2 နှစ်များ - ဘာသာပြန်ပါ။

ဖုန်းထဲမှာ App တွေကို မလိုအပ်ပဲ လျှောက်ထည့်မိနေပြီလား …

Social media က တွေ့တဲ့ App တိုင်းကို လိုအပ်တယ်ဆိုပြီး အကုန်လျှောက်ထည့်မနေပဲ အမှန်တကယ်လိုအပ်တဲ့ App တွေကိုသာ သေချာထည့်သွင်းအသုံးပြုတာက ကိုယ့်ဖုန်းအတွက်လည်း ကောင်းမွန်သလို ကိုယ့်အတွက်လည်း အသုံးပြုရ လွယ်ကူရိုးရှင်းစေပါတယ်။

ကြော်ငြာ Ad တွေကနေ မိတ်ဆက်ထားတဲ့ အချို့ App တွေဆိုရင် Virus အချို့နဲ့ Hack တာတွေပါဝင်တတ်တာမို့ Security ပိုင်းမှာပါ ပိုလို့သတိထားသင့်ပါတယ်။ ဒါကြောင့် ကြော်ငြာ Ad တွေက App တွေကို သုံးချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ Google မှာဖြစ်ဖြစ် Play Store မှာဖြစ်ဖြစ် review ပေးထားတာတွေကို အရင်လေ့လာသင့်ပါတယ်။

ဒီတော့ ဘယ်လို App အမျိုးအစားတွေကို ဖုန်းထဲမှာ ထည့်ထားသင့်သလဲ​ ?

📌 Massaging App
Communication အတွက် အလိုအပ်ဆုံးဖြစ်တဲ့ Message App တွေဟာ Internet ကနေ အပြန်အလှန်စာပို့၊ V-call ပြောဆိုဖို့ဆိုအတွက် လိုကိိုလိုအပ်တဲ့ App တွေဖြစ်ပြီး မဖြစ်မနေကိုထည့်သွင်းသင့်ပါတယ်။ Messenger, Telegram, viber တို့ကတော့ Local မှာ အသုံးအများဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပြီး We Chat, WhatsApp, Line, Snapchat, Discord တို့ကတော့ နိုင်ငံတကာမှာ အသုံးများတဲ့ Message App တွေဖြစ်ပါတယ်။

📌Social Media App
Social Media App တွေကတော့ အားလုံးသိပြီးနေကျဖြစ်တဲ့ Facebook, Instagram, X (Twitter), YouTube တို့ပဲဖြစ်ပါတယ်။ ဒီ App တွေကတော့ သတင်းအချက်အလက်တွေ အဆက်မပြတ်သိရှိစေဖို့နဲ့ မိသားစု, မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်ဖို့ ကူညီပေးမှာဖြစ်တဲ့အတွက် မဖြစ်မနေထည့်သွင်းထားသင့်ပါတယ်။

📌 Productivity App
ကိုယ့်လုပ်ကိုင်နေတဲ့ အလုပ်နဲ့ သင့်တော်တဲ့ Productivity App တွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဥပမာ - Google နဲ့ပတ်သက်တဲ့ App တွေဖြစ်တဲ့ Google Keep, Google Calendar, Google Drive တို့အပြင် Word, Excel, Power Point တို့ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။ အခုနောက်ပိုင်းအလုပ်တွေမှာဆို Notion, Slack, Asana စတဲ့ App တွေကိုလည်း အသုံးများလာကြတာကို တွေ့ရပါတယ်။

📌 Entertainment App
အနားယူချိန်တွေအတွက် ဖျော်ဖြေရေး App တွေကလည်း မရှိမဖြစ်ပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့၊ Game ဆော့ဖို့ စတဲ့ App တွေကို ထည့်သွင်းထားသင့်ပါတယ်။ ဒါပေမဲ့ ဖျော်ဖြေရေး App အချို့ကို သုံးတော့မယ်ဆိုရင် social media မှာ recommend ပေးကြပြီး Security စိတ်ချရတဲ့ App တွေကို သေချာလေ့လာပြီး သုံးဖို့တော့ လိုပါလိမ့်မယ်။

📌 Health and Fitness App
သင့်ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့ App တွေကိုလည်း ထည့်ထားစေချင်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ Fitness App အချို့ဟာဆိုရင် မိန်းကလေးတွေရဲ့ Period Cycle အတွက် အကျိုးပြုတဲ့ App တွေ, Gym App, Workout App, Yoga App, 30 days Fitness Challenge တွေအပြင် အချို့ Fitness App တွေဟာ ငွေကြေးစီမံခန့်ခွဲဖို့အတွက်ပါ အသုံးပြုနိုင်တာကြောင့် အဆင်ပြေစေပါတယ်။ အကယ်၍ သင်က Smart Watch အသုံးပြုတယ်ဆိုရင်လည်း Smart Watch နဲ့ ချိတ်ဆက်သုံးနိုင်မယ့် App တွေကို ထည့်သွင်းသင့်ပါတယ်။

အခုပြောပြပေးခဲ့တာတော့ ဖုန်းတစ်လုံးမှာ ရှိထားသင့်တဲ့ App အချို့ပဲဖြစ်ပါတယ်။ အကယ်၍ မသုံးဖူးသေးတဲ့ App တွေရှိလည်း အသုံးပြုကြည့်ဖို့ တိုက်တွန်းပါတယ်နော်။ အပေါ်က App တွေအပြင် ဖုန်းထဲမှာ ထည့်သုံးသင့်တဲ့ App တွေရှိရင်လည်း ပြောပြပေးခဲ့လို ရပါတယ်ခင်ဗျာ။

image
2 နှစ်များ - ဘာသာပြန်ပါ။

တစ်ယောက်ယောက်က
ကိုယ့်ကို လိုအပ်နေတာလေးကို သဘောကျတယ် ။
မရှိမဖြစ်ဆိုတာမျိုးကို မဆိုလိုပါဘူး
တစ်ခုခုဆိုရင် ကိုယ့်ကို အရင်ပြေးမြင်တာ
ကိုယ့်ကို သတိတရ ရှိနေတာ ၊
ကိုယ့်အတွက် သီးသန့် လေး အချိန်ပေးတာ
စသဖြင့်...ကိုယ့်ကိုလိုလိုချင်ချင် ရှိတာလေးကို
သဘောကျတယ် ။

🌻🤍
#ခက်နှောင်

image
2 နှစ်များ - ဘာသာပြန်ပါ။

အမှန်ပဲ
ဟိုဘဲကြီး ဆဲသလိုဆဲရရင်
F@@k Microsoft

image
2 နှစ်များ - ဘာသာပြန်ပါ။

အကာကျက်တောင် မကတော့ဘူးပေါ့

image
Mee Mee သူမ၏ ပရိုဖိုင်အဖုံးကို ပြောင်းလဲခဲ့သည်။
2 နှစ်များ

image
Mee Mee သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
2 နှစ်များ

image

image
2 နှစ်များ - ဘာသာပြန်ပါ။

Finance Manager တစ်ယောက်က ဘယ်အဆင့်လောက်ထိ တာဝန်ပေးအပ်ခြင်း ခံရနိုင်ပါသလဲ ❓

အမြင့်ဆုံးပေးအပ်လာနိုင်သည့် တာဝန်များကို ပြောပြ တင်ပြထားခြင်းဖြစ်ပါသောကြောင့် CFO & Financial Consultant Level မှ လုပ်ကိုင်နိုင်စွမ်းတာဝန်တွေလည်း
ပါဝင်နေပါလိမ့်မည်

ဟုတ်ကဲ့ပါခင်ဗျ လုပ်ငန်းအကြီးအသေးပေါ်မူတည်ခြင်း ၊ လုပ်ငန်းဦးဆောင်သူအနေဖြင့် ဘယ်လိုခံယူထားသလဲ ဆိုသည့်အပေါ် တာဝန်ပေးအပ်ခြင်း ခံရနိုင်ပါသည်

⛳ လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ဖို့ ရင်းနှီမတည်ငွေ ဘယ်လောက်ဖြင့် စတင်မယ် ဘယ်ကာလ ဘယ်လောက် ထပ်မံရင်းနှီးသွားမယ် လုပ်ငန်းရဲ့ Business Plan ကို ကြည့်ပြီး Financial Budget Plan ဆွဲတင်ပေးပါ

⛳ ငွေကြေးပိုင်းဆိုင်ရာ ကန့်သတ်သက်မှတ်ချက်များ နှင့် ဌါနတွင်း - ဌာနပြင် အသုံးပြရမည့် စာရွက်စာတမ်း ပြုစုသက်မှတ်ထုတ်ပြန်ပေးပါ

⛳ မိမိတို့ လုပ်ငန်းအခြေအနေအရ ဘယ်ကာလမှာ ဘယ်လိုအဆင့်ဝန်ထမ်း ဘယ်နှစ်ဦးဖြင့် ဘယ်လိုတာဝန် ပေးအပ်ခန့်ထားသွားမလဲ ဘယ်လောက်သုံးမလဲဆိုသည့် Finance Employee Salary Budget နှင့် OC တို့ကို ရေးဆွဲ တင်ပြပေးပါ

⛳ ဝန်ထမ်းတစ်ဦးချင်လိုက်အသုံးပြုလုပ်ကိုင်ရမည့် Excel Database or Software Process ရေးသား တင်ပြ ဆွေးနွေးပေးပါ

⛳ ဝန်ထမ်းတစ်ဦးချင်းအလိုက်မှ အချက်အလက်များ စုဆောင်ပြီး Finance Department မှ ဘယ်လို Report တွေ ထုတ်နှုတ်တင်ပြပေးနိုင်မလဲ

⛳ Budget and Actual Analysis လုပ်ဆောင်ခြင်းဖြင့် မိမိတို့လုပ်ငန်း Cash Management အားကောင်းစေပြီး Expenses ထိန်းချုပ်ကိုင်တွယ်လုပ်ကိုင်နိုင်စေမည့်ကို အကြံပေးခြင်းပြုလုပ်ပေးပါ

⛳ အရင်ကြေအမှတ်က ဘယ်လောက်ဖြစ်မလဲဆိုတာကို
တွက်ပေးပါ

⛳ Weekly Cash Budget and Monthly Cash Budget ရေးဆွဲစေပြီး ငွေကြေးထပ်မံရင်းနှီးမြုပ်နှံမှု လုပ်ရန်မလို လုပ်ငန်းဖြစ်အောင် ဘယ်လိုဆောင်ရွက်သွားမလဲ စီစဉ်တင်ပြဆွေးနွေးပေးပါ

⛳ Employee Responsibilities KPI တိုင်းတာခြင်းဖြင့် အကြံပြု‌စာပေးပို့တင်ပြပေးပါ

2 နှစ်များ - ဘာသာပြန်ပါ။

How to Marketing Plan ?
(စျေးကွက်အစီအစဉ်ရေးဆွဲနည်း ၁၀ ချက်)
============================

အနာဂတ်မှာ စျေးကွက်စီးပွားရေးပုံစံဟာ များစွာပြောင်းလဲလာဖို့ရှိတာကြောင့် Marketing Plan စျေးကွက် ပြင်ဆင်မှု၊ စီစဉ်ရေးဆွဲမှုများဟာလည်း လိုအပ်လာမှာဖြစ်ပါတယ်။ အောင်မြင်စွာစျေးကွက်ထိုးဖောက်နိုင်ဖို့၊ စျေးကွက်အဆင့်ဆင့် တိုးတက်မှုအတွက်၊ စျေးကွက်လည်ပတ်မှု အားလုံးအတွက် Marketing Plan ဟာ စျေးကွက်ကို အောင်မြင်စေရန် မဟာဗျူဟာ ဖော်ဆောင်မှုဖြစ်သလို လုပ်ငန်းစဉ်တိုးတက်မှုသို့ လမ်းညွှန်ဆောင်ရွက်မှုလဲဖြစ်ပါတယ်။

Marketing Plan စျေးကွက်အစီအစဉ်ရေးဆွဲမှုတွင် ပါ၀င်သင့်တဲ့ အချက်များ
(၁) Executive Summary (အကျဉ်းချုပ်ဖော်ပြချက်)
(၂) Marketing Object (စျေးကွက်အစီအစဉ်၏ ရည်ရွယ်ချက်)
(၃) Environmental / Competitive Analysis (စျေးကွက်၀န်းကျင်သုံးသပ်မှု)
(၄) Target Market – STP (စျေးကွက်ဦးတည်ချက်သတ်မှတ်ခြင်း)
(၅) Resource Need (အရင်းအမြစ်လိုအပ်ချက်များ)
(၆) Corporate Marketing (စျေးကွက်ပူးပေါင်းဖော်ဆောင်မှု)
(၇) Customer Relationship (ဖောက်သည်ချိတ်ဆက်မှု)
(၈) Branding & Adverting (အမှတ်တံဆိပ်နဲ့ လုပ်ငန်းကြော်ငြာမှုများ)
(၉) Financial & Budgeting (ငွေကြေးသုံးစွဲမှု သတ်မှတ်ချက်များ)
(၁၀) Marketing Process & Control (ရေရှည်စျေးကွက် လည်ပတ်မှုနှင့် ထိန်းသိမ်းမှု)
စတဲ့ စျေးကွက်အစီအစဉ်မှာ အဓိက ပါ၀င်သင့်တဲ့ (၁၀) ချက်ကို စျေးကွက်သုံးသပ် ပြင်ဆင်ရေးဆွဲထားပြီး Marketing Strategy စျေးကွက် ဖော်ဆောင်နိုင်ဖို့ အကြံပြုရေးသားဖော်ပြထားပါတယ်။

(၁) Executive Summary ဆိုတဲ့ ပုံမှာဖော်ပြထားတဲ့ အဓိကအချက်တွေကိုဦးစွာ သတ်မှတ်ရေးဆွဲဖို့လိုအပ်ပါတယ်။

(၂) Marketing Object (စျေးကွက် ရည်ရွယ်ချက်က ဘာလဲဆိုတာ စဉ်းစားဆုံးဖြတ်ဖို့ လိုပါမယ်)
New Market စျေးကွက်အသစ်ရှာဖို့လား၊ Customer တိုးတက်ဖို့လား၊ Market Share စျေးကွက်ဝေစုပိုရဖို့လား၊ ROI အတွက် မြန်မြန်ပြန်၀င်ငွေရစေဖို့လား၊ Branding တံဆိပ်လူသိဖို့အတွက်လား ယခုအချက်တွေကို စဉ်းစားဖို့လိုပါတယ်။

(၃) Environmental / Competitive Analysis (စျေးကွက်ပတ်၀န်းကျင်၊ အပြိုင်အခြေအနေတွေကို ဦးစွာလေ့လာဖို့လိုပါတယ်)
Market Trend စျေးကွက်အလားအလာကောင်းမှုရှိမလား၊ Need & Want ၀ယ်သူတို့၏ လိုအပ်ချက်၊ လိုချင်မှုဖြစ်မလား၊ Market Accept စျေးကွက်မှာရော လက်ခံမှုရှိမလား၊ Competitor အပြိုင်တွေရဲ့ လက်ရှိစျေးကွက်အခြေအနေရော ဦးစွာ စျေးကွက်ကို လေ့လာဖို့လိုအပ်ပါတယ်။

(၄) Target Market – STP (ဦးတည်စျေးကွက်ကို ရွေးချယ်သတ်မှတ်ဖို့လည်း လိုပါမယ်)
စျေးကွက်၀င်ရောက်မဲ့ Geographic မြို့-တိုင်းဒေသအခြေအနေ၊ Demographic လူမှုပတ်၀န်းကျင်အခြေအနေ၊ Psychologic လူတွေရဲ့စိတ်နေသဘော၊ အကြိုက် စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိစျေးကွက်နဲ့ ကိုက်ညီတဲ့ နေရာ၊ လူမှု၀န်းကျင်၊ စားသုံးသူ Target Customer ဦးတည်ဖောက်သည်တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။

(၅) Resource Need (အရင်းအမြစ် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါမယ်)
စျေးကွက်ဖော်ဆောင်မဲ့ HR လူ့စွမ်းအားအမြစ်၊ Finance ငွေကြေးအရင်းအနှီး၊ Material အသုံးအဆောင်ပစ္စည်းအရင်းအမြစ်၊ Technology နည်းပညာအရင်းအမြစ် စတဲ့ လိုအပ်ချက် အရင်းအမြစ်တွေ ရနိုင်ဖို့လည်း ပေါင်းစပ်ပြီး စျေးကွက်ကို စီစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။

(၆) Corporate Marketing (Wholesale/ Retail) စျေးကွက်ပူးပေါင်းမှု လက်လီ၊ လက်ကားပုံစံများကို စဉ်းစားရပါမယ်
စျေးကွက်လမ်းကြောင်းမှာ ချိတ်ဆက်ပါ၀င်နေသော Supplier ထောက်ပံ့သူများနှင့် ပူးပေါင်းချိတ်ဆက်ပြီး၊ မြန်ဆန်စွာ စျေးကွက်ရောက်နိုင်စေဖို့အတွက် Wholesale ကိုယ်စားလှယ်ပေး စျေးကွက်ပေါင်းစပ် ချိတ်ဆက်မှုလုပ်မလား၊ Retail တဆင့်ခံ လက်လီလက်ကားများသို့ စျေးကွက်ချိတ်ဆက်မလား ဆိုတဲ့ စျေးကွက်မဟာဗျူဟာတွေကို ရေးဆွဲရမှာဖြစ်ပါတယ်။

(၇) Customer Relationship/ Maintain (ဖောက်သည်ဆက်ဆံရေးနှင့် ထိန်းသိမ်းမှုတွေကိုလည်း စဉ်းစားရပါမယ်)
စျေးကွက်မှာ ဖောက်သည်အစဉ်ရှိနေဖို့ဟာ ပိုအရေးကြီးလို့ မိမိရဲ့ ဖောက်သည်အမျိုးအစားများကို Client များ၊ Customer ဖောက်သည်များ ခွဲဝေသတ်မှတ်ပြီး ဖောက်သည်ကြိုက်နှစ်သက်သော ထုတ်ကုန်များဖြင့် အစဉ်၀န်ဆောင်လျှက် စျေးကွက်ကို စနစ်တကျ၀န်ဆောင်မှုပေးသွားဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ CSR ဖောက်သည်များသို့ ဘယ်လိုတန်ဖိုးတရားတွေ ပေးမလဲ၊ Service Strategy ဖောက်သည်၀န်ဆောင်မှုပုံစံတွေနဲ့ စျေးကွက်ဖော်ဆောင်မလဲဆိုတာ ရေးဆွဲရမှာဖြစ်ပါတယ်။

(၈) Branding & Adverting (ထုတ်ကုန်အမှတ်တံဆိပ်မြင့်တင်ခြင်းနှင့် အရောင်းမြင့်တင်မှုများကိုလည်း စဉ်းစားရပါမယ်)
ခေတ်ပြိုင်ဖြစ်လာတာမို့ Branded ထုတ်ကုန်အမှတ်တံဆိပ် တည်ဆောက်ဖို့၊ Communication စျေးကွက်လူသိများဖို့၊ Advertising စျေးကွက်ကြော်ငြာမှုတွေဖန်တီးဖို့၊ Promotion အရောင်းမဟာဗျူဟာတွေနဲ့ စျေးကွက်အောင်မြင်စေဖို့လည်း ထည့်သွင်းရေးဆွဲဖို့ လိုအပ်ပါတယ်။

(၉) Financial & Budgeting (စျေးကွက်အတွက် အသုံးပြုမှုငွေကြေးနှင့် အသုံးစရိတ်များကို သတ်မှတ်ဖို့လည်းလိုအပ်ပါမယ်)
Intro စျေးကွက်စတင်၀င်ရောက်တဲ့အခါ Marketing Budget ဘယ်လောက်သုံးမလဲ၊ Competitor အပြိုင်တွေရဲ့ စျေးကွက်ထိုးဖောက်အားက ဘယ်လောက်ရှိမလဲ၊ Channel ဘယ်နည်းလမ်းတွေက ပိုပြီးထိရောက်သော နည်းလမ်းတွေဖြစ်မလဲ၊ Sale Target အရောင်းအား သတ်မှတ်နှုန်းတွေကိုလည်း ရေးဆွဲရမှာဖြစ်ပါတယ်။

(၁၀) Marketing Process & Control (စျေးကွက်ဖော်ဆောင်မှုနှင့် ထိန်းချုပ်မှုပုံစံများကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါမယ်)
အရောင်းရည်ရွယ်ချက်အပေါ် ပြန်လည်သုံးသပ်ချက်များ၊ Expenditure စျေးကွက်အတွင်း ကုန်ကျစရိတ်များ ဆန်းစစ်မှု၊ ခေတ်နဲ့အညီ စျေးကွက်အစီအစဉ်ကို ပြင်ဆင်သုံးသပ်ဖို့နဲ့ စျေးကွက်အလားအလာကို ဆန်းစစ်ပြီး စျေးကွက်ဖော်ဆောင်ဖို့ Marketing Process ကို ထိန်းသိန်းဆောင်ရွက်မဲ့ အစီအစဉ်များကိုလည်း ရေးဆွဲရမှာဖြစ်ပါတယ်။

2 နှစ်များ - ဘာသာပြန်ပါ။

(1.5.2024) Wednesday

ယနေ့ နံနက်ခင်း ရွှေဈေး၊ငွေဈေး နှင့် ဆီဈေးနှုန်းများအား ဖော်ပြပေးလိုက်ပါတယ်

image