2 yrs - Translate

ထိုင်းဗီဇာမလိုဘဲ ပြည်တွင်းဝင်ခွင့် နိုင်ငံ ၃၀ ကျော်ကို တိုးပေး

ထိုင်းမှာ တနင်္လာနေ့ကစပြီး ဗီဇာမလိုဘဲ ပြည်တွင်းဝင်ခွင့်ကို နိုင်ငံ ၃၀ ကျော်ကို တိုးပေးတော့မှာ ဖြစ်လို့ စုစုပေါင်း ၉၃ နိုင်ငံ ရှိသွားပါပြီ။

ဒီနိုင်ငံသားတွေ ရက် ၆ဝ ထိ ဗီဇာမလိုဘဲ နေနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံရဲ့ အဓိက လုပ်ငန်းတခု ဖြစ်တဲ့ ခရီးသွား လုပ်ငန်းကို မြှင့်တင်တာပါ။

ထိုင်းမှာ ဆိုက်ရောက် ဗီဇာ ထုတ်ပေးတဲ့ နိုင်ငံ အရေအတွက်ကလည်း ၁၉ နိုင်ငံကနေ ၃၁ နိုင်ငံ ရှိသွားပြီလို့ ဘန်ကောက်ပို့စ် သတင်းစာက ရေးပါတယ်။

နောက် ဘယ်နေရာကမဆို အလုပ်လုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် အလုပ်ရွှေ့ပြောင်းလုပ်ကိုင်သူတွေ၊ အလွတ်တန်း လုပ်ကိုင်သူတွေနဲ့ ထိုင်းဟင်းချက်နည်းနဲ့ ထိုင်းလက်ဝှေ့ သင်ချင်တဲ့ ခရီးသွားတွေ အတွက်လည်း ဗီဇာသစ် တမျိုးကို ထိုင်းအစိုးရက မိတ်ဆက်ပေးနေပါတယ်။

သူတို့ကတော့ ခြောက်လထိ ဒီဗီဇာနဲ့ နေနိုင်ကြပြီး ငါးနှစ်ထိ သက်တမ်းရှိပါတယ်။

ထိုင်းမှာ မဟာဘွဲ့နဲ့ အထက် ဘွဲ့လွန်သင်ဖို့ ဗီဇာ ရထားတဲ့ ကျောင်းသားတွေကိုလည်း ကျောင်းပြီးရင် ချက်ချင်း ပြန်ခိုင်းမယ့်အစား ကျောင်းပြီးပြီးနောက် တနှစ်ကြာတဲ့အထိ အလုပ်ရှာဖို့၊ ခရီးသွားဖို့ ဆက်နေခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒီလို ဗီဇာစည်းကမ်းတွေ လျှော့ပေးလိုက်တာဟာ ကမ္ဘာ့စီးပွားရေးနဲ့ ပြည်တွင်းစီးပွားရေး နှေးကွေးပြီး ကြွေးမြီ ထူထပ်လာတဲ့ စိန်ခေါ်မှုကြီးတွေကို တုံ့ပြန်ဖို့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တာလို့ ခေဆော့ဒ် သတင်းစာ အင်္ဂလိပ်ပိုင်းမှာ ပါရှိပါတယ်။

ထိုင်းအစိုးရက ဒီနှစ် ပြည်ပ ခရီးသွား ၃၆.၇ သန်းဆီက ဒေါ်လာ ၆၃.၆ ဘီလျံ ရအောင် ဆွဲဆောင်ဖို့ ရည်မှန်းထားပါတယ်။

ထိုင်းကို ဒီနှစ် ပထမနှစ်ဝက်မှာ ပြည်ပခရီးသွား ၁၇ သန်းခွဲ ဝင်လာကြောင်း ထိုင်း ခရီးသွားလုပ်ငန်း ဝန်ကြီးက ပြောပါတယ်။ ဒါဟာ မနှစ်က ပထမ ခြောက်လပိုင်းထက် ၃၅ ရာခိုင်နှုန်း တက်လာတာပါ။ အဲဒီကနေ ဝင်ငွေ ဒေါ်လာ ၂၂.၈ ဘီလျံလောက် ရတယ်လို့လည်း သိရပါတယ်။

ထိုင်းမှာ အလာဆုံး ခရီးသွားတွေက တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ ရုရှားနိုင်ငံက ဖြစ်ကြပါတယ်။

၂၀၂၅ မှာ ထိုင်း မဟာ ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး အဲဒီအတွက် မဟာဗျူဟာတွေကိုလည်း ဒီလဆန်းက ကြေညာခဲ့ပါတယ်။ ဒီထဲမှာ ပြည်တွင်း ခရီးသွားလုပ်ငန်းကို တိုးမြှင့်တာနဲ့ မလေးရှား ခရီးသွားတွေ ဘန်ကောက်ကို ပိုလာ သုံးနိုင်အောင် စည်းရုံးတာတွေ ပါပါတယ်။ နောက် အာရပ်နိုင်ငံတွေကနေ ထိုင်းမှာ လာပြီး ဆေးကုချင်သူတွေအတွက်လည်း ရည်ရွယ်ပါတယ်။ နောက်ထပ် ခရီးသွား လေးသန်း ထပ်လာပြီး ဝင်ငွေ ရည်မှန်းချက် ပြည့်နိုင်တယ်လို့ ထိုင်းအစိုးရက ယုံကြည်ကြောင်းလည်း ထိုင်းခရီးသွားလုပ်ငန်း ကောင်စီ ဥက္ကဋ္ဌက ခန့်မှန်းပါတယ်။

၂၀၂၅ မှာ ထိုင်းကို လာမယ့် ကမ္ဘာလှည့် ခရီးသည် သန်း ၄၀ ကနေ ၄၅ သန်းအတွင်း ရှိမယ်လို့ ထိုင်း ခရီးသွားလုပ်ငန်း ကောင်စီက ခန့်မှန်းပါတယ်။

#crd

image
2 yrs - Translate

လွယ်လွယ်ဝယ်လိုရနေတဲ့ Laptop Stand တိုင်းနဲ့ ကိုယ်နဲ့ကီးကိုက်မယ်လို တွေးနေရင်မှားမယ်နော် .. ။
.
သုံးနေတဲ့ Laptop Screen က ကိုယ့်ရဲ့ Eyes Level မညီရင် ပခုံးကိုင်းပြီး လွယ်လွယ်နဲ့ ဇက်ကြောတက်ပါလေရော။ ဒါဆို Premium Quality နဲ့ “WIWU Laptop Stand S700” ကို သာသုံး..
.
(၁၀) လက်မလောက်ထိ မြှင့်လိုရတယ်။ Device ဝိတ်တွေကို ကောင်းကောင်းခံနိုင်တဲ့ Aluminum Alloy Body ၊ အပူထွက်နိုင်ဖိုအတွက် အောက်ခံပြားမှာ အပေါက်ဒီဇိုင်းလေးတွေတောင် ပါသေးတယ်။ 
.
အလုပ်လုပ်၊ Web Browsing ၊ ဇာတ်လမ်းကြည့် အကုန်လုံးအတွက် ကွက်တိပဲပေါ့။
.
စျေးနှုန်းကတော့ 154,500 Ks ဖြစ်ပြီး ဖော်ပြပါဈေးနှုန်းက အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်ခင်ဗျာ။
.

Win Mobile World

image

"I believe that if you'll just stand up and go, life will open up for you. Something just motivates you to keep moving." – Tina Turner

2 yrs - Translate

အားလုံးပဲ မင်္ဂလာပါ။ MySpace Myanmar ရဲ့ official page မှ အားလုံးကို နွေးထွေးပျူငှာစွာ နှုတ်ခွန်းဆက်ပါတယ်။

2 yrs - Translate

" မသိြခင်းနဲ့ယောင်ဝါးြခင်း "
.............................................
တစ်ခါတရံ မိမိဘာလုပ်ခြင်းမှန်းတကယ်မသိဘဲ
လုပ်နေခြင်းဟာလည်း အလွန်မိုက်မဲခြင်းတစ်ခုဖြစ်နေပါတယ် ။
အဲ့ဒီလိုပါပဲ ဘာလိုချင်မှန်းမသိဘဲ
ရှာဖွေလေ့လာနေတာဟာလည်း
အလွန်အကြည်းတန်မိုက်မဲလွန်ပါတယ် ။
မိမိလိုချင်တာနဲ့ဖြစ်ချင်တာကို မိမိတကယ်မသိသ၍
မိမိဘဝကိုယ်ပိုင်အခိျန်များကို ကိုယ်တိုင်ဖြုန်းနေခြင်းဖြစ်ပါတယ် ။

တစ်ခါတလေ ပတ်ဝန်းကျင်ရဲ့ရစ်သီခြင်းတွေဟာ
မိမိတို့ပေါ်မှာလွှမ်းသွားတတ်ပါတယ် ။
အများကြိုက်လို့ပင်ဖြစ်စေ အများတိုက်တွန်း၍ဖြစ်စေ
ဆန္ဒမပါဘဲလုပ်နေခြင်းများ တခြားသူများရဲ့ချီးမွှမ််းမှုကို
သာယာခုန်မင်နေတာလည်း ရလဒ်ကောင်းတခုမဟုတ်ပါ ။

တဒဂ်ကျေနပ်နှစ်သက်တွယ်တာသာယာခြင်းများထက်
ခါးသည်း ကြမ်းတမ်းလွန်တဲ့ဒုက္ခတွေ ပတ်ဝန်းကျင်ချို့ရဲ့
ဝေဖန်ရိုက်ခတ်သံကြားရောက်တောင်
မိမိလုပ်ဆောင်ခြင်းများတွက် ပြုံးပြုံးကြီးသာယာကျေနပ်လက္ခံနိူင်မှ
တကယ့်အောင်မြင်မှုလမ်းစတခုပါ ။
ဖြစ်ချင်တာနဲ့လုပ်ချင်တာကကိုမသိဘဲ
အများယောင်လို့ မိမိလည်းဝေ့လည်လည်ယောင်သူတစ်ယောက်ဆို
သေချာတယ် မင်းဝါသနာမင်းတကယ်မသိသေးသူတစ်ယောက်ပါ ။

လုပ်ချင်တာသိတယ် ။ လုပ်ရမည့်နည်းလည်းသိတယ် ။
ဒါပေမဲ့ လက်ရှိအလုပ်ပေါ်သာယာလို့ အားမရသေးရင်
မင်းဝါသနာတွေတွက် တစ်ဖြည်းဖြည်းဝေးကာ
အောင်မြင်မှုနည်းသွားပြီဆိုတာနားလည်လိုက်ပါ ။
တစ်ခါတလေမှာ အများနှစ်သက်လက္ခံနိူင်လက္ခံထားတာတွေကို
မစွန့်လွှတ်နိူင်သ၍ ကိုယ်ပိုင်ဘဝက တန်ဖိုးရှိအချိန်တွေကို
ဖြုန်းနေတာမခြားနားတော့ပါဘူး ။

လူ့သဘာဝက မဖြစ်သေးလို့ ပန်းပုဆရာတွေလိုရုပ်လုံးမပေါ်သေးလို့သာ
အချို့အရာတွေကိုလက္မခံနိူင်ကြသေးတာပါ ။
ဒါဟာအောင်မြင်မှုအောင်မြင်သူကိုဘဲ
ကွက်မြင်တတ်ကြည့်တတ်သူတွေရဲ့ လူ့သဘာဝတစ်ခုပါ ။

ဒါကြောင့် မိမိရဲ့အတွေးအယူအဆတွေကို
လောကသဘာဝ ဓမ္မနဲ့လည်းမဆန့်ကျင်ဖီလာဖြစ်မနေရင်
ရဲရဲတွေးပြီးရဲရဲပုံဖော်လိုက်ပါ ။
လူတော်တော်များများဟာ ဘယ်လုပ်ချင်လဲ ဘာဖြစ်ချင်လဲ
ဘယ်သွားချင်လဲ ဘာလိုချင်လဲဆိုတာကို မေးခွန်တွေမှာသာလမ်းဆုံးနေကြတယ် ။
မလုပ်ခင်က ချီတုံချတုံဖြစ်နေတာလည်း လက္ခဏာကောင်းမဟုတ်ပါ ။

အချို့အလုပ်အချို့အရာတွေဟာ ပတ်ဝန်းကျင်ကိုဂရုစိုက်မှုထက်
မိမိကိုယ်ကိုယ်ဂရုစိုက်တာ အသင့်တော်ဆုံးဆိုတာမမေ့သင့်ပါ ။
အရာရာကို ပတ်ဝန်းကျင်နဲ့ဖီလာလုပ်နေဖို့မဟုတ်
ဖြစ်သင့်လုပ်သင့်တာတွေဟာ ပတ်ဝန်းကျင်ကြောင့်နှေးကုန်တယ် ။

ဝေ့ဝါးတာတွေများလာတဲ့ခါ ဘဝကိုပါဝါးမြိုသွားကာ
မိမိဆန္ဒဝါသနာများပါ ပျောက်ဆုံးနေလိမ့်ဦးမည် ။

" အတွေးအမြင်ဒဿနများ "
Kyaw Htet-(8.8.2024 Mdy )

image

မှန်ကန်တိကျသော အချက်အလတ်များနဲ့ မျှဝေပေးကြဖို့ တောင်းဆိုပါတယ်။ အလုပ်ရှင်/ အလုပ်အကိုင်ရှာဖွေသူများ အားလုံးအတွက်ရည်ရွယ်ပါတယ်။

#အလုပ်အကိုင်
#credit
#အလုပ်အကိုင်ရှာဖွေရေး
#မြန်မာအလုပ်အကိုင်

2 yrs - Translate

ပန်းလေးတွေပွင့်လာပေးရင် ပျော်သောပဲ။ ဘာပင်စိုက်စိုက် သေကုန်ကြလို့။

image
2 yrs - Translate

💔သင်သေသွားသော်
After You Are Gone

သြော်..လူ့ပြည်လောက၊ လူ့ဘဝကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွား‌သောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

ဆရာဇော်ဂျီ
၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလ
အိုးဝေမဂ္ဂဇင်း

#ဆရာဇော်ဂျီ
#သင်သေသွားသော်

image
2 yrs - Translate

နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း၊ ငယ်သည်ဟူ၍ မအောက် မေ့ရာ။ ကုန်စင်အောင်တက်မှုကား တစ်ခုသောအတက်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။

ရှင်းချက်။ ။

နှုတ်မှုပညာသည် ဝိဇ္ဇာပညာ၊ လက်မှုပညာသည် သိပ္ပံပညာဟု မှတ်သင့်သည်။ အကယ်၍ သင်သည် ဤပညာနှစ်ရပ်ရှိ တစ်ခုခုသောပညာကို တက်ကျွမ်းလျှင် သင့်အဖို့ သက်မွေးဝမ်းကျောင်းပညာ ဖြစ်ပေလိမ့်မည်။

Do not think little of art or science. If one is wellversed in one of them, that one will be come a means of earning one's living.

Explanation:

Art is theoretical knowledge. Science is practical knowledge. If one has learnt one of these two branches of learning, thar knowledge will be good for earning one's living.

#lawkaniti
#လောကနီတိ
#zawthethmue
#ဆုံးမစာ