2 yrs - Translate

ဟွန်း
ဘာရမလဲ ဒါမျိုးတော့ လာမကျောနဲ့

2 yrs - Translate

ညီမလေးတို့ မှတ်ထားနော်
ယောက်ျားတစ်ယောက် မင်းကိုချစ်လို့ အလိုလိုက်ခဲ့တာ တစ်သက်လုံး ဒါကို ငါအပိုင်ရရမယ်ဆိုပြီး
တယူသန်မနေကြနဲ့ကွယ်….
ကာလံဒေသံကို နားလည်မို့ သိပ်အရေးကြီးတယ်

ချစ်ခြင်းမေတ္တာဟာ ချဉ်ပေါင်းလှည်းလေးပါ
ချိုချဉ်ငံစပ်ခါး အကုန်ပါမှ အရသာရှိသတဲ့

image
2 yrs - Translate

ဘာဆက်လုပ်လို့ လုပ်ရမှန်း
မသိတော့တဲ့ နေ့တွေလည်း ရှိခဲ့တယ်

ဘယ်သူ့ကို မျှော်လင့်ပြီး ရှေ့ဆက်ရမှန်း
မသိတဲ့ နေ့တွေလည်း ရှိဖူးတယ်

ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ ။

-နွေသစ်ငြိမ်း

image
2 yrs - Translate

-ချစ်ခြင်းမေတ္တာမှာ
expire date မှ မရှိတာ...!

လေ ‌တိုက်ရင် ရီချင်တဲ့ အရွယ်ကနေ
မြေးတွေ ချီရင်း ပျော်ရတဲ့ အရွယ်ထိ

မင်းကို ချစ်တဲ့ အကြောင်းတွေ တဖွဖွပြော‌မယ်..။

#အညတရလူငယ်
#crd_to_owner

image
2 yrs - Translate

ကိုယ့်ကို ထပ်ပြီးတော့ မလိုအပ်တော့တာသိပေမဲ့
ကိုယ်မလွှတ်ချပစ်နိုင်သေးတဲ့ နာမ်စားလေးမို့
ချစ်တဲ့စိတ်တစ်ခုထဲနဲ့သာ တွယ်ကပ်နေမိခဲ့ရတာ။
အသွားအပြန်မညီမျှတဲ့ ချစ်ခြင်းမေတ္တာတွေက
ဘယ်လောက်ထိ စိတ်ထိခိုက်ရလဲဆိုတာ
ကိုယ်တိုင်သာအသိဆုံးပါ

image
2 yrs - Translate

ဟော😅😅

image
2 yrs - Translate

ပိုင်ဆိုင်ခွင့်ရသူတွေ
ရိုရိုသေသေ ချစ်ကြစေချင်တယ်။

မင်းတို့အလွယ်တကူရထားတာဟာ
တချို့တွေ မျက်ရည်တွေနဲ့ စွန့်လွှတ်ထားခဲ့တာ ။

- စောနန္ဒာခိုင် -

image
2 yrs - Translate

စိတ်ပင်ပန်းတယ်လို့ ခံစားလာရတဲ့အခါတိုင်း
တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် တစ်ခုကို
ပြေးပုန်းနေလိုက်တော့တာပါပဲ ။

အလင်းရောင် မှိန်မှိန်
သီချင်းသံ အေးအေးနဲ့
မိုးပေါက်လေးတွေ တစ်တောက်တောက်ကျသံက
ကိုယ့်ရဲ့ နှလုံးသားတွေကို အသက်ပြန်ဝင်စေတယ် ။

တစ်ခါတလေမှာ
မူမမှန်တဲ့ လက်တွေ့ကမ္ဘာ‌ကြီး‌က ပြေးထွက်ဖို့
ကိုယ့်ရဲ့ ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခုတော့
လိုအပ်နေပြန်တယ် ။

#crd #crdphoto

image
2 yrs - Translate

ချစ်ရတဲ့သူကို
ပျော်စရာတွေ မပေးနိုင်ခဲ့ရင်တောင်
ဝမ်းနည်းစရာတွေ
မပေးမိအောင် နေချင်တယ်။
ကိုယ်တိုင်က အထိအရှ
အရမ်းများရရင်တောင်
ချစ်ရတဲ့သူကို တော့
အထိအရှ နည်းစေချင်ပါတယ်။
#ᗩᒪoᑎᗴ

image
2 yrs - Translate

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်
နွေးထွေးတဲ့ဂရုစိုက်မှုလေးတွေပေးရင်း
တစ်ယောက်က Moti ပေးလို့
တစ်ယောက်က ကြိုးစားနေတာမျိုး။

ဘယ်သူကမှားတယ် မှန်တယ်ဆိုတာထက်
ဘယ်လိုပြုပြင်သွားကြမယ်ဆိုတာမျိုး။

တစ်ယောက်က လဲကျရင်
တစ်ယောက်က ပြန်ထူပေးနေတာမျိုး။

ကိုယ်လိုချင်တာ အဲ့လိုချစ်ခြင်းမေတ္တာမျိုး
ကိုယ်ကလဲ ပေးမယ်
ကိုယ်တိုင်လဲ ပြန်ရချင်တယ်
ရိုးရိုးရှင်းရှင်း မျှမျှတတလေးပါပဲ။

image