၇ ပွဲနိုင် ၅ ပွဲသရေ)ကစားထားတဲ့မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ပါတယ်။
CBF ရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြသစ်ဆန်ခါတင်စာရင်းထဲမှာ မော်ရင်ဟိုပါဝင်လာ
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ရဲ့ဘရာဇီးလ်အသင်းနည်းပြသစ်ဆန်ခါတင်(၄)ဦးစာရင်းထဲမှာ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုလည်း ပါဝင်လာပါတယ်။
ဘရာဇီးလ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အာဂျင်တီးနားအသင်းကို(၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် နည်းပြဒိုရီဗယ်လ်ဂျူနီယာကို ရာထူးကထုတ်ပယ်ခဲ့ပြီး နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
ဘရာဇီးလ်သတင်းမီဒီယာ Globo က ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် CBF က စဉ်းစားနေတဲ့ ထိပ်တန်းနည်းပြ(၄)ဦးထဲက တစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ CBF ရဲ့ဆန်ခါတင်နည်းပြ(၄)ဦးစာရင်းထဲမှာ မော်ရင်ဟိုအပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်နဲ့ ပါလ်မီးရပ်စ်အသင်းနည်းပြ အေဘယ်လ်ဖာရဲရားတို့ပါဝင်နေတာပါ။
CBF ဟာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီကို ဘရာဇီးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဓိပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းနည်းပြရာထူးဟာ သူ့ရဲ့နောက်ဆုံးနည်းပြအလုပ်အကိုင်ဖြစ်တယ်လို့ ထုတ်ပြောထားတာပါ။ ဒါပေမယ့် CBF က ဒါကိုလက်မလျှော့သေးဘဲ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ကိုင်တွယ်ချင်တဲ့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ခ်ျဂျီးဆပ်ဟာ ဘရာဇီးလ်အသင်းနည်းပြရာထူးကို ရယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။
ရော်နယ်ဒင်ညို “အမ်ဘာပေ က ငါသိမ်ကိုကြိုက်တဲ့ကစားသမားတွေထဲက တစ်ဦးဆိုတာဝန်ခံတယ်၊ ဒီကောင်နဲ့က တကယ့်သူငယ်ချင်းကောင်းတွေပါ။ ဒီကောင် သူ့ဘဝမှာလုပ်သမျှတိုင်းကို ငါအတော်ကို လေစားရတယ်။
PSG ရဲ့အလွန်ကို ကြည့်လိုက်ရင် ကျွန်တော်တို့မှာ တူညီတဲ့ လမ်းကြောင်းနည်းနည်းရှိတယ်။ ကလပ်အသင်းအတွက်ကလွဲရင်ပေါ့လေ(ရယ်လျက်)။
ဒါပေမယ့် အခုတော့ သူ့မှာလုံးဝ ပျောက်ဆုံးနေတဲ့ အရေးကြီးတဲ့ အရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်စေမယ့် သမိုင်းဝင် ကလပ်မှာ ရှိနေပါတယ်”