1 y - Translate

Beautiful Curly Hair 😍

image
1 y - Translate

Beautiful Curly Hair 😍

image
1 y - Translate

Beautiful Curly Hair 😍

image
1 y - Translate

Beautiful Curly Hair 😍

image
1 y - Translate

Beautiful Curly Hair 😍

image
1 y - Translate

Beautiful Curly Hair 😍

image
image
image
image
image
1 y - Translate

ဓာတ်မြေဩဇာ ရည်ညွှန်းဈေး မြင့်တက်လာ
----------------------
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားတဲ့ ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေထုတ်ပြန်ရာမှာ အရင်လထက် ဈေးနှုန်း တွေ မြင့်တက်လာတာ တွေ့ရပါတယ်။

ရန်ကုန်အထိုင်ဈေး ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေအနေနဲ့ ယူရီးယား မြေဩဇာ(အလုံးကြီး) ၅၀ ကီလို တစ်အိတ်ကို ၉၇၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်ကို ၁၂၄၀၀၀ ကျပ်နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ၁၃၇၀၀၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ရည်ညွှန်ဈေးနဲ့ နှိုင်းယှဉ်ရင် ယူရီးယားမြေဩဇာ (အလုံးကြီး) တစ်အိတ်ကို ၁၄၀၀၀ ကျပ်၊ Rock Phosphate နဲ့ Ammonium Phosphate တစ်အိတ်ကိုတော့ ၉၀၀၀ ကျပ်စီ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်လိုက်တဲ့ စျေးနှုန်းတွေဟာ ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်တွေအပေါ် မူတည်ပြီး စျေးနှုန်း အနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်၊၊ ရည်ညွှန်းစျေးနှုန်းတွေနဲ့အညီ ရောင်းချခြင်း မရှိရင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီနဲ့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းတွေကို ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်၊၊

image
1 y - Translate

မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၆ ရက်ထိ မိုးကြီးနိုင်
--------------------------
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာ ၂ ရက် ညပိုင်းမှ အောက်တိုဘာ ၆ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက်၊ ည ၇ နာရီအချိန် အထူးမိုးလေဝသသတင်းအဖြစ် ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် လည်းကောင်း၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတာကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ကရတ်သွန် မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မိုးကြီးနိုင်တာလို့ ဆိုပါတယ်။

ဒါ့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် အပါအဝင် တိုင်း နဲ့ ပြည်နယ် အများစုမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးတာ လေ ပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်သလို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် တိုင်း နဲ့ ပြည်နယ် အချို့မှာတော့ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာ လျှပ်စီးလက်တာ မိုးသီးကြွေတာ လျှပ်တစ်ပြတ်ရေကြီးတာ နဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ နဲ့ ပြည်တွင်းရေကြောင်းသွားလာရေး နဲ့ လေကြောင်းပျံသန်း ရေး အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

image
1 y - Translate

ပျော်ရွှင်မှုကို ခံစားရကြောင်း လီဘရွန်ဂျိမ်းစ် ပြောကြား
----------------------
အယ်လ်အေလိတ်ကာအသင်းနဲ့ ရာသီကြိုပြင်ဆင်မှုတွေစတင်နေတဲ့ လီဘရွန်ဂျိမ်းစ်က သူ့အတွက် ထူးခြားတဲ့ အတွေ့အကြုံသစ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ NBA ရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်ဟာ အယ်လ်အေလိတ်ကာအသင်းရဲ့ ရာသီကြိုပြင်ဆင်မှုမှာ သားဖြစ်သူ ဘရွန်နီဂျိမ်းစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

NBA အောစတားအသင်းမှာ အကြိမ် ၂၀ အထိ ရွေးချယ်ခံခဲ့ရတဲ့ လီဘရွန်ဂျိမ်းစ်က သားဖြစ် သူနဲ့အတူ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားရဖို့ဆိုတာ ကစားသမားဘဝ လက်ကျန်အိပ်မက် ဖြစ်သလို လာမယ့်ရာသီမှာ ဒီအိပ်မက်က အမှန် တကယ် ဖြစ်လာတော့မှာြဖစ်တာကြောင့် စိတ်လှုပ်ရှားမိတယ်လို့ ပြောထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာလည်း အယ်လ်အေလိတ်ကာအသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လီဘရွန်ဂျိမ်းစ်တို့ သားအဖကို အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ကြသလို ဘရွန်နီဂျိမ်းစ်ဝတ်ဆင်မယ့် နံပါတ် ၉ ဂျာစီမှာလည်း ဂျိမ်းစ် ဂျူနီယာလို့ ရေးသားထားတာကို တွေ့ရပါတယ်။ လီဘရွန်ဂျိမ်းစ်က အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး သားဖြစ်သူ ဘရွန်နီဂျိမ်းစ်ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ အသက် ၂၀ ပြည့်မှာဖြစ်ပါတယ်။

image
1 y - Translate

ကောင်းလိုက်တာလေ

#အကိုမေ
#may

image