2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၁၁ ရက်)
Voice of Myanmar

-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၈၀ ကျပ်
ဝယ်ဈေး - ၃၉၄၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၉၄၀ ကျပ်
ဝယ်ဈေး - ၂၈၆၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၂၉၀ ကျပ်
ဝယ်ဈေး - ၄၁၆၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၀၈.၉၂ ကျပ်
ဝယ်ဈေး - ၁၀၆.၇၄ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၄၀ ကျပ်
ဝယ်ဈေး - ၈၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၅၁ ကျပ်
ဝယ်ဈေး - ၅၃၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၅၆ ကျပ်
ဝယ်ဈေး - ၂၄.၇၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၆၆ ကျပ်
ဝယ်ဈေး - ၄၆.၂၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၀ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၄၉၁၄ ကျပ်
ဝယ်ဈေး - ၄၈၁၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၃၆ ကျပ်
ဝယ်ဈေး - ၂၅၈၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၂၁ ကျပ်
ဝယ်ဈေး - ၂၈၆၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၁ ကျပ်
ဝယ်ဈေး - ၁၀၅၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

?

❤️

2 yrs - Translate

နောက်ဆုံးတော့ဝယ်စားနိုင်သွားပြီ 🥹🤌🏻

image
2 yrs - Translate

စားသလောက် ဝ မလာတဲ့ လူတွေ

အစားအသောက်တွေ
ဘယ်လောက်စားစား ခန္ဓာကိုယ် အရွယ်အစားက ထူးထူးခြားခြား
ဝ မလာတဲ့ သူတွေ ရှိမှာပါ။

စာဖတ်သူ ကိုယ်တိုင်တောင် အဲဒီလို လူတွေထဲ ပါချင် ပါနေနိုင်ပါတယ်။ ဘာလို့ ဒီလို ဖြစ်သလဲဆိုတာ လေ့လာကြည့်တဲ့ အခါမှာတော့ အဓိကအကြောင်းအရင်း နှစ်ရပ်ကို တွေ့ရပါတယ်။

၁) ကိုယ်လက် လှုပ်ရှားမှု များနေတာ – စားသလောက် ဝ မလာတဲ့ သူတချိ့ဟာ အားကစား မလိုက်စားရင်တောင်မှ ကိုယ်လက်လှုပ်ရှားမှု များသူ ၊ တစ်နည်းပြောရရင် အငြိမ်ထိုင်မနေတတ်သူတွေ ဖြစ်ကြပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကြောင့် အားကစားလုပ်သလို အကျိုးသက်ရောက်မှုတွေ ရပြီး စားသလောက် မဝလာတာပဲ ဖြစ်ပါတယ်။

၂) ကြွက်သားတစ်ရှူးပမာဏ များတာ – ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ကြွက်သားတစ်ရှူးပမာဏတွေ များနေရင် ကယ်လိုရီတွေကို အများအပြား ချေဖျက်နိုင်စွမ်း ရှိပါတယ်။ စားသောက်သမျှက ဖြစ်လာတဲ့ ကယ်လိုရီတွေ ချေဖျက်ခံရတဲ့ အခါ ထူးထူးခြားခြား ဝ လာတော့မှာ မဟုတ်ပါဘူး။

တချို့သူတွေမှာ ဒီအချက်တွေက ဘဝပေးအခြေအနေအရ ရလာတဲ့ ကံကောင်းမှုလို ဖြစ်နေပေမယ့် ကျန်တဲ့ သူတွေအနေနဲ့လည်း ပြုပြင်ယူလို့ ရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ အားကစားရုံတွေမှာ သွားပြီး ခန္ဓာကိုယ် ပုံစံကျ လှပလာအောင် လုပ်တာမျိုးမလုပ်နိုင်ရင်တောင်မှ ဓာတ်လှေကားထက် ခြေကျင်တက်ရတဲ့ လှေကားကို ပို သုံးတာ ၊ အိမ်သန့်ရှင်းရေး လုပ်နေတာ စတာတွေ လုပ်နိုင်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားတွေ တည်ဆောက်ဖို့အတွက်တော့ လိုအပ်တဲ့ ကာယလေ့ကျင့်ခန်းတွေ၊ ဒိုက်ထိုးတာတွေ၊ အိပ်ထမတင်လေ့ကျင့်ခန်းတွေပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ အားစိုက်ရ ၊ အချိန်ပေးရပေမယ့် ဒုတိယအချက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ထိုက်တန်တဲ့ ရလဒ်မျိုး ရလာမှာမို့ ကြိုးစားကြည့်ဖို့ ကောင်းပါတယ်။

image
2 yrs - Translate

ရာသီကုန်တွင် ပီအက်စ်ဂျီအသင်းမှ
ထွက်ခွါမည်ဟု အတည်ပြုပြောကြားလိုက်တဲ့ ပြင်သစ်တိုက်စစ်မှူး
ကီလီယန် အမ်ဘတ်ပေ...

image
2 yrs - Translate

ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကိုတတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ရှောင်ဒိုက်

အဲဗာတန်အသင်းနည်းပြရှောင်ဒိုက်သည် ပြီးခဲ့သည့် ဧပြီလအတွက် ချီးမြှင့်သည့် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့ပြီး သူ၏နည်းပြဘဝတွင် ယင်းဆုကို တတိယအကြိမ်မြောက်အဖြစ် ရယူဆွတ်ခူးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ရှောင်ဒိုက်သည် ယင်းဆုကို ဘန်လေအသင်းအား ကိုင်တွယ်စဉ် (၂)ကြိမ်ဆွတ်ခူးခဲ့ဖူးပြီး (၂၀၁၈) မတ်လနှင့်(၂၀၂၀) ဖေဖော်ဝါရီလများက ရရှိခဲ့ခြင်းဖြစ်သည်။ရှောင်ဒိုက်၏ အဲဗာတန်အသင်းသည် ဧပြီလအတွင်းကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲတွင်(၄)ပွဲနိုင်(၁)ပွဲသရေ(၁)ပွဲရှုံး ကစားခဲ့ပြီး အများဆုံးရနိုင်သော ရမှတ်(၁၈)မှတ်မှ(၁၃)မှတ် ရယူနိုင်ခဲ့ကာ (ရမှတ်လျှော့ပြစ်ဒဏ်ကျခံထားသည့်ကြားမှပင်)တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။အဲဗာတန်အသင်း၏ နိုင်ပွဲများထဲတွင် မြို့ခံပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းကြီးဖြစ်သည့် လီဗာပူးလ်အသင်းကို အနိုင်ရသည့်ပွဲလည်း ပါဝင်ခဲ့သည်။ယင်းအတွက်ကြောင့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်၌ ရှင်သန်ခွင့်ရအောင် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးခဲ့သည့် ရှောင်ဒိုက်မှာ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို နာမည်ကြီးနည်းပြများအား ကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

image

Sushi time ❤

2 yrs - Translate

လူတိုင်းမသိကြတဲ့ iPhone တွေမှာ Cycle Count မတက်အောင်နဲ့ Battery Health မကျအောင်သုံးနည်း

ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့ iPhone ကို ဝယ်လာပြီး သုံးလိုက်မယ် တစ်လလောက်နေတော့ Battery Health ကျသွားတယ် Cycle Count ကလဲ တက်လာတယ် ဆိုရင် စိတ်ညစ်ကြတဲ့သူတွေ ရှိကြမှာပါ

Group တွေထဲ တက်မေးကြပေမဲ့ အဖြေရှာမရတာ မျိုးလဲ ရှိနေကြတယ် တစ်တကယ်တော့ အနာသိရင် ဆေးရှိသလို တစ်ချို့ကျလဲ သိရက်နဲ့ ပြောမပြကြတာမျိုးတွေရှိတယ်

ဒီတော့ကျနော်တို့ကပဲ ပြောပြရတော့တာပေါ့ဗျာ

iPhone တွေမှာ ဒီလို Battery Health ကျပြီး Cycle Count မတက်အောင်သုံးနည်းကတော့

အရေးကြီးတဲ့ တစ်ချက် အနေနဲ့

ကိုယ်ဝယ်ထားတဲ့ဖုန်းက ဖုန်းအသစ်ဖြစ်ရပါမယ်
နောက်ပြီး ဆိုင်မှာ ဖောက်မစစ်ပါနဲ့ ဒါအရေးကြီးပါတယ်

(ဖုန်းအသစ်မဟုတ်ရင် ဒီနေရာကနေဆက်မဖတ်ပါနဲ့တော့)

ဖုန်းအသစ်ဖြစ်ပြီဆိုရင် ဆိုင်ကနေဝယ်လာပါ
အိမ်ရောက်တဲ့အခါ အရေးကြီးတာက ဖုန်းထားဖို့ နေရာပါ

ဖုန်းထားဖို့ ဗီရို (သို့) စားပွဲမှာ နေရာတစ်ခုရပြီဆိုရင်

ဝယ်လာတဲ့ ဖုန်းအသစ်ကို ဖောက်မသုံးပဲ ဒီတိုင်းထားလိုက်ပါ

ဒါဆိုရင်တော့ မိတ်ဆွေဝယ်လာတဲ့ iPhone က ဘူးထဲကနေသာ ဖောက်သာမသုံးခဲ့ဖူးဆိုရင် Battery Health ကျမှာမဟုတ်သလို Cycle Count လဲ တက်နေမှာမဟုတ်ပါဘူး

ဆိုတော့ဗျာ ပြောပြချင်တာက
Battery Health ဆိုတာ ဖုန်း သုံးတိုင်း ကျလာမှာဖြစ်သလို
Cycle Count ဆိုတာကလဲ ဖုန်းအားသွင်းတိုင်းတက်လာမှာပါ

အကယ်၍ Battery Health က 80% အောက်ရောက်မှသာ ဖုန်းရဲ့ Performance ပိုင်းကို အနည်းနဲ့အများထိခိုက်စေနိုင်မှာပါ

Apple က iPhone 14 တွေရဲ့ Battery Cycle Count ကို 500 အထိအာမခံထားတာပါ iPhone 15 တွေမှာ 1000 အထိပါ ဆိုတော့ဗျာ Cycle Count 500 ရှိရင် Battery Health 80% ရှိနေဦးမယ်ဆိုတဲ့သဘောပဲ ဒီတော့ ဒီနံပါတ်တွေ တက်ခြင်း ကျခြင်းတွေကို စိတ်ထဲထားမနေပဲ ဖုန်းကို ဖုန်းလိုပဲသုံးလိုက်ကြတာပေါ့ဗျာ...xD

image
2 yrs - Translate

Flash လေးတစ်ခုကို ဘာတွေတင်စားပြီး ပြောနေရလဲကတော့ အကြောင်းရှိတယ် သာမန် Flash မဟုတ်တာကြောင့်ပဲ AI ပါတယ်ပြောရင်ပိုမှန်မလား🤔

True Tone Flash လို့ခေါ်တယ် အဓိကက iPad တွေ အသုံးများတဲ့ Document Scan တွေမှာ အဆင်ပိုပြေစေဖို့ပဲ

Apple က ရှင်းပြထားသလောက်ဆိုရင် iPad Pro က Document Scan တာကို ကင်မရာက နေ တဆင့် AI ကိုအသုံးပြုပြီး သိပြီဆိုတာနဲ့ ပုံတစ်ပုံတည်းမဟုတ်ပဲ ပုံများစွာရိုက်ပြီးတော့ လုံးဝ အကောင်းဆုံးတစ်ပုံကို ထုတ်ပေးမယ်ပြောထားလေရဲ့

ဘာကြောင့်ပုံများများရိုက်လိုက်မလဲဆိုရင် Document တွေရိုက်ရင် ကင််ရာ အရိပ်ကျနေတာတွေ ကိုကြုံဖူးကြတယ်ဟုတ်?

True Tone Flash ရဲ့ အရိပ်တွေ မပေါ်အောင်ကို ဖန်တီးပေးနိုင်တဲ့ အလုပ်က အဲ့မှာစတာပါပဲ

Camera / Files / Note App တွေအပြင် တခြား 3rd Party Application တွေမှာပါ ဒီစနစ်ကို ရမယ်လို့ ဆိုထားပါတယ်

ပြောချင်တာက iPad Pro တွေရဲ့ Flash က တခြား Tablet တွေလို သာမန်မဟုတ်ဘူးဆိုတာပါပဲ ဒီလိုအချက်တွေကြောင့်ပဲ Apple က Apple ဖြစ်နေသလို iPad Pro တွေကလဲ အကောင်းဆုံး Tablet တွေထဲက တစ်ခု ဖြစ်နေတာလို့ပြောရင် မှားမယ်မထင်ပါဘူး

image