1 y - Youtube

1 y - Youtube

1 y - Youtube

1 y - Translate

ငွေကြေးရဲ့ သဘောတရားတစ်ခုမှာ ...
currency pair ငွေကြေးအတွဲတစ်ခုဟာ ပထမဦးဆုံးအကြိမ် မကြားဖူးသေးတဲ့ဈေးတန်းတစ်ခုကို အများကြီး ဟ ပြီး ခုန်တက်သွားတယ် ဆိုရင် အဲဒါဟာ Surge ဖြစ်နိုင်ချေများတယ်။
ဘာကြောင့်လဲဆိုတော့ Base Currency ငွေမာတဲ့ဘက် ကို ကိုင်ထားတဲ့သူက panic buying ကြောင့် တက်လာတဲ့ ဝယ်လိုအား demand ကို နိုင်အောင်ရောင်းပေးတယ်။ နောင် သူ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ ရမယ်လို့ ယုံကြည်လို့။
အဲဒီအတွက် ဈေးက Surge ဖြစ်လာတဲ့အချိန်မှာ Demand Volume ဝယ်လိုအား ပမာဏကလည်း မများသလို၊ Supply ကလည်း လုံလုံလောက်လောက် ရှိတယ်။
🔻 အဲဒါကြောင့် ငွေကြေးဈေးကွက်ဟာ Surge ဖြစ်တာမျိုး ဆိုရင် လုံလောက်တဲ့ ဝယ်လိုအား လိုက်မလာတာရယ်၊ Supply ကလည်း အားကောင်းတာရယ်ကြောင့် ပြန်ကျသွားလေ့ရှိတယ်။
ဒါပေမယ့် အကျိုးဆက်တစ်ခု က ငွေကြေးဖြစ်စေ၊ ကုန်စည် ဖြစ်စေ ဟာ ဈေးတန်းတစ်ခုကို တစ်ကြိမ်ရောက်
ဖူးသွားပြီဆိုရင် အဲဒီ ဈေးတန်းဟာ လူတွေရဲ့ မှတ်ဥာဏ် မသိစိတ်ထဲ စွဲထင်ကျန်ရစ်ခဲ့တယ် ဆိုတဲ့အချက်ပဲ။
🚩 အဲဒါပြီးရင် ငွေကြေးရဲ့ လှုပ်ရှားမှု နောက်တစ်မျိုး ရှိပါသေးတယ်။
တက်ကတည်းက ဈေးတန်းဟာ ဝုန်းကနဲဆောင့်မတက်ဘဲ ဖြစ်သင့်တဲ့ အဟ တစ်ခုကိုပဲ ထိုးတက်တယ်။
📌 အဲဒီအချိန်မှာ အရင်နဲ့ ကွာဟချက်က အဝယ် Volume လိုက်လာတာပဲ။ တကယ်တက်ပြီဆိုတာ သိတဲ့ အတွက် တကယ် အလုပ်လုပ်သူတွေကပါ Risk Management အတွက် လိုက်ဝယ်လို့ Volume ပါလာတာ။
တစ်ပြိုင်တည်းမှာပဲ လက်ထဲငွေမာ Base Currency ကိုင်ထားတဲ့ သူကလည်း ပြန်ဝယ်မရမှာသိတော့ မရောင်း
တဲ့အတွက် Supply ကလည်း ထင်သလိုမဝင်တော့ဘူးရယ်။
ငွေကြေးဈေးကွက်မှာ Volume ပါလာတဲ့အရောင်းအဝယ် ဟာ သိသာတယ်။ တွက်ချက်ပြီး လုပ်တာမို့ ငြိမ့်ကနဲ ငြိမ့်ကနဲ နဲ့ မှန်မှန်တက်နေတော့တာ မြင်သာတယ်။
ကျွန်တော် မျှဝေချင်တာက Panic Buying ကြောင့် surge ဖြစ်တာနဲ့ တကယ် Buying Pressure ကြောင့် Bullish ဖြစ်တာရဲ့ ပင်မကွာခြားချက်ကို မြင်စေချင်တာပါ။
အဲဒါကိုတကယ်ခံစားတတ်သွားရင်ကို ရောင်းမှား ဝယ်မှား ဖြစ်ဖို့ ရာခိုင်နှုန်း % လျော့သွားပါလိမ့်မယ်။
မျိုးအိမ်ဇန်
ဇူလိုင် ၂၃၊ ၂၀၂၃

Credit

image
1 y - Translate

သူငယ်ချင်း တွေ ကြားမှာ မသောက်တတ်တော့ မျက်နှာငယ်ရတာပေါ့ 😞

image
1 y - Translate

31 May 24
ယနေ့ ငွေဈေး၊ ရွှေဈေး

USD Buy - MMK 4,620
USD Sell - MMK 4,670
EUR Buy - MMK 4,706.0
EUR Sell - MMK 4,878.0
SGD Buy - MMK 3,090
SGD Sell - MMK 3,140
THB Buy - MMK 116
THB Sell - MMK 120.48
JPY Buy - MMK 27.55
JPY Sell - MMK 28.56
MYR Buy - MMK 980
MYR Sell - MMK 990
CNY Buy - MMK 588
CNY Sell - MMK 608

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,280,000
၁၆ ပဲရည် ၁ကျပ်သား - MMK 5,580,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***

1 y - Translate

သေချာတွေးကြည့်ရင် ပီအက်စ်ဂျီအဖြစ်က တော်တော်လေးကို သနားဖို့တောင်ကောင်းတယ်။ ဒီလောက်ထိ ပိုက်ဆံတွေကြွယ်၀ပြီး ကြိုက်တဲ့ကစားသမားကို ကြိုက်စျေးပေးပြီး ခေါ်လို့ရတဲ့အသင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို အသင်းမှာ မြဲနေအောင် မထိန်းနိုင်တာကိုကြည့်ပြီး သနားစရာကောင်းတယ်လို့ တွေးမိလို့ပါ။ စီမံခန့်ခွဲမှုတွေ ဘယ်လောက်ထိ ညံ့ဖျင်းလဲဆိုတာ သိသာလွန်းပါတယ်။
မန်စီးတီးနဲ့ ယှဉ်မယ်ဆိုရင် နှစ်သင်းစလုံးက အတူတူတက်လာတဲ့ အနေအထားမှာ တသင်းက ချန်ပီယံလိဂ်ဖလားကို ရသွားပြီ။ သူတို့မှာ ပြည်တွင်းဖလားတွေကို ဗိုလ်လုပ်ရတာနဲ့ပဲ ကျေနပ်နေတယ်။ ဒါတောင် လိဂ်ဖလားတွေကို အသည်းအသန်ကန်နေရတာ။ ကစားသမားကောင်းတွေ ပေါလွန်းလို့သာ အသင်းကြီးလို့ သတ်မှတ်လာရပေမယ့် ဥရောပမှာဆို တန်းမဝင်ဘူးဆိုတာလည်း အားလုံးတွေ့ရမှာပါ။
အခု မက်ဆီလည်း မရှိတော့ဘူး၊ ဘတ်ပီလည်း လစ်တော့မယ်၊ နေမာကလည်း မရှိတော့ဘူး။ အသင်းကို ဂုဏ်သိက္ခာရှိရှိ၊ လေးစားခံရမှုအပြည့်ရှိလာအောင် တည်ဆောက်ဖို့ အချိန်တွေ အများကြီးရှိခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ တနှစ်ကို နာမည်ကျော် ၃ ယောက်လောက်ခေါ်ပြီး ပွဲခံရတာကိုပဲ အရသာတွေ့နေတာ။ မန်စီးတီးနဲ့ အဲဒီမှာ ကွာသွားတာပဲ။ ပြီးခဲ့တဲ့ ၃နှစ်အတွင်း နည်း​ပြကဏ္ဍကိုပဲ ကြည့်ရင် မန်စီးတီးက ပပ် တယောက်တည်း။ သူတို့ကတော့ မနည်းဘူး။ အဲဒီမှာတင် အသင်းက လစ်တာပဲ။
လူငယ်တွေ မွေးထုတ်ပေးနိုင်တဲ့ အခြေခံက အခုထိမရသေးဘူး။ ဇာဗီဆိုင်မွန်စ်လို ကစားသမားကို လက်ဝယ်ပိုင်ပြီးမှ ဖရီးနဲ့ ပေးလိုက်ရတဲ့အထိကို သူတို့အသင်းက ညံ့ဖျင်းနေခဲ့တာပါ။ သူတို့အသင်းမှာ အကယ်ဒမီထွက်ကစားသမားဆိုတာ လက်ချိုးရေတွက်လို့တောင် ရပါတယ်။ မြွေပူရာကင်းမှောင့်သလို ပရိသတ်တွေကလည်း အသင်းကစားသမားတွေကို လေးစားမှုမရှိ၊ မလုပ်သင့်တာတွေလုပ်လို့ နောက်ဆို နာမည်ကျော်တွေက သူတို့ဆီလာဖို့ကို စဉ်းစားပါတော့မယ်။ အခု ကျန်နေတဲ့ ကစားသမားတွေကို ကြည့်လိုက်ပါ။ ပီအက်စ်ဂျီက အပင်ကြီးလို့သာ နတ်ကွန်းနဲ့ဖြစ်တာ၊ ပြစရာတန်ခိုးမရှိတော့ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။
Credit

image
1 y - Translate

My messenger

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၃၁-၅-၂၀၂၄)

ဘာတွေဘယ်လိုပဲ တက်တက် ဆီစျေးကတော့ ကျသွားတယ်ဗျို့ 😯

ဓာတ်ဆီစျေး ၆၀ ကျော် ဈေးကျပြီး ဒီဇယ်စျေး ခပ်ပါးပါးသာဈေးကျခဲ့တဲ့ စက်သုံးဆီစျေးနှုန်းများ

#fuel
#ဆီစျေး

image
1 y - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၃၁ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၄၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၁၀ ကျပ်
ဝယ်ဈေး - ၃၂၂၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၃၅ ကျပ်
ဝယ်ဈေး - ၄၆၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၁.၇၁ ကျပ်
ဝယ်ဈေး - ၁၁၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၅၀ ကျပ်
ဝယ်ဈေး - ၉၁၉ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၇ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၅၀ ကျပ်
ဝယ်ဈေး - ၂၇.၅၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၇၂ ကျပ်
ဝယ်ဈေး - ၅၁.၈၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၀၇ ကျပ်
ဝယ်ဈေး - ၅၆၀၂ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၇၄ ကျပ်
ဝယ်ဈေး - ၂၈၆၈ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၉၅ ကျပ်
ဝယ်ဈေး - ၃၁၇၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၀ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၁၉ ကျပ်
ဝယ်ဈေး - ၁၁၇၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image