2 နှစ်များ - ဘာသာပြန်ပါ။

Cuilcagh Boardwalk Trail, Ireland 💚

image

image
2 နှစ်များ - ဘာသာပြန်ပါ။

ပီအက်စ်ဂျီကို အနိုင်ယူခဲ့ပြီးနောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်ခဲ့တဲ့ ဒေါ့မန်

ယခုရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ် ဒေါ့မန်-ပီအက်စ်ဂျီပွဲ၌ ဒေါ့မန်အသင်းက (၁-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ယခုရာသီ ဥရောပအဆင့်သတ်မှတ်ချက်(၂၀၂၃-၂၄) UEFA coefficient)တွင် ဂျာမနီနိုင်ငံအနေဖြင့် အနိမ့်ဆုံး ဒုတိယအဆင့်၌ရပ်တည်ရန် သေချာသွားပြီဖြစ်သည်။လက်ရှိတွင် ယခုရာသီရမှတ်များအဖြစ် အီတလီက(၁၉.၄၂၈)မှတ်၊ဂျာမနီက (၁၈.၃၅၇)မှတ်ရထားပြီး၊အင်္ဂလန်က (၁၇.၃၇၅)မှတ်သာရရှိထားရာ ယခုရာသီဥရောပပြိုင်ပွဲများ၌ ယူရိုပါကွန်းဖရန့်လိဂ်တွင် ဗီလာတစ်သင်းတည်းသာ ကျန်တော့သောအင်္ဂလန်တို့အနေဖြင့် ဂျာမနီ၏ ရမှတ်ကို လိုက်မီရန် မဖြစ်နိုင်တော့ပေ။လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အပို(၂)နေရာအတွက် (၂၀၂၃-၂၄) UEFA coefficient ထိပ်ဆုံးတွင် ရပ်တည်မည့်နိုင်ငံ(၂)နိုင်ငံမှ အဆင့်(၅)အသင်းများကို ဝင်ခွင့်ပေးမည်ဖြစ်ရာ စီးရီးအေမှ အဆင့်(၅)အသင်းနှင့် ဘွန်ဒက်စ်လီဂါမှ အဆင့်(၅)အသင်းတို့မှာ တိုက်ရိုက်ဝင်ခွင့်ရမည်ဖြစ်သည်။လက်ရှိတွင် စီးရီးအေ၌ အဆင့်(၅)နေရာကို ရိုးမား၊အတ္တလန်တာနှင့် လာဇီယိုတို့ အပြိုင်လုရဖွယ်ရှိနေသော်လည်း ဘွန်ဒက်စ်လီဂါ၌မူ အဆင့်(၅)နေရာအတွက် သေချာသလောက်ရှိနေသည့်အသင်းမှာ ဒေါ့မန်ပင်ဖြစ်သည်။ဒေါ့မန်အသင်းသည် အဆင့်(၄)နေရာမှ လိုက်ပ်ဇစ်နှင့် (၅)မှတ်ကွာနေသလို အဆင့်(၆)နေရာမှ ဖရန့်ဖတ်ကို (၁၂)မှတ်အထိ ဖြတ်ထားနိုင်သဖြင့် အနိမ့်ဆုံးအဆင့်(၅)နေရာရရန် သေချာနေခြင်းဖြစ်သည်။သို့ဖြစ်ရာ ပီအက်စ်ဂျီအသင်းကို အနိုင်ကစားပြီး ဂျာမနီတို့၏ ၂၀၂၃-၂၄) UEFA coefficient ရမှတ်ကို ပိုတိုးစေခြင်းက ဒေါ့မန်အသင်းအတွက် ယခုရာသီဗိုလ်လုပွဲတက်ရောက်ခွင့်နှင့်ပိုနီးစပ်စေသလို၊လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ပါ သေချာသွားသဖြင့် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

တရုတ်တွေက အချိန်မဖြုန်းဘူး
ဒေါင်ဖန်းကထုတ်တဲ့ လျှပ်စစ်ပစ်ကပ်တဲ့
Dong Feng Cybertruck လို့ ပြောနေကြတယ်။
အီလွန်မတ်စ် ဘာပြောမလဲတော့မသိ....
Credit

image
2 နှစ်များ - ဘာသာပြန်ပါ။

Game ဆော့မယ်လေ မောင်လေး
မောင်လေးတို့က အဲလိုတွေးတာနော်

2 နှစ်များ - ဘာသာပြန်ပါ။

ဆေး ....သတိရတာပျောက်တယ်ဆိုတဲ့ဆေး

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆော်ဒီနိုင်ငံမှာ ဖောက်လုပ်ထားတဲ့ အမှတ် ၁၀
အမြန်လမ်းမကြီးဟာ ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့် ဖြစ်ပါတယ်။ သဲကန္တာရအလယ်မှာ ဖောက်လုပ်ထားတဲ့ အမှတ် ၁၀ အမြန်လမ်းမကြီးဟာ ၁၁၁၆ ကီလိုမီတာ ရှိပြီး ဖြောင့်ဖြောင့်တန်းတန် ဖြစ်နေတဲ့ လမ်းပိုင်းကတော့ ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားပါတယ်။
လူသူကင်းမဲ့ပြီး လွင်တီးခေါင်ပြင်ထဲမှာ ဖြောင့်ဖြောင့်ကြီး ကားမောင်းရမယ်ဆိုတာ တကယ့်ကို ငြီးငွေ့စရာကောင်းမှာ သေချာပါတယ်။ တကယ်လို့ သင်သာ အဲဒီလမ်းမှာ ကားမောင်းသွားရမယ်ဆိုရင် အိပ်ငိုက်မသွားအောင် ဘလိုမောင်းကြမလဲ။
Ref: WORLD'S LONGEST STRAIGHT ROAD
Team
Credit (ရိုးရာလေး)

image

image
2 နှစ်များ - ဘာသာပြန်ပါ။

ကိုယ့်ကိုယ်ကို အမဲလိုက်မုဆိုးတစ်ယောက်အဖြစ်
စိတ်ကူးယဥ်ပုံဖော်ကြည့်ပါ..

သင်ဟာ မနက်တိုင်းစောစောထပြီး
တောထဲမှာ သားကောင်ရှာထွက်ရတယ်

သားကောင်ကြီးကြီးရတဲ့နေ့တွေလဲရှိသလို
လက်ဗလာနဲ့အိမ်ပြန်လာခဲ့ရတဲ့နေ့တွေလဲရှိပါမယ်

အိမ်မှာ စောင့်နေတဲ့ ဇနီးမယားနဲ့ သားသမီးတွေက
သားကောင်ကြီးထမ်းပြီးပြန်လာဖို့မျှော်နေကြတယ်

လက်ဗလာနဲ့ပြန်လာခဲ့ရတဲ့ရက်တွေက
သင်တို့မိသားစုထမင်းငတ်တဲ့နေ့ပဲပေါ့...

မိသားစုထမင်းဝိုင်းက သင့်အပေါ်မူတည်နေတယ်...
ဖိအားတွေကလဲ သင့်အပေါ်မှာနေ့တိုင်းရှိနေတာပေါ့..

=====

အခု သင့်ကိုယ်သင် စိုက်ပျိုးရေးသမားကြီးလို့
စိတ်ကူးယဥ်မြင်ယောင်ကြည့်ပါ...

သင်ပိုင်တဲ့မြေကွက်တွေမှာ သရက်ပင်၊ ပန်းသီးပင်၊
အုန်းပင်၊ စပျစ်ပင်၊ မာလကာပင် စသဖြင့်
အပင်မျိုးစုံ မျိုးစေ့ကြဲပြီး စိုက်ပျိုးထားတယ်..

သင်ဟာ အပင်တွေရှင်သန်ကြီးထွားဖို့
- နေ့တိုင်းရေလောင်းပေးရမယ်၊
- အပတ်တိုင်းမြက်နှုတ်ပေးရမယ်
- လတိုင်းမြေဩဇာထည့်ပေးရမယ်

ဒီအပင်တွေက အချိန်တန်ရင် အသီးသီးပြီး
သင့်မိသားစုစားဝတ်နေရေး ဖူလုံမယ်

ပိုလျှံတဲ့သစ်သီးဝလံတွေကို ပြန်ရောင်းချပြီး
သားငါးတွေ၊ ဆန်၊ ဆီ၊ ဆားတွေ ဝယ်လို့ရမယ်

သင်ရဲ့ဘဝဟာ အမဲလိုက်သမားကြီးလို
နေ့တိုင်းစိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်မနေဘူး

အချိန်တန်ရင် ထမင်းပန်းကန်ထဲ
ထမင်းရောက်လာမှာသိတာမလို့
သင့်မှာ Pressure တွေရှိမနေတော့ဘူးပေါ့

=====

Facebook​ ပေါ်က Marketing မှာလဲ
အမဲလိုက်မုဆိုးကြီးလိုမျိုးပုံစံနဲ့
စျေးရောင်းကြတဲ့ Admin တွေရှိသလို

စိုက်ပျိုးရေးသမားကြီးလိုမျိုးပုံစံနဲ့
စျေးရောင်းကြတဲ့ Admin တွေလဲရှိပါတယ်...

Boost လုပ်တယ်ဆိုတာ အမဲလိုက်တာနဲ့တူပြီး
Lead Nurturing လုပ်တာက စိုက်ပျိုးမွေးမြူရေးနဲ့
သဘောတရားချင်းဆင်ပါတယ်.. 😁

=====

Lead Nurturing ဆိုတာက
"ကိုယ့်​ပစ္စည်းကိုဝယ်ဖို့အလားအလာရှိတဲ့သူတွေကို
Customer ဖြစ်လာတဲ့အထိ ပြုစုပျိုးထောင်ခြင်း"ကို
ဆိုလိုတာဖြစ်ပါတယ်

Customer ဖြစ်လာလောက်တဲ့လူတွေနဲ့
အဆက်အသွယ်မပြတ်အောင်နေချင်းအားဖြင့်
တချိန်ချိန်မှာ ကိုယ့်ဆီလာဝယ်အောင်ပြုလုပ်ခြင်းပါ

အဆက်အသွယ်မပြတ်အောင်နေဖို့အရေးကြီးပါတယ်

အဆက်အသွယ်မပြတ်အောင်
- နေ့တိုင်း cb မှာ စကားပြောပေးတာ
- နေ့တိုင်း​ အသုံးဝင်တဲ့ Email တွေပို့တာ
- နေ့တိုင်း Content တွေတင်ပေးတာ
- နေ့တိုင်း ကြော်ငြာတွေ မြင်အောင် Boost တာမျိုး
အစရှိသဖြင့် နည်းလမ်းမျိုးစုံနဲ့
အဆက်အသွယ်မပြတ်အောင် လုပ်ရပါတယ်

ဒီထဲမှာအလွယ်ကူဆုံး Lead Nurturingနည်းလမ်းက
Content Marketing ပဲဖြစ်ပါတယ်..

=====

Boost တဲ့အခါမှာ အမဲလိုက်မုဆိုးကြီးလိုပဲ
Customer တွေကို တကူးတကလိုက်ရှာရတယ်..

Customer တွေအများကြီးရတဲ့နေ့တွေလဲရှိသလို
တစ်ယောက်မှမရောင်းရတဲ့နေ့တွေလဲရှိမယ်..

Customer ရဖို့အရေး နေ့တိုင်းသင်စိတ်ပူနေရမယ်

=====

Content Marketing နဲ့
Content တွေနေ့တိုင်းတင်ပြီး Customer တွေနဲ့
အဆက်အသွယ်မပြတ်အောင် လုပ်ထားရင်

သင်ရောင်းအားချက်ချင်းရချင်မှရပါလိမ့်မယ်

ဒါပေမဲ့ စိုက်ပျိုးရေးသမားကြီးလိုပဲ
- နေ့တိုင်း Content တင်
- နေ့တိုင်း​ Comment တွေ​သေချာ Reply ပြန်
- နေ့တိုင်း Interaction ရှိအောင်လုပ်ပေးနိုင်ရင်
ဝယ်သူဆိုတဲ့ သစ်သီးဝလံတွေ ရလာပါလိမ့်မယ်

သစ်ပင်စိုက်သလိုပဲ အချိန်ကြာနိုင်ပါတယ်..
အရင်းအနှီးလဲများနိုင်ပါတယ်...

ဒါ့ကြောင့် အမြတ်နည်းလွန်းတဲ့လုပ်ငန်းတွေ၊
Customer​နဲ့ရေရှည်ဆက်ဆံရေးကိုမကြည့်ပဲ
တပွဲထိုးရောင်းဖို့အလေးထားတဲ့သူတွေအတွက်တော့
Lead Nurturing လုပ်တာက မသင့်တော််ပါဘူး 🙅🏻‍♂️

အဲ့ဒီလိုလုပ်ငန်းတွေကျတော့ အမဲလိုက်မုဆိုးကြီးရဲ့
နည်းလမ်းက ပိုပြီးသင့်တော်နိုင်ပါတယ်

Customer Lifetime Value များတဲ့လုပ်ငန်းတွေက
Lead Nurturing ကို ပိုပြီးဂရုစိုက်သင့်ပါတယ်..

=====

စျေးကွက်ထဲက သင့်ပြိုင်ဖက်တွေက
ပေါချောင်ကောင်း Marketing တွေလုပ်နေချိန်မှာ
သင်က Marketing​ သေသေချာ​ချာလုပ်ထားနိုင်ရင်

အခုချိန်မှာတော့
သူတို့ကရောင်းအားပိုကောင်းနေနိုင်ပေမဲ့

အချိန်ကြာလေ ရောင်းအားကွာလေဖြစ်လာပါလိမ့်မယ်

တနပ်စားဖို့ Marketing လုပ်မလား
တသက်စားဖို့ Marketing လုပ်မလားဆိုတာကတော့
ဦးဆောင်သူ Admin တို့အပေါ်ပဲမူတည်တာပေါ့... 😁

2 နှစ်များ - ဘာသာပြန်ပါ။

ပိုရောင်းကောင်းချင်ရင် သက်သေပြပါ ✅

ကျွဲကောသီးရောင်းတဲ့သူ 2 ယောက်ရှိတယ်ဆိုပါစို့

ပထမစျေးသည်က ခွဲပြပြီး တစ်စိတ်ကျွေးတယ်..
ကြိုက်မှ အခွံခွာပြီး ပလတ်စတစ်ကပ်ပေးတယ်..

ဒုတိယစျေးသည်က အသီးကို အကိုင်မခံဘူး..
အသီးနာမှာစိုးလို့ပါပေါ့...
ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်နဲ့ပုံစံမျိုးပေါ့

ကိုယ်သာ ကျွဲကောသီးချိုချိုလေး တကယ်စားချင်တဲ့သူဆိုရင် ဘယ်သူ့ဆီမှာဝယ်ဖြစ်မလဲ?

=====

ကိုယ်တိုင်​စားဖို့၊ မိသားစုစားဖို့ ဆိုတဲ့သူတွေကတော့ ပထမတစ်ယောက်ဆီကနေပဲ ဝယ်ကြမှာပါ...

ဘာလို့လဲဆိုရင် စျေးသည်က သူ့ရဲ့ကျွဲကောသီးရဲ့ ချိုမြိန်မှုကို သက်သေပြပြီးမှ ရောင်းတာမလို့ပါပဲ ✅

စျေးရောင်းတဲ့အခါ ပစ္စည်းကောင်းကြောင်း သက်သေပြနိုင်ရင် Customer တွေက ပိုပြီးယုံကြည်ကြပါတယ် 🌟

=====

ဥပမာ ကိုယ်က Diaper ရောင်းတာဆို Video ထဲမှာ Diaper ကို ကိုင်ပြီး ရေစုပ်မှုအားကိုပြတာမျိုး...

အထည်က ဘယ်လောက်အထိလှကြောင်းပြချင်ရင် ကိုယ်တိုင်/မော်ဒယ်ဝတ်ပြပြီး ရှုခင်းလှတဲ့နေရာမျိုးမှာ ဓာတ်ပုံရိုက်ပြတာမျိုး

ကိုယ်ရောင်းတဲ့ စတီးအိုးက ဘယ်လောက်ခိုင်လဲပြချင်ရင် 3ထပ်တိုက်ပေါ်ကနေ ပစ်ချပြတာမျိုး

အစရှိသဖြင့် သက်သေပြလို့ရပါတယ် 🤗✨

=====

ပစ္စည်းမဟုတ်ပဲ ဝန်ဆောင်မှုရောင်းတာဆိုရင် ဒီလိုပေါ့ 👇🏻

ဥပမာ အိမ်သုတ်လုပ်ငန်းဆိုရင်
ဆေးမသုတ်််ခင်နဲ့ ဆေးသုတ်​ပြီး ပြောင်းလဲမှုတွေကိုပြတာမျိုး၊

ဂျပန်စာသင်တန်းတွေဆိုလဲ သင်တန်းသားတွေရဲ့ စကားပြောကျွမ်းကျင်မှုတွေကို Video နဲ့ပြတာမျိုး၊

Boost Service မှာဆိုရင်တောင် Result ကောင်းတာလေးတွေ Screenshot ရွေးပြပြီး Service အပ်လို့ရပါတယ်ပြောရင် ပိုပြီးအပ်ချင်ကြသေးတာပဲမလား 😏

=====

ဒါကို Evidence Based Marketing လို့လဲ​ခေါ်ပါတယ်

ကိုယ်​ဘာပဲ​ရောင်းရောင်း သက်သေပြပြီးမှရောင်းပါ

လူတွေက သက်သေပြရင် ပိုယုံတတ်ကြတာမလို့ပါ ✅

=====

ဒီနေ့ကစပြီး Page မှာ သက်သေပြဖို့ကြိုးစားကြည့်ပါ
ရောင်းအားသေချာပေါက်တိုးတက်လာပါလိမ့်မယ် 💖