46 w - Translate

မီးလောင်ပြီး လူ၂၅ဦးသေဆုံးခဲ့တဲ့ ဘတ်စ်ကားသက်တမ်းက ၅၄ နှစ်ရှိပြီဆိုတာ ထိုင်း သတင်းတွေမှာဖော်ပြ
BVJ/အေတီ ၊ အောက်တိုဘာ ၃ ၊၂၀၂၄
ထိုင်းနိုင်ငံမှာ အင်္ဂါနေ့က ကားမီးလောင်ပြီး ကျောင်းသားငယ် ၂၂ နဲ့ ဆရာ ၃ ဦး သေဆုံးခဲ့တဲ့ ဘတ်စ်ကားဟာ လွန်ခဲ့တဲ့ ၅၄ နှစ်က မှတ်ပုံတင်ထားတဲ့ ကားတစ်စီးဖြစ်ပြီး ဒီဇယ်ကနေ သဘာဝဓာတ် ငွေ့သုံးကားအဖြစ် ပြောင်းလဲထားတဲ့ကားဟောင်းတစ်စီးဖြစ်ကြောင်း ထိုင်းနိုင်ငံက သတင်း အချို့မှာ ဖော်ပြနေကြပါတယ်။
မီးလောင်သွားတဲ့ အဆိုပါကားဟာ ၁၉၇၀ ခုနှစ်မှာ Isuzu ကားအမျိုးအစား ဒီဇယ်အင်ဂျင်အနေနဲ့ ပထမဆုံးမှတ်ပုံတင်ခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်းမှာ Mercedez-Benz အင်ဂျင်နဲ့ အစားထိုးပြီး သဘာဝဓာတ်ငွေ့ အသုံးပြုမောင်းနှင်တဲ့ကားအဖြစ် ပြောင်းလဲခဲ့တာလို့ သိရပါတယ်။
ဒီဇယ်လောင်စာဆီကားကနေ သဘာဝဓာတ်ငွေ့ (NGV) အသုံးပြုတဲ့ကားအဖြစ် ပြောင်းလဲထားပြီး မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာ သဘာဝဓာတ်ငွေ့ ထည့်တဲ့ဆီတိုင်ကီ ဆလင်ဒါ ၁၀ လုံး တပ်ဆင်ထားပါတယ်။ ဘတ်စ်ကားရဲ့ ယာဉ်မှတ်ပုံတင်ထဲမှာရေးထားချက်အရ သဘာဝဓာတ်ငွေ့ ဆလင်ဒါခြောက်လုံးသာ တပ်ဆင်ခွင့်ပြုထားကြောင်း ယာယီရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် ကစ်ရတ်ဖန်ဖက်က အတည်ပြုထားပါတယ်။
ကျောင်းသား၂၂ နဲ့ ဆရာ ၃ ဦး သေဆုံးခဲ့တဲ့ မီးလောင်ခဲ့တဲ့ ဘတ်စ်ကားကိုမောင်းနှင်ခဲ့တဲ့ ယာဥ်မောင်းကို ထိုင်းရဲတပ်ဖွဲ့က အမှုလေးမှုနဲ့ တရားစွဲထားပါတယ်။ ယာဉ်မောင်းဖြစ်သူ Samarn Chankut အသက် ၄၈ နှစ်ဟာ အင်္ဂါနေ့ နေခင်းပိုင်း အခင်းဖြစ်တဲ့နေရာက ထွက်ပြေးသွားပြီး အင်္ဂါနေ့ညပိုင်းကျမှ ရဲစခန်းမှာ လာအဖမ်းခံတာဖြစ်ပါတယ်။
Samarn Chankut ကို တရားစွဲထားတဲ့ အမှုလေးခုက မဆင်မခြင်မောင်းနှင်မှု၊ လူအသေအပျောက်ဖြစ်အောင်မောင်းနှင်မှု၊ ပေါ့လျော့မှု၊ မတော်တဆမှုဖြစ်ပြီးနောက်မှာ အကူအညီပေးဖို့ ပျက်ကွက်မှု တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Samarn Chankut မောင်းတဲ့ ဘတ်စ်ကားဟာ Bang Kruai ခရိုင်ထဲက ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ရဲ့ ပြပွဲကိုသွားကြည့်ကြမယ့် ကျောင်းသားတွေ ကို Uthai Thani ကနေ တင်လာတဲ့ ဘတ်စ်ကားသုံးစီးထဲက ဒုတိယမြောက် ဘတ်စ်ကားဖြစ်ပါတယ်။
မီးလောင်ကျွမ်းတဲ့ ကားပေါ်လိုက်ပါလာတာက အသက် ၆ နှစ်နဲ့ ၁၅ နှစ်ကြားကျောင်းသားလေးတွေဖြစ်ပြီး Grade 1 ကနေ Grade 9 တက်နေတဲ့ ကျောင်းသား ၃၈ ဦးနဲ့ ဆရာ၊ ဆရာ မ ၆ ဦး လိုက်ပါလာပါတယ်။ ကယ်ဆယ်ရေးသမားတွေရဲ့အပြောအရ ကားမီးလောင်ကျွမ်းမှုမဖြစ်ပွားမီ ကားဘီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကားလမ်းမနံဘေးမှာရှိတဲ့ အတားအဆီးတွေကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရက်ဒစ်- Bangkok Post
Burma BJ

image

imageimage
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

image
46 w - Translate

Welcome to Ngapali Beach
Rakhine State
Myanmar

Photos #credit

imageimage
+4