2 နှစ်များ - ဘာသာပြန်ပါ။

ဂုဏ်သိက္ခာအရှိန်အဝါ အင်မတန် ကြီးကျယ်ခမ်းနားမြင့်မြတ်တဲ့ Apple လို မျိူးလိုမျိူး ကုမ္ပဏီကြီးအနေနဲ့ ဒီနှစ်ထဲမှာ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ညှိုးနွမ်းအားငယ်စရာ ဖြစ်ရပ် ၂ခု အတည်အလင်းဖြစ်ပွားခဲ့တယ်။

ပထမ ၁ခုက ၁၀နှစ်ကြာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Apple ကားပရောဂျက်ကြီးကို ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အဆုံး လက်မြှောက်အရှုံးပေးပြီး ဖျက်သိမ်းလိုက်ရတာပါ။

ဒုတိယ ၁ခုကတော့ iPhone တွေမှာ Generative AI တွေ ထည့်ပေးဖို့အရေး Google နဲ့ OpenAI တို့လိုမျိူး ပြိုင်ဘက်ကုမ္ပဏီကြီးတွေဆီကနေ အကူအညီရယူဖို့ ညှိနှိုင်းဆွေးနွေးနေရတာပါ။ လောလောဆယ်တော့ Apple က OpenAI နဲ့ ကျီစားနေပြီး နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေလုပ်နေပြီလို့ သတင်းထွက်လာတဲ့အတွက် iOS 18 မှာ ChatGPT အခြေပြု Generative AI Features တွေကို တွေ့ရဖို့ အလားအလာများနေပါတယ်။

Apple ရဲ့ အဖြစ်က မနှစ်ကနဲ့ မတူတာတော့ အမှန်ပါပဲ။ “မချစ်သော်လည်း အောင့်ကာနမ်း” ဆိုသလိုပဲ “OpenAI ကို မချစ်သော်လည်း ကြိတ်မှိတ်ပြီး အောင့်ကာနမ်းမယ်ဟေ့” လို့ ဆုံးဖြတ်ထားပုံ ရပါတယ်။

Ref: 9To5Mac

image
2 နှစ်များ - ဘာသာပြန်ပါ။

စပါးစျေးထိုးကျနေသော်လည်း ဆန်စျေးနှုန်းများဆက်လက်မြင့်တက်

စပါးဝယ်ယူသည့် စျေးနှုန်းများကျဆင်းနေသော်လည်း ဆန်စျေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း တောင်သူလယ်သမားများနှင့် ဆန်လုပ်ငန်းရှင်များထံမှသိရသည်။

တောင်သူလယ်သမားများထံမှ ကောက်ယူသော စပါးစျေးမှာ တင်း ၁၀၀ လျှင် သိန်း ၂၀ ‌အောက်သာရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ လယ်သမားတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ဆီမှာ ကုန်သည်တွေက စပါးလာဝယ်ရင် စပါး ၁၀၀ ကို သိန်း ၂၀ အောက်လောက်ပဲပေးကြတယ်၊ စပါးစျေးကျနေတာပေါ့၊ စပါးစျေးတက်လာဖို့လည်းမျှော်လင့်တယ်၊ စပါးစျေးက ပွဲစားတွေကပဲ စျေးကစားနေတာလား၊ ကုန်သည်တွေကပဲ စျေးကစားနေသလားတော့မသိဘူး။ ဆန်စျေးတွေက တော်တော်ကြီးနေပေမယ့် ကျွန်တော်တို့ဆီမှာ စပါး‌‌ကောက်ရင် စျေးနှိမ်ကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ စပါးစျေးများကျဆင်းနေသော်လည်း ဆန်စျေးမှာမူ တစ်နေ့ထက်တစ်နေ့ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆက်လက်ပြောသည်။

“ ဆန်စျေးတွေကတော့ သင်္ကြန်ပြီးနောက်ပိုင်းတစ်နေ့ထက်တစ်နေ့တက်နေတယ်၊ သုခ တစ်အိတ်ကိုတင် ၁ သိန်းနီးပါးဖြစ်နေပြီ၊ တချို့ ဆန်ကြမ်းစျေးတွေဆိုရင် အစသိပ်မကောင်းတဲ့ ဆန်ချောစျေးထက်တောင်ပိုပြီးများလာတာတွေ့ရတယ်။ ဒါပေမယ့် စပါးစျေးကတော့ ထိုးကျနေတယ်လို့သိရတယ်။ ကြားထဲမှာ ဘယ်သူတွေကို ဘယ်လိုမျိုးစျေးကစားနေလဲဆိုတာတော့ မသိရဘူး” ဟု ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

လက်ရှိစျေးကွက်အတွင်းတွင် ဆန်ကြမ်းစျေးနှုန်းမှာ ရက် ၉၀၊ ဖန်သီးသုခရှယ်၊ ပခမ်းရှယ်၊ ဆင်းသွယ်ရှယ်၊ အညာသားရှယ်၊ ဧရာမင်းရှယ် တစ်အိတ်လျှင် ကျပ် ၁ သိန်း၁ သောင်းဝန်းကျင်အထိစျေးပေါက်နေပြီး ဆန်ချောစျေးနှုန်းအနေဖြင့် တောင်ပျံ‌မွှေး၊ မြောင်းမြပေါ်ဆန်းမွှေး၊ ပုသိမ်ပေါ်ဆန်းမွှေး၊ ဧရာ၀တီပေါ်ဆန်းမွှေးတို့မှာ တစ်အိတ်လျှင် ကျပ် ၁ သိန်းခွဲကျော်အထိ ပေါက်စျေးရှိကာ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင်ကျပ် ၁ သိန်း၉ သောင်းဝန်းကျင်အထိစျေးပေါက်နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှစုံစမ်းသိရသည်။

Vanilla Coffee Ice Cubes ❤

image
Jesus Maita ဓါတ်ပုံအသစ်များကို ထည့်ပေးခဲ့သည်။ DEADPOOL & WOLVERINE
2 နှစ်များ

image

image
Jesus Maita ဓါတ်ပုံအသစ်များကို ထည့်ပေးခဲ့သည်။ THE GIRL.
2 နှစ်များ

image
Jesus Maita သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

Hey World 😎

image
2 နှစ်များ - ဘာသာပြန်ပါ။

Hey World 😎

image