ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရုပ်ရှင် ချစ်သူများ အတွက် ယခုလ အသစ်ထွက်ရှိသော ရုပ်ရှင်
Mothers' Instinct
Anne Hathaway, Jessica Chastain, Josh Charles, Anders Danielsen Lie, Caroline Lagerfelt, Lauren Yaffe, Steve Routman, Alexander Blaise, Baylen D. Bielitz, Keeley Miller
Release Date
2 August 2024
Drama, Thriller
Director Benoît Delhomme
Users Rating
(4.5/5)
Official Trailer
ရွေးကောက်ပွဲမတိုင်ခင် အမေရိကန်အရာရှိကို ပစ်မှတ်ထားတဲ့ အီရန်ရဲ့ ဆိုက်ဘာတိုက်ခိုက်မှု Microsoft အစီရင်ခံ
အီရန်ရဲ့ အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်က ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးကို ပစ်မှတ်ထားပြီး ဇွန်လမှာ ဆိုက်ဘာတိုက်ခိုက်မှုကို စတင်ခဲ့တယ်လို့ Microsoft က ပြောပါတယ်။
အဲဒီနည်းပညာကုမ္ပဏီကြီးဟာ ကမ္ဘာတစ်ဝန်း ရွေးကောက်ပွဲတွေအပေါ် သြဇာလွှမ်းမိုးဖို့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ခြေရာခံတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်ကို သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲကို ထိခိုက်စေဖို့ အီရန်ဟာ အွန်လိုင်းလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း အဲဒီထဲမှာ ဆိုထားပါတယ်။
တော်လှန်ရေးအစောင့်တပ်ရဲ့ ထောက်လှမ်းရေးဌာနဟာ အဲဒီအရာရှိဆီကို သတင်းအချက်အလက်စုဆောင်းဖို့ ရည်ရွယ်ပြီး spear phishing အီးမေးလ်ကို တရားဝင်ပေးပို့ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နောက်အီရန်အုပ်စုတစ်စုဟာ နိုင်ငံရေးသဘောထားအရ ဆန့်ကျင်ဘက်မှာရှိတဲ့ အမေရိကန်မဲဆန္ဒရှင်အုပ်စုတွေကို ပစ်မှတ်ထားတဲ့ လျှို့ဝှက်သတင်း ဝက်ဘ်ဆိုက်ကို ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစီရင်ခံစာမှာ အီရန်က လုပ်ဆောင်သူတွေဟာ လူမျိုးရေး တင်းမာမှု၊ စီးပွားရေး ကွာဟချက်နဲ့ ကျား-မဆိုင်ရာ ပြဿနာတွေလို အမေရိကန်နိုင်ငံထဲမှာ ရှိနေတဲ့ သဘောထားကွဲလွဲမှုတွေကို မီးထိုးပေးဖို့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်တင်ရင်း တစ်ချိန်တည်းမှာ အဖွဲ့အစည်းတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကို အသုံးချလိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အီရန်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့ ပြည်တွင်းရေးကိစ္စ တစ်ခုဖြစ်တယ်လို့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ်အဖွဲ့က ပြောခဲ့တယ်လို့ ရိုက်တာ သတင်းအေဂျင်စီက ဆိုပါတယ်။
ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း Maria တနင်္လာနေ့မှာ ဂျပန် ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖွယ်ရှိ
ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း Maria ဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းကို ချဉ်းကပ်လာပြီး တနင်္လာနေ့ဝန်းကျင်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
Maria မုန်တိုင်းဟာ ဂျပန်နိုင်ငံအရှေ့ဘက်က ရေပြင်မှာ မြောက်ဘက်ကိုဦးတည် ရွေ့လျားနေတယ်လို့ မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဒီမုန်တိုင်းဟာ ပိုပြီးအားကောင်းလာရင်း အနောက်ဘက်ကို လမ်းကြောင်းပြောင်း ရွေ့လျားကာ တနင်္လာနေ့မှာ ဂျပန်နိုင်ငံမြောက်ပိုင်းနဲ့ အတော်နီးကပ်လာမယ်လို့ ခန့်မှန်းရပါတယ်။
တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ မိုးထစ်ချုန်းပြီး မိုးပြတ်တောင်း ရွာမယ်လို့ ခန့်မှန်းရပါတယ်။
Tohoku ဒေသမှာ တနင်္ဂနွေနေ့ မွန်းတည့်ချိန်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၂၀ မီလီမီတာအထိ ရွာနိုင်ပြီး အဲဒီနောက် တနင်္လာနေ့ မွန်းတည့်ချိန်အထိ ၂၄ နာရီအတွင်း ၃၀၀ မီလီမီတာ ရွာသွန်းနိုင်ဖွယ်ရှိပါတယ်။
အင်္ဂါနေ့မွန်းတည့်ချိန်အထိ ၂၄ နာရီအတွင်း ၁၅၀ မီလီမီတာ မိုးရွာသွန်းမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီဒေသရဲ့ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းမှာ စုစုပေါင်းမိုးရေချိန်ဟာ သြဂုတ်လတစ်လတာ ပျမ်းမျှပမာဏကို ကျော်လွန်နိုင်ပါတယ်။
အထူးသဖြင့် ဂျပန်နိုင်ငံမြောက်ပိုင်းမှာ တနင်္လာနေ့ကျရင် လေပြင်းတွေ တိုက်ခတ်နိုင်ပါတယ်။
လေပြင်းတိုက်နှုန်းဟာ Tohoku ဒေသမှာ အမြင့်ဆုံး တစ်နာရီကို ၁၂၆ ကီလိုမီတာ၊ ဟော့ကိုင်းဒိုးမှာ တစ်နာရီကို ကီလိုမီတာ ၉၀ ရှိနိုင်ပါတယ်။
Tohoku ဒေသမှာ ပင်လယ်ပြင်အနေအထားတွေ ပြင်းထန်နိုင်ပြီး အမြင့်ဆုံး ၇ မီတာအထိ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
မြေပြိုမှု၊ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှု၊ မြစ်ရေလျှံမှု၊ လေပြင်းတိုက်မှုနှင့် လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
သြစတြေးလျတွင် ဒေါ်လာ ၄ သိန်းတန် ဘလူးဝီးဒင်္ဂါးပြားများ ခိုးယူခံရ
သြစတြေးလျနိုင်ငံက နာမည်ကြီး ကလေးရုပ်မြင်သံကြားအစီအစဉ် ဘလူးဝီး အထိမ်းအမှတ် ဩစတြေးလျဒေါ်လာ ၆ သိန်းကျော် (အမေရိကန်ဒေါ်လာ ၄ သိန်းနီးပါး) တန်ဖိုးရှိတဲ့ ဒင်္ဂါးပြားတွေကို ခိုးယူမှုနဲ့ ဖမ်းဆီးခံရတဲ့ သြစတြေးလျ အမျိုးသားတဦးကို သြဂုတ် ၇ ရက်မှာ ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သြစတြေးလျ ဒင်္ဂါးသွန်းစက်ရုံက ထုတ်လုပ်တဲ့ ဒင်္ဂါးတွေဟာ တဒေါ်လာတန် ဩစတြေးလျဒင်္ဂါးနဲ့ ဆင်တူပုံမျိုးဖြစ်ပြီး တရားဝင်တင်ဒါရရှိမှာ ဖြစ်ပါတယ်။
ဘလူးဝီးဒင်္ဂါး ခိုးယူခံရမှုကို စုံစမ်းစစ်ဆေးဖို့ အပြင်းစား ဓားပြမှုဆိုင်ရာ မှုခင်းတပ်ဖွဲ့ဟာ Strike Force Bandit အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ဆစ်ဒနီမြို့ ဆင်ခြေဖုံးရှိ ဝက်သရင်းလ် ပန်းခြံထဲရှိ ဂိုဒေါင်တခုထဲမှာ မထုတ်ဝေရသေးတဲ့ တဒေါ်လာတန် ဘလူးဝီး ဒင်္ဂါးပြားပေါင်း ၆၃,၀၀၀ ကို သိုလှောင်သိမ်းဆည်းထားတာဖြစ်ပြီး အသက် ၄၇ နှစ်အရွယ် အမျိုးသားဟာဇွန်လတုန်းက ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူတို့ဟာ အွန်လိုင်းမှာ အပေါ်ယံတန်ဖိုး ၁၀ ဆနဲ့ ရောင်းချနေတယ်လို့ ရဲတွေက ပြောပါတယ်။
ဘလူးဝီးရှိုးက အရမ်းနာမည်ကြီးပြီး ဒီဒင်္ဂါးပြားတွေ ခိုးယူခံလိုက်ရတာကြောင့် ကလေးတွေလက်ထဲ ဒီဒင်္ဂါးပြားတွေကို ပြန်လည်ရယူပြီး လည်ပတ်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်လို့ နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ဂျိုးဆက်ဖ် ဒိုးဟီးက ပြောပါတယ်။
“တရားဝင် အကြွေစေ့ရောင်းချသူဆီကနေတဆင့် အကြွေစေ့တွေကို တွေ့လိုက်ရတဲ့အချိန်က တကယ့်ကို အံ့ဩစရာအခိုက်အတန့် ဖြစ်သွားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်” လို့လည်း ရဲစုံထောက်ကြီး ဒိုးဟီးက ပြောပါတယ်။
ဒီကိစ္စကို ထုတ်လုပ်သူတွေက ဇာတ်လမ်းတွဲထဲ ထည့်ရိုက်ရင်တောင် အဆင်ပြေမှာပဲလို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မနှစ်က လူကြည့်အများဆုံး ရုပ်သံအစီအစဉ်တွေထဲက တခုဖြစ်တဲ့ ဘလူးဝီး ရှိုးဟာ ကလေးတွေအတွက် ပစ်မှတ်ထားတဲ့ သြစတြေးလျ ကာတွန်းရှိုးဖြစ်ပြီး အရွယ်ရောက်ပြီးသူတိုင်း နှစ်သက်ကြပါတယ်။
ရုပ်ရှင်ခြေရာခံဝက်ဘ်ဆိုက် IMDB.com အရ တချိန်လုံး အဆင့် ၁၄ ရရှိတဲ့ Rating အမြင့်ဆုံးရှိုးပွဲဖြစ်ကြောင်း သိရပါတယ်။
Source-Reuters