2 yrs - Translate

ဆယ်စုနှစ်တစ်ခုကျော်ကျော်လောက် Ronaldo နဲ့ Messi ယှဉ်လာလိုက်တာ ခုဆို Messi က Ronaldo ထက်ပိုကောင်းတာ လူတော်တော်များများလက်ခံလာကြပါပြီ။
ဒါပေမဲ့ဗျာ Messi နဲ့ ဆယ်နှစ်ကျော်ထိ တန်းတူယှဉ်ရပ်နိုင်ဖို့၊ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ အမြဲရပ်တည်နိုင်ဖို့ ပိုကြိုးစားခဲ့ရသူက Ronaldo ပါ။ "ဒါဆို Messi က မကြိုးစားပဲနဲ့အောင်မြင်မှု ရလာတာပေါ့" လို့ မေးခွင့်ရှိပါတယ်။ကျနော့်မှာလည်း အဖြေရှိလို့ပါ။ ခင်ဗျားတို့ကြုံဖူးလားတော့မသိဘူး။ ကျနော်ငယ်ငယ်က နှစ်မျက်နှာလောက်ရှိတဲ့ စာတစ်ပုဒ်ကို ၂နာရီလောက် ကျက်နေရချိန် အဲ့တစ်ပုဒ်ကိုပဲ ၁နာရီလောက်ကြည့်ရုံနဲ့ ရသွားတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိဖူးတယ်ဗျ။ ပါရမီပါတယ်ပြောရမှာပေါ့။ Messi က အဲ့လိုလူမျိုးဗျ။ သူများတွေခက်ခက်ခဲခဲ လုပ်နေရတာကို အသာယာလေးလုပ်ပြသွားတာမျိုး။ Ronaldo ၂နာရီလောက်ကျက်နေရတာကို Messi က ၁နာရီလောက်နဲ့ အရကျက်နိုင်တာမျိုး။ အံ့ဩစရာကောင်းတာက ဆရာမဆီ စာပြိုင်ပြီဆို Messi ရသလောက် Ronaldo ရနေတတ်တာပဲ။ Messi ၃ပုဒ်ရရင် Ronaldo ၃ပုဒ်ရတယ်။ (Messi ၃ဂိုးသွင်းရင် Ronaldo ၃ဂိုးလိုက်သွင်းတတ်တာ။) ဆိုလိုတာက Messi ၃နာရီအချိန်ပေးရင် Ronaldoက ၆နာရီ အချိန်ပေးဖို့ ဝန်လေးမနေဘူး။ တကယ်ကို သူ့ထက် နည်းနည်းလေးသာမှာ မလိုလားတဲ့သူမျိုး။ ကျနော်ပြောတာ သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ပိုကြိုးစားရသူက Ronaldo ပါ။

နောက်တစ်ခုက စိတ်နေစိတ်ထား...
တစ်နေ့ သတင်းထောက်က Messi ကိုမေးတယ်ဗျ။ "ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလို့ထင်လဲ၊ ခင်ဗျားလား.. Ronaldoလား?" Messi က ဒီလိုပြန်ဖြေပါတယ်။ "ပုရိတ်သတ်ကိုပဲမေးကြည့်ပါ။ကျနော်ဆုံးဖြတ်လို့မရပါဘူး။ပုရိတ်သတ် ဆုံးဖြတ်တာကို လက်ခံရမှာပါ။" အတော်လေး လိမ္မာပါးနပ်တဲ့အဖြေပါ။ Messi ကိုလည်း ချီးကျူးပါတယ်။
အဆိုပါမေးခွန်းကိုပဲ Ronaldo ကိုမေးတဲ့အခါမှာတော့ "ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားက ဘယ်သူလို့ထင်လဲ"၊ "ကျနော်ပါ။"
ဟာ ဘာလဲပေါ့?? ခင်ဗျားသူ့အဖြေကိုကြားပြီး ဒီကောင် ဘဝင်မြင့်တယ် ထင်ရင် ထင်သွားနိုင်ပါတယ်။ ကျနော်လည်း ထင်ခဲ့တယ်ဗျ။ ဒါပေမဲ့ ကျနော်မှားတယ်ဗျာ။ အဲ့တာ ဘဝင်မြင့်တာမဟုတ်ဘူး.. တော်ရုံတန်ရုံလူ တွေးတောင်မတွေးဝံ့တဲ့ self-confidence ကြီးဗျ။ ချာတိတ်လေးဘဝ United မှာ ကစားစဉ်ကတည်းက "Who is the best player in the world?"လို့ ဘယ်အချိန်ထမေးမေး "ME!!"လို့ ဖြေရဲတဲ့ self-confidence ကြီးဗျာ... တကယ်လည်း အပြောနဲ့အလုပ် ညီအောင် ကမ္ဘာ့အကောင်းဆုံးဆု ၅ကြိမ်နဲ့ သက်သေပြခဲ့ပြီးပြီ...။

Training ကွင်းကိုအမြဲ အစောဆုံးရောက်လေ့ရှိပြီး နောက်ဆုံးမှ ပြန်လေ့ရှိတာတွေ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှု ကောင်းလွန်းတာကြောင့် လက်ရှိ ၃၆နှစ် အရွယ်ထိ သန်သန်မာမာ ကစားနိုင်‌သေးတာတွေဟာလည်း သူ့ကိုပိုပြီး နာမည်ကျော်စေပါတယ်။ ကြောက်ခမန်းလိလိ နာမည်ကျော်တာပါ။ မယုံရင် ဘောလုံးပွဲတွေအကြောင်း မသိနားမလည်တဲ့ ခင်ဗျားအမေကိုမေးကြည့်။ ဘောလုံးပွဲတစ်ပွဲမှာ တစ်ဖက်ဘယ်နယောက်ကန်လဲ သိချင်မှသိမှာ...Ronaldo ကိုတော့သိလိမ့်မယ်ဗျ...။

-Instagram မှာ Followers အများဆုံး 209M နဲ့ စံချိန်တင်လူသား
-Fashion ပိုင်းမှာလည်းအောင်မြင်ပြီး CR7 အမည်နဲ့ စီးပွားရေးလုပ်ငန်း အများအပြား ပိုင်ဆိုင်ထားတဲ့ လူသား
-ဖခင်ဖြစ်သူ အရက်နဲ့ဆုံးသွားတာကြောင့် အရက်လုံးဝမသောက်တဲ့လူသား
-မကြာမကြာသွေးလှူတတ်တာကြောင့် တက်တူးလုံးဝမထိုးတဲ့လူသား
-ကြော်ငြာအများအပြားမှာ တွေ့နိုင်တဲ့ မော်လ်ဒယ် ဘောလုံးသမား
-မိန်းမနဲ့ ကလေး၄ယောက်ရှိတာတောင် Ronaldo သာလက်ခံမယ်ဆို လက်ထပ်ချင်ပါတယ်ဆိုတဲ့ Model ကောင်မလေးတွေ အများကြီးနဲ့ ဂြိုဟ်သား
-ခုနောက်ဆုံး Covid-19 case အတွက် ငွေကြေးသန်းပေါင်းများစွာ လှူဒါန်းပြီးဖြစ်တဲ့ ပရဟိတ လူသား
-ဥရောပမှာ Corona virus ပျံ့ပြီဆိုတာနဲ့ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းဝယ်ပြီး မိသားစုနဲ့ သွားနေနိုင်လောက်တဲ့ အနေအထားတွေဟာ..
Ronaldo ဘယ်လောက်ကြိုးစားခဲ့ရသလဲ ပေါ်လွင်စေပါတယ်။ Ronaldo က စာတစ်ပုဒ်ကို တစ်နာရီနဲ့ ရချင်မှရမယ်။ ဒါပေမဲ့ စာမေးပွဲမှာတော့ အမှတ်ပြည့်ရအောင်ဖြေမယ့် လူသားမျိုး...

Ronaldo နဲ့ Messi ဘယ်သူပိုကောင်းလဲဆိုတဲ့ အငြင်းပွားမှုကြီးထဲ ကျနော်ဝင်မပါချင်ပါဘူး။ တစ်ခုပဲ ဒီတစ်ခုပဲ ပိုကြိုးစားခဲ့ရသူက Cristiano Ronaldo ဆိုတာကိုတော့ ခင်ဗျားလက်ခံကိုခံရမယ်။။။...။။။
Crd

image
Like