1 y - Translate

ဆယ်သန်း (THE 10,000,00 မဂ္ဂဇင်း/ဂျာနယ်
************************
ဆယ်သန်းမဂ္ဂဇင်းကို ၁၉၃၅ ခုနှစ်တွင် စတင်ထုတ်ဝေသည်။ အတွဲ (၁)၊ အမှတ် (၁၁) အထိ မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့ပြီး ၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလထုတ် အတွဲ (၁)၊ အမှတ် (၁၂) မှ စ၍ ဂျာနယ်အဖြစ် အပတ်စဉ် ထုတ်ဝေခဲ့သည်။ အဆိုပါ အတွဲ (၁)၊ အမှတ် (၁၂) ကိုလည်း အတွဲ (၂)၊ အမှတ် (၁) အဖြစ် ပြင်ဆင်သတ်မှတ်ကြောင်း နောက်အပတ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူများမှာ မြို့မမောင်၊ လောကဓာတ် ဦးမောင်မောင်၊ ဒဂုန်နတ်ရှင် နှင့် ပီမိုးနင်း တို့ ဖြစ်ကြသည်။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေခဲ့ပြီး အတွဲ (၂)၊ အမှတ် (၆) မှစ၍ ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေသည်။ တန်ဖိုးမှာ ၄ ပဲ ဖြစ်သည်။
ဆယ်သန်းမျက်နှာဖုံးတွင် ‘ခေတ်ကြီးကို မြန်မြန်ပြောင်းကြစို့’ ဟု ဖော်ပြခဲ့ပြီး နောက်ပိုင်း တွင် ‘ခေတ်ကြီးကို အတင်းပြောင်းမည်’ ဟု ပြောင်းလဲဖော်ပြခဲ့သည်။ ဆယ်သန်းမဂ္ဂဇင်း/ ဂျာနယ်တွင် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေ့အကြုံများ၊ စီးပွားရေး အတွေးအမြင်များ၊ မြန်မာကုန်သည်များနှင့် နိုင်ငံခြားကုန်သည်များ၏ လုပ်ငန်းဆောင်ရွက်မှု နှိုင်းယှဉ်ချက်များ၊ မြန်မာ့စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းများ၊ ဘဏ်လုပ်ငန်း၊ ဆယ်သန်းနီတိ၊ ဓာတ်ပုံသတင်းစုံ၊ လက်မှုပညာ၊ အိမ်တွင်းမှုလုပ်ငန်းနှင့် အမျိုးသမီးများ ကြီးပွား တိုးတက်ရေးဆိုင်ရာများ စသည့် စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ သတင်းများကို အဓိကထား တင်ပြထားပြီး ကျန်းမာရေး၊ သာသနာရေး၊ စိတ်ပညာ၊ ပညာရေး၊ နိုင်ငံရေး၊ အတ္ထုပ္ပတ္တိနှင့် ဝတ္ထုတိုများ စသည်ဖြင့်လည်း အကြောင်းအရာကဏ္ဍ စုံလင်စွာ ပါဝင်သည်။
ဆယ်သန်း မဂ္ဂဇင်း/ဂျာနယ် တချို့ကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ၏ Online Digital Library ရှိ အောက်ပါ Link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည် -
၁။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၃ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၂။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၄ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၃။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၅ (ဖေဖော်ဝါရီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၄။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၆ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၅။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၇ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၆။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၉ (၁၁ မတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၇။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၀ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၈။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၁ (၂၅ မတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၉။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၂ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၀။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၃ (ဧပြီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၁။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၄ (၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၂။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၂၊ မှတ် ၁၅ (၆ မေ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၁၃။ ဆယ်သန်း ၊ The 10,000,000 ၊ တွဲ ၃၊ မှတ် ၈ (၂၀ ဇွန် ၁၉၃၇)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.....mm/resourcedetail/22
၃-၈-၂၀၂၄
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm

U Kyi Lin Phyo changed his profile picture
1 y

image
Thaw Zayar changed his profile picture
1 y

image

image
1 y - Translate

#pipe cleaner flower

image
1 y - Translate

#pipecleaner flower

imageimage
+4
1 y - Translate

အင်္ဂလိပ်စကားနဲ့ ပက်သတ်ပြီး နှုတ်အပြောလေးတွေ သွက်ချင်ရင် အားတဲ့အခါ phrases လေးတွေကို လိုက်ရွတ်ဖို့လည်း အရေးကြီးပါတယ်။ ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးရင် ဒီအကျင့်လေးကို မဖြစ်မနေလုပ်ခိုင်းပါတယ်။ လက်တွေ့လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ နားထောင်တဲ့အခါ အရင်က မကြားခဲ့တဲ့ phrase အဖြတ်လေးတွေကို ပိုကြားလာတာကို သတိထားမိလာပါလိမ့်မယ်။ ဒီနေ့တော့ Oxford Phrase List ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့တွေမှာလည်း weekly dose အနေနဲ့ လေ့ကျင့်ဖို့ စာအုပ် link လေးတွေ တင်ပေးသွားပါဦးမယ်။
https://www.oxfordlearnersdict....ionaries.com/externa

1 y - Translate

သတိရတယ်

Yan Lay changed his profile cover
1 y

image
1 y - Translate

ငါ့သမီးကြီးရှိနေရင် အမေ ...စိတ်ချပါပြီဆိုတဲ့ စကားနဲ့ အရာရာကို ပုခုံထမ်းယူခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပေါ့ ... ၀မ်းနည်းစရာ နာကျင်စရာ ကြေကွဲစရာတွေကို ဘယ်သူ့ကို သွားပြောရမယ်မသိတဲ့ နေ့တွေ ညတွေ အများကြီးကို သူ ဖြတ်ကျော်ခဲ့ပြီးသွားပြီ ။ မှန်၏ မှား၏ ကောင်း၏ ဆိုး၏ကို ဘယ်သူနဲ့ တိုင်ပင်လို့ တိုင်ပင်ရမှန်းမသိပဲ အလုပ်တွေ အများကြီးကို သူ လုပ်ခဲ့ပြီးသွားပြီ ... မှန်ရင် ကိုယ့်အနောက်က လူတွေစံပြီး မှားတဲ့ သူ တစ်ယောက်တည်းကပဲ ကြိတ်ပြီး နာကျင်ရတယ် ။
အမေ ... တချို့ရက်တွေမှာ တီးတိုးပြောပြစရာ အမေ့ကို လိုတယ် ။ အရင်လို အမေနဲ့ တိုင်ပင်ရင်ဖွင့်ပြီး တစ်နေ့တာ ပင်ပန်းတာတွေကို ခဏဖြစ်ဖြစ် ...ဖြေဖျောက်ချင်မိတယ် ။ တချို့ ပင်ပန်းတဲ့ ရက်တွေမှာလေ မကြာခဏ ပြိုလဲချင်နေမိသလိုပဲ ဒါပေမယ့် ငါ တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ ဒီနေ့အထိ မနည်း ရပ်တည်နေခဲ့တာပါ ။ သမီးမှာ ... ညီမလေးနဲ့ မောင်လေးတွေ ရှိသေးတယ် မဟုတ်လား ။ ကိုယ့်အတွက်ကိုယ်မရှင်သန်ချင်လဲ သူတို့အတွက်တော့ သမီးရှိနေသေးဖို့ လိုသေးတယ် ။
အရာရာမှာ ... ကိုယ်ဘာလိုချင်တာ ကိုယ်ဘာလိုအပ်တာဆိုတာတွေထက် ပိုအရေးကြီးတာတွေပါပဲ ... ကိုယ်ညတွေ အရှည်ကြီးငိုရမှာထက် သူတို့လေးတွေ မျက်နှာလေး ညှိုးနေမှာကို ပိုကြောက်ရတယ် ။ ကိုယ့်အိပ်မက်တွေ ဖြစ်မလာမှာထက် သူတို့ဖြစ်ချင်တာလေးတွေကို လုပ်မပေးနိုင်မှာကို ပိုကြောက်ရတယ် ... နောင်တတွေ ကင်းချင်တယ် အမေ ... သူတို့လေးတွေ ဘယ်လောက်မြင့်မြင့် ပျံပျံ သမီး ပုခုံးထမ်း တင်ပေးချင်တယ် ။ ငါ မလုပ်ပေးနိုင်ခဲ့လို့ဆိုတဲ့ နောင်တတွေနဲ့ ... ပြန်ငေးကြည့်တိုင်း နောင်တတွေရမနေချင်ဘူး ။
ကိုယ့်ဆန္ဒကို ဦးစားပေးချင်လာတဲ့အခါ ... ငါက အကြီးလေ ဆိုတဲ့ အသိခဏခဏ ၀င်လာတယ် ... ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ သူတို့ဖြစ်ချင်တာတွေ ဖြစ်လာတာတွေကိုကြည့်ရင်း ကြည်နူးရတယ် ... တချို့နေ့ရက်တွေမှာ အဆင်မပြေတာတွေမှ အများကြီးပဲ အမေ ... ဒါပေမယ့် ငါသမီးလေး အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးမယ့် အမေက ရှိမနေတော့တဲ့အခါ သမီးမှာ ကိုယ့်မျက်ရည် ကိုယ် အဖော်ပြုရင်းပဲ နေ့တွေ ညတွေကို ဖြတ်သန်းရတယ် ။ ပြိုလဲလို့ရရင်ဆိုတဲ့ အတွေးလေးပဲ ရှိတာပါ ... ဒါပေမယ့် ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက်တော့ အကောင်းဆုံး ကြိုးစား ရှင်သန်ပါတယ် ။
ကိုယ်က အကြီးဆုံး သမီးပဲလေ မဟုတ်လား ... အစ်မက အစ်မပီသတဲ့ အခါ အမေဖြစ်လာရသလိုပေါ့ ... တစ်ခါတုန်းက အမေဘာလို့ သမီးတို့ကို နည်းနည်းလေးမှ စိတ်မချတာလဲဆိုပြီး သမီးမေးခဲ့တဲ့ မေးခွန်းတွေကို မောင်လေးနဲ့ ညီမလေးတို့က သမီးကို ပြန်မေးနေပြီ အမေ ... အသက်တွေ ဘယ်လောက်ပဲ ကြီးသွား ကြီးသွား ကိုယ့်မျက်စိအောက်မှာပဲ ကြီးပျင်းလာတဲ့ သူတို့လေးကို ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်ချလက်ချ မျက်နှာ မလွဲခဲ့နိုင်သေးဘူး ။ နေရာတကာမှာ ကိုယ့်ခြေကိုယ့်လက်နဲ့မှ မဟုတ်ရင် စိတ်တိုင်းမကျတတ်တဲ့ သမီးကလေ အမေ့လိုပဲ နေရာတကာမှာ ပိုပြီးတော့ ပင်ပန်းရတယ် ။ အေးဆေးလေးနေပါဆိုတဲ့ စကားတွေကြားပေမယ့် စိတ်တွေမှ မအေးနိုင်ပဲလေ ။
တကယ်လို့ သမီးဘေးမှာသာလေ အမေသာ ရှိနေရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ အစ်ကိုတစ်ယောက်ရှိရင် ဒါမှမဟုတ် အစ်မတစ်ယောက်ရှိရင် ငိုပြီးပြောပြစရာတွေမှ အများကြီးပဲ ... ဒါပေမယ့် သမီးက အမေ့သမီးအကြီးဆုံးလေ ... ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ပိုပြီး ဦးစားပေးရမယ်မဟုတ်လား ... ကိုယ်နာကျင်ရတာတွေကို ပြောပြဖို့ထက် မြိုသိပ်ဖို့ကို ရွေးရမယ် မဟုတ်လား... ကိုယ် ငိုနေတာထက် အဆင်ပြေနေသလို ပြုံးဖို့ သင်ယူရမယ် မဟုတ်လား ။ အစစအရာရာတော့ အဆင်ပြေပါတယ် ... တစ်ခါတစ်လေ အရမ်းပင်ပန်းတာလေးတစ်ခုပဲ ... စိတ်ကော လူကောပေါ့ ။
#ကျေးကို