Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
" Ghost Mother " (2007)
ဇာတ်လမ်းအကျဥ်း
ရဲအတွက်အလုပ်လုပ်ပေးတဲ့ အစ်ကိုဖြစ်သူချိုင် အသတ်ခံရပြီးနောက် သူ့သားသမီး သုံးယောက်ကို ညီမဖြစ်သူနန်က အမေတစ်ယောက်လိုစောင့်ရှောက်ပေးရပါတယ်။
တစ်နေ့မှာတော့ လူဆိုးအဖွဲတွေက သူ့အစ်ကိုနဲ့ပတ်သတ်ပြီး တစ်ခုခုသိထားမယ်အထင်နဲ့ နန်ကိုပြန်ပေးဆွဲပြီး လက်လွန်ပြီး နန်ကိုပါသတ်မိလိုက်ပါတယ်။
နန်သေပြီးတဲ့နောက် ဘယ်သူ့ကိုမှ သူသေပြီမှန်းမသိစေပဲ တူလေးတူမလေးတွေကို စိတ်စွဲလမ်းမှုကြောင့် မကျွတ်လွတ်နိုင်ဖြစ်ပြီး အိမ်မှာပဲ သူတိုကိုစောင့်ရှောက်ပေးခဲ့ပါတယ်။ တစ်နေ့မှာ တူလေးတူမလေးတွေ ကိုယ့်ဒေါ်လေးသေသွားမှန်းသိရင် ဘယ်လောက်ဝမ်းနည်းပြီးရင်နာလိုက်မှာလဲ။ နန်ကသူ့ကိုသတ်တဲ့ တရားခံတွေကို လက်စားပြန်ချေနိုင်မလားဆိုတာဆက်ကြည့်ကြရအောင်...
#ပြည်တွင်းသတင်း
◼မဲဆောက်ရှိရွှေဆိုင်တစ်ဆိုင် ထိုင်းဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရွှေဆွဲကြိုးများလုယက်ခံရ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အမည်မသိအမျိုးသားတစ်ဦးက ရွှေဆိုင်တစ်ဆိုင်မှ ထိုင်းဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိရွှေဆွဲကြိုးများ လုယက်သွားခဲ့ကြောင်း Bangkok Post သတင်းဌာနက ယမန်နေ့(မတ် ၃ ရက်) တွင် ဖော်ပြသည်။
မတ် ၂ ရက်ည ၇ နာရီခန့်တွင် မဲဆောက်ခရိုင် Lotus စျေးဝယ်စင်တာရှိ Orasa 5 ရွှေဆိုင် ထဲသို့ အမျိုးသားတစ်ဦးဆိုင်ကယ်ဦးထုပ်ဆောင်ကာ သေနတ်တစ်လက်ဖြင့် ဝင်ရောက်လာပြီး ဘတ် ၄ ဒသမ ၇ သန်းတန်ဖိုးရှိ ရွှေဆွဲကြိုးများ လုယူသွားခဲ့ကြောင်း အဆိုပါသတင်းဌာန ဖော်ပြချက်အရ သိရသည်။
အဆိုပါရွှေဆွဲကြိုးများကို လုယက်သွားသူအမျိုးသားသည် အသက်(၃၀) ဝန်းကျင်အရွယ်ရှိပြီး အရပ် ၅ ပေ ၆ လက်မခန့်ရှိကြောင်း၊ ရွှေဆိုင်ဝန်ထမ်းများကိုသေနတ်ပြကာ ရွှေဆွဲကြိုးများယူပြီးနောက် ပြန်လည်ထွက်သွားခဲ့ကြောင်း CCTV မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က မဲဆောက်မြို့၌ စုံစမ်းစစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်လျက်ရှိ သောကြောင့် မဲဆောက်မြို့အတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားများ သတိပြုသွားလာကြရန် ထိုင်းရောက်မြန်မာများက လူမှုကွန်ရက်တွင်ရေးသားပြောဆိုထားကြသည်။
သတင်း- နေသစ်ဦး
The Haunting in Connecticut (2009)
အိမ်ရဲ့ နံရံထဲမှာ အလောင်းတွေ အများကြီးအထပ်လိုက်ပဲ အဲ့ထက် ထူးဆန်းတာကသူတို့ ခန္ဓာကိုယ်ပေါ်မှာ စာတွေ အပြည့်ရှိနေတာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ရဲ့ ကြောက်စရာ အကောင်းဆုံးအချက်ကဘာလဲ???
ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာပါ။ဒီရုပ်ရှင်ထဲက အိမ်က အမေရိကားမှာ တကယ်ရှိပါတယ်။
ဒီလို ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ဟော်ရာကားတွေက ပုမှန်ထက် ပိုကြောက်ဖို့ ကောင်းတာဖြစ်လို့ မကြည့်ရသေးရင် ဒီညကြည့်လိုက်ပါနော်။
တာချီလိတ်မြိုတွင် ငွေကျပ်သိန်း ၁,၃၂၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ
******************
(မှုခင်း) မတ်လ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၁,၃၂၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း သိရသည်။မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်းတွင် နိုင်ကိုဦး မောင်းနှင်ပြီး မနန်းကူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်း ဆေးဝါး Happy Water အလေးချိန် ၁.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၁,၃၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ မနန်းရှဲန်ဟောင် အား ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် နိုင်ကိုဦး ၂၃ နှစ်၊ မနန်းကူ(၂၂)နှစ် နှင့် မနန်းရှဲန်ဟောင်(၂၈)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင် သိရသည်။