1 y - Translate

ဖုန်းကို အားတဲ့ အချိန်တိုင်း ကြည့်နေကြတဲ့ ခေတ်ကြီးမှာ
Active ဖြစ်နေပြီး စာပြန်ဖို့ မအားဘူး ပြောနေရင်
သူ့မှာ တခြားတစ်ယောက်ရှိနေလို့ဆိုတာ မှတ်လိုက်ပါ

သူ မအားတာ မဟုတ်ဘူး
မင်းမို့လို့ သူ မအားခဲ့တာ

တစ်ဖက်မှာ မင်းမဟုတ်တဲ့
တခြားတစ်ယောက်ကို သူအချိန်တွေ ပေးနိုင်တယ်

တခြားတစ်ယောက်အတွက် သူအရံသင့်ရှိတယ်
အလေးထားမှုချင်းကွာတယ်ဆိုတာ အဲ့ဒါပဲ

ကျွန်တော်ပြောခဲ့သလိုပဲ
မေတ္တာဟာ တောင်လို မောက်နေတဲ့ နေရာမောက်ပြီး
ချိုင့်တဲ့နေရာဆို တအားချိုင့်ဝင်နေတာပဲ

ကိုယ့်အခြေအနေ သိပြီး နားလည်ပြီးဆို
အလေးမထားတဲ့ ရပ်ဝန်းက လှည့်ထွက်ခဲ့လိုက်ပါ
တန်ဖိုးမသိတဲ့ရပ်ဝန်းက လှည့်ထွက်ခဲ့လိုက်ပါ

မင်းကို တန်ဖိုးထားမယ့်သူတွေ အများကြီးရှိသေးတယ်

#han_phyo

image
1 y - Translate

နှောင်းရဲ့အနီတောက်တောက်သားတွေထဲ imposter တစ်ယောက်ပါတယ်ဟေ့ !!!

#octopus

image
1 y - Translate

ငယ်စဉ်အခါတုန်းကပေါ့😁

30.5.2024✍️

image
1 y - Translate

ဖွင့်ပြောလိုက်ရင်လဲ ခင်မင်မှူပျက်သွားမှာကြောက်တယ်.
မဖွင့်ပြောပြန်တော့လဲ သူများနဲ့ပါသွားတာမျိူး...💔 ‎

#ktrauma #lovelyrunner

image
1 y - Translate

မဖြစ်လာသေးတဲ့အရာတွေကို ကြိုတွေးပြီး
စိတ်ကို အပင်ပန်းမခံဘူး။

မဖြစ်ချင်တဲ့အရာတွေ
ဖြစ်လာရင်လဲ သွေးအေးအေးနဲ့
ရင်ဆိုင်နိုင်အောင် ကြိုးစားမယ်။

ကျန်ရှိတဲ့ဘဝသက်တမ်းတစ်လျှောက်မှာတော့
အပြုံးတွေနဲ့သာ
အရာရာတိုင်းကို ဖြတ်ကျော်သွားမည်။

🖤☘️
#ဖားစည်ရည်ကျော်
29.5.2024

image

?

?

1 y - Translate

31.5.2024 ( 4:17 pm )
မြန်မာ့ရွှေ ပြင်ပပေါက်စျေး ℹ

၁၆ ရောင်းစျေး - 5610000 Ks
၁၅ ရောင်းစျေး - 5410000 Ks
အရောင်း ပိတ်ထား ။

သတင်း Page မှ ကူးယူခြင်းဖြစ်သည့်အတွက် လက်တွေ့မှာ စျေးနှုန်းကွာဟမှု ရှိနိုင်ပါတယ် ။

Telegram: Join Group Chat
t.me

Telegram: Join Group Chat

အရောင်းအဝယ် လုံးဝမလုပ်ပါ
1 y - Translate

အခေါက်ရွှေစျေး ၅၅ သိန်း ၅ သောင်း၊ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြ​င့် စျေးဖွင့်

■ မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၃၀ ဝန်းကျင်ရောက်ရှိပြီးကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်

ရန်ကုန်၊ မေ ၃၁

ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၅ သောင်းရှိပြီး အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ဝန်းကျင်ဖြ​င့် စျေးဖွင့်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ စစ်ကောင်စီ၏ အဖမ်းအဆီးသတင်းများကြောင့် စျေးထိုးဆင်းသွားသော ရွှေစျေးနှင့် အမေရိကန်ဒေါ်လာ စျေးနှုန်းများမှာ ယနေ့တွင်လည်း စျေးအနည်းငယ် အေးနေမည်ဖြစ်ပြီး စစ်ကောင်စီက ရွှေကုန်သည် များအပါအဝင် စီးပွားရေးသမားများကို အစည်းအဝေး ခေါ်ယူထားသည်ဆိုသော သတင်းများကြားသိနေရကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။

"အစည်းအဝေးခေါ်တယ်လို့ သိရတယ်။ ရွှေအသင်းတာဝန်ရှိသူတွေ ၊ ကုန် သည်စက်မှုအသင်းက လုပ်ငန်းရှင်တွေကို ခေါ်တယ်လို့ ပြောတယ်။ စျေးက အေးဦးမယ်။ အရောင်းအဝယ်ကတော့ အရမ်းတက်တုန်းကလည်း ရပ်နေတယ်။ စျေးအေးရင်လည်း ရပ်နေမယ်ထင်တယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

နိုင်ငံခြားငွေလဲဒိုင်တချို့၏အဆိုအရ ထိုင်း-မြန်မာငွေလဲလှယ်နှုန်းထား၊ တရုတ်-မြန်မာငွေလဲလှယ်နှုန်းထားများတွင် မြန်မာကျပ်ငွေ တန်ဖိုး ပြန်လည်မြင့်တက်နေပြီး မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၃၀ ဝန်းကျင် စျေး ပြန်တက်လာကြောင်း ပြောဆိုကြသည်။

image
1 y - Translate

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းကျဆင်းချိန် အရောင်းအဝယ် လျော့ကျပြီး ရွှေတုံးရောင်းချမှု ရပ်ဆိုင်းနေ

ရန်ကုန်၊ မေ ၃၁

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းများ ပြန်လည် ကျဆင်းချိန် အရောင်း အဝယ် လျော့ကျပြီး ရွှေတုံးရောင်းချမှု ရပ်ဆိုင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ သိရှိရသည်။

မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မီးလင်းရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်း ရှိခဲ့ပြီး ကုန်သည်နှင့်ရွှေဆိုင်များက အခေါက်ရွေတုံးများ ရောင်းချမှု နည်းပါးကြောင်း၊ အဝယ်သာလက်ခံကြောင်း၊ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အခေါက်ရွှေစျေးနှုန်းမှာ ၅၆ သိန်း ဖြင် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

"ရွှေက အပိုင်းရော အထုပ်ရော ရောင်းသူမရှိဘူး။ အပြင်စျေးကွက်မှာတော့ အထည်နဲ့ ဖြတ်စတွေ ရောင်းကြတာ ရှိမယ်ထင်တယ်။ တကယ့် စီးပွားဖြစ်လုပ်တဲ့ စျေးကွက်မှာတော့ ရောင်းသူမရှိဘူး။ ကုန်သည်တွေလည်း မလာကြတာရှိသလို ဆိုင်တွေလည်း ပစ္စည်းမရှိလို့ မရောင်းပေးကြဘူး။ စျေးကွက်က ရပ်သလိုဖြစ်နေတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ပြည်တွင်းနိုင်ငံခြားငွေလဲစျေးကွက်တွင်မူ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၄၅၀ နှင့် ၄၅၀၀ အကြား ငြိမ်နေပြီး အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ရန် တာစူနေသည့်အခြေအနေမျိုးမြင်တွေ့ရသည်ဟု နိုင်ငံခြားငွေလဲဒိုင်တချို့ကဆိုသည်။

"ကျပ်ငွေပြန်ထုတ်တာလည်းများတော့ ပြန်တက်ဖို့များတယ်။ စနေ၊ တနင်္ဂနွေလည်း ခံသွားတော့ ရက်ပိုင်းတော့ ငြိမ်ဦးမယ်။ ကျပ်ငွေ အကျနဲ့ ဒေါ်လာ အတက်ပဲ မြင်ပါတယ်" ဟု ရန်ကုန်နိုင်ငံခြားငွေလက်ကြီးဒိုင်က ဆိုသည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲနှုန်းများကို မယုံကြည်ကြရန်၊ နိုင်ငံခြားငွေစျေးကစားခြင်းမပြုရန် သတိပေးမှုများ လုပ်ဆောင်ပြီး အဖမ်းအဆီးများနှင့် ကုန်သည်များကို ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ဟွန်ဒီသမား ၁၂ ဦးကို ဖမ်းဆီးခြင်းနှင့် ငွေစာရင်းများ ပိတ်သိမ်းခြင်းများ လုပ်ဆောင်လိုက်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

image