Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စာချုပ်သက်တမ်းကုန်တော့မည့် ဆွန်ဟောင်မင် စပါးအသင်းတွင် ဆက်ရှိရန် မသေချာ
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်ရှိနေတာ ကြောင့် အသင်းမှာဆက်ရှိဖို့ မသေချာတော့တဲ့အခြေအနေရောက်ရှိနေပါတယ်။
တောင်ကိုရီးယား တိုက်စစ်ကစားသမားဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့ သက်တမ်းတိုးဖို့ကိစ္စ လက်ရှိအချိန်အထိ ဆွေးနွေးခြင်းမရှိသေးကြောင်း ဆွန်ဟောင်မင်က အတည်ပြုပါတယ်။
အခုနှစ်ဘောလုံးရာသီအပေါ် အပြည့်အဝအာရုံစိုက်ထားပြီး အောင်မြင်မှုတစုံတရာ ရယူနိုင်ဖို့ ပစ်မှတ်ထားကြောင်း၊ အနာဂတ်ကို ဘယ်သူကမှ ကြိုပြောလို့မရနိုင်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဆွန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက လီဗာကူဆင်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာသူပါ။
စပါးနဲ့ ၁၀ နှစ် ကြာကာလအတွင်း စုစုပေါင်း ၄၁၄ ပွဲ မှာ သွင်းဂိုး ၁၆၄ ဂိုးသွင်းယူပေးထားပါတယ်။
DVB
ကျနော်တို့ ထင်ထားတာထက် ဖိအားတွေအများကြီးပိုပြီး ရင်ဆိုင်နေရတဲ့ တာခဲရု။
ဒီပွဲမှာ သန့်စင်ဟာ နိုင်နိုင် ရှူံးရှုံး အမြတ်ကြီးပဲ ဆိုတာ ရှေ့ကဆောင်းပါးတွေမှာလဲ ရေးခဲ့ပြီးပါပြီ။
အခုတခါတော့ တာခဲရုရင်ဆိုင်နေရတဲ့ ဖိအားအကြောင်း သိရသမျှ မျှဝေသွားဖို့ရည်ရွယ်တာပါ။
ဖိအားဆိုတာ သူ့အထက်ကလာတဲ့ ဖိအားမဟုတ်သလို Sponsored တွေရဲ့ ဖိအားလဲမဟုတ်ပဲ သူကိုယ်တိုင် အရှုံးဆိုတာ ဘာမှန်းမသိခဲ့ပဲ ဆယ်စုနှစ်တခုကျော်အထိ ငါ့ဝိတ်တန်း ငါ့ကစားနည်းမှာ ငါသာအတော်ဆုံးဆိုတဲ့အထိ ဘယ်တဦးတယောက်ကမှ လက်ရည်တူမယှဉ်နိုင်ခဲ့ပဲ တယောက်ထဲ " ဘုရင် "လုပ်ခဲ့ရကနေ စူပါလက်ရဲ့ကန်ချက်နဲ့ ဘုရင်ရာထူး ချိန်းခြောက်ခံရအပြီး လန့်နိုးလာတဲ့ လူတယောက်ရဲ့ ခံစားချက်ကနေ ထွက်ပေါ်လာတဲ့ ဖိအားအကြောင်းပဲ ဖြစ်ပါတယ်။
တာခဲရုအကြောင်း ဖတ်လိုက်ရတဲ့ ပို့စ်တခုမှာ "ဂျပန်စူပါးစတားဖိုက်တာ Takeruရဲ့အင်တာဗျူးကို အစအဆုံးနားထောင်ကြည့်တယ်။
2012ကနေ2022ထိရှုံးပွဲမရှိ ဆယ်နှစ်ကြာနေလာခဲ့တော့ သူ့အတွက်အရှုံးဆိုတာ ဘာမှန်းမသိခဲ့ဘူး။
ကျန်းမာရေးအရ၊ စိတ်ဓာတ်ရေးရာအတွက် သူကျင်လည်တဲ့လောကက အကောင်းဆုံးလို့ခံယူထားသူ။
၂၀၂၂မှာ ဂျပန်ဖိုက်တာ Tenshinကိုအရှုံးပေးခဲ့ရတယ်။အများကြီးပြင်ဆင်ထားပြီးမှ ဒီနှစ်ထဲမှာ superlek နဲ့ပွဲမှာ သူထပ်ရှုံးပြန်တယ်။
သူလုပ်နိုင်တာ ဒီလောက်ထိပါပဲဆိုပြီးငိုကျွေးခဲ့တယ်။
နေ့တိုင်း training လုပ်တာတောင်မလုံလောက်ပါလားဆိုပြီး သူ့ကိုယ်သူတစ်ဆင့်တက်ဖို့ စိန်ခေါ်လိုက်တယ်။
သန့်ဇင်နဲ့ပွဲအတွက် သူ့ကြိုတင်ပြင်ဆင်မှုကလေးစားဖို့ကောင်းတယ်။ သူ့နိုင်ငံဂျပန်မှာ training လုပ်ရင် လူမှုရေး၊ စီးပွါးရေးစတဲ့အချိန်ကုန်လူပင်ပန်းစေတဲ့အရာတွေကို ရှောင်နိုင်ဖို့ အမေရိကန်မှာ လူမသိသူမသိ နှစ်လနီးပါးလေ့ကျင့်ခဲ့တယ်။
ဂျပန်ပြန်ရောက်ပြီး သန့်ဇင်ထိုးဖူးသမျှပွဲတွေကိုသူ့နည်းပြနဲ့သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုထပ်လုပ်တယ်။
အချိန်သေချာယူပြီးကြိုတင်ပြင်မှုတွေ လုပ်ထားတယ်။ သူ့ကိုယ်သူလည်း အနိုင်ရမယ်ဆိုတာ လုံးဝယုံကြည်ထားပုံပဲ။" ဆိုပြီး
ဂျပန်ကစ်ဘောက်ဆင်ဘုရင်ကြီး တုခဲရုရဲ့ အလန့်တကြား နိုးထလာပုံကို ဖတ်လိုက်ရပါတယ်။
ကစ်ဘောင်ဆင် နန်းကျဘုရင် တာခဲရုနဲ့ ရိုးရာကျားလေး သန့်စင် ၂၇ ရက်ညရဲ့ လယ်ပြင်မှာ ဘယ်လိုတွေ့ကြမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ။
bro တယောက်ရေးထားတာသဘောကျလို့ ကူးလာတာ
Credit to PandaHub