အိပ်ခါနီးဆို မနက်ဖန်ဘယ်အချိန်လာမလဲ စဉ်းစားရတာ သောက်လုပ်တခု..... နင်တို့လည်း တော်တော်ဒုက္ခပေးတယ်နော်
#epc
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိပ်ခါနီးဆို မနက်ဖန်ဘယ်အချိန်လာမလဲ စဉ်းစားရတာ သောက်လုပ်တခု..... နင်တို့လည်း တော်တော်ဒုက္ခပေးတယ်နော်
#epc
ပေါ်တူဂီရဲ့အကောင်းဆုံးကစားသမား မဟုတ်တော့ဘူးဆိုတဲ့ ဝေဖန်သံတွေအပေါ် စီရော်နယ်လ်ဒို တုံ့ပြန်
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
အယ်လ်နာဆာအသင်းနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ခြေစွမ်းအပေါ် ဝေဖန်သူတွေကို Instagram မှာ Post တင်ပြီးတော့ ထိထိမိမိ တုံ့ပြန်ခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ မနှစ်က အယ်လ်နာဆာအသင်းနဲ့အတူ ဆော်ဒီလိဂ်ကို ခြေချခဲ့ပြီး ၂ ရာသီအတွင်းမှာပဲ ၅၉ ပွဲကစား၊ ၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မကြာသေးခင်က အယ်လ်တိုင်ကို ၅-၁ ဂိုးနဲ့အနိုင်ရတဲ့ ဆော်ဒီလိဂ်ပွဲမှာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ၆၄ ကြိမ်မြောက် ဟက်ထရစ် သွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာဗျူးတစ်ခုမှာ ဘောလုံးပွဲသုံးသပ်တဲ့နေရာမှာ ဆရာကြီးဖြစ်တဲ့ အန်ဒီဘရပ်ဆဲလ်က စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့အကောင်းဆုံးကစားသမား မဟုတ်တော့ဘဲ လက်ရွေးစင်အသင်းမှာ အိမ်ဖြည့်အဆင့်လောက်သာရှိတော့တယ်လို့ လှောင်ပြောင်ဝေဖန်ခဲ့ပါတယ်။
talkSPORT အားကစားရေဒီယိုနဲ့အင်တာဗျူးမှာ အန်ဒီဘရပ်ဆဲလ်က "စီရော်နယ်လ်ဒိုဟာ လက်ရွေးစင်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာတော့ဘူးဆိုတာ နားလည်သဘောပေါက်ပုံရပြီး တချို့ပွဲမှာ ပွဲထွက်ခွင့်ရမယ်၊ တစ်ခါတလေကျရင် အရန်အဖြစ်သာ ကစားရမယ်ဆိုတာ အခုကတည်းက လက်ခံထားရမှာပါ . . ."
"လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကဆိုရင် စီရော်နယ်လ်ဒိုကို ဝေဖန်မိတဲ့သူဟာ မကောင်းဆိုးဝါးတစ်ကောင်လို အကြီးအကျယ်ဝေဖန်ခံရမှာဖြစ်ပေမဲ့ အခုအချိန်မှာတော့ ပေါ်တူဂီရဲ့အကောင်းဆုံးကစားသမားက ဘာနာဒိုဆေးလ်ဗားဖြစ်နေပြီဆိုတာ လူတွေက နားလည်လက်ခံလာကြပြီလို့ ကျွန်တော်ထင်ပါတယ်"ဆိုပြီး ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုက ဝေဖန်သံတွေကို ဂရုမစိုက်ဘဲ သူ့ရဲ့ Instagram မှာ အောင်ပွဲခံဓာတ်ပုံနဲ့အတူ 'ငါတို့တွေ ဘာလုပ်ပြနိုင်လဲဆိုတာ သိကြပြီမဟုတ်လား . . ခမ်းနားတဲ့ နိုင်ပွဲနဲ့အတူ ဟက်ထရစ်လည်း ရယူနိုင်ခဲ့ပါတယ်'လို့ Post တင်ခဲ့ပါတယ်။
အဲဒီ Post အောက်မှာ စီရော်နယ်လ်ဒိုပရိသတ်တွေကလည်း သူတို့ရဲ့ Idol ကြီးကို ဂုဏ်ပြုခဲ့ကြပြီး 'The GOAT' ၊ 'ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးသမား'၊ 'ငါတို့ရဲ့ GOAT ကြီးကို ဘယ်တော့မှ အထင်မသေးပါနဲ့'လို့ Comment တွေ ရေးသားခဲ့ပါတယ်။
#goal 4U
#လေးစားစွာဖြင့်creditပေးပါသည် 🙏🙏🙏