နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image

`` ရခိုင် ရှောက်သီးသုပ် ´´

ရခိုင်ရှောက်သီးသုပ်နည်းကို မရေးခင် ရှောက်သီးအကြောင်းကို အရင်ပြောပါမယ် ...........

ရခိုင်က ရှောက်သီးဟာ ရန်ကုန်နဲ့ တခြားနေရာတွေက ရှောက်သီးနဲ့ မတူပါဘူး ...... ရခိုင်က ရှောက်သီးဟာ အလုံးအရွယ်အစားကော ၊ အတွင်းက အချဉ်အိတ်လေးတွေပါ ကြီးပါတယ် ........ ချဉ်တာလည်း ချာတူးလန်အောင် ချဉ်ပါတယ် ...........

ကဲ သုပ်နည်းကို ရေးပါတော့မယ် ...........

ရှောက်သီးကို သေချာအခွံခွါပြီး ရေထဲ စိမ်ပေးထားပါ ... (ဒါတော့ အားလုံးသိပြီးသားနေမှာပါ )

ငရုတ်သီးအခြောက် ၊ စိမ်းစားငပိကို ညက်အောင် သေချာထောင်းပါ ...... ဝမ်းလျှောဝမ်းနာမဖြစ်အောင် ငရုတ်ကောင်းထည့်ပေးပါ .... ရှောက်သီးရဲ့ အချဉ်ဓါတ်ကိုထိမ်းအောင် ကန်စွန်းရွက်ပါးပါးလှီးထည့်ပေးရမှာပါ ..... ပြီးရင်တော့ အချို ၊ အငန် လိုသလောက် ထည့်ပြီး အကုန် ရောနယ်ပေးရုံပါပဲ .........

ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ ရခိုင်ရှောက်သီးသုပ်ရပါပြီတဲ့ရှင် ...........

အားလုံးကို ကျေးဇူးပါ .................

Credit : အစားအစာကမ္ဘာ

image
1 y - Translate

❛ ကူလီ ❜
_ _ _ _ _ _ _

ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြ‌ထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။

image
1 y - Translate

မင်းကလွဲပြီး အားလုံးကို
ငါမေ့နိုင်ခဲ့ပါတယ်
အားလုံးကလွဲပြီး ငါ့ကို မေ့သွားတဲ့ မင်း
အဆင်ပြေပါရဲ့လား ။
နွေသစ်ငြိမ်း - နွေဦးဘူတာ

image
1 y - Translate

Santaman (2022)

ပူလောင်ခြင်းတွေမပါဘဲ ငယ်ဘဝကာတွန်းကား အနှစ်သာရကို ခံစားချင်ပါသလား မိတ်ဆွေ... အဲ့ဒါဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲနော်... ဇာတ်လမ်းအကျဥ်း ခရစ္စမတ်တိုင်းရဲ့ ဇာတ်လိုက်ကျော် ဆန်တာကလော့စ်ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်ထုတ်တွေပို့ရင်း သူ့ရဲ့ လက်ဆောင်အိတ်ကို သူခိုးတွေ လုတာခံလိုက်ရပါတယ်။
ထာဝရအသက်ရှင်နေသမျှ ကာလပတ်လုံး လူကောင်းတွေအတွက် လက်ဆောင်တွေကို နှစ်စဥ်ပို့နေပေမယ့် လူဆိုး အမည်ပျက်စာရင်းဝင်တဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တာမို့ အားမလိုအားမရဖြစ်နေတာပေါ့။ အဲ့လိုနဲ့ ဆန်တာတစ်ယောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် အလုပ်တွေကြိုးစားပါတော့တယ်။
ဒါပေမဲ့ တခြားတစ်ဖက်မှာ ဆန်တာရဲ့ထာဝရအသက်ရှင်နိုင်စွမ်းကိုလိုချင်နေတဲ့လူဆိုးတစ်ယောက်ရှိနေပြန်တယ်။ လူဆိုးရဲ့ ရည်ရွယ်ချက်အထမြောက်သွားနိုင်မလား...? ဆန်တာကို ဘယ်သူတွေကူညီကြမလဲ...? လူဆိုးကရော ဘယ်သူလဲ...? ကဲ... ဆျာဘတ်ဗားရှင်း ဆန်တာမန်းကို ခံစားကြည့်ရှုကြပါဦး...

🌼🌸 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🌸🌼 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1547

image
1 y - Translate

"အဝေးကြီးပဲနော်"
လက်ဖျားလေးကို ထိတွေ့ဖို့ အဝေးကြီး
နဖူးထိပ်ကလေးကို ထိတွေ့နိုင်ဖို့ အဝေးကြီး
နားရွက်ဖျားကလေးကို နမ်းဖို့ အဝေးကြီး
မေးဖျားလေးကို ခပ်ဖွဖွထိဖို့ အဝေးကြီး
အချစ်ကလေးရေ ကိုယ်နဲ့မင်းဟာ အဝေးကြီး။ ။
#နိုရှီ

image
1 y - Translate

❛ မင်းတို့ဟာ အချစ်ကို
ကုန်ပစ္စည်းတစ်ခုလောက်သာ
သဘော ထားကြတာပါ အေးမရာ။
အမြတ်ရရင် ပစ္စည်းကို ရောင်းမယ်။
ဒိထက် အမြတ်ရရင် အဲဒီ အမြတ်
ပေးတဲ့လူကို ရောင်းတာပဲ မဟုတ်ဘူးလား။
မှောင်ခိုလုပ်တဲ့နေရာမှာတော့
အောချလောက်ပါတယ်။
ပစ္စည်းတင်မကဘူး၊
အချစ်ကိုတောင် မှောင်ခိုလုပ်ကြတယ် ❜

_ _ _ _ _ _ _ _
❛ မာယာဘုံ ❜

▫️မြသန်းတင့်▫️

image
1 y - Translate

သီအိုရီတစ်ခု
ကမ္ဘာတစ်ဖက်မှာ လူနှစ်ယောက်
ရယ်မောသံတွေ လွှမ်းနေရင်
ကမ္ဘာတစ်ဖက်မှာ
လူတစ်ယောက် အရက်နာကျပြီး
နွမ်းကျေနေမယ် ။
#ဂန္ဓမာ

image
1 y - Translate

Suspiria (2018)

၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။
၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။
IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။
မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို
Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။
Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။
ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့
အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် စာတန်းထိုးအခက်အခဲရှိသည်ကို ကြိုတင်၍ မေတ္တာရပ်ခံပါရစေ။
အမေရိကားပြည် အိုဟိုင်းယိုးကနေ ရောက်လာတဲ့ အကမယ်လေး ဆူဆန်နာ ဘန်နီယွန်ဟာ ၇၀ပြည့်နှစ် ဘာလင်မှာ အရှိန်အဝါကြီးတဲ့ ဟယ်လင်နာမားကို့စ် အကကုမ္ပဏီကို ဝင်ခဲ့ပါတယ်။
ကုမ္ပဏီကြီးဟာ သွေးရိုးတန်းရိုးနာမည်ကြီးနေတာမျိုးမဟုတ်ဘဲ Balletအကနဲ့ Comtemporaryအကရောထားတဲ့ အရိုင်းဆန်တဲ့ ကကွက်မျိုးနဲ့ ဖျော်ဖြေတင်ဆက်တဲ့ ကုမ္ပဏီကြီးပါ။
ဆူဆန်နာ(ဆူဇီ)ရောက်ပြီး သိပ်မကြာခင်မှာပဲ နဂိုရှိတဲ့အကမယ် ခေါင်းဆောင်ဟာ အကနည်းပြနဲ့ ကုမ္ပဏီအကြီးအကဲတွေကို စုန်းကဝေတွေအဖြစ် စွပ်စွဲပြီး နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ပါ တယ်။
သူ့ရှေ့မှာလည်း တခြားပျောက်သွားဖူးတဲ့ အကမယ်တွေရှိနေတဲ့အခါ ဆူဇီနဲ့ သူငယ်ချင်းဖြစ်သူ ဆာရာတို့ မားကို့စ်ကုမ္ပဏီကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြရင်း အော့နှလုံးနာဖွယ်၊ ရွံစရာကောင်းတဲ့ အဖြစ်မှန်ကြီးကို သိရှိလိုက်ရတဲ့အခါ….

ဇာတ်ကားလင့်
https://t.me/c/2222390798/206

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
1 y - Translate

မပျော်ရပါဘူးကွာ
ငိုခဲ့ရတယ်
မင်းတို့​ပြောပြောနေတဲ့ ချစ်ခြင်းမေတ္တာတွေကလေ။
#ဘုန်းမင်းနွေး

image