ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မုံရွာမြို့က ရတနာဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ
-------------------------------
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် (၁) ရှိ နဝရတ် စိန်၊ ပလက်တီနမ် ရတနာဆိုင် နေအိမ် မှာ စက်တင်ဘာ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက် လူငါးယောက်က ဓားပြဝင်တိုက်ခဲ့ပြီး စိန်ရွှေရတနာ ပစ္စည်းအကုန်လုံး နဲ့ ဖုန်း ၅ လုံး၊ လက်ပ်တော့တစ်လုံးကို ယူဆောင်သွားတယ်လို့ အခင်းဖြစ် ရတနာဆိုင်က တာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။
အခင်းဖြစ် ရတနာဆိုင်ကို အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၂ ယောက်တို့က ဆိုင်ကယ် ၂ စီးနဲ့ ဈေးဝယ်ဟန်ဆောင် ဝင်ရောက်လာကာ ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ပြီး ဆိုင်ရှိ ရတနာပစ္စည်းတွေ အားလုံးကို ယူဆောင်ပြီးတော့ ဆိုင်ကယ်တွေ နဲ့ ပြန်လည် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။
ဓားပြတိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မုံရွာမြို့မ ရဲစခန်းမှာ အမှုဖွင့်နိုင်ရေး ဆောင်ရွက်နေပြီး ဆုံးရှုံးမှုကတော့ စိန်၊ ပလက်တီနမ်တွေ အပေါင်ထည်ရတနာတွေ အပါအဝင် စုစုပေါင်း ခန့်မှန်း ကျပ်သိန်း ၂ သောင်းနီးပါး လောက် ပါသွားတယ်လို့ နဝရတ် စိန်၊ ပလက်တီနမ် ရတနာဆိုင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အခင်းဖြစ်ချိန်ကတော့ နေ့ခင်းကြောင်တောင် အချိန်ဖြစ်တာကြောင့် ကျူးလွန်သူတွေ ထွက်ပြေးသွားချိန်မှာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပေမယ့် ဖမ်းမိခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ နဝရတ် ရတနာဆိုင်ကလည်း ကျူးလွန်သူတွေကို ဖမ်းမိဖို့ စီစီတီဗီရုပ်သံဖိုင်၊ ဓာတ်ပုံတွေနဲ့ အတူ လူမှုကွန်ရက်ကတစ်ဆင့် အကူအညီ တောင်းခံထားပါတယ်။

နောက်တစ်ပတ်ခန့် မြန်မာနိုင်ငံအနှံ့အပြား မိုးကြီးဦးမည်
---------------------------
ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေ နဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်း မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၈ ရက်၊ ည ၇ နာရီအချိန် အထူးမိုးလေဝသ သတင်းအဖြစ် ထုတ်ပြန်ချက်အရ သိရတာပါ။
စက်တင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ အနောက်ဘက်မှ ရွေ့လျား လာတဲ့လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေ နဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့
လေအေးတွေ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသ အလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ် နိုင်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာလျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တစ်ပြက်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး နဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။