နေ့စဉ်မိုးလေဝသသတင်း
==================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ နောက် ၁၈ နာရီ အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိပြီးနောက် မြောက်ယွန်းယွန်းသို့ ရွေ့လျားကာ ၁၀-၄-၂၀၂၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

ဆောက်သမ်တန်နည်းပြ အီဗန်ဂျူရစ်ဟာ စာချုပ်ထဲက တန်းဆင်းရင် အသင်းကထွက်ခွာရမယ်ဆိုတဲ့ အချက်အတိုင်း ဆောက်သမ်တန်ကနေ ထွက်ခွာသွားပါပြီ ❌

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

"စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေက အများကြီးတိုးတက်မှုရှိပါတယ်။ ကျွန်တော်တို့ကြား ထပ်ပြီးဆွေးနွေးမှုတွေလည်း လုပ်နေတုန်းမို့ အဆင်ပြေမယ်မျှော်လင့်ပါတယ်။
ကျွန်တော် လီဗာပူးလ်ကိုကော ပရိသတ်တွေကိုကော အများကြီးချစ်ပါတယ်" 🔴
🗣️ဗန်ဒိုက်

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရန်ကုန်ရှိ မြို့တော်ခန်းမရှေ့ ဆောက်လုပ်နေသည့်ရေကစားမဏ္ဍပ် ပြန်ဖျက်သိမ်းနေ
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆောက်လုပ်နေသည့် ရေကစား မဏ္ဍပ် ဖျက်သိမ်းနေကြောင်းသိရသည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် အတွက် ပြင်ဆင်ဆောက်လုပ်နေခြင်း ဖြစ်ပြီး လတ်တလောတွင်ရပ်တန့်ကာ ပြန်လည်ဖျက်သိမ်းနေခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်အင်အားပြင်း ငလျင်ကြောင့် ဧပြီ ၅ ရက်အထိ စာရင်းများအရလူပေါင်း ၃၅ဝဝ ကျော်သေဆုံးခဲ့ပြီး သာသနိကအဆောက်အအုံများ၊ လူနေ အဆောက်အအုံများနှင့် လမ်း၊တံတားများ အများအပြားပျက်စီးခဲ့ရကြောင်း သိရသည်။
ယခုနှစ်သင်္ကြန်ကို ငလျင်ဘေးဒဏ်ကြောင့် သီဆိုကခုန်ခြင်းများ မပါဝင်ဘဲ အေးချမ်းစွာကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားပြီးရေကစားမဏ္ဍပ်အချို့ကိုလည်း ပြန်လည်ဖျက်သိမ်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ -CJ

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

အားလုံးပဲ မဂ်လာပါ Tottenham Hotspur ဖက်ကနေ အခုလို ပဲစာပို့လာခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာပြည် ငလျှင်အတွက် သူတို့အနေနဲ့ စပါးကစားသမားတွေ လက်မှတ်ပါတယ့် ဂျာစီကို သူတို့ဖက်က တရားဝင်ပို့ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အဓိက ကတော့ ဒီဂျာစီ ကို လေလံတင်ရောင်းချပြီး မြန်မာနိင်ငံ အတွက် တစိစိတ်တစ်ပိုင်းအကူညီပေးချင်လို့ဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဘယ်အချိန်ဂျာစီရောက်မယ်မှန်းမသိပေမယ့် ရောက်ရှိခဲ့ရင်တော့ Myanmar Tottenham Hotspur Fans ကနေတစ်ဆင့် လေလံလုပ်သွားမှာဖြစ်ပါတယ်လို့ အသိပေးပါရစေ။

အခုလို ခက်ခဲတယ့် အချိန်မှာ ကူညီပေးတယ့် စပါး အသင်းကိုလဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

CRD Thiha Maung Maung

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

“လိုင်ယွန်က အသင်းကောင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုကစားမလဲဆိုတာအပေါ်သာ မူတည်ပြီး သူတို့ထက် ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်က အပုံကြီးသာတယ်လို့ ယုံကြည်ပါတယ်"
🗣️အိုနာနာ

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကုသနေတဲ့ ငလျင်ဘေးသင့်ပြည်သူများဆီကို မိသားစုလိုက် သွားပြီး အလှူဒါနတွေ ပြူခဲ့တဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင် 😍❤👇

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

လက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းမှာ တစ်ဂိုးမှမသွင်းနိုင်ဘဲ 8 ပွဲဆက်ရှုံးတဲ့အသင်းအဖြစ် စံချိန်တင်သွားပါပြီ 😢
❌ 3-0 vs Wolves
❌ 2-0 vs Man City
❌ 2-0 vs Crystal Palace
❌ 2-0 vs Fulham
❌ 2-0 vs Arsenal
❌ 4-0 vs Brentford
❌ 3-0 vs Man Utd
❌ 3-0 vs Newcastle

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

• အစ်စ်ဝစ်ချ် တိုက်စစ်မှူး ဒီလက် ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ် (၁) တိုက်စစ်ပစ်မှတ်အဖြစ် ရှိနေပြီး အစ်ဝစ်ချ်သာ တန်းဆင်းခဲ့ရင် ကစားသမားကို ပေါင် သန်း ၄၀ လောက်နဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ် 👀🔴
[Mark_Ogden]🌕

image
ကြိုက်တယ်။
35 ပတ် - ဘာသာပြန်ပါ။

Real Madrid
Barcelona
Inter Milan
PSG
ဒီအသင်းတွေဟာ အခုနှစ်ဘောလုံးရာသီမှာ ဖလား ၃ လုံးအောင်မြင်မှုကို ရယူနိုင်ဖို့ အလားအလာရှိနေကြပါသေးတယ် ။ ဘယ်အသင်းက ဖလား ၃ လုံးအောင်ပွဲရှင် ဖြစ်လာမလဲ . . . ဘယ်အသင်းမှ ဖြစ်မလာနိုင်ဘူးလားဆိုတာကတော့ . . .

image
ကြိုက်တယ်။