1 y - Translate

Stickers!!! More to come.

image
Sleeping 8th Cat added new photos to Sticker-Space
1 y - Translate

Stickers!!! More to come.

image
image
+6
Sleeping 8th Cat changed her profile cover
1 y

image
Sleeping 8th Cat changed her profile picture
1 y

image

image
ZawThetHmue changed his profile picture
1 y

image
1 y - Translate

ဆရာမကလဲ ဟုတ်သားပဲ🤣🤣

image
1 y - Translate

🔆 မြတ်ဗုဒ္ဓ၏ အနမတဂ္ဂဒေသနာ

သံသရာဆိုတာ ကြာလှပြီ။

ဒီလောက်ကြာတဲ့ သံသရာကြီး...
တို့ငြီးငွေ့ထိုက်ပြီ လို့ မြတ်စွာဘုရားက ဟောတယ်။

မင်းတို့မှာ သံသရာကြီးကိုပြန်ကြည့်လိုက်…
ဒီ့ပြင်ဟာတွေ မကြည့်နဲ့ … ခေါင်းအဖြတ်ခံရလို့  သေခဲ့ရတဲ့ဘဝတွေကိုပဲ ကြည့်။

▪️ဇက်ပြတ်လို့ ခန္ဓာကိုယ်ကထွက်လာတဲ့ သွေးတွေဟာပင်လယ်သမုဒ္ဒရာထဲကရေတွေထက် များသေးတယ် တဲ့။
▪️တစ်ဘဝတင် မဟုတ်ဘူး၊ ဇက်ပြတ် ပြီးတော့ သေခဲ့ရလို့ထွက်ခဲ့ရတဲ့သွေးတွေဟာ ပင်လယ်သမုဒ္ဒရာထဲကရေထက်များတယ် ဆိုတာကို မင်းတို့တွေးကြည့်၊ ဆင်ခြင်ကြည့် တဲ့။

အဝိဇ္ဇာ၊ တဏှာ နှောင်ကြိုးတွေနဲ့ ချည်နှောင်ထားခြင်းခံနေရတဲ့သတ္တဝါတွေဟာ သံသရာထဲ လွတ်လပ်စွာ ကျင်လည်နေရတာ မဟုတ်ကြဘူး။

အဝိဇ္ဇာ လက်ချက်က မသိဘဲ သွားနေရတယ်။ တဏှာဆိုတဲ့ တွယ်တာမှုကြီးက တုတ်ချည်ထားသေးတယ်။

မြတ်စွာဘုရား က ဥပမာလေးပေးတယ်။

ဇဗ္ဗူဒိပ်ကျွန်းမှာဖြစ်တဲ့ သစ်ခက် သစ်ရွက်တွေကို
လက်လေးသစ်စီ ချထားတဲ့…

ဒါက အမေ...အမေ့ရဲ့အမေ
ဒါက အမေ့..အမေရဲ့ အမေ ...ဆိုပြီး ရေတွက်သွားတဲ့။

သစ်ရွက်တွေ၊ မြက်တွေသာ ကုန်သွားမယ်။
အမေတွေက မကုန်သေးဘူးတဲ့။

သံသရာရှည်တာကို ပြောလိုခြင်းပဲ ဖြစ်တယ် ပေါ့။

ချစ်သားရဟန်းတို့ သံသရာထဲ ကျင်လည်ခဲ့ရာ၌
ဒုက္ခတွေမျိုးစုံ ကြုံတွေ့ ခံစားခဲ့ရတာ ကြာလှပြီတဲ့။

မြတ်စွာဘုရား က တွယ်တာတပ်မက်မှုတွေမှ ကင်းလွတ်ဖို့ ကြိုးစား သင့်ပြီတဲ့။

ဘဝ သင်္ခါရ ဒုက္ခ ကို ငြီးငွေ့သင့်ပြီ။

ပုထုဇဉ်တွေက ငြီးငွေ့ဖို့ မဟုတ်ဘဲ အသစ်သစ် ရှာနေကြတယ်။

ဒီသင်္ခါရတရားတွေကို ငြီးငွေ့ဖို့ သင့်ပြီ တဲ့။

တရားချစ်ခင်သူတော်စင်အပေါင်းတို့…..

မြတ်ဗုဒ္ဓ တရားတော်တွေကို နာယူမှတ်သားရပြီး တို့တတွေ ရခဲ့တဲ့ အရာတွေဟာ သံသရာထဲ ခံစား စံစားပြီးပြီ။

▪️တော်လောက်ပြီ...ရှေ့ဆက်မကြိုးစားတော့နဲ့လို့
▪️ကိုယ့်ကိုယ်ကိုယ် ဒီဒုက္ခတွေမှ ငါတို့လွတ်မြောက်အောင် ကြိုးစားမှ ဖြစ်တော့မယ်လို့

ကိုယ်စီကိုယ်စီ သတိထားပြီး
ကြိုးစား အားထုတ်နိုင်ကြပါစေကုန်သတည်း...

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏

image
1 y - Translate

Toyota Camry အကြောင်း

ဂျပန်အခြေစိုက် Toyotaရဲ့ ထုတ်လုပ်မှု ဖြစ်ပြီးတော့ ၁၉၈၂ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချလာခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်း အနေအထားအရ အလယ်အလတ်တန်းဝင် ဖြစ်သလို ၁၉၈၂ခုနှစ်ကနေ ၁၉၉၈ ခုနှစ် ထိ ပုံမှန် အိမ်စီး မော်ဒယ်အနေနဲ့ ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဇိမ်ခံမော်ဒယ် ဖြစ်လာ ခဲ့ပါတယ်။ ဒီလို အဆင့်မြှင့်တင် ထုတ်လုပ်မှုရဲ့ ရလဒ်ကတော့ Corolla မော်ဒယ် ပြီးရင် Camryအနေနဲ့ Toyotaရဲ့ ကမ္ဘာ့ ဈေးကွက် အတိုင်းအတာမှာ ရောင်းအား အကောင်းဆုံး ဒုတိယ စာရင်းဝင် ဖြစ်လာစေပါတယ်။

အစပိုင်းမှာတော့ မော်ဒယ် နာမည်က Camryတစ်လုံးတည်း မဟုတ်သေးပဲ Celica Camryအနေနဲ့ ၁၉၇၉ခုနှစ်မှာ မိတ်ဆက်ထုတ်လုပ်ခဲ့တာပါ။ ၁၉၈၉ခုနှစ်မှာ Toyotaကနေ Lexusကို မိတ်ဆက်ချိန်မှာ Lexus ESက Camryကို နမူနာယူပြီး တည်ဆောက်ခဲ့တာလည်း တွေ့နိုင်ပါတယ်။ Camryဆိုတာကတော့ ဂျပန်စာလုံး Kanmuriဖြစ်ပြီး အဓိပ္ဗာယ် အရဆိုရင် သရဖူလို့ ဆိုလိုပါတယ်။ လက်ရှိ ဈေးကွက်မှာ ရှိနေတဲ့ Toyota Croownကတော့ ၁၉၉၅ခုနှစ်မှာမှ မိတ်ဆက်လာတဲ့ နာမည်ကွဲမော်ဒယ်လည်း ဖြစ်ပါတယ်နော်။

Camryရယ်ဆိုပြီး စတင် ထုတ်လုပ်တဲ့ ၁၉၈၂ခုနှစ်ထုတ် မော်ဒယ်တွေကို V10လို့ ခေါ်ပြီး ၁၉၈၆ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပါတယ်။ ပထမမျိုးဆက်လို့ ဆိုနိုင်သလို Vistaမော်ဒယ်လို့လည်း ခေါ်ကြပါသေးတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၁၉၈၃ခုနှစ် မော်ဒယ်ကနေ ၁၉၈၆မော်ဒယ်ဆိုပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ အီချီက Tsutsumi စက်ရုံမှာပဲ ထုတ်လုပ်ခဲ့ပြီး ပုံမှန်ဆီဒင် အနေနဲ့တင် မဟုတ်ပဲ တံခါးငါးပေါက်စနစ် Liftbackအနေနဲ့ပါ ထုတ်လုပ်ခဲ့ပါတယ်။ အင်ဂျင်စနစ် အနေနဲ့က ၁ ဒသမ ၈ လီတာသုံး အင်ဂျင်စနစ် သုံးမျိုးနဲ့ ၂ ဒသမ ဝလီတာ သုံး အင်ဂျင်စနစ် သုံးမျိုးထိအောင် ရွေးချယ်နိုင်ခဲ့ပါတယ်။ ဂီယာချက် အပိုင်းကတော့ ၅ချက် Manualစနစ်နဲ့ ၄ချက် Auto စနစ် နှစ်မျိုးကို ထုတ်လုပ်ခဲ့တာပါ။

၁၉၈၆ခုနှစ်ကနေ ၁၉၉၀ထိအောင်တော့ ဒုတိယ မျိုးဆက်လို့ ဆိုနိုင်မယ့် V20တွေ ထွက်ရှိလာပါပြီ။ Vistaလို့ တချို့ဈေးကွက်တွေမှာ ခေါ်ဆဲ ဖြစ်သလို Lexus ES 250အနေနဲ့ရော Holden Apolloအနေနဲ့ပါ ခေါ်ကြပါ သေးတယ်။ ဂျပန်နဲ့ အမေရိကန်လို ဈေးကွက်နေရာ တော်တော်များများအတွက်တော့ ၁၉၉၁ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပြီး သြစတြေးလျ ဈေးကွက်မှာတော့ ၁၉၉၂ခုနှစ် မော်ဒယ်ထိ ထုတ်လုပ်ခဲ့ပါတယ်။

ဒီမျိုးဆက်မှာ ၁ ဒသမ ၈လီတာသုံး အင်ဂျင်စနစ် နှစ်မျိုး၊ ၂ ဒသမ ဝလီတာသုံး အင်ဂျင်စနစ် ၅မျိုးနဲ့ ၂ ဒသမ ၅ လီတာသုံး အင်ဂျင်စနစ် တစ်မျိုးတွေပါ ထုတ်လုပ်လာခဲ့ပါတယ်။ ဂီယာချက်ပိုင်းကတော့ အရင်မော်ဒယ်လိုပါပဲ။

၁၉၉၀ခုနှစ်မှာတော့ တတိယ မျိုးဆက်ကို မိတ်ဆက်လာပါပြီ၊ ၁၉၉၄ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့ပြီး ဂျပန်မှာပဲ ထုတ်လုပ်ပါတယ်။ ဆီဒင် မော်ဒယ် တစ်မျိုးတည်း ရနိုင်ပြီး ရှေ့ဘီးယက်စနစ်တွေနဲ့ပဲ ဖြစ်ကာ Windomနဲ့ EX 300 လို မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်း တူခဲ့ပါတယ်။
၂ ဒသမ ဝလီတာသုံး အင်ဂျင် ၄မျိုးနဲ့ ၂ ဒသမ ၅လီတာသုံး အင်ဂျင်တစ်မျိုးထုတ်လုပ်ခဲ့ပါတယ်။ ဂီယာ ချက်ပိုင်းလည်း ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ၁၉၉၄ခုနှစ်ကနေ ၁၉၉၈ခုနှစ်ထိအောင် စတုတ္ထမျိုးဆက်ကို ထုတ်လုပ် လာပြီး စွမ်းဆောင်ရည်မြင့် Hardtop အနေနဲ့ပါ ရလာနိုင်တာကြောင့် လူကြိုက် ပိုများလာခဲ့ပါတယ်။

ရှေ့ဘီးယက် မော်ဒယ် အပြင် လေးဘီးယက် မော်ဒယ်တွေပါ ထုတ်လုပ်လာပါတယ်။ ၁ ဒသမ ၈လီတာသုံး၊ ၂ ဒသမ ဝလီတာသုံးနဲ့ ၂ ဒသမ ၂လီတာသုံး အင်ဂျင်တစ်မျိုးစီပဲ ထုတ်လုပ်ပါတော့တယ်။

၁၉၉၈ခုနှစ်မှာတော့ ခေတ်သစ် Camryကို မိတ်ဆက်လာနိုင်ပါပြီ။ ၂၀၀၃ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ အခု မျိုးဆက်မှာ ပုံမှန်ဆီဒင်နဲ့ တံခါးငါးပေါက်စနစ် Station Wagonတွေပါ ရလာနိုင်ပါတယ်။

ရှေ့ဘီးယက်၊ လေးဘီးယက် မော်ဒယ်တွေ ထုတ်လုပ်ခဲ့သလို အင်ဂျင်စနစ်ကတော့ ၁ ဒသမ ၈လီတာသုံးနဲ့ ၂ ဒသမ ဝလီတာသုံး နှစ်မျိုးပဲ ရနိုင်ပါတော့တယ်။ တချို့ဈေးကွက်မှာ Camryလို့ လူသိနည်းတာကြောင့် အခုမျိုး ဆက်ကို Vista အနေနဲ့ပဲ ထုတ်လုပ်မှုတွေ ရှိခဲ့တာလည်း တွေ့ရပါတယ်။ အခု နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ Camry ကတော့ ၂၀၁၁ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Altis အနေနဲ့လည်း အချို့ ဈေးကွက်မှာ လူသိများသလို မော်ဒယ်နှစ် ကတော့ ၂၀၁၂ခုနှစ်က စပါတယ်။ ဇိမ်ခံ ဆီဒင် အနေနဲ့ပဲ ထုတ်လုပ်လာတော့သလို အင်ဂျင်စနစ် ၂ ဒသမ ၅ လီတာသုံး အရွယ်ပဲ ထုတ်လုပ်ပါတော့တယ်။

Crd:

image
Moe Moe Su Naing shared a post  
1 y

Arkar Lay changed his profile cover
1 y

image