46 w - Translate

မိမိမှာ စဥ်းစားစရာ အကြံကုန်သောအခါ😁

image
46 w - Translate

"ဘိလပ်မြေ အတုအစစ် အမြန် ခွဲခြားနည်း"

မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ် ဘိလပ်မြေများ ပိုမိုများပြာလာတာနဲ့အညီ ဘိလပ်မြေ အတုနဲ့အစစ်ကို ခွဲခြားသိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။ အတုဆိုသည်မှာ လုံးဝအတုပြုလုပ်ခြင်း မဟုတ်ဘဲ အစစ်အိတ်ကို အိတ်ရေတိုးအောင် ပြုလုပ်ခြင်းသာဖြစ်၍ ဘိလပ်မြေအတုအိတ် စစ်စစ် မဟုတ်ပဲ အစစ်တစ်ဝက် အတုတစ်ဝက် ရောစပ်ထားသော အိတ်သာဖြစ်ပါတယ်။

၁။ ဘိလပ်မြေအမှုန့် အနည်းငယ်ကို ရေဖျော်ပြီး အလုံးကလေး ၂ လုံး၊ ၃ လုံးခန့်လုံးပြီး ခဏအခြောက်ခံထားပါ။ ၂ မိနစ်ခန့် ကြာသော် ထိုဘိလပ်မြေလုံးများအား လက်ဖြင့်ဖိခြင်း၊ ဖျစ်ကြည့်ခြင်းများ ပြုလုပ်ပါ။ လုံး၀ ကွဲအက်မသွားဘဲ သံခဲ၊ ကျောက်ခဲကဲ့သို့ မာနေလျှင် ဘိလပ်မြေ စစ်သည်။ ကွဲအက်သွားပါက ဘိလပ်မြေအတု ဖြစ်ပါသည်။

၂။ ဘိလပ်မြေအမှုန့် အနည်းငယ်ပေါ်သို့ သံပရာရည် (သို့) ရှောက်ရည် အနည်းငယ် ညှစ်ကြည့်ပါ။ ပွက်ပွက်ဆူလာလျှင် ဘိလပ်မြေအစစ်ဖြစ်ပြီး၊ လုံးဝဆူပွက်မလာပါက အတုဖြစ်ကြောင်း သိရှိနိုင်ပါသည်။ (အထက်ပါ နည်းများမှာ ဘိလပ်မြေစက်ရုံ အမှတ် (၁)၊ သရက်မြို့၊ အမျိုးအစား စစ်ဆေးရေးဌာနမှ ဦးအေးကျော်၏ ပြောပြချက်ဖြစ်ပါသည်။)

"ဘိလပ်မြေ အတုအစစ် Details ခွဲခြားနည်း"

ဘိလပ်မြေအတုပြုလုပ်ရာတွင် ကျောက်မှုန့်၊ ဂေါ်ဒန်မှုန့်၊ မီးသွေးပြာမှုန့်တို့ကို အဓိကရောစပ်၍ အသုံးပြုကြပါတယ်။ ထို့ကြောင့် ဘိလပ်မြေအတုအိတ်၏ အရည်အသွေးသည် အတုမှုန့်များရောစပ်ထားသော ပမာဏရှိသလောက် အရည်အသွေးကျဆင်းလာကြပါတယ်။

ဘိလပ်မြေအတုလုပ်သူများသည် ဘိလပ်မြေအစစ်ကို ကျောက်မှုန့်၊ ဂေါ်ဒန်မှုန့်၊ မီးသွေးပြာမှုန့်များရောစပ်ပြီး အတုပြုလုပ်ကြပါတယ်။ ဘိလပ်မြေ အိတ်ကိုဖောက်၍ အတုမှုန့်များထည့်ကာ အိတ်ကိုပြန်ပိတ်ထားခြင်း (သို့) ဘိလပ်မြေအိတ်၏ ထောင့်စွန်းတစ်နေရာရာကိုဖောက်ကာ အတုမှုန့်များ ထည့်သွင်း၍ ဖောက်ထားသောနေရာကို ပြန်လည်ပိတ်ထားခြင်းတို့ ပြုလုပ်ကြပါသည်။

ကျောက်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့် ပွတ်ကြည့်လျှင် သတ်မှတ်ထားသော စံချိန်စံညွှန်းထက်ပိုပြီး ရှတတနဲ့ ကြမ်းတမ်းနေမှာ ဖြစ်ပါတယ်။ ဂေါ်ဒန်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့်ပွတ်ကြည့်လျှင် သတ်မှတ်စံချိန်စံညွှန်း မပြောင်းလဲသော်လည်း အရောင်ဖျော့ကျကာ မာခဲချိန် မှားယွင်းပါတယ်။ မီးသွေးပြာမှုန့် ရောစပ်ထားသော ဘိလပ်မြေသည် မှုန့်ညက်မှုနှင့် မာခဲချိန် မပြောင်းလဲသွားသော်လည်း အရောင်ပိုမိုရင့်သွားကာ ခံနိုင်ဝန်အား လျော့ကျသွားပါတယ်။

ဘိလပ်မြေ အတုနှင့်အစစ်ကို အမှန်ကန်ဆုံးနှင့် အမြန်ဆုံး သိရှိလိုပါလျှင် သက်ဆိုင်ရာ ဘိလပ်မြေ တံဆိပ်များမှ Fineness ၊ Soundness ၊ Setting Time ၊ Compressive Strength တို့ကို စမ်းသပ်ထားသော Physical Test Result နှင့် ညီ၊ မညီ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။

အောက်ပါနည်းတွေကတော့ ဓာတ်ခွဲခန်း ပို့ဖို့ မလွယ်ကူနိုင်သေးရင် ဘိလပ်မြေ အတုနဲ့ အစစ်ကို ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်မှု မလိုဘဲ လွယ်ကူစွာ ခွဲခြားနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

၁။ ဘိလပ်မြေအမှုန့်ကို ကြမ်းတမ်းပြီး ရှတတ ဖြစ် မဖြစ် လက်ဖြင့်ပွတ်ကြည့်ပါက ကြမ်းတမ်းပြီးရှတတဖြစ်လျှင် ဘိလပ်မြေအတုဟု ယူဆရပါမယ်။

၂။ ဘိလပ်မြေ အမှုန့် တစ်ဆကို ရေသန့်သန့်ဖြင့် သင့်တော်သလောက် မွှေပြီး ဖျော်စပ်ပါ (သို့) ဘိလပ်မြေ ၅ ကီလိုဂရမ်ကို ရေသန့် ၂ ကီလိုဂရမ်ဖြင့် သမအောင်မွှေပြီး ဖျော်စပ်ထားပါ။ ဖျော်စပ်ထားသော ဘိလပ်မြေကို မှန်ပြားပေါ်တွင် ပေါင်မုန့်ပုံစံဖြစ်အောင် တင်ထားပါ။ ပေါင်မုန့်ပုံစံ ဘိလပ်မြေအတုံး၏ မာခဲချိန်ကို နာရီဝက်ကြာအောင် စောင့်ကြည့်ပြီး ပုံစံပျက်မပျက် ကြည့်ပါ။ ပုံစံပျက်သွားလျှင် ရောစပ်ထားသော ဘိလပ်မြေအတုဖြစ်ပါတယ်။

၃။ ဘိလပ်မြေအမှုန့်ကို ဖန်ခွက်ထဲတွင် ၃ လက်မခန့် ထည့်ပါ။ ရေသန့်သန့်ကို အမှုန့် အမြင့်နဲ့ ဆတူရောစပ်ပြီး သမအောင် မွှေပြီးဖျော်ထားပါ။ တစ်နာရီခန့်ကြာအောင်စောင့်ကြည့်ပြီး ရောစပ်ထားသော ကျောက်မှုန့် ၊ဂေါ်ဒန်မှုန့် ၊ပြာမှုန့်များကြောင့် အလွှာပါးကလေးများ ပေါ်လာလျှင် ဘိလပ်မြေအတုသာ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများဖြင့် ဘိလပ်မြေ အတုနှင့်အစစ်ကို အမြန်ဆုံးခွဲခြားသိရှိနိုင်ပါတယ်။

#ဘိလပ်မြေ
#အတုအစစ်

image

#ဝက်သနီချက်

ဝက်သားကိုအရသာမှုန့်နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်နီကို ပုံမှန်လှီးနေကျထက် ထူထူလေးလှီးထားပါ။ ဒယ်အိုးထဲဆီထည့်ပြီး သကြားအနည်းငယ်ထည့်ပါ။ သကြားအရောင်ရဲလာပြီဆိုမှ ထောင်းထားသောဂျင်း နဲ့ ကြက်သွန်နီထည့်ပါ။

အနည်းငယ်ကြာမှ ကြက်သွန်ဖြူထည့်ပြီး နွမ်းသည်အထိဆီသပ်ပါ။ ပြီးမှ ဝက်သားတုံးထည့်ပါ။ မွှေပေးပါ။ အသားအနည်းငယ်မာလာမှ ခရုဆီ ဆား အရသာမှုန့် ရေ ထည့်ပြီး ဝက်သားနူးပြီး ရေခမ်း အနှစ်ကျသည်အထိတည်ပေးရုံပါဘဲ။

image
46 w - Translate

ပျော်ရွှင်နေတဲ့ Relationship တိုင်းကို ကြည့်တဲ့အခါ
Respect and Support ဆိုတဲ့ အကန့်လေးနဲ့
သွားနေကြတာကို မြင်ရတယ် ။

တစ်ယောက်ကို တစ်ယောက် အပြန်လှန်လေးစားမှု
ရှိကြတယ် ။

ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး ။
ကိုယ့်ချစ်သူသာ အကောင်းဆုံး ၊ အတော်ဆုံး ၊
သူတစ်ယောက်ကလွဲ ဘယ်သူကိုမှ မမြင်ပါဘူး ။
သူသာလျှင် ငါ့အတွက် Perfect အဖြစ်ဆုံးပါပဲ ။
သူဟာ ကိုယ့်အတွက် အထင်ကြီးရတဲ့ အမျိုးသား ၊
လေးစားရပါတဲ့ အမျိုးသမီး ပါ ။ ဘယ်တော့မှ အထင်မသေးဘူး ။ သူမပြည့်ဝရင်တောင် ကိုယ့်ဘက်ကပဲ ဖြည့်ပေးလိုက်မယ် ။ မညိုညင်ဘူး ၊ အားမငယ်စေရဘူး ။
တစ်ယောက်ကို တစ်ယောက် respect အပြည့်ထားကြတယ် ။

Support ပေးကြတယ် … ။

သူ့မှာ ဝင်ငွေနည်းနေတဲ့အခါ ၊ သူမသိအောင်
မုန့်ဖိုးလေး ခိုးပေးလိုက်တာမျိုး ၊
သူ့ကို အမြဲစောင့်ကြည့်ပြီး သူလိုမယ်ထင်တာလေး ဝယ်ပေးလိုက်တာမျိုး ။ အဘက်ဘက်က ကူညီတယ် ။
သူ့ရဲ့ အပြုမှုတိုင်း ကို ချစ်ပေးတယ် ။
သူလုပ်သမျှ သူ့ဝါသနာ တိုင်းကို စိတ်လိုလက်ရ သဘောကျပေးတယ် ။ ပါရမီ ဖြည့်ပေးတယ် ။
ကိုယ်တိုင်က အပြည့်ဝယုံကြည်မှုပေးထားတယ် ။

ပါပီယွန် ပြောသလိုပေါ့ …

" ဘဝမှာ ကိုယ်ချစ်‌တဲ့ မိန်းကလေးရဲ့
အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက် နီးနီး ၊ စိတ်ကြီးဝင်စရာကောင်းတယ်မဟုတ်လား " .. တဲ့

ငါတို့အားလုံးဟာ ကိုယ့်ချစ်သူသာ ယုံကြည်ပေးနေပါစေ ၊အားပေးနေပါစေ ၊ အင်အားအပြည့်နဲ့ ကြိုးစားဖို့
တိုးတက်ဖို့ အဆင်သင့်ပါပဲ ။
လုပ်နိုင်တာထက် ပိုလုပ်ပြဖို့လဲ ဝန်မလေးကြဘူးလေ ။

ဒါတွေဟာ ပျော်ရွှင်ပြီး ခိုင်မာနေကြတဲ့ Relationship တိုင်းရဲ့ အဓိက အကြောင်းပြချက်ပါပဲ ။

ကိုယ့်ချစ်သူအပေါ် Respect ရှိရဲ့လား ။
ကိုယ့်ချစ်သူကို Support ပေးနိုင်ရဲ့လား ။

⁃ Thar Htwe -

image
46 w - Translate

Mom: ငယ်တုန်းရည်းစားမထားနဲ့ အလုပ်ထဲရောက်ရင် ကိုယ်နဲ့ တန်းတူ ခေါင်းခေါက်ရွေးစမ်းပါလေ့

Me at work :

image
46 w - Translate

အမေက ငါ့လောက်လည်းအဝေးကြီးတွေမရောက်ဖူးဘူး ။ ငါ့လိုလည်း လူငယ်ဘဝကိုခြေဆန့်ပြီးမယူဖူးဘူး ။ အမေကပိုခက်ခဲတဲ့လမ်းကလာတာ ။ ခလုတ်ကန်သင်းကို ရယ်မောတိုးဖြတ်ပြီးလာတာ ။ ငါ့မှာသာ ဒဏ်ရာအသေးလေးနဲ့ အိမ်ပြန်ငါးဖြစ်ရ ။ အရိပ်အောက်မှာနေပြီး အခက်အမြဲကျိုးရ ။ အမေ့လောက် လောကဓံကိုတွေ့ခဲ့ရင် အမေ့လိုအသက်ရှင်ပါ့မလားပဲ ။

image
46 w - Translate

သူများနဲ့ယှဉ်ပြီးသိမ်ငယ်နေစရာ
မလိုဘူး
လူဆိုတာကိုယ့်တန်ဖိုးနဲ့ကိုယ် အရာရာလှနေပီးသား💜

#wailinaung

image
46 w - Translate

Ani date လေးပါ ကူမှတ်ပေးကြပါအုံး 🫠

image
46 w - Translate

ထပ်ချစ်ဖြစ်ခဲ့ရင်
ကိုယ့်တစ်ဦးတစ်ယောက်တည်းအတွက်
သီးသန့်ရည်ရွယ်ထားသော
ချစ်ခြင်းမေတ္တာကိုသာ ပိုင်ဆိုင်ရပါလို၏။

💭 || 25.9.2024

image
46 w - Translate

အခုနောက်ပိုင်း
တကယ်မခေါ်ချင်တဲ့ ဘယ်ဘဝထဲကိုမှ
အတင်း မဝင်ရောက်ခြင်းဖြင့်
စိတ်သက်သာရာရအောင် နေနေပါတယ် ။

#စစ်ငြိမ်း

image