2 yrs - Translate

လှပတဲ့ collection လေး 🥰

image
2 yrs - Translate

လှပတဲ့ collection လေး 🥰

image
2 yrs - Translate

လှပတဲ့ collection လေး 🥰

image
image
image
image
image
2 yrs - Translate

တောင်ငူနှင့် မဒေါက်တွင် စိုးရိမ်ရေမှတ်ထက် အနည်းငယ်ကျနိုင်
-----------------------------
စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက် ရှိနေပေမယ့် နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ထက် အနည်းငယ် ကျဆင်းလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် ထုတ်ပြန်တဲ့ မြစ်ရေအခြေအနေ ထုတ်ပြန်ချက်မှာ အခုလို ပါရှိတာ ပါ။ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲခန့် ကျော်လွန် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါ တယ်။ အလားတူ စစ်တောင်းမြစ်ရေ ဟာ မဒေါက်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၂ ပေခွဲကျော်လွန် ရောက်ရှိ နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်ပါတယ်။

ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒါကြောင့် ပဲခူး၊ တောင်ငူနဲ့ မဒေါက်မြို့အတွင်း မြစ်ကမ်း အနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေး လွတ်ရာနေရာတွေဆီကို ရှောင်ရှားဖို့အတွက်လည်း သတိပေး နှိုးဆော်ထားပါတယ်။

image
2 yrs - Translate

လိင်တူလက်ထပ်ခွင့်ဥပဒေ ထိုင်းဘုရင်အတည်ပြု
-------------------------
ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခြင်းဥပဒေ အတည်ပြုပြဋ္ဌာန်းတဲ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၅ ရက် က အဲဒီဥပဒေကို ထောက်ခံသူတွေဟာ ဘန်ကောက်မြို့လယ်မှာ စုဝေးခဲ့ကြပါတယ်။ အခမ်းအနားမှာ စိုလွင် တောက်ပတဲ့ သက်တန့်ရောင် ကင်းဗတ်စကို ပြသထားပြီး ဖျော်ဖြေသူတွေနဲ့ တက်ရောက်လာသူတွေက အဖြူရောင် ကင်းဗတ်ပေါ်မှာ သူတို့ရဲ့ဆန္ဒကို လက်မှတ်ရေးထိုး ဖော်ပြခဲ့ကြပါတယ်။

ထိုင်းဘုရင်ဟာ အခုနှစ် အစောပိုင်းမှာ လွှတ်တော်က အတည်ပြုခဲ့တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ တန်းတူ ညီမျှရေး ဥပဒေကြမ်းကို ထောက်ခံလိုက်တာပါ။ ဒါကြောင့် ထိုင်းနိုင်ငံဟာ လိင်တူချစ်သူတွေ လက်ထပ်ခွင့်ကို တရားဝင် အသိအမှတ်ပြုတဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးနိုင်ငံနဲ့ အာရှရဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါ တယ်။

တော်ဝင်ထောက်ခံချက်ကို စက်တင်ဘာ ၂၄ ရက်နှောင်းပိုင်းမှာ တရားဝင် တော်ဝင်ပြန်တမ်းနဲ့ ထုတ်ပြန်ခဲ့ပြီး အဓိပ္ပာယ်က ဥပဒေကြမ်းဟာ ရက်ပေါင်း ၁၂၀ ပြည့်မြောက်တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အတွင်း အသက် ဝင်လာမှာ ဖြစ်ပါတယ်။

တက်ကြွ လှုပ်ရှားသူတွေရဲ့ ဆယ်စုနှစ် နှစ်ခုကြာ ကြိုးပမ်းမှုရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အဲဒီဥပဒေကို ဇွန်လမှာ အထက် လွှတ်တော်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ အာရှရဲ့ ရေပန်းအစားဆုံး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ LGBT ယဉ်ကျေးမှုအပေါ် လက်သင့်ခံနိုင်မှုကြောင့် လူသိများပြီးသား ဖြစ်ပါတယ်။

image
2 yrs - Translate

ယူရိုပါလိဂ် ပထမဆုံးပွဲစဉ်တွင် မန်ယူ သရေကျ
-----------------
စက်တင်ဘာလ(၂၅)ရက်နေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက နယ်သာလန်ကလပ် တွမ်တီး အသင်းနဲ့ တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပါတယ်။ မန်ယူအသင်းဟာ အခုပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခဲ့ရသလို ဦးဆောင်ဂိုးလည်း အရင်ဆုံးသွင်းယူနိုင်ခဲ့ပေမယ့် အနိုင်ရရှိအောင် ကစားနိုင်ခြင်း မရှိခဲ့တာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် မန်ယူအသင်းဟာ ရလဒ်ကောင်းရဖို့အတွက် ရက်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်တို့အပြင် အသင်းရဲ့အဓိက ကစားသမားတွေကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ပွဲချိန် တစ်လျှောက်လုံး တွမ်တီးအသင်းဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် မန်ယူအသင်းဟာ လိုအပ်နေတဲ့သွင်းဂိုး တွေကို သွင်းယူ နိုင်ခဲ့ခြင်းမရှိသလို ရရှိလာတဲ့အခွင့်အရေးတွေကိုလည်း အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို အဲရစ်ဆင်က ပွဲချိန်(၃၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး တွမ်တီးအသင်း အတွက် ချေပဂိုးကို ပွဲချိန်(၆၈)မိနစ်မှာ လန်မာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် ယူရိုပါလိဂ်အစောပိုင်း ပွဲစဉ်တွေအပြီးမှာ ရမှတ်(၁)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာမှာ ရပ်တည်နေပါတယ်။

image
2 yrs - Translate

တကယ်ပါဗျာ မလိမ်ဘူး😉

image
Siren shared a post  
2 yrs

2 yrs

When the sun kisses the sea!
Sittwe Sunset
Sittwe View Point
Photos #credit

imageimage
+10
2 yrs - Translate

ကျမက မဗိုက်လှပါလို့ 😆

image
Apu Lay shared a post  
2 yrs

2 yrs

When the sun kisses the sea!
Sittwe Sunset
Sittwe View Point
Photos #credit

imageimage
+10