1 y - Translate

ဆိုင်မှာ မှာစားရင်စျေးကြီးတယ် အိမ်မှာလုပ်စားကြစို့နော်
ဝက်နံရိုး မီးတောက်ချက်နည်း
-----------------------
ဒီနေ့ ဝတ်ရည် အိမ်မှာ လုပ်စားဖြစ်တဲ့ ထိုင်းစတိုင် ဝက်နံရိုး မီးတောက် ချဉ်စပ် ဟင်းချိုလေးပဲ ဖြစ်ပါတယ်နော်။ အရမ်းစားလို့ကောင်းတာမို့ ချက်နည်းလေး ပြန်လှဲဝေမျှပေးပါရစေ...
--------------------------
ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ

- ဝက်နံရိုး (သို့) ဝက်လည်ပင်ရိုး - ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ)
- ဆား - စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရေ - ၂လီတာခွဲ
- စပါးလင် (သို့) ပဒယ်ဂေါ - ၂ပင် (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူချဉ် - ၁ခု
- ကြက်သွန်နီ - ၁လုံး (ထပ်ခြမ်းခြမ်းထားပါ)
- နံနံပင် အမြစ် - လက်တဆုပ်စာ
----------------------------------၁
ဝက်နံရိုး ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

- ငရုတ်သီးစိမ်း - အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ)
- သံပရာသီး - ၇လုံး (အစေ့ထုတ်ထားပါ)
- နံနံပင် - စည်းဝက် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးထားပါ)
- ရှောက်ရွက် - စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)
- ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း
----------------------------------
ဝက်န်ံရိုး ပြုတ်နည်း

၁။ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။
၂။ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ထားပေးပါ။
၃။ ပြီနောက် ဒယ်အိုးကြီးထဲ ရေ၂လီတာခွဲ ထည့်ပြီ ဆူအောင် တည်ထားပါ။
၄။ ဆူလာလျှင် ဆား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။
၅။ ပြီနောက် ဝက်နံရိုးများကို ထည့်ပြီ ပြုတ်ပေးရမှာပါ။
၆။ ပြီမှ နံနံပင်အမြစ်၊ ကြက်သွန်ဖြူချဉ်၊ ကြက်သွန်နီ၊ စပါးလင်(သို့)ပဒယ်ဂေါ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
ရ။ အရသာအတွက် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်များ ထည့်ပေးပါ။
၈။ ထို့နောက် ဝက်နံရိုးပြုတ်ရည် ဆူအောင် ပြန်တည်ထားပြီ ဆူလာလျှင် ပြုတ်ရည်မှ အမြုပ်များကို ဇွန်းဖြင့် ဖယ်ပေးပြီ မီးလျှော့လိုက်ပါ။
၉။ မီးနည်းနည်းဖြင့် slow cook ၁နာရီခွဲမှ ၁နာရီ၄၅မိနစ်ခန့် တည်ပေးရမှာပါ။
၁၀။ ဝက်နံရိုးများ နူးအိပြီဆိုလျှင် နံရိုး မီးတောက်ကို စတင်ပြင်ဆင်ပါတော့မည်။
---------------------------------
နံရိုး မီးတောက်ပြုလုပ်နည်း

၁။ ဒယ်အိုးထဲမှ နံရိုးများကို ဇောက်ပန်းကန်ပြားထဲ ထည့်လိုက်ပါ။
၂။ ပြီလျှင် ထောင်းထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှောက်ရွက် တို့ကို ဝက်နံရိုးပေါ်မှ ဖြူးပေးလိုက်ပါ။
၃။ ပြီနောက် ဝက်နံရိုးပြုတ်ရည် (၃ခွက်) စာကို ငါးငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သံပရာရည် (စားပွဲတင်ဇွန်း ၇ဇှနျး) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၄။ ပြီမှ ရောမွှေထားတဲ့ ပြုတ်ရည်များကို ဝက်နံရိုးပေါ်သို့ ပူပူလေး လောင်းချပေးပြီ အရသာရှိသော နံရိုးမီးတောက် ချဉ်စပ် ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ...

Credit: Wutyee Food House.
ဝေမျှသူအားလေးစားလျက်

image
1 y - Translate

People tend to ignore the real problems in their life and blame you.🙂

#sadquotes #quotes #sad #love #lovequotes #broken #brokenheart #depressed #like #sadness #lifequotes #feelings #depression #sadedits #poetry #heartbroken #alone #sadquotespage #instagram #shayari #follow #lonely #motivationalquotes #life #explore #quoteoftheday #hurt #inspirationalquotes #pain #quote

image
1 y - Translate

မိသားစု ညီအကို မောင်နှမတွေကို
ဝေးကွာသွားအောင် လုပ်နိုင်တဲ့
အရာ ၃ မျိုး

၁။ ဥစ္စာ ပစ္စည်း
၂။ မိန်းမ (or) ယောကျ်ား
၃။ မြေ

၁။ ဥစ္စာပစ္စည်း
ဥစ္စာပစ္စည်း စီးပွားရေး
ငွေရေးကြေးရေးကြောင့်
တချိန်က
အရမ်းချစ်တဲ့ ညီအကို မောင် နှမတွေ
ဒီနေ့ရန်သူလိုဖြစ်ကုန်ကြတယ်

၂။ မိန်းမ( or) ယောကျ်ား
သူစိမ်း တစ်ယောက်ကြောင့် မိသားစုတစ်ခုလုံး ပြောင်းလဲသွားသလို သူစိမ်းတစ်ယောက်ကြောင့် မိသားစု တစ်ခုလုံး ပြိုကွဲသွားရတက်တယ် သိပ်ချစ်တဲ့ ညီအကိုမောင်နှမတွေလဲ သေကွဲ ကွဲကုန်ကြတယ်။

၃။ မြေ
မြေကိစ္စ အမွေကိစ္စ တွေကြောင့်
ငယ်ငယ်က ထမင်းတစ်ပန်ကန်ထဲ အတူစားခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေလဲ
ဒီနေ့ တစ်ယောက်မျက်နှာ တစ်ယောက်
မကြည့်ချင်ကြတော့ဘူး။

#credit

image
1 y - Translate

ကော်ဖီ ခါးခါးတွေ
လက်ဖက် ခါးခါးတွေဆို
အရမ်း နှစ်ခြိုက်တတ်တဲ့ လူပါ ။
တိတ်ဆိတ်ခြင်းတွေကို
အများအားဖြင့် မက်မောတတ်သလို
ငြိမ်းချမ်းတဲ့ ဘဝ
အမြဲတမ်း မျှော်လင့်တောင်းတမိပါတယ်။

image
King Jackson changed his profile picture
1 y

image

image
1 y - Translate

ပန်းဆိုင်လေး🌼🌹🌸

image
1 y - Translate

မနှစ်ကလည်းဒီလိုနဲ့ပဲ ခံလိုက်ရတာပဲ

သွင်းဂိုး ( ၈၈ ဂိုး )
ပေးဂိုး ( ၂၈ ဂိုး )
ဂိုးကွာခြားချက် (+၆၀)
ရမှတ် ( ၈၃ မှတ် )

ဗိုလ်လုပွဲ ၂ ပွဲသာကျန်....🔴⚪

image
1 y - Translate

😂😂

image
1 y - Translate

🔳 အောင်မြင်မှုဖြစ်ဖြစ်၊ ဝမ်းသာစရာဖြစ်ဖြစ် တစ်ခုခု ရလာရင်လည်း ဒီလိုပဲ။ ဥပမာ ငါ ဒီနေ့ ၁၀ မိနစ်တောင် ဆက်တိုက်ပြေးနိုင်ခဲ့တယ် ပြောလို့ “ဟင် ၁၀ မိနစ်လောက်လေးကိုများ စာဖွဲ့နေသေးတယ်၊ ငါဆို ၁၅ မိနစ် အသာလေးပဲ” လို့ ပြန်ပြောခံရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်။

ဟုတ်တယ်၊ ၁၀ မိနစ်က တခြားလူတွေအတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်အတွက်ကျ ဟုတ်နေတယ်။ ဟုတ်လို့ ဝမ်းလည်းသာနေတယ်။ အဲဒါလေးကို Sharing လုပ်လိုက်တဲ့အခါ ခုလို ပြန်ပြောလိုက်ရင် အောင့်သက်သက်ကြီး ဖြစ်သွားတာပေါ့။

🔳 ဒါလေးတွေက အမှတ်တမဲ့ကြည့်ရင် ဘာမှ မဟုတ်ဘူး ထင်ရပေမဲ့ ဆက်ဆံရေးတွေမှာ အင်မတန် အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စည်းနှောင်ပေးတယ်။ မိသားစုတွေကို နွေးထွေးစေတယ်။ ပျော်ရွှင်စေတယ်။ အမှားတစ်ခုခု လုပ်မိမှာ ကြောက်နေ၊ ရှိန်နေစရာ မလိုတော့ဘူး။ အပြစ်တင်ခံရမှာ စိုးမနေရတော့ဘူး။ အောင်မြင်မှုတစ်ခုခု ရလာရင်လည်း မျှဝေချင်တယ်။

ဒါကြောင့် မေတ္တာစကားဆိုတတ်ဖို့၊ Appreciate လုပ်တတ်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

🔳 အဲဒီအတွက် ကိုယ့်ရင်ထဲမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ မကြာခဏ ဖြစ်နေအောင် လေ့ကျင့်ထားဖို့တော့ လိုပါတယ်။ မေတ္တာအစား ဒေါသ၊ ကရုဏာအစား နိမ့်ပါးသူကို အနိုင်ယူလိုက်မယ်ဆိုတဲ့ ထောင်လွှားမှု၊ မုဒိတာအစား အတ္တ၊ မာန၊ ဂုဏ်တုဂုဏ်ပြိုင်တွေ များနေရင် ဘယ်လိုနည်းနဲ့မှ ဒီလိုစကားတွေ၊ အသိအမှတ်ပြုမှုတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒေါသထွက်နေရင် အကောင်းပြောဖို့ ဝေးလို့၊ တမင်တကာ အကန်တွေတောင် ပြောမိတတ်ပါသေးတယ်။ အိမ်ထောင်ရေး အဆင်မပြေတဲ့အခါ သားသမီးကို ချီးကျူးဖို့ရာလည်း ခက်သွားတတ်တယ်။

ငွေကြေးသိပ်မပြည့်စုံတဲ့ သူငယ်ချင်းက သူ့ရှိတာလေးနဲ့ ဝယ်ကျွေးတယ်။ အဲဒါကို အသိအမှတ်မပြုဘဲ ငါတို့က ဘယ်ဆိုင်ကမှ စားတာ ဆိုပြီး ပြန်ပြောနေတာဟာလည်း ထောင်လွှားမှု၊ ကြွားဝါမှုတစ်မျိုးပါပဲ။

ဂုဏ်တုဂုဏ်ပြိုင်လုပ်တယ်၊ ကိုယ့်ထက် သာသွားမှာစိုးတယ် ဆိုတာကလည်း သူစိမ်းတွေ မပြောနဲ့၊ မိသားစုဝင် အချင်းချင်းကြား၊ လင်နဲ့မယားကြား၊ နောက်ဆုံး မိဘနဲ့ သားသမီးကြားတောင် ရှိတတ်ပါတယ်။ အဲဒီအခါ အသိအမှတ်ပြုဖို့၊ ချီးကျူးဖို့ ဝေးလို့၊ အပျက်ဘက်ကချည်း ထိုင်ပြောနေမိတော့တယ်။

🔳 ခုပြောခဲ့တဲ့ အချက်တွေဟာ စိတ်ရဲ့ အညစ်အကြေးတွေပါပဲ။ ဒါတွေ ပေစွန်းနေတဲ့အခါ နှုတ်က စကားကောင်း မထွက်တော့ဘူး။ လုပ်ရပ်တွေကလည်း မမှန်တော့ဘူး။ မနောကံဆိုတာ ကာယကံ၊ ဝစီကံရဲ့ ရေသောက်မြစ်ပဲ မဟုတ်လား။ ဒါကြောင့်ပဲ စိတ်က အရေးကြီးဆုံးလို့ ဗုဒ္ဓဝါဒက မှတ်ယူသလို၊ ဗုဒ္ဓအဆုံးအမ တော်တော်များများကလည်း စိတ်ကို အခြေပြုတဲ့ သင်ကြားမှု (Mind-centered Teaching) တွေ ဖြစ်နေတာပါ။

စိတ်သန့်ရှင်းဖို့ဟာ လူခန္ဓာကိုယ် သန့်ရှင်းရေးလိုပဲ။ ဒီနေ့ ရေချိုးပြီးလို့ မနက်ဖြန် ချိုးစရာ မလိုတော့ဘူး မဟုတ်ဘူး။ အမြဲလုပ်နေရမဲ့ကိစ္စ ဖြစ်တယ်။ မလုပ်တာ ကြာလာတာနဲ့အမျှ ညစ်ထေးပြီး အနံ့တွေ ထွက်လာမှာပဲ။ တစ်ပါးသူတွေဆီ ကူးစက်ကုန်မှာပဲ။ ရုပ်သန့်ရှင်းရေးအတွက် နေ့စဉ်မှန်မှန် ရေချိုး၊ အဝတ်လဲကြသလို၊ စိတ်သန့်ရှင်းရေးအတွက်လည်း အချိန်ပေးကြဖို့ လိုပါတယ်။

ဒါမှသာ နှုတ်ကနေ မေတ္တာစကား၊ ချစ်ဖွယ်သောစကားတွေ ထွက်လာနိုင်တာပါ။


ဒေါက်တာ ဖြိုးသီဟ
၅.၅.၂၀၂၄

(မှတ်ချက် - ဒီဆောင်းပါးက လူမုန်းများရင် များပါစေ၊ မှန်တာကို ပြောမယ်ဆိုတဲ့ ရပ်တည်ချက် ခိုင်တဲ့သူတွေ၊ မူသမားတွေကို မရည်ရွယ်သလို၊ နှုတ်ချိုချိုနဲ့ သူတစ်ပါးနောက်ကျော ဓါးနဲ့ ထိုးဖို့လည်း မဟုတ်ပါဘူး။ မေတ္တာအခြေပြု စကားကလေးတွေဆိုရင်း နွေးထွေးပျော်ရွှင်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့ပဲ ရည်ရွယ်ပါတယ်)