1 y - Translate

EV ယာဉ်ထုတ်လုပ်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈)ခု ခွင့်ပြု
--------------------------------
လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၈)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်ရဲ့ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးက သိရပါတယ်။ အဲဒီ အစည်းအဝေးကိုတော့ စက်တင်ဘာလ (၃၀) ရက် မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တာပါ။

အစည်းအဝေးမှာ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်တာ အပါအဝင် စက်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် (၈)ခု ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
ခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံ မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်နဲ့ ငွေကျပ်သန်းပေါင်း ၄၆၀၀၀ ကျော်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၉၇၂ ယောက်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံ၊ ဒေသတွေကတော့ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ ဖြစ်တယ်လို့ သိရပါတယ်။

image
1 y - Translate

တရုတ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ဆင်နာ တက်ရောက်
-----------------------
ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ တရုတ်နိုင်ငံ ပေကျင်းမှာ ကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ဆင်နာဟာ ချက်တင်းနစ်သမား လီဟက်ကာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆင်နာအတွက် အခုပွဲစဉ်က လွယ်ကူတဲ့ ပွဲစဉ်တစ်ပွဲတော့ မဟုတ်ခဲ့တာကို တွေ့ရပါတယ်။

လီဟက်ကာဟာ အခုနှစ်ပြိုင်ပွဲမှာရရှိနေတဲ့ အကောင်းဆုံး လက်စွမ်းကို အခုပွဲစဉ်မှာလည်း ဆက်လက်ပြသ နိုင်ခဲ့ပြီး ဆင်နာကို အခက်တွေ့အောင် ကစားသွားနိုင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဆင်နာဟာ အခုပွဲမှာ အနိုင် ရဖို့အတွက် ပွဲကစားချိန် ၂ နာရီးနီးပါးကြာမြင့်ခဲ့ပြီး (၆း၂၊၇း၆) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် တရုတ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူခဲ့သလို အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ရမယ့် ဆင်နာဟာ ဆီမီးဖိုင်နယ်အဆင့်မှာ တရုတ်တင်းနစ်သမား ယန်ချော့ကီတီ (Yunchaokete)နဲ့ ဆက်လက်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်-၉၆ မှာရပ်တည်နေတဲ့ ယန်ချော့ကီတီဟာ ကွာတားဖိုင်နယ်အဆင့်မှာ ရုရှားတင်းနစ်သမား ရူဘလက်ဗ်ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

image
1 y - Translate

အင်း.... အဲဒီအကြံမဆိုးဘူး

image
1 y - Youtube

1 y - Translate

မျက်လုံးလေးမှေးကြည့်လိုက် ယုန်လေးတွေအရောင်ပြောင်းသွားတာမြင်ရမယ်

image
1 y - Translate

၂၄နာရီအတွင်း
ဒေးဒရဲ ကျိုက်လတ် တွံတေး ကွမ်းခြံကုန်း ကော့မှူး ဝါးဘလောက်သောက် ဆိပ်ကြီး ခနောင်တို ဒလ ရန်ကုန် သံလျှင် သီလဝါ ကျောက်တန်း တံတားမြို့ ကဒပ္ပန သုံးခွ ခရမ်း ပိန်းကန် သက္ကလ ကဝ သနပ်ပင် ပဲခူး ဘုရားကြီး ဝေါ သိမ်ဇရပ် ညောင်ခါးရှည် မုပ္ပလင် ကျိုက်ထို သထုံ ဘီလင်း မိုးများစွာ ရွာနိုင်ပါတယ်
ISSUED TIME
01/10/2024 3:44pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image
1 y - Translate

In the world of Martial Art
အခုက အဲလိုဖြစ်နေပြီ
Stand fight စစ်စစ်ကြည့်ချင်ရင် ရိုးရာနဲ့ မွေထိုင်းပဲဦးစားပေးကြည့်ရတော့မယ်.
ခြေဆွဲကောင်တွေသိပ်များလာပြီ

1 y - Translate

Ame & Gabbi had some friendly chat in their game. 👀😂

image
1 y - Translate

What is your fantasy?
လိုချင်တာ တခုတည်းပါ...နားအေးချင်တာ 😁

1 y - Youtube