AI draws your month your pet!

2 နှစ်များ - ဘာသာပြန်ပါ။

ခေတ်အလိုက် အနုပညာ ၊ ဂီတ စတဲ့ ပစ္စည်းအစုံကို Hydraulic Press ဖိလိုက်တယ် > iPad Pro တစ်ခုထွက်လာမယ်
သဘောက ဒီပစ္စည်းတွေကိုတစ်နေရာတည်းကနေစုသုံးလို့ရတဲ့ အပါးလွှာဆုံး Tech Product တစ်ခု…

ကြော်ငြာကို ကြော်ငြာလိုပဲကြည့် ရင်တော့ ဘာမှ မထူးဘူး ကိုယ်တိုင်လဲ ကြော်ငြာလိုပဲကြည့်ခဲ့တာကိုး

ဒါပေမဲ့ Art တစ်ခုရဲ့ Value တန်ဖိုးကို အနှစ်ကျကျ ခံစားနားလည် တတ်တဲ့ သူတွေကတော့ ဝေဖန်နေကြလေရဲ့ ကိုယ်တိုင်တောင် ပြန်စဉ်းစားသုံးသပ် ရတဲ့အခြေအနေရောက်သွားပြီ

ဖြစ်ကြပုံက
ပါသွားတဲ့ပစ္စည်းတွေထဲမှာ ကင်မရာ ၊ ဂီတ တူရီယာတွေ ၊ ဂိမ်းစက်တွေ ၊ ကွန်ပျူတာ ၊ ပန်းချီ ပစ္စည်းတွေ အစုံပဲ 3D Modelling ပိုင်းပြချင်လို့လားမသိ Sculpture တောင်ထည့်ပြထားသေးတယ်

ဆိုတော့ဗျာ သက်ဆိုင်ရာ အပိုင်းအလိုက် Professional တွေက သူတို့တန်ဖိုးထားရတဲ့ပစ္စည်းတွေကို Hydraulic Press နဲ့ဖိပြတာကို မကြိုက်တာကြတာပေါ့
သူတို့ရဲ့ Tools တွေကို iPad Pro က အစားထိုးနိုင်တဲ့ သဘောမျိုး မြင်သွားကြသလို လေးစားမှုမရှိဘူးပါ မြင်ကြလေတော့ Apple ကတော့ ရှယ်ပလန် နဲ့ ဝေဖန် ခံနေရတာပေါ့ဗျာ

ဘယ်လောက်ထိ ဆိုးလဲဆိုရင် Tim Cook ရဲ့ iPad Pro Post အောက်မှာပါ ဝေဖန်ခံနေရတဲ့အထိပါပဲ

စာဖတ်သူတိုရဲ့Crush! iPad Pro ကြော်ငြာကို အမြင်ကရော…

Credit to Tech World

image
2 နှစ်များ - ဘာသာပြန်ပါ။

အဲလိုကြောင်တောင်တောင်တွေပို့တာကို အဟုတ်မှတ်နေတာ KPay ကဟာတွေက

image
2 နှစ်များ - ဘာသာပြန်ပါ။

❝အရာရာက ရေစက်ပါသလောက်ပေါ့❞
⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅

အရာရာ ရေစက်ပါသလောက်ပေါ့။
ဆက်ဆံရေးတိုင်းက သူ့သက်တမ်းနဲ့သူရှိပြီးသားပါ။

ဘယ်လောက်ပဲ ပျော်ရွှင်စရာ
ပြည့်နေတဲ့ဆက်ဆံရေးဖြစ်
နေပါစေ တကယ်တမ်း ရေစက်
ကုန်သွားတဲ့အခါ မလွဲမသွေ နှုတ်ဆက် ခွဲခွာရတယ်။

ဒါဟာ လူ့သဘော သဘာဝဖြစ်တယ်။
ဘဝဆိုတာ အထီးကျန်မှ ဘဝ အစစ်လို့
ခေါ်ထိုက်တာပါ။

အထီးမကျန်ဘူးဆိုရင် ဒါဟာ
စစ်မှန်တဲ့ဘဝလို့ သတ်မှတ်လို့
မရသေးပါ။

သင့်ဘဝထဲ ဝင်လာသူတိုင်းကို
စိတ်ရင်းအမှန်သာ ပြသပေးပါ။

တွေ့ဆုံမှုတိုင်းကိုနောင်တမရပါနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီနဲ့ပါ။

ငါ့သူငယ်ချင်းတွေ ငါ့အနား
ဘယ်ချိန်ထိ ရှိနေပေးမလဲ။

ငါ့ချစ်သူ ဘယ်ချိန်ထိ အနားမှာ
နေပြီး ချစ်ပေးမလဲ။

ဒါတွေကိုတွေးမနေပါနဲ့။
အတွေးလွန်ပြီးစိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။

သူတို့ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ ကံကောင်းတဲ့လူပါ။

ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမဲ့
တစ်ချိန်တုန်းကအတူတူ ပျော်ခဲ့တဲ့
အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်
မိတော့ မင်းကို သိခွင့်ရခဲ့တာ
ချစ်ခွင့်ရခဲ့တာ ဒီလောက်တောင်
ကြည်နူးစရာ ကောင်းရလားလို့
တွေးမိပြီး ဖြေသာနိုင်လိုက်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Me in public toilets

image
2 နှစ်များ - ဘာသာပြန်ပါ။

ရှေ့ကြည်သီးတပ် ရှပ်တွေထဲမှာမှ
Floral shirt တွေ သဘောကျတယ်ဆိုရင် ဘောင်းဘီတို၊ အရှည်၊ jeans တွေနဲ့သာမက Ankle pant တွေနဲ့ တွဲဝတ်နိုင်ပါသေးတယ်။ vintage fashion look လုံးဝရချင်ရင်တော့ သူ့ကို ဘောင်းဘီထဲထည့်ဝတ်ဖို့လိုပါတယ်။ ဒါ့အပြင့် ရှပ်တွေကို အောက်ကတစ်ထပ်ခံပြီး ကြယ်သီးဖြုတ်ဝတ်တဲ့စတိုင်ကလည်း ခုချိန်ပြန် Styling လုပ်ကြည့်နိုင်တဲ့အရာတစ်ခုပဲနော်😎

image
2 နှစ်များ - ဘာသာပြန်ပါ။

❝ ကျောင်းတက်တုန်းကလိုပေါ့ကွာ၊ ဘော်ဒါတွေက အလုပ်ပြီးမြောက်အောင်လုပ်တယ်၊ ငါကတော့ ဆုတွေရသွားတယ်။ ❞ 😅😂

ဒီစကားက ဆော်ဒီစူပါဖလားချန်ပီယံဖြစ်အပြီးမှာ နေမာက သူ့ကိုယ်သူ စနောက်ပြီးပြောခဲ့တာပါ။

ခုလည်း ဘရာဇီးလ်သားက ဆော်ဒီကလပ်ကိုရောက်လာတဲ့အချိန်ကစလို့ ပြည်တွင်းလိဂ်မှာ ၃ ပွဲသာ ကစားရသေးပေမဲ့ အသင်းဖော်တွေကောင်းမှုနဲ့ နောက်ထပ် ဆုဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်လိုက်ပါပြီ။

မနေ့ညက အယ်လ်ဟာဇမ်အသင်းကို ၄ဂိုး ၁ဂိုးနဲ့အနိုင်ရခဲ့ပြီးတဲ့နောက်မှာ အယ်ဟီလယ်တို့ ရာသီကုန်ဖို့ ၃ ပွဲအလိုမှာပဲ ဆော်ဒီလိဂ်ချန်ပီယံဖြစ်လာခဲ့တာပါ။

နေမာရဲ့အသင်းဟာ တစ်ရာသီလုံး ရှုံးပွဲတစ်ပွဲမှမရှိခဲ့ပဲရော်နယ်ဒိုရဲ့အယ်နာဆာအသင်းကို ၁၂ မှတ်အထိ ဖြ-တ်တော-က်ကာ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ နောက်ဆုံး ၅ နှစ်အတွင်း ဆော်ဒီလိဂ်ဖလားကို ၄ ကြိမ်အထိရရှိခဲ့တာဖြစ်ပြီး၊ အသင်းသမိုင်းတလျှောက်မှာ ၁၉ ကြိမ်မြောက်အဖြစ် ချန်ပီယံဖြစ်ခဲ့တာပါ။

နေမာကို မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်မြင်တွေ့ရဖို့နီးကပ်လာပြီဆိုပေမဲ့ အချိန်တစ်ခုတော့ စောင့်ဆိုင်းရဦးမှာပါပဲ။

အယ်ဟီလယ်အနေနဲ့လည်း ဒီရာသီမှာ ဆော်ဒီစူပါဖလားနဲ့ အမှတ်ပေးဖလားတို့ကိုရပြီးချိန်မှာ နောက်ဆုံးဆုဖလားအဖြစ် ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲကို ရော်နယ်ဒိုရဲ့အယ်နာဆာအသင်းနဲ့သာ ယှဥ်ပြိုင်ကစားဖို့ ကျန်ရှိပါတော့တယ်။

နေမာကတော့ အဲ့ဒီပွဲမှာ မပါဝင်နိုင်ဖို့ သေချာပေမဲ့တကယ်လို့ သူ့အသင်းသာ ဖလားထပ်ရရင် သူကလည်း ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ဆုဖလားတွေကို ထပ်မံကိုင်မြှောက်ခွင့်ရနေဦးမှာ ဖြစ်ပါတယ်။ 😎🇧🇷

image
2 နှစ်များ - ဘာသာပြန်ပါ။

🤖AI ပြဿနာတက်နေတဲ့ HUAWEI

HUAWEI က အသစ်မိတ်ဆက်ထားတဲ့ Pura70 ဖုန်းတွေမှာ AI Photo Editing Tools တွေပါတယ်။ အဲ့မှာ Smart AI Retouching ဆိုတဲ့ Feature က ဓာတ်ပုံထဲမှာပါတဲ့ Object တွေကို Single Touch လုပ်ပြီး အလွယ်ဖယ်ရှားနိုင်တယ်။ ဒါကို HUAWEI က Restriction ကောင်းကောင်းလုပ်ထားပုံမရဘူး။ အဲ့တော့ ပြဿနာတက်ကုန်ရော...

ပြဿနာက ဘယ်လိုလဲဆိုတော့ ဓာတ်ပုံထဲက အဝတ်အစားတွေကိုပါ အလွယ်ဖယ်ရှားလို့ ရနေတာပါ။ ဒါက Privacy , Ethic ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တော်တော်စိုးရိမ်ဖို့ကောင်းတယ်။ ဒီကိစ္စကို သိသွားတဲ့ HUAWEI ကတော့ နောက် Update မှာ ဖြေရှင်းပေးသွားမယ်လို့ ပြောထားပါတယ်။

AI ဆိုတဲ့အမျိူးက သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပါ။ ကောင်းကျိူးထက် ဆိုးကျိူးတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် နည်းပညာကုမ္ပဏီကြီးတွေက AI မော်ဒယ်တစ်ခုကို Develop လုပ်တော့မယ်ဆိုရင် သူ့ရဲ့ လုပ်နိုင်စွမ်း Ability ထက် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိူးတွေကိုလည်း ထည့်သွင်းစဥ်းစားပြီး ကာကွယ်ရပါတယ်။

image