ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျပ်သိန်း ၅၀၀၀ အပါအဝင် ထီဆု တစ်သောင်းကျော် ထုတ်ယူရန်ကျန်နေ
-----------------------
ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု အပါအဝင် ထီဆုမဲ ၁၃၀၀၀ ကျော် ထုတ် ယူဖို့ ကျန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲက ကြေညာထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ၅၆ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီ ဖွင့်ပွဲမှာ ဆုမဲပေါင်း တစ်သိန်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၃၀၀၀ ကျော်ကို လက်ရှိ အချိန်ထိ လာရောက် တောင်းခံတာ မရှိသေးဘူးလို့ ဆိုပါတယ်။ လာရောက်တင်ပြတောင်းခံတာမရှိသေးတဲ့ ဆုမဲတွေထဲမှာတော့ ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ (၇)ဆု၊ ကျပ် ၁၀ သိန်း (၃)ဆု စတဲ့ ဆုရလက်မှတ်တွေ ပါဝင်တယ်လို့ ကြေညာချက်အရ သိရပါတယ်။
အဲဒီ ဆုရလက်မှတ်တွေကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ရန်ကုန်နဲ့ မန္တလေးမြို့တွေရှိ အောင်ဘာ လေသိန်းဆုဌာနခွဲရုံးတွေမှာ လာရောက်တင်ပြထုတ်ယူတာ မရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။