2 နှစ်များ - ဘာသာပြန်ပါ။

ပန်းတွေကို သဘောကျတဲ့
သာမန်လူသားတစ်ယောက်ပဲ ဖြစ်လိုတယ်။
အေးချမ်းခြင်းကို ပိုသဘောကျတယ်
စိတ်အထိအခိုက်များတဲ့ နေ့တွေမှာတောင်
ပန်းရုံတွေ တွေ့ရုံနဲ့ ပြုံးမိတတ်တယ်။

image

2 နှစ်များ - ဘာသာပြန်ပါ။

တချို့လူတွေက ချစ်တယ်သာပြောနေကြတာ..
သူတို့ချစ်တာ ဘာမှလုပ်လို့မရဘူး။

စိတ်လုံခြုံမှုပေးလားဆိုစိတ်လုံခြုံမှုလည်း မပေးဘူး
ဒါဆို နွေးထွေးမှုပေးလားဆိုရင် နွေးထွေးမှုလည်း
မပေးတတ်ဘူးတဲ့..။
ဒါဆို ကာကွယ်ပေးတတ်လားဆိုလည်း မကာကွယ်ပေးတတ်ဘူး။ကာကွယ်ပေးရကောင်းမှန်းလည်း မသိဘူး။

လိုအပ်တဲ့အချိန်တိုင်း အတူတူရှိနေပေးလားမေးရင်လည်း သူတို့ဘာသာအတွေးလွန်နေတာနဲ့ ကိုယ်ဒုက္ခရောက်နေလား၊ပင်ပန်းနေလား၊နေမကောင်းဘူးလားဆိုတာတောင် မသိနိုင်ဘူး။
စိတ်ချမ်းသာမှုပေးလားဆိုရင်လည်း ဝေလာဝေး

အဲ့တော့တချို့လူတွေ ချစ်တယ်ဆိုတာ သူတို့ပါးစပ်ဖျားမှာပဲ သေအောင်ချစ်ပြီး ရင်ထဲမှာပဲ အသေခံစားနေတာ..သူတို့ချစ်တာ ကိုယ့်အတွက်ဘာကောင်းကျိုးမှ မပေးဘူး..။

ချစ်ခြင်းနဲ့ကမ်းတဲ့လက်ဖြစ်ရက်နဲ့ ဘာကိုလက်မခံလဲမေးရင် အပေါ်ကအချက်တွေကြောင့်ပဲ..။

" I love you''လို့ပြောခံရရင်..
"Where is your love? I don't feel it, I don't see it'' ပါပေါ့။

ချစ်သာချစ်တယ်ပါးစပ်ကပြောနေတာ
ကိုယ့်ဘဝအတွက် စိတ်ပိုင်းဆိုင်ရာဖြစ်စေ
လူပိုင်းဆိုင်ရာဖြစ်စေ အထောက်အပံ့မပေးရင်တော့
ချစ်နေတယ်ဆိုတာ အလကားပဲ။

တကယ်တော့အဲ့ဒါအချစ်လည်းမပြောဘူး..
သူတို့ဘာသာသူတို့အချစ်လို့ခေါင်းစဥ်တပ်ထားတဲ့
စွဲလမ်းမှု၊တပ်မက်မှု တစ်ခုပဲ။

အချစ်ဆိုတာ ကာကွယ်ပေးတတ်ရတယ်..
နွေးထွေးစေနိုင်တဲ့သဘာဝရှိတယ်..
အချစ်ဆိုတာ သူ့ကိုအရိပ်တကြည့်ကြည့်နဲ့ သူဘာလိုလဲ ငါဘာလုပ်ပေးနိုင်လဲဆိုတဲ့ စေတနာ..
ပြီးတော့ အတူတူဆိုတဲ့အိပ်မက်တွေရှိတယ်။

🌻🤍

image
2 နှစ်များ - ဘာသာပြန်ပါ။

မွေးနေ့မှာ ရာရှ်မီကားကို လက်ထပ်ခွင့်တောင်း

မနေ့က အသက် ၃၅ နှစ် ပြည့်သွားတဲ့ ဗီဂျေးဟာ
ချစ်သူ ရာရှ်မီကားနဲ့အတူ ဘတ်ဒေးပါတီလုပ်ရင်း
လက်ထပ်ခွင့်ကို သူ့ရဲ့မွေးနေ့လက်ဆောင်အနေနဲ့
ရာရှ်မီကားဆီက တောင်းခဲ့တယ်လို့ သိရပါတယ်။

ရာရှ်မီကားက ဗီဂျေးထက် အသက် ၇နှစ်ငယ်ပြီး
သူတို့တွဲနေတာ ၅နှစ်ကျော်ပါပြီ။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဒီ မ ပြည့် စုံ မှု တွေ ကြား ထဲ မှာ
အတူတူ ရုန်းကန်မယ်လို့ ပြောပြီး
ရုန်းကန်ရင်းနဲ့ ပိုဝေးသွားကြတဲ့
သာတကတွေကလည်း အများကြီးမို့

လမ်းတဝက်တဖြတ်နဲ့ ကျန်ခဲ့ရမှာကိုတော
အရမ်း ကြောက်မိတယ် ချစ်သောရေ

image
2 နှစ်များ - ဘာသာပြန်ပါ။

🗣မေးသူ: ❝ မက်ဆီရဲ့အာဂျင်တီးနားအပေါ်ထားတဲ့ ချစ်မြတ်နိုးစိတ်နဲ့ ဘာစီလိုနာအပေါ်ထားတဲ့ ချစ်ခင်မှုက တူညီနိုင်မယ်လို့ ခင်ဗျားထင်လား? ❞

🗣ဂီရန်မ် (စာရေးဆရာ): "ဘာစီလိုနာရဲ့ခေါင်းဆောင်တွေအကြောင်းရေးထားတဲ့ ကျနော့်ရဲ့စာအုပ်ထဲမှာပေါ့၊ စာအုပ်ထဲမှာပါတဲ့သူတွေအားလုံးက သူတို့ကိုယ်တိုင် အကြောင်းအရာတစ်ခုခုတော့ ရေးပေးထားတယ်ဗျ။

စာအုပ်ထုတ်ဝေတာက အချိန်နည်းနည်း နောက်ကျသွားတယ်။ ဘာလို့လဲဆိုတော့ လီယိုရဲ့ Script ကရောက်မလာသေးလို့လေ။

အဲ့တာနဲ့ သူ့ကိုဆက်သွယ်ကြည့်တော့ "ရေးပေးမယ်" ဆိုပြီး မဆိုင်းမတွ ပြန်ပြောလာတယ်။

ဒီစာအုပ်က ဘာစီလိုနာရဲ့အကြောင်းဆိုတာနဲ့တင်စာသားတွေကို သူကိုယ်တိုင် ရေးပေးမယ်လို့ လီယိုက သဘောတူခဲ့ပါတယ်။

စာအုပ်ထဲမှာ သူရေးထားတာက "သူက ဘာစီလိုနာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်၊ ယနေ့အချိန်အထိလည်း ဆက်ရှိနေဆဲပဲ။

ဒါကြောင့် အသင်းအပေါ်မှာထားတဲ့ သူ့ရဲ့ချစ်မြတ်နိုးစိတ်က ချွင်းချက်မရှိဘူး၊ တစ်နေ့ကျရင် ဘာဆာကို သူပြန်လာခဲ့ဦးမယ်"တဲ့။ ❞ 🇦🇷💙❤

image

like me :P

2 နှစ်များ - ဘာသာပြန်ပါ။

Nothing ရဲ့ ဘရန်းခွဲ CMF က
ဖုန်းထုတ်ဦးမတဲ့

ဘရန်းသက်တမ်းနုနုလေးက ဘရန်းခွဲတွေနဲ့ဆိုတော့ ဆန်းသားပဲ

ဆက်ရရင်

Render တွေထွက်လာတဲ့ CMF Phone 1 ရဲ့ ပုံ အရတော့ ပြေးမြင်မိတာ iPod Touch တွေပဲ တကယ်ကို ဖုန်းတစ်လုံးဖြစ်သင့်တဲ့ပုံစံဗျာ

ဝမ်းနည်းသွားတာက Compact Phone ဖြစ်မယ်ထင်တာ 6.5-inch Display ကိုသုံးထားနိုင်တယ် တွေ့ရတယ်

Nothing OS နဲ့တော့ မလာလောက်ပဲ Stock Android ကိုပဲသုံးပေးထားမယ်ပြောနေကြတယ် $200 ဝန်းကျင်နဲ့စျေးကွက်ထဲရောက်လာမယ်လို့လဲ
ခန့်မှန်းနေကြပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

🍞🍞​ပေါင်မုန့်လိပ် ငှက်ပျောသီးအစာသွပ်ကြော်..

🍞.လတ်လတ်ဆတ်ဆတ်ပေါင်မုန့်တစ်လုံး(အသားအိလေလိပ်ရတာအဆင်ပြေလေပါ)ပေါင်မုန့်ဘေးအနားတွေကိုဖြတ်ပစ်ပါ(ကိုယ်ကြိုက်တော့မဖြတ်တော့ဘူး) ပေါင်မုန့်ချပ်တွေကို တစ်လိမ့်တုံးနဲ့ပြားအောင်လိမ့်ပေးပါ(တစ်လိမ့်တုံးမရှိတော့ပုလင်းနဲ့လိမ့်ပါတယ်).
.🍞.ငှက်ပျောသီးမှည့်မှည့်(မှည့်အိမှပိုစားကောင်းတယ်နော်)ကိုလေးခြမ်းခြမ်းပါ ပေါင်မုန့်နဲ့အနေတော်အရှည်ဖြတ်ပေးထားပါ..
🍞.ကြက်ဥလိုသလောက်ကို နို့ဆီ/သကြားနဲ့ရောထည့်ပြီးခေါက်ထားပါ.
🍞ပေါင်မုန့်ပြားထဲကို ငှက်ပျောသီးခြမ်းထည့်ပြီးလိပ်ပေးထားပါ🍞ခလောက်ထားတဲ့ကြက်ဥရည်ထဲကို လိပ်ထားတဲ့ပေါင်မုန့်နှစ်ထည့်ပြီး(မုန့်ကြွပ်မှုန့်နဲ့လူးရပါတယ် မရှိတော့မသုံးထားပါ) ဆီပူပူမီးဖြေးဖြေးနဲ့ကြော်ပေးပါ .(တူးလွယ်တယ်နော်ကြော်ပြီးပစ်မထားပါနဲ့)
🍞ဆော့အချို နဲ့တို့စားမလား ကော်ဖီပူပူနဲ့စားမလား....
စားကောင်းလို့မကြာခဏ
လုပ်စားဖြစ်ပါတယ်...

image
2 နှစ်များ - ဘာသာပြန်ပါ။

လူငယ်တွေကို လျော့မတွက်နဲ့။ လူငယ်တွေမှာ Power ရှိတယ်။

အခုနောက်ပိုင်း နည်းပညာကုမ္ပဏီတွေရဲ့ Founder နဲ့ CEO တွေက လူငယ်တွေများတယ်။ Microsoft 365 နဲ့ Google Workspace တွေကို ကောင်းကောင်းကြီး ခြိမ်းခြောက်နေတဲ့ Notion ရဲ့ Co-Founder & CEO - Ivan Zhao ဆိုရင် အသက် ၃၇နှစ်ပဲ ရှိသေးတယ်။ အခုဆို ဘီလီယံနာကြီးဖြစ်နေပြီ။

နာမည်ကြီးနေတဲ့ Rabbit R1 (AI Gadget) ကို ထုတ်တဲ့ကုမ္ပဏီရဲ့ Founder & CEO - Jesse Lyu ဆိုရင် အသက် ၃၄နှစ်၊ Crypto လောကမှာ နာမည်ကြီးတဲ့ Ethereum ရဲ့ Co-founder - Vitalik Buterin ဆိုရင် အသက် ၃၁နှစ်၊ Snapchat ရဲ့ Co-founder & CEO - Evan Spiegel ဆိုရင် ၃၃နှစ်ပါ။

ပြောချင်တာက လူငယ်တွေမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိကြပါတယ်။ ဒါကြောင့် လူငယ်တွေကို
နေရာပေးကြပါ🙄😁

image