2 yrs - Translate

ပုဂံမှာ မနက်စာပါပြီး တစ်ယောက်ကို(၁၃၀၀၀)ကျပ်တည်းနဲ့တည်းခိုလို့ရမယ်နေရာ

စျေးလည်းအရမ်းတန်ပြီး
Air Con ကော Wi-Fi အပြင် မနက်စာပါ ပါရမယ် စျေးနှုန်းလည်းသက်သာရမယ့်ဆိုတဲ့သူတွေအတွက်
အရုဏ်သစ် ဧည့်ရိပ်မွန်ကိုသွားတည်းခိုကြည့်နော်😍

🔸 ပုဂံလာဖြစ်လို့ အေးဆေးလေးနဲ့ တိတ်ဆိတ်ပြီး ပေးရတဲ့စျေးလေးနဲ့ တန်တဲ့နေရာလေး🤔

🚘 Car Parking အတွက်လည်း စိတ်မပူရမယ့်အပြင် ခြံအကျယ်ကြီးမှာလဲ အေးမြတဲ့ သစ်ပင်အရိပ်တွေလည်းရှိပါသေးတယ် 🌳

🔸 ဒါ့အပြင် ရွှေစည်းခုံ၊ အလိုတော်ပြည့် ၊ထီးလိုမင်းလို ဘုရားများနဲ့လည်း နီးပါသေးတယ်နော် 🙏🏻

🛁 ရေချိုးခန်း ရေပူရေအေးရတဲ့အပြင် Toilet ကလည်း တစ်ခန်းစီဆိုတော့ ပိုအဆင်ပြေတာပေါ့

🔸 ရက်ရှည်နေချင်တဲ့သူများလည်း စျေးနှုန်းညှိပြီး ငှါးရမ်းနိုင်ပါသေးတယ်နော်😍

☑️ ဧည့်သည်များ လည်ပတ်ဖို့အဆင်ပြေစေရန်အတွက်လဲ E-bike, တုတ်တုတ် (၃ဘီး) များကို ငှါးရမ်းပေးပါတယ်🛵

🚌အပြန်ကားလက်မှတ် အသွားကားလက်မှတ်များလဲ စီစဥ်ဆောင်ရွက်ပေးပါတယ်

🏠 လိပ်စာ - ခတ္တာလမ်း ၊ အမှတ်(၇) ရပ်ကွက် ၊ဝက်ကြီးအင်း၊
ပုဂံညောင်ဦး

image
2 yrs - Translate

မှန်ကန်တယ်ဆိုတာ

image

မုန့်ကြာစိကြိုက်သူများအတွက်...
ဒေသတွေက ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်မှုန့် - အနည်းငယ်
ထန်းလျက်ဖြူ (သို့မဟုတ်) အညို
အုန်းသီးခြစ်
ဆား
ပြင်ဆင်ပြုလုပ်နည်း

မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုပ်ပါ။
ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။
အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။
ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။

image
2 yrs - Translate

ယနေ့ ရွှေ ဒေါ်လာ ထိုင်းဘတ် အကုန်ထိုးကျနေတာတောင် လုံးဝ မကျသေးတဲ့ ကုန်စျေးနှုန်းတွေ

ဒေါ်လာစျေးက ဇောက်ထိုးဆင်းတာ ၅၀၀၀ ဝန်းကျင်.. ထိုင်းဘတ်က မြန်မာငွေ တစ်သိန်းကို ၆၈၀ အထိ ကျသွားသလို.. ရွှေစျေးလည်း ၆၇ ကို ဇောက်ထိုးပဲ..

ဆေးစျေးတွေ စားသောက်ကုန်တွေ နေ့စဉ်စားသုံးရတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အသားငါး ကုန်စိမ်း အသီးအနှံစုံ.. ကုန်မာပစ္စည်းတွေ ကားပစ္စည်းစျေးနှုန်းတွေ အထွေထွေသုံးကုန်ပစ္စည်းတွေ စျေးလုံးဝ နည်းနည်းလေးမှ ကျမလာသေးဘူး.. ပရီမီယံဒီဇယ်ကလည်း ဒီနေ့ စျေးထပ်တက်ပြီး ၃၃၉၀ နဲ့ ဖြည့်လာရတယ်..

အထက်ပါပစ္စည်းတွေက နိုင်ငံခြားငွေစျေး တက်ချိန်ဆိုရင် အချိန်လုံးဝမဆိုင်းပဲ တက်တယ်.. စျေးတက်သွားလို့ မနက်ကစျေးထက် အခုညနေစျေး ထပ်တက်သွားပါလားလို့ မေးရင် ဒေါ်လာစျေးတက်လို့ ရွှေစျေးတက်လို့ဆိုပြီး ပြောတတ်တဲ့ ပါးစပ်လေးတွေဟာ ဒေါ်လာစျေးကျလို့ ရွှေစျေးကျလို့ မနေ့ကစျေးထက် ဒီနေ့စျေးကျတယ်လို့ ပြောမထွက်ကြတာဟာ စျေးချ မရောင်းကြတာဟာ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ကြားတဲ့ စဏ္ဍာလ စီးပွားရှာနည်းဖြစ်တဲ့ လူအများ ဒုက္ခရောက်လေ.. ငါတို့ စီးပွားရှာလို့ ကောင်းလေဆိုတဲ့ ဝိသမသလောဘသား စီးပွားရေးသမားတွေပါပဲ.. စျေးနှုန်းချပေးတဲ့ လူသားပီသသော ကုမ္ပဏီတွေ စျေးသည်တွေကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ..။

#စျေးကျ
#ကုန်စျေးနှုန်း

Apu Lay shared a post  
2 yrs

2 yrs

ရမ်းဗြဲကျွန်း (Ramree Island)

မြန်မာ့အကြီးဆုံးကျွန်း

------------
အကျယ်အဝန်း - ၅၂၀ စတုရန်းမိုင်
(စင်ကာပူကျွန်းရဲ့ ၂ဆနီးပါးရှိ)

တည်နေရာ - ရခိုင်ပြည်

ဗမာဘုရင်တွေ ရခိုင်ကိုကျုးကျော် သိမ်းပိုက်ပြီးတဲ့အခါမှာ ရခိုင်ကို ဝတီလေးရပ် ခွဲခြားသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။
ဝတီလေးရပ်က
၁-ဓညဝတီ
၂-ဒွါရာဝတီ
၃-ရမ္မာဝတီ
၄-မေဃဝတီ တို့ဖြစ်ပါတယ်။

ရမ္မာဝတီကတော့ ခု ရမ်းဗြဲကျွန်းအနီးဝန်းကျင်ဒေသ ကို ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

---------------

ကမ္ဘာကျော်ပေမဲ့ မြန်မာမကျော်တဲ့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ တိုက်ပွဲတစ်ခု ရမ်းဗြဲကျွန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ရဲ့ တိုက်ပွဲမှာ ဂျပန်တွေ အ ရေးနိမ့်ပြီး ရမ်းဗြဲကျွန်းကနေ ထွက်ပြေးချိန်မှာ ရမ်းဗြဲကျွန်းမှာ ရှိတဲ့ ရေငံမိချောင်းတွေရဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဂျပန်စစ်သား အများအပြား အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ရပါတယ်။

ဒါဟာ ကမ္ဘာ့သမိုင်းမှာ အဆုံးရွားဆုံး တိရစ္ဆာန်တိုက်ခိုက်ခံရမှု (The worst animal attack) အဖြစ် သမိုင်းမှတ်တမ်း တင်ခံခဲ့ရပါတယ်။

________

Thutaplex

image
Khine Su Zin shared a post  
2 yrs

2 yrs

ရမ်းဗြဲကျွန်း (Ramree Island)

မြန်မာ့အကြီးဆုံးကျွန်း

------------
အကျယ်အဝန်း - ၅၂၀ စတုရန်းမိုင်
(စင်ကာပူကျွန်းရဲ့ ၂ဆနီးပါးရှိ)

တည်နေရာ - ရခိုင်ပြည်

ဗမာဘုရင်တွေ ရခိုင်ကိုကျုးကျော် သိမ်းပိုက်ပြီးတဲ့အခါမှာ ရခိုင်ကို ဝတီလေးရပ် ခွဲခြားသတ်မှတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။
ဝတီလေးရပ်က
၁-ဓညဝတီ
၂-ဒွါရာဝတီ
၃-ရမ္မာဝတီ
၄-မေဃဝတီ တို့ဖြစ်ပါတယ်။

ရမ္မာဝတီကတော့ ခု ရမ်းဗြဲကျွန်းအနီးဝန်းကျင်ဒေသ ကို ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။

---------------

ကမ္ဘာကျော်ပေမဲ့ မြန်မာမကျော်တဲ့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ တိုက်ပွဲတစ်ခု ရမ်းဗြဲကျွန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့ရဲ့ တိုက်ပွဲမှာ ဂျပန်တွေ အ ရေးနိမ့်ပြီး ရမ်းဗြဲကျွန်းကနေ ထွက်ပြေးချိန်မှာ ရမ်းဗြဲကျွန်းမှာ ရှိတဲ့ ရေငံမိချောင်းတွေရဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဂျပန်စစ်သား အများအပြား အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ရပါတယ်။

ဒါဟာ ကမ္ဘာ့သမိုင်းမှာ အဆုံးရွားဆုံး တိရစ္ဆာန်တိုက်ခိုက်ခံရမှု (The worst animal attack) အဖြစ် သမိုင်းမှတ်တမ်း တင်ခံခဲ့ရပါတယ်။

________

Thutaplex

image
2 yrs - Translate

My kind of affection.

image
2 yrs - Translate

🙄

image
Moe Moe Su Naing changed her profile cover
2 yrs

image
Moe Moe Su Naing changed her profile picture
2 yrs

image