47 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မတ်လအတွက် သင့်တင့်မျှတသော ဆန်ရည်ညွန်းဈေးနှုန်းများ ထုတ်ပြန်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနကထုတ်ပြန်သည့် ၂ဝ၂၅ ခုနှစ် မတ်လအတွက် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်း (Reasonable Market Price)များကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရည်ညွှန်းဆန်ဈေးနှုန်းသတ်မှတ်ချက်အရ ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန်တစ်အိတ် ကျပ် ၆၈ဝဝဝ၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၇၅ဝဝဝ၊ ၁၅ မှတ်ဆန်တစ်အိတ်ကျပ် ၇၃ဝဝဝ၊ ၁၅ မှတ်ဆန်ပြည်ပတင်ပို့မည့် ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၇၈ဝဝဝ၊၁ဝ-၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၅ဝဝဝ၊ ၁ဝ-၅ မှတ်ဆန် ပြည်ပတင်ပို့မည့်ကီလိုဂရမ် ၅ဝ တစ်အိတ် ကျပ် ၈ဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
ပြည်တွင်းစားဆန်အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၄ဝဝဝ နှင့် ၉၉ဝဝဝ သတ်မှတ်ထားပြီး ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်အသွေးအသင့်တင့်ရှိသော ဆန်အမျိုးအစားနှင့် စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကို ယခင်အတိုင်း သတ်မှတ်ထားကြောင်း သိရသည်။
ဈေးအရောင်းစင်တာ(Super Market, Mini Market) များတွင် Consumer Packaging ဖြင့်ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကို နိုဝင်ဘာလအတိုင်းသတ်မှတ်ပေးထားပြီး ဈေးကွက်အတွင်း ရောင်းချရာတွင် ဖော်ပြပါသင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက် မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။
လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် ဈေးနှုန်းပိုမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းတို့အပေါ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေသတ်မှတ်ပေးဆောင်စေခြင်း စသည့်ထိရောက်စွာအရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များမှအလေးအနက်ထား၍ လိုက်နာ ဆောင်ရွက်ရန် အသိပေးတိုက်တွန်းထားကြောင်း သိရသည်။

image
47 w - Translate

Podcast အစီအစဥ် မှ ၂၀၀၉ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နဲ့ ပတ်သက်ပြီး ပီကေးရဲ့ ပြန် ပြောစကား…

image
47 w - Translate

Sathorn Unique Tower သို့မဟုတ် "တစ္ဆေတာဝါ" လို့ လူသိများတဲ့ ဒီအဆောက်အအုံကြီးဟာ ဘာကြောင့် ဒီလိုအခြေအနေမျိုး ရောက်ရှိခဲ့ရတာလဲ....?
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Chao Phraya မြစ်ကမ်းဘေးက Sathorn Unique Tower ဟာ တစ်ချိန်က ကြီး ကျယ်ခမ်းနားမယ့် အိပ်မက်တစ်ခု ဖြစ်ခဲ့ပေမယ့်၊ အခုတော့ မပြီးဆုံးသေးတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။
ထိုင်းဘာသာနဲ့ "Sathorn Unique" လို့ အမည်ရတဲ့ ဒီမိုးမျှော်တိုက်ကြီးဟာ ၁၉၉၀ ခုနှစ်များအစောပိုင်းမှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်နဲ့အတူ အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တဲ့ ဇိမ်ခံကွန်ဒိုမီနီယံ စီမံ ကိန်းတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၉၇ ခုနှစ် အာရှငွေကြေးအကျပ်အတည်းရဲ့ ရိုက်ခတ်မှုကြောင့် ဒီအဆောက်အအုံကြီးဟာ ဆောက် လုပ်မှု မပြီးဆုံးခင်မှာပဲ ရပ်တန့်သွားခဲ့ပြီး၊ ယနေ့အချိန်အထိ "တစ္ဆေတာဝါကြီး" လို့ နာမည်တွင်ခဲ့တဲ့အထိ စွန့်ပစ်ခံဘဝနဲ့ ရပ်တည်နေရပါတယ်။
Sathorn Unique Tower ကို ထင်ရှားတဲ့ ဗိသုကာပညာရှင်နဲ့ အိမ်ခြံမြေလုပ်ငန်းရှင် Rangsan Torsuwan က ဒီဇိုင်းရေးဆွဲခဲ့တာပါ။ အထပ်ပေါင်း ၄၉ ထပ်ပါဝင်ပြီး ဇိမ်ခံတိုက်ခန်းပေါင်း ၆၀၀ ကျော်၊ ဆိုင်ခန်းတွေနဲ့ အခြားသော ခေတ်မီအဆောက်အအုံတွေ ပါဝင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး အဲ့ဒီအချိန်က ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်နေချိန်ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိခဲ့ပါတယ်။
အဆောက်အအုံရဲ့ ဒီဇိုင်းဟာ ထူးခြားပြီး ခံ့ညားထည်ဝါလှပါတယ်။ Neo-Grecian ပုံစံ (ဂရိခေတ်သစ်ပုံစံ) မျိုးဖြစ်ပြီး ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာတစ်ခု ဖြစ် လာဖို့အထိ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
အပေါ်ဆုံးအထပ်တွေမှာ ရေကူးကန်၊ အားကစားခန်းမနဲ့ အခြားသော ဇိမ်ခံအသုံးအဆောင်တွေ ပါဝင်မှာဖြစ်ပြီး Chao Phraya မြစ်ရဲ့ ရှုခင်းတွေကို အပေါ်စီးကနေ ခံစားနိုင်မှာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ အာရှတစ်ခွင်မှာ ငွေကြေးအကျပ် အတည်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
ထိုင်းဘတ်ငွေတန်ဖိုးဟာ အကြီးအကျယ် ထိုးကျသွားပြီး စီးပွားရေးလုပ်ငန်းများစွာ ဒေဝါလီခံခဲ့ရပါတယ်။ ဒီအကျပ်အတည်းဟာ Sathorn Unique Tower ရဲ့ ဆောက် လုပ်ရေးကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။
စီမံကိန်းအတွက် ငွေကြေးထောက်ပံ့မှုတွေ ရပ်တန့်သွားပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း အပြီးသတ်နိုင်ခြင်း မရှိတော့ပါဘူး။ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့ ငွေကြေးတွေကို ပြန်လည်ထုတ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် အခြေအနေက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
အဆောက်အအုံရဲ့ ၈၀% ခန့် ပြီးစီးခဲ့ပေမယ့်လည်း ငွေ ကြေးပြဿနာတွေကြောင့် ဆက်လက်ဆောက်လုပ်နိုင်ခြင်း မရှိတော့ဘဲ စွန့်ပစ်ခံဘဝကို ရောက်ရှိခဲ့ရပါတယ်။
Sathorn Unique Tower ဟာ ဆောက်လုပ်မှု မပြီးဆုံးခင်မှာပဲ ရပ်တန့်သွားခဲ့ရပြီးတဲ့နောက်မှာတော့ တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာခဲ့ပါတယ်။ အဆောက်အအုံအတွင်းပိုင်းမှာ ရေတွေစိမ့်ဝင်မှု၊ အမှိုက်သရိုက်များ စုပုံလာမှုနဲ့အတူ သဘာဝတရားရဲ့ ဖျက်ဆီးမှုကို ခံနေရပါတယ်။
ဒေသခံတွေရဲ့ ပြောစကားအရ ဒီအဆောက်အအုံကြီးဟာ သရဲခြောက်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ် လာခဲ့ပါတယ်။ အဆောက်အအုံအတွင်းမှာ မကျွတ်မလွတ်တဲ့ ဝိညာဉ်တွေ ရှိနေတယ်လို့ ယုံကြည်ကြပြီး ညဘက်တွေမှာ ထူးဆန်းတဲ့ အသံတွေ ကြားရတယ်လို့ ဆိုကြပါတယ်။
ဒီလိုကောလဟာလတွေကြောင့် Sathorn Unique Tower ဟာ "Ghost Tower" လို့ နာမည်တွင်လာပြီး သရဲအကြောင်းစိတ်ဝင်စားသူတွေ၊ ဓာတ်ပုံဆရာတွေနဲ့ စွန့်စားရှာဖွေသူတွေရဲ့ အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။
Sathorn Unique Tower ဟာ လက်ရှိအချိန်မှာ ပုဂ္ဂလိကပိုင် အဆောက်အအုံတစ်ခုဖြစ်ပြီး အများပြည်သူ ဝင်ရောက်ခွင့်ကို တရားဝင် ပိတ်ပင်ထားပါတယ်။
အဆောက်အအုံရဲ့ ပိုင်ရှင်ဖြစ်သူ Pansit Torsuwan (Rangsan Torsuwan ရဲ့ သား) ဟာ အဆောက်အအုံကို ပြန်လည်အသက်သွင်းဖို့ ဒါမှမဟုတ် ရောင်းချဖို့ ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။
ပြန်လည်မွမ်းမံဖို့အတွက် ကုန်ကျစရိတ်က ကြီးမြင့်လွန်းတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားမှု နည်း ပါးနေပါတယ်။
တစ်ဖက်မှာလည်း အဆောက်အအုံကို ဖြိုချဖို့အတွက်ကလည်း စရိတ်စက ကြီးမြင့်တာကြောင့် ဒီအတိုင်းပဲ ဆက် လက်စွန့်ပစ်ထားဖို့က ပိုများနေပါတယ်။
Sathorn Unique Tower ဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အိပ်မက်တစ်ခုရဲ့ သင်္ကေတဖြစ်ခဲ့ပေမယ့် ငွေကြေးအကျပ်အတည်းကြောင့် အကောင်အထည် မဖော်နိုင်ခဲ့တဲ့ အဆောက်အအုံတစ်ခုအဖြစ် ရပ်တည်နေရပါတယ်။
တစ္ဆေတာဝါကြီး အဖြစ် နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဒီအဆောက်အအုံဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာဖြစ်ပြီး၊ သူ့ရဲ့ အနာဂတ်ကတော့ မရေမရာမှုတွေနဲ့ ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။
#knowledge

image
47 w - Translate

xynos 1580 chipset သုံး ဒေါ်လာ ၅၀၀ တန် Galaxy A56 ထွက်ရှိ
၆ နှစ် Update ပေးတဲ့ Upper Mid-range တန်း Samsung ဖုန်း ထွက်လာပါတယ်။
Galaxy A56 သစ်က ဒီဇိုင်း ၊ specs အကုန် flagship ဆန်တဲ့ အလတ်တန်းစားဖုန်း လို့ ပြောနိုင်ပါတယ်။ ဖုန်းအထူ ၇.၄ မီလီမီတာနဲ့ လာလို့ အရင်မော်ဒယ်ထက် ပိုပါးပါတယ်။ bezel လေးဖက်လုံး ပိုပြီး ပါးလာသလို ကင်မရာ island ကလည်း redesigned ဖြစ်လာပြီး ပိုလှလာပါတယ်။
ဒီဖုန်းက Samsung ရဲ့ Exynos 1580 chipset နဲ့ လာတဲ့ ပထမဆုံးဖုန်းပါ။ Exynos 1580 SoC က 2.9GHz CPU အမျိုးအစားဖြစ်လို့ အရင် Galaxy A55 ထက် CPU performance ၁၈% ပို မြန်ပါတယ်။ ဒီ chipset နဲ့အတူ AMD RDNA 3 architecture ပေါ် အခြေခံထားတဲ့ Xclipse 540 GPU နဲ့ တွဲပေးထားတာပါ။
screen size ၆.၇ လက်မရှိတဲ့ ဒီဖုန်းက FHD+ ရုပ်ထွက်နဲ့ Gorilla Glass Victus+ မှန်ကာထားပြီး 1200nit HBM တောက်ပမှု ပါပါတယ်။ ကင်မရာပိုင်းမှာ Galaxy A56 က အရင်မော်ဒယ်နဲ့ ထူးမခြားဆိုပေမယ့် AI ဓါတ်ပုံနည်းပညာတွေနဲ့ အဆင့်မြှင့်လာတာ ဖြစ်လို့ ရုပ်သေ still image နဲ့ ဗွီဒီယိုတွေကို low-light ရိုက်ချက်ကောင်းကောင်းနဲ့ ရိုက်နိုင်တော့မှာပါ။
ကင်မရာတွေကိုတော့ ရှေ့ဘက် 12MP Selfie နဲ့အတူ ကျောဘက် 50MP f/1.8 aperture ၊ 12MP f/2.2 Ultrawide lens နဲ့ 5MP f/2.4 macro camera တွေ သုံးထားပါတယ်။ Galaxy A55 ကင်မရာအတိုင်း ဖြစ်ပေမယ့် main ကင်မရာနဲ့ ultrawide ကင်မရာအကြား zoom ရိုက်ချက်တွေက အရင်ထက် speed နှစ်ဆ မြန်လာမယ်လို့ ဆိုပါတယ်။
Galaxy A56 ကို 5000mAh ဘက်ထရီနဲ့ မောင်းထားပြီး ၆၈ မိနစ်အတွင်း အားအပြည့်အသွင်းနိုင်တဲ့ 45W wired charging ပေးထားပါတယ်။ Galaxy A56 ကို Android 15 သုံးထားတဲ့ One UI 7.0 နဲ့ ဖြန့်ချိထားပြီး Samsung က ဒီဖုန်းမှာ OS နဲ့ Security Update ၆ နှစ်စီ ပေးထားတာပါ။
Samsung Galaxy A56 ကို Graphite Gray , Light Gray , Olive , Pink လေးရောင်နဲ့ လာပြီး 8/128GB ဗားရှင်းကို ၄၉၉ ဒေါ်လာကနေ စပြီး ရောင်းချသွားမှာပါ။

image

#fashion

#cute

မနက်ခင်း အာဆင်နယ်ပရိတ်သတ်များအတွက် နားဆင်စရာ

47 w - Translate

းထပ်ကွမ်းစည်သူလွင်ဖြစ်ဖို့အတွက် သေချာသလောက်ဖြစ်လာတဲ့ အာဆင်နယ်တို့ဟာ အတိတ်မှာ တုန်းကလည်း သုံးနှစ်ဆက်ဒုတိယနေရာကို ရရှိခဲ့ဖူးပါသေးတယ်။
ဒီနှစ်ရာသီမှာလည်း အာကြီးတို့က ဒုတိယအဖြစ်နဲ့သာ အဆုံးသတ်ဖို့အတွက် အခြေအနေများနေပြီး အမှန်သာဖြစ်လာခဲ့ရင် သမိုင်းမလှတဲ့စံချိန်ကို တစ်ကျော့ပြန်လိုက်မှီနိုင်တော့မှာပါ။

image
47 w - Translate

“ကျွန်တော် မထွက်ခင်မှာ နည်းပြပပ်ဂွာဒီယိုလာ နဲ့ နောက်ဆုံးစကားပြောခဲ့တုန်းက အချိန်ကိုတော့ ဘယ်တော့မှကို မေ့မှာမဟုတ်ဘူး။

သူပြောတာက ဒီနှစ်တွေအတွင်း မင်းက ငါတို့ကို အရာအလုံးပေးဆပ်ကစားခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်ကွာ၊ ဖလားတွေအများကြီး ရခဲ့တယ်။

မင်းက ငါတို့အတွက် ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ဘူး၊ ကလပ်အသင်းကိုလည်း ဒုက္ခမပေးခဲ့ဘူး၊ ဘာမှမဖြစ်ခဲ့ဘူး။ မင်းကအကောင်းဆုံးတွေကိုပဲ အမြဲတမ်းပေးခဲ့တာပါ ဆိုပြီးပြောခဲ့တာပါ။"

-အဲဗာရက်

image
47 w - Translate

Software Update ၆ နှစ်အထိ ရမယ့် Galaxy A Series အသစ်တွေ

Samsung ကနေ Galaxy A Series အသစ်တွေဖြစ်တဲ့ Galaxy A56, A36 နဲ့ A26 တို့ကို မနေ့က မိတ်ဆက်ခဲ့ပါပြီ။ Spec+ တွေအရင်မပြောခင် Samsung ကတော့ Galaxy A Series မှာလည်း Software ပိုင်းကို upgrade လုပ်လာတာပါ။ A Series မော်ဒယ်အသစ်တွေအကုန် OS နဲ့ Security Update ကို ၆ နှစ်အထိ သုံးနိုင်မှာပါ။ ဒါတင်မကသေးပဲ Flagship Series ဖြစ်တဲ့ S25 Series ရဲ့ AI Feature အချို့ကိုပါ သုံးနိုင်ဦးမယ်လို့ ဆိုပါတယ်။

image