2 yrs - Translate

မတတ်နိုင်ဘူး Chou roam ပဲ ကိုင်လိုက်တော့မယ် 😊
Pic ©

image
2 yrs - Translate

Lord က ထွက်ပြေးမယ့်အပြင်
Lord ကို မြန်မာလို နတ်ပူးသလို
နဂါးပူးသလိုပါ ပူးလို့ရမှာပါ..

Lord တက်လာတဲ့အချိန် ဘေးနားက
Icon လေးကိုနှိပ်ပြီး Lord ထဲကိုဝင်ပူး
လို့ရပါမယ်။ Hero အနေနဲ့ Lord ကို
ဝင်ပူးနေချိန်မှာ Immune Effect ရနေ
ပါမယ်။ အချိန်ပြည့်ရင်တော့ Lord ထဲကနေ
ပြန်ထွက်လာပါမယ်။

မြန်မာနိုင်ငံမှာက အစတည်းက နဂါးပူး
နတ်ပူးတွေများပါတယ်ဆို lord ကပါ sarပြီ

image
2 yrs - Translate

Skill 1 က Starlight လောက်တောင်မလှဘူးတဲ့

image
2 yrs - Translate

အားဆေးလေးဘာလေးဝယ်tike လိုက်ပါအုံးကွာ
သူတို့ခဗျာအရမ်းပင်ပန်းသွားတာ

image
2 yrs - Translate

ကြည့်ရတာတစ်မျိုးကြီး

image

ချဲလ်ဆီးလိုအသင်းကြီးမျိုးကို အန်ဇိုမာရက်စ်ကာကိုင်တွယ်ဖို့အတွက် သူ့မှာအရည်အချင်းလုံလောက်မှု မရှိဘူးတာတော့မဟုတ်ဘူး။ ဒါပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံလောက်မှုမရှိဘူးလို့ပြောရမယ်။ မနေ့ ညကပွဲစဉ်မှာ ချဲလ်ဆီးက အကြောင်းပြချက်မရှိကို အနိုင်ရသင့်တာ။
ဖောရက်စ်ကလည်း ရှုံထားတဲ့အချိန် ဂိုးကွာခြားချက်နဲ့ အဆင့် ၃ ကို ကျော်တက်လို့အကောင်းဆုံးပဲ၊ တစ်ဖက်မှာ မန်ချက်စတာဒါဘီရှိတယ်၊ ကံကောင်းရင် စီးတီးကို အမှတ်ဖြတ်ချနိုင်ဦးမယ်။
ဒီလိုအနေအထားမှာ ချဲလ်ဆီးက ဘရန့်ဖို့ဒ်ကို သရေကျခဲ့တာပါ။ ခြေစွာနေတဲ့ ကိုးလ်ပါမားကို လူစားလဲ လိုက်တာကလည်း ဒီဂတုံးဘာတွေများ စဉ်းစားနေလဲတွေးလို့ကို မရနိုင်အောင်ဖြစ်ရတယ်။ ချဲလ်ဆီးက ဟိုလည်းမရောက် ဒီလည်းမဟုတ်နဲ့ ဒူဝေဝေဖြစ်နေပြီ။

image

ဒီဘရိုင်းတစ်ယောက် မန်စီးတီးပရိတ်သတ်တွေကို နှုတ်ဆက်တဲ့စာတက်လာပြီးနောက်မှာ ဒီဘရိုင်း ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဝုဖ်ဘတ်ကတော့ X ကနေတစ်ဆင့် အခုလိုလေး ပြောဆိုလာတယ်။
“ချစ်ရတဲ့ ကီဗင်ရေ...လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မင်းနဲ့ငါ့ကို မင်းမှတ်မိနေသေးလား၊ အခုအချိန်မှာ ငါတို့ နှစ်ယောက် ပြန်ပြီးတော့ လက်တွဲကြမယ်ဆိုရင်ရော”
ဝုဖ်ဘတ်ကတော့ မန်ချက်စတာမြေထက်ကနေ အငိုမျက်လုံးတွေနဲ့ ထွက်ခွာလာမယ့် ဒီဘရိုင်းကို သံယောဇဉ်မကုန်နိုင်သေးပဲ တစ်ခါပြန်လက်တွဲကြရင်ရော ဘယ်လိုလဲကွာဆိုပြီးတော့ စကားစပြီး ပြောထားတာလည်းဖြစ်ပါတယ်။

image

အလွတ်နဲ့ရမယ့် ဒီဘရိုင်းကို အင်တာမိုင်ယာမီတို့ ခေါ်ယူနိုင်ဖို့‌ ခြေလှမ်းပြင်လိုက်ပါပြီ။ ခေါ်ယူနိုင်မယ့် လမ်းကြောင်း၊ အခွင့်အရေးတွေကို ရှာဖွေနေပြီဖြစ်ပြီး မက်ဆီနဲ့ တွဲကစားရမယ်ဆိုတဲ့ အချက်ကို အခွင့်အရေးအဖြစ် အသုံးချသွားမယ်လို့လည်း သတင်းတွေမှာ ဖော်ပြလာပါတယ်။
တဖက်မှာ ဒီဘရိုင်းကို ဆော်ဒီနဲ့ ကာတာကလပ်တွေက ငွေပုံပေးပြီးခေါ်ဖို့ရာ အသင့်ဖြစ်နေပါတယ်။ သူ့ကို ဒီရာသီအစကတည်းက ဆော်ဒီကလပ်တွေ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားက ငြင်းဆန်ခဲ့တာပါ။ အခု သူ့အတွက် အသင်းသစ်ရှာရတော့မယ့် အခြေအနေမှာ ဒီဘရိုင်းအတွက် ဆော်ဒီကလည်း ရွေးချယ်စရာတခု ဖြစ်လာပါလိမ့်မယ်။
အင်တာမိုင်ယာမီအတွက်တော့ ဆော်ဒီကလပ်တွေလို ငွေသုံးနိုင်မှာမဟုတ်ပေမယ့် ကစားသမားရသင့်ရထိုက်တဲ့ အနေအထားမျိုးတော့ ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အမေရိကမှာဆိုတော့ ကစားသမားနဲ့ သူ့မိသားစုအတွက် ပိုအဆင်ပြေတဲ့ Life တခုဖြစ်လာနိုင်တဲ့ အားသာချက်လည်းရှိနေပါတယ်။ ဒီဘရိုင်း ဘာကိုရွေးမလဲဆိုတာပဲ ကြည့်ရပါမယ်။

image

ယိုရိုကတော့ ၁၂ ပွဲဆက်တိုက် ဘောလုံးနဲ့အတူ ကျော်ဖြတ်မခံရတဲ့ မှတ်တမ်းကို ရနေပြီ။ ယူနိုက်တက်က ရလဒ်တွေ ဆိုးနေခဲ့ပေမယ့် သူ့ရဲ့ တဦးချင်းခြေစွမ်းကတော့ အားရစရာကောင်းနေတယ်လို့ ပြောရမယ်။ ပြိုင်ဘက်ကစားသမားတွေဟာ သူ့ကို တဦးချင်းကျော်ဖြတ်နိုင်ဖို့အတွက် ခက်ခဲနေတဲ့ သဘောပါပဲ။
အမော်ရင်ရဲ့ ချီးကျူးမှုကိုရထားသလို ယူနိုက်တက်အတွက် အနာဂတ်မှာ အားကိုးရမယ့်သူလို့ပါ သတ်မှတ်ခံထားရတဲ့ ပြင်သစ်ကြယ်ပွင့်ရဲ့ ဒီစွမ်းဆောင်ရည်မှတ်တမ်းက ကျေနပ်စရာဖြစ်နေပါလိမ့်မယ်။ လာမယ့်ရာသီမှာ သူ့ဆီကနေ ဒီထက်ပိုကောင်းတဲ့ ပုံစံမြင်ရမှာ သေချာတယ်။
လီဂူးမှာ ခြေစွမ်းပြနေခဲ့ပြီးနောက် သူ့ကို ကြေးကြီးပေးပြီး ယူနိုက်တက်က ခေါ်ခဲ့ရတာပါ။ ရောက်ရောက်ချင်းပဲ ဒဏ်ရာရသွားလို့ မကစားရပေမယ့် အခု ပွဲကစားခွင့်တွေ အများကြီးရလာပြီး အားကိုးရမယ့် ပုံစံမျိုးကို ပြသနေပါပြီ။

image

အချင်းချင်းတွေပဲ ကူညီရမှာပေါ့

image