2 နှစ်များ - ဘာသာပြန်ပါ။

29.5.2024 (9:30 am )
နိုင်ငံခြားငွေ ပြင်ပပေါက်စျေးများ ℹ


#ရွှေစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

29.5.2024 (9:30 am )
နိုင်ငံခြားငွေ ပြင်ပပေါက်စျေးများ ℹ


#ရွှေစျေး

image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်း ၉ သောင်း စံချိန်တင်စျေးများဖြင့် စျေးကွက် စဖွင့်

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းစျေးကွက်တွင် မတည်မငြိမ်ဖြစ်နေသော ရွှေစျေးနှင့်အမေရိကန်ဒေါ်လာစျေးနှုန်းများမှာ ယနေ့ နံနက်ပိုင်းတွင်လည်း စံချိန်တင် စျေးနှုန်းများဖြင့် စျေးကွက်စတင်ဖွင့်လှစ်လိုက်ကြောင်း ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်း ဒိုင်ကြီးများက ပြောဆိုကြသည်။

ယနေ့ နံနက်ပိုင်း ၁၁ နာရီကျော်အချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၉၈ ကျပ် ဖြင့်လည်းကောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၉ သောင်းဖြင့် လည်းကောင်း စျေးကွက်စတင်လှုပ်ရှားနေကြောင်း သိရှိရသည်။

"အရွက်စျေး( အမေရိကန်ဒေါ်လာ)က စဖွင့်ကတည်းက အမြင့်နဲ့ပဲ ဖွင့်တယ်။ စျေးကွက် ဖွင့်တာနဲ့ တစ်ဒေါ်လာ ၄၄၅၀ စတယ်။ ၁၀ မိနစ်လောက်ပဲကြာတယ်။ တစ်ဒေါ်လာကို ၄၄၉၈ ကျပ်လောက်ရောက်သွားတယ်။ ၄၅၀၀ ပဲ ပြောပါတော့။ အခုတော့ အဲဒီစျေးဖြစ်နေတယ်။ အလှုပ်အရမ်းတော့ အတော်ကြမ်းတယ်"ဟု ရန်ကုန်မှ ငွေလဲဒိုင်က ပြောဆိုသည်။

ရွှေစျေးကွက်မှာမူ စျေးကွက်စဖွင့်ချိန်တွင် မီးလင်းရွှေ (၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သားလျှင် ၅၅ သိန်း ၇ သောင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး စျေးကွက်ဖွင့်ပြီးသည်နှင့် ၅၅ သိန်း ၉ သောင်းကျပ်သို့ ရောက်ရှိသွားကြောင်း သိရှိရသည်။

"ကမ္ဘာ့ရွှေစျေးက ငြိမ်တယ်။ ဒေါ်လာစျေးလိုက်တက်တော့ ရွှေစျေးပါ လိုက်တက်တာ။ ဒီနေ့တော့ ရွှေစျေး ၅၆ သိန်းကျော်ပြီးတော့ ဒေါ်လာက တစ်ဒေါ်လာ ၅၀၀၀ နားကပ်သွားနိုင်တယ်။ ရွှေလည်း အရောင်းနည်းတယ်။ အဝယ်များတယ်" ဟု ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ပြည်တွင်းစျေးကွက်တွင် ရွှေနှင့်ဒေါ်လာစျေးနှုန်းများ အချိန်နှင့်အမျှ အလှုပ်အရမ်းကြမ်းကြမ်းဖြင့် ပြောင်းလဲနေကြောင်း ရွှေကုန်သည်နှင့် ဒေါ်လာလက် ကြီးဒိုင်များက ပြောဆိုကြသည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၂၉-၅-၂၀၂၄)

တက်ဖို့လွယ်ပေမယ့် ကျဖို့ခက်ခဲနေဆဲ ယနေ့စက်သုံးဆီစျေးနှုန်း…

#fuel
#ဆီစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၂၉ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၂၇၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၈၅ ကျပ်
ဝယ်ဈေး - ၃၂၀၅ ကျပ်

-ယူရို
ရောင်းဈေး - ၄၈၁၀ ကျပ်
ဝယ်ဈေး - ၄၆၆၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၀.၉၄ ကျပ်
ဝယ်ဈေး - ၁၁၈.၅၂ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၄၃ ကျပ်
ဝယ်ဈေး - ၉၁၄ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၁ ကျပ်
ဝယ်ဈေး - ၅၉၆ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၁၈ ကျပ်
ဝယ်ဈေး - ၂၇.၃၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၄.၇၂ ကျပ်
ဝယ်ဈေး - ၅၂.၁၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၄ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၉၁၅ ကျပ်
ဝယ်ဈေး - ၅၆၃၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၉ ကျပ်
ဝယ်ဈေး - ၂၈၈၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၃၅၇ ကျပ်
ဝယ်ဈေး - ၃၁၉၈ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၉၁ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၄၂ ကျပ်
ဝယ်ဈေး - ၁၁၈၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး (မေ - ၂၉ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၆၁ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၄၆၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၂၆၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

တွေ့ဆုံခွဲခွာရပုံကို ပြတဲ့ မျဉ်းလေးတွေပါတဲ့ ❤️💔

ကျွန်တော် Relationship အကြောင်းတွေလေ့လာရင်း
စိတ်ဝင်စားစရာ line chart လေးတစ်ခု တွေ့ခဲ့ပါတယ်။
Olivia de Recat ရဲ့ Closeness Lines Over Time
ဆိုတဲ့ chart လေးဖြစ်ပါတယ်။
အဲ့ဒီထဲက lines တချို့ကို ထုတ်နုတ်ပြီး
ကျွန်တော်က စာနဲ့ ပြန်ရှင်းပြပေးပါရစေ။

ပထမမျဉ်းက မိမိကိုယ်ကို ကိုယ်စားပြုပြီး
ဒုတိယမျဉ်းက သတ်မှတ်သူကို ကိုယ်စားပြုပါတယ်။
ပုံမှန်အသက်အရွယ်အတိုင်း ရှင်သန်နေထိုင်သော
လူအများစုကို ကိုယ်စားပြုပါတယ်။ (အားလုံးမဟုတ်ပါဘူး)

1. ငယ်ငယ်တုန်းက သူငယ်ချင်း
မူကြိုနဲ့ မူလတန်းအရွယ်တွေမှာ ပေါင်းခဲ့ဖူးတဲ့ သူငယ်ချင်းဖြစ်တာကြောင့် ငယ်ရွယ်စဉ်မှာ နီးကပ်ခဲ့ကြပြီး အသက်ကြီးလာလေ ပြန်ဆုံဖို့ခက်လေ ဖြစ်ပါတယ်။ ပြန်ဆုံပေမယ့် မမှတ်မိတော့တဲ့ childhood friend တွေ ရှိသလို မှတ်မိပေမယ့် ကပ်လွဲလေး မဆုံဖြစ်တော့တဲ့ friend တွေလည်း အများကြီးပါပဲ။

2. ကြီးလာမှပေါင်းတဲ့ သူငယ်ချင်း
ငယ်စဉ်မှာ မသိခဲ့ကြဘဲ ကြီးလာမှ ပေါင်းမိတဲ့သူတွေ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းဆိုရင်တော့ ဘဝအဆုံးထိ ပေါင်းသင်းသွားနိုင်မှာပါ။ တစ်ခါတလေ အနားမှာမရှိရင်တောင် လိုနေချိန်တိုင်းမှာ ရှိနေမယ့်သူ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းမဟုတ်ရင်တော့ တဖြည်းဖြည်း ဝေးကွာသွားကြမှာပါပဲ။

3. မိဘ
မိမိအသက်စတင်ချိန်မှာ မိဘနဲ့ တစ်သားထဲ နီးကပ်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာ အနည်းငယ်ဝေးကွာတတ်ပါတယ်။ (ကလန်ကဆန်အရွယ်မို့ပါ) အများစုကတော့ အသက်ကြီးလာလေ မိဘနဲ့ ပြန်လည်နီးကပ်လေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မှာ မိဘဟာ သေဆုံးသွားမှာဖြစ်ပြီး မိမိတစ်ကိုယ်တည်း ဘဝခရီးကို ဆက်ရမှာ ဖြစ်ပါတယ်။

4. မောင်နှမ
တည့်လိုက် မတည့်လိုက်နဲ့ ကွာလိုက် စိလိုက် ဖြစ်နေတတ်ပေမယ့် သွေသားရင်းတွေဖြစ်တာမို့ အရေးကြီးရင်တော့ သွေးနီးကြတာ တစ်ဝမ်းတည်းကထွက်တဲ့ မောင်နှမတွေ ဖြစ်ပါတယ်။

5. အချစ်ဦး
အစမှာ ဘယ်သူရယ်တောင်မသိပေမယ့် ချစ်တတ်တဲ့တစ်နေ့မှာ ကိုယ့်ဆီရောက်လာနိုင်တာ အချစ်ဦး ချစ်သူပါ။ ချစ်ခဲ့တဲ့အချိန်တော့ နီးကပ်နေမှာပေါ့။ ဒါပေမယ့် တစ်ချိန်မှာ လမ်းခွဲရမှာဖြစ်ပြီး ဝေးကွာသွားပါလိမ့်မယ်။ လူအများစုဟာ ဒီအတိုင်းပါပဲ။ အချစ်ဦးနဲ့ ဝေးကြပါတယ်။

6. Wrong Time မှာ တွေ့ခဲ့မိတဲ့ Right Person
လူမှန်ပေမယ့် အချိန်မမှန်တဲ့အခါ ကိုယ့်ဖူးစာရှင်မှန်းမသိဘဲ လွဲခဲ့တတ်ပါတယ်။ တစ်ချိန်တော့ အချိန်မှန်မှာ လူမှန်ရောက်လာပြီး Right Time Right Person ဖြစ်သွားတဲ့အခါ သူနဲ့တွဲပြီး ဘဝတစ်သက်တာ နီးကပ်ရမယ့် တစ်ဦးတည်းသောလက်တွဲဖော် ရရှိပါလိမ့်မယ်။

7. တစ်ညတာအတွက် အပျော်တွဲခဲ့သူ
ဒီနေ့မှာတွေ့၊ ဒီနေ့မှာ နှစ်ဦးသဘောတူ ပျော်ပါးခဲ့ကြတဲ့ one night stand တွေကတော့ ဘဝမှာ တစ်ချက်ကလေးပဲ ဆုံတွေ့နီးကပ်ခဲ့ပြီး ဘယ်တော့မှ ပြန်ဆုံဖို့ မရှိတော့သူတွေ ဖြစ်ပါတယ်။ Just One Night Stand!

8. ခွေးလေး၊ ကြောင်လေး
ဘဝအစထဲက မတွေ့ခဲ့ရပေမယ့် တစ်နေ့မှာ သူဟာ ကိုယ့်ဆီရောက်လာပါလိမ့်မယ်။ ကိုယ့်ကို သခင်လို့ လက်ခံထားပြီး အချစ်သစ္စာကြီးတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေပေါ့။ ကိုယ့်ဘဝအစရော၊ ကိုယ့်ဘဝအဆုံးရော သူတို့ ကိုယ့်အနားမရှိပါဘူး။ သူတို့ဟာ ကိုယ့်ထက် အသက်တိုကြတာမို့ပါ။ ဒါပေမယ့် သူတို့ရဲ့ ဘဝတစ်ခုလုံးကတော့ ကိုယ့်အနားမှာပဲ မခွဲမခွါ ကပ်ပြီးရှိနေကြပါတယ်။ (ဒီအပိုင်းလေးက ရင်ထဲမကောင်းဘူး)

ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

AD
May 26, 2022 (repost)

your secret friend
your smart guy

#adsecretdiary #relationships #closenesslinesovertime #derecat

image
2 နှစ်များ - ဘာသာပြန်ပါ။

🖤

image
2 နှစ်များ - ဘာသာပြန်ပါ။

သရက်သီး ဖြစ်ချင်သော်လည်း မိဘတွေဖိအားပေးလို့ စပျစ်သီးဖြစ်လာရ 🥴
Crd photo , translated .

image
2 နှစ်များ - ဘာသာပြန်ပါ။

စာသားတွေက တကယ်ရင်ထဲထိတယ်...
#စာသား
#feeling
#crd
#သိုးဆောင်း

image