Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိကျောင်း သားရေ၊ ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားတဲ့ ဒေါ်လာ ၁၄,၀၀၀ တန် Huawei Mate XT Ultimate
=============================================================
Huawei က ပြီးခဲ့တဲ့လမှာ ကမ္ဘာ့ ပထမဆုံး ၃ ခေါက်ချိုးဖုန်းကို ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကြီး ဖုန်းတွေကို ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က အဲဒီဖုန်းအတွက် အထူးထုတ် မော်ဒယ်တွေကို ကြေညာလိုက်ပါတယ်။
Caviar က အဲဒီဖုန်းအတွက် Black Dragon နဲ့ Gold Dragon မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပါတယ်။
Black Dragon မှာ မိကျောင်းသားရေ၊ ရွှေတွေနဲ့ အလှဆင်ထားပါတယ်။ တရုတ် ဒဏ္ဍာရီမှ Xuanlong Dragon ရဲ့ အရေခွံနဲ့ တူညီအောင် မိကျောင်းသားရေကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Gold Dragon မှာ ၂၄ ကာရက် ရွှေပြားတွေကို အသုံးပြုထားပါတယ်။
Caviar က တရုတ်မှာ ကံကောင်းတဲ့ နံပါတ်လို့ ယူဆကြတဲ့ ၈၈ ကို ရယူပြီး အဲဒီ ဖုန်းတွေကို ၈၈ လုံးစီပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။
မော်ဒယ် ၂ ခုစလုံးအတွက် 256GB , 512GB နဲ့ 1TB Storage ထုတ်လုပ်ထားပါတယ်။ Black Dragon ကို ဒေါ်လာ ၁၂,၇၇၀ ၊ ၁၃,၂၀၀ နဲ့ ၁၄,၆၃၀ အသီးသီးသတ်မှတ်ထားပါတယ်။ Gold Dragon ဟာ ဒေါ်လာ ၁၄,၅၀၀ ၊ ၁၄,၉၃၀ နဲ့ ၁၅,၃၆၀ အသီးသီး တန်ကြေးရှိပါတယ်။
ကလပ်ကမ္ဘာ့ဖလားအတွက် အင်ဖန်တီနို စိတ်လှုပ်ရှား
-----------------
(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောကြားလိုက်ပါတယ်။ ပုံစံသစ်ပြောင်းလဲလိုက်တာကြောင့် ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂)သင်းအထိ ကစားသွားကြမယ့် (၂၀၂၅)ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့တာပါ။
အမေရိကန်နိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းတွေက ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်မှာ သေချာသလို ပရိသတ်တွေ အနေနဲ့လည်း ဘောလုံးကွင်းအတွင်း စိတ်လှုပ်ရှားမှု အပြည့်အဝ ရမှာဖြစ်တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးကြဖို့အတွက် အင်ဖန်တီနိုက ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
(၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို နယူးဂျာစီအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း အင်ဖန်တီနိုက တရားဝင် အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် လာမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့က စတင်ကာ ဇူလိုင်လ(၁၃)ရက်နေ့အထိ ကျင်းပသွားမှာ လည်း ဖြစ်ပါတယ်။
ဝက်ပင်စိမ်းကြော်နည်းလေးမျှဝေလိုက်ပီနော်😊
==========
ဝက်ကြိတ်သားကို သို့မဟုတ် ဝက်သားကိုအတုံးသေးလေးတွေတုံးပါ
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။
#ဖိုးသက်kitchen
Credit မူးရင်း
ဝက်ပင်စိမ်းကြော်
==========
ဝက်ကြိတ်သားကို သို့မဟုတ် ဝကျသားကျုလိုသလိုအတုံးသေးတုံး
ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်နှယ်နှပ်ထားပါ။
ပဲတောင့်ရှည်သီး၃တောင့်လှီးထား
ငရုတ်သီး စိမ်း၂တောင့်လှီးထား
ပင်စိမ်းရွက်သို့မဟုတ် ဖက်ကဖောင်းရွက်
အနည်းငယ်ကို ရေဆေးထား။
ကြက်သွန်နီ၊ ဖြူ အနည်းငယ်လှီးထား။
ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊
ကော်မှုန့်အနည်းငယ်စီကို ရေဖြင့်ဖျော်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကိုအရင်ထည့်ကြော်
ဝက်ကြိတ်သားထည့်မွှေ၊
ပဲသီးနှင့်ငရုတ်သီးထည့်၊
ကျက်ခါနီး ဖျော်ထားသောကော်ရည်လောင်းထည့်၊
ပင်စိမ်းရွက်အုပ်ပြီး ချနိုင်ပါပြီ။သုံးဆောင်နိုင်ပါပြီ။
ဓာတုစက်ရုံမီးလောင်မှုကြောင့် လူအစုလိုက် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရ
-----------------------
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ဓာတုဗေဒစက်ရုံတစ်ခုမှာ မီးလောင်ပေါက်ကွဲမှု တနင်္ဂနွေနေ့က ဖြစ်ပွား ခဲ့လို့ လူအများအပြား နေရာရွှေ့ပြောင်းပေးခဲ့ရပြီး အဝေးပြေးလမ်းမကြီးတစ်ခုကိုလည်း ပိတ်ထားခဲ့ရပါတယ်။ စက်ရုံမီးလောင်ပေါက်ကွဲမှုကနေ မီးညွှန့်မီးလျှံတွေနဲ့အတူ မီးခိုးတွေ ထွက်ပေါ်လာတကို ဗီဒီယိုဖိုင်မှာ အခုလို တွေ့ရပါတယ်။
အစပိုင်းမှာ အဲဒီမီးကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စက်ရုံရဲ့ Biolab နေရာမှာ ထပ်မံ လောင်ကျွမ်းခဲ့တာလို့ အတ္တလန္တာဂျာ နယ်က ရေးသားဖော်ပြပါတယ်။ စက်ရုံမီးဟာ Sprinkler head (စပရင်ကလာ ဟတ်ဒ်) လို့ခေါ်တဲ့ စက် အစိတ် အပိုင်းတစ်ခု ချို့ယွင်းမှုဖြစ်ရာကနေ ဒေသစံတော်ချိန် မနက် (၅)နာရီ ခွဲလောက်မှာ မီးထတောက်တာလို့ စက်ရုံ တည်ရှိရာ ရော့ခ်ဒေးလ်ခရိုင် မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
အဲဒီ ဓာတုစက်ရုံ မီးလောင်မှုကြောင့် ရော့ခ်ဒေးလ် ခရိုင်တစ်ခုလုံးက ဒေသခံ(၁၇၀၀၀)ကို ဘေးလွတ်ရာကို ရွှေ့ ပြောင်းဖို့ ညွှန်ကြားခဲ့ရပါတယ်။ လက်ရှိမှာတော့ မီးလောင်မှုဖြစ်ခဲ့တဲ့ အဲဒီစက်ရုံနေရာကို သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီနဲ့ ဂျော်ဂျီယာပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးနေပြီးတော့ မီးခိုးကနေ ထွက်ပေါ်လာနိုင်တဲ့ အဆိပ်အခိုးအငွေ့တွေရဲ့ ဘေးရန်ကိုလည်း သတိပြုကြဖို့ တာဝန်ရှိသူတွေက လမ်းညွှန်ထားပါတယ်။