2 နှစ်များ - ဘာသာပြန်ပါ။

Signature dish
မှာမှာ သေချာလားလို့တော့ မေးပါသေးတယ်လေ

2 နှစ်များ - ဘာသာပြန်ပါ။

ကျနော်တို့ဟာ ညဖက်ညဖက်ဆို
ဘာဖြစ်လို့ပိုပြီး နာကျင်ရလဲသိလား

လူတွေက တစ်နေ့လုံးဘယ်လောက်ပဲ ပင်ပန်းပင်ပန်း
ညဆိုအိမ်ပြန်ချင်ကြတာပဲ မဟုတ်လား
ညဖက်တွေမှာအိမ်နဲ့တူတဲ့တစ်ယောက်ယောက်ကို
သတိရမိတာ ဘာဆန်းလဲ

အဲဒီတစ်ယောက်က ကိုယ့်အနားမရှိနိုင်တဲ့အခါ
နာကျင်ရတာပဲပေါ့။

မိုးနေ့ | အပိုင်းအစများ

image
2 နှစ်များ - ဘာသာပြန်ပါ။

သီချင်းလေးတအေးအေးနဲ့ ဖုန်းလေးပွတ်ရင်း ဒန်းစီးကြမယ် 🤣

image
2 နှစ်များ - ဘာသာပြန်ပါ။

Never mess with the Asians
ဒါမျိုးတော့ လာမလုပ်နဲ့ ဟွန်း 😤

2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့....ပိတ်သည်။ 😁

image

မင်မင့်ကိုယ်တွေ့ ဖြစ်ရပ်မှန်လေး ပြောပြမယ်နော်
လွန်ခဲ့သောရက်ပိုင်းလောက်က Business oversea trip သွားရတော့ hotel တစ်ခုမှာနှစ်ညတည်းကြတယ်ဆိုပါတော့
ပထမညမှာ ဘာမှမဖြစ်ဘူး နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော်တယ် အိပ်လို့လည်းအဆင်ပြေတယ်။ မင်မင်က နေရာအသစ် ရောက်တိုင်း မမြင်အပ် မြင်အပ် အရာများကို မေတ္တာပို့ပြီး အိပ်တက်ပါတယ်
ဒါပေမဲ့ ဒုတိယနေ့ ညနေဘက်ရောက်တော့ မြို့ထဲပတ်ပြီး ဘုရားကို စံပယ်ပန်းလေးကပ်စရာရှိတော့ တွေ့တဲ့စံပယ်ပန်းသီထားတာလေးကို ဝယ်လာတာပေါ့။ ကဲ စံပယ်ပန်းကပ်မယ်ဆိုပြီး နီးစပ်ရာဘုရားရှာတော့ ဘုရားမတွေ့တာနဲ့ ဟော်တယ် ရှေ့ နတ်ကွန်းလေးလို အဆောက်အဦးလေးမှာပဲ ပန်းကိုကပ်ခဲ့ရောပေါ့ကွယ်(ပန်းကို ဟော်တယ်ခန်းထဲယူမသွားချင်တာလည်းပါလို့ပါ)။ အာ့မှာ စတွေ့တာပဲ ညဘက်အိပ်တော့ မီးပိတ်မအိပ်ဘဲ စောင်ကိုခေါင်းမူးခြုံအိပ်တာ ခြေရင်းကနေ တစ်ယောက်ယောက် ကြည့်နေသလိုကြီးစိတ်ထဲဖြစ်လာရော၊ အာ့တာနဲ့ စောင်ကိုဖယ်ပြီးခြေရင်းကိုကြည့်တော့လည်း ဘာမှမတွေ့၊ အာ့တာနဲ့ ပြန်အိပ်တော့လည်း နောက်တစ်နာရီကြာတော့ ထပ်နိုးလာပြန်ရော အာ့လိုပဲ ခြေရင်းကနေလာကြည့်နေတဲ့ ခံစားချက်ကြီး၊ အာ့တာနဲ့ စောင်ကိုဖယ်ပြီးကြည့်တော့ ဖြူဖြူအရိပ်ကြီးက ဖြတ်ပြေးသွားတာ။ အာ့လိုနဲ့ပဲ တစ်ညထဲကို သုံးခေါက်လောက်ခြေရင်းကနေလာကြည့်ပြီး ဖြူဖြူအရိပ်ကြီးက ဖြတ်ဖြတ်ပြေးတာ😁။ နောက်ဆုံးတော့ မင်မင် အိပ်ရေးပျက်သွားတာပဲ အဖက်တင်ပါတယ်ရှင်။
PS: အတူတူသွားတဲ့ အစ်မကတော့ ဘာမှမတွေ့ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါတယ်၊ မင်မင်ကတော့ ဖြူဖြူအရိပ်မြင်တာဆိုတော့ ကောင်းတဲ့ဘက်က လာပြတယ်လို့ပဲထင်လိုက်ပါတယ်ရှင်🤗
#မင်မင်alice

image

image
2 နှစ်များ - ဘာသာပြန်ပါ။

Over the past week, investors were busy figuring out the best way to play the Federal Reserve’s decision to lower interest rates for the first time since 2020.

2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်တော့များမှ လွတ်လပ်ပါ့မလဲ ?

🛑တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်တိုင်း လက်ထဲကိုင်ထားသင့်တဲ့ လူငယ်ရေးစာအုပ် 👏

🕊️ငွေကြေးလွတ်လပ်မှု၊ စိတ်သောက အချုပ်အနှောင်တွေကနေ လွတ်လပ်မှုကို လူငယ်တိုင်း လိုချင်ကြပါတယ်…

အခုနောက်ပိုင်း ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ၊ ဆုံးဖြတ်မှုပိုင်းဆိုင်ရာမှာ ဘယ်သူ့လွှမ်းမိုးမှုမှ မပါဘဲ လွတ်လပ်ချင်စိတ်ဖြစ်လာတယ်။ ဒီအတွက် လမ်းပြကူညီပေးနိုင်တဲ့ စာအုပ်ကတော့ လူငယ်စာရေးဆရာ Paing (That's for U) ရေးတဲ့ "လွတ်လပ်သောဘဝ" ဆိုတဲ့ စာအုပ်ပါ။

ဒီစာအုပ်က လူငယ်တိုင်း အနည်းဆုံး တစ်ခါလောက် ဖတ်သင့်တဲ့ Physically ရော Mentally အရရော Growth ဖြစ်လာစေမယ့် စာအုပ်လို့ ပြောလို့ရပါတယ်။

စာရေးဆရာရဲ့ အရေးအသားက ရိုးရှင်းပြီး နားလည်လွယ်ပါတယ်။
🔺🔺သဘောအကျဆုံးကတော့ ခေါင်းစဉ် အကြောင်းအရာတစ်ခုဆီမှာ စာရေးဆရာရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ ထည့်ပြောထားတာကိုပါ💯

‼️ဒီစာအုပ်ဖတ်ပြီးတဲ့ လူငယ်တိုင်းမှာ ဘာထူးခြားချက်တွေ ဖြစ်လာနိုင်မလဲ

1️⃣အရင်ထက်ကြိုးစားချင်စိတ်တွေ ဖြစ်လာလိမ့်မယ်
2️⃣ကိုယ့်အကြောင်းကိုယ် ပိုသုံးသပ်တတ်လာလိမ့်မယ်
3️⃣လက်ရှိထက် လုပ်ရဲကိုင်ရဲဖြစ်လာပြီး စိတ်ဓာတ်ကြံ့ခိုင်လာလိမ့်မယ်။
4️⃣အရင်ထက် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုကို ရလာပြီး သူများကိစ္စ စပ်စုတတ်တဲ့ အကျင့်လျော့လာလိမ့်မယ်။
5️⃣ကိုယ်သိထားခဲ့ဖူးတဲ့၊ မေ့ထားမိတဲ့ ဗဟုသုတ၊ အတွေးအခေါ်တွေကို ပြန်သတိရလာလိမ့်မယ်။
6️⃣ အရင်ထက် ပိုလွတ်လပ်တဲ့ အတွေးအခေါ်ရှိလာပြီး ပိုစိတ်ချမ်း ပိုပျော်ရွှင်လာပါလိမ့်မယ်။

#လူငယ်
#လူငယ်စာပေ
#paingthatsforu
#လွတ်လပ်သောဘဝ

image

image